သတင်း

ပူတာအိုမှာ စစ်ကောင်စီက Smart Card စတင်လုပ်ပေးနေ

ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီက စမတ်ကဒ်လို့ခေါ်တဲ့  UID  ကဒ်ကို စတင်လုပ်ပေးနေပြီလို့သိရပါတယ်။

စစ်ကောင်စီရဲ့ Electronic Identification ( E-ID) စနစ်ကနေ ပေါ်ထွက်လာတဲ့  စမတ်ကဒ် (ခေါ် ) UID စလစ်ကို ပူတာအိုဒေသခံတွေက ဧပြီလ လကုန်ပိုင်းကတည်းကစလုပ်ပေးနေပြီလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဟုတ်တယ်  လပိုင်းကုန်ကတည်းကနေ စလုပ်ပေးနေပြီ အဓိကတော့ ကျောင်းသား၊သူတွေ မဖြစ်မနေလုပ်ရမယ့်သဘောမှာရှိတယ်လို့ ပြောပါတယ်။

E-ID ဆိုတာ နိုင်ငံတွင်းမှာနေထိုင်သူတွေအားလုံး ကိုယ်ရေးအချက်လက်ဖောင်ဖြည့်ခိုင်းပြီး ဓါတ်ပုံရိုက်၊လက်ဗွေနှိပ်၊မျက်စိစကမ်ဖတ် (Scan) အစရှိတဲ့ ဇီဝအချက်အလက် ကိုယ်ရေးအချက်လက်ကောက်ယူမှတ်ပုံတင်ထားတာဘဲဖြစ်ပါတယ်။

ဒီစမတ်ကဒ်ဟာ မှတ်ပုံတင်အလားတူ ကိုယ်နယ်စပ်ဖြတ်ကျော်တာ၊နိုင်ငံကူးလက်မှတ်ပတ်စ်ပို့လုပ်တဲ့အခါ မဖြစ်မနေလိုအပ်တဲ့ကဒ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိပူတာအိုဒေသကနေ ပြည်ပကိုကျောင်းသွားတက်မယ့်လူငယ်တွေ၊ စစ်ကောင်စီအစိုးရနဲ့ချိတ်ဆက်ပြီးပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေတဆင့်ပြည်ပသွားရောက်အလုပ်သွားလုပ်မယ့်လူငယ်တွေနဲ့ အစိုးရဝန်ထမ်းတွေ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ စမတ်ကဒ်ကိုလုပ်နေကြပြီလို့ ဒေသခံတွေကဆိုပါတယ်။

ဘယ်မှမသွားမလာ ဒီမှာပဲနေမယ့်သူတွေကတော့လောလောဆယ်မလုပ်လည်းရတယ်အေးဆေးပဲ ဒါပေမယ့် Non CDM တွေ ပြီးရင် စက်မှုတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေနဲ့ တခြားပေါ့ပြည်ပကိုကျောင်းတက်ဘာတက်အလုပ်သွားလုပ်တဲ့သူတွေကတော့မဖြစ်မနေကိုလုပ်ရတာ မလုပ်လို့မရဘူး သွားဖို့ဆိုရင်ပေါ့လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။

အဲ့ဒီစမတ်ကဒ်တွေကို ပူတာအိုမြို့နယ် ..က ရုံးကနေပြုလုပ်ပေးနေတာဖြစ်ပြီး လူတစ်ဦးချင်းစီရဲ့ကိုယ်ရေးအချက်အလက်ကို ..ကရုံးမှာတင်သိမ်းဆည်းထားတာမျိုးမဟုတ်ပဲ ကွန်ပျူတာဆာဗာမှာထည့်သွင်းသိမ်းဆည်းရတာကြောင့် ခုရက်ပိုင်း ဖုန်းအင်တာနက်လိုင်းတွေပြတ်တောက်နေလို့ ရက်ပိုင်းရပ်နားထားတယ်လို့လည်းသိရပါတယ်။

အခုက ပြည်ပကျောင်းသွားထားတာတို့ အလုပ်သွားလုပ်ခိုင်းတာတို့ဆိုရင်ဒီစမတ်ကဒ်ရှိမှရတယ်ကော မှတ်ပုံတင်တောင်အဲ့လောက်အရေးမပါတော့ဘူး သမီးတစ်ယောက်ထိုင်ဝမ်ကို ကျောင်းထားမလို့တရုတ်ကျောင်းတက်ဖို့အပ်တာ စမတ်ကဒ်အရင် လုပ်ရမယ်တဲ့အဲ့တာမရှိရင်မရဘူးတဲ့ အ့ကြောင့်မလုပ်သေးပဲခြေနေစောင့်နေတာ သူတို့က အင်တာနက်ရမှလုပ်လို့ရတယ်တဲ့ အင်တာနက်လိုင်းတောင် MPT လိုင်းရမှပဲတဲ့တခြားဖုန်းလိုင်းတွေနဲ့လုပ်မရဘူးMPT ကအခုလိုင်းပျောက်တာတစ်ပတ်လောက်ရှိပြီ MPT လိုင်းရမှလုပ်ပေးမယ်ပြောတယ်တဲ့လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပူတာအိုဒေသက ဒေသခံတွေမှတ်ပုံတင်အစား စမတ်ကဒ်တွေပြုလုပ်ကြဖို့စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ /ရပ်ကျေးတာဝန်ရှိသူတွေကနေတဆင့်ပြည်သူတွေဆီကို ဒီနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကနေစအသိပေးထားခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button