သတင်း

ပူတာအိုမှာ မှတ်ပုံတင်ကိုင်ဆောင်ထားသူတိုင်း စမတ်ကဒ်ပြုလုပ်ရန်စစ်ကောင်စီညွန်ကြားထား

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲမှာ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့လူတိုင်း Smart Card(စမတ်ကဒ်)ပြုလုပ်ရမယ်လို့ စစ်ကောင်စီက ညွန်ကြားထားကြောင်းသိရပါတယ်။

ပူတာအိုမြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ အရပ်သားတိုင်း စမတ်ကဒ်ပြုလုပ်ရမယ်ဖြစ်ကြောင်း ရပ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ဆယ်အိမ်မှူး၊ရာအိမ်မှူးတွေကနေတဆင့် အသိပေးညွန်ကြားထားတယ်လို့ ပူတာအို မြို့လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ကျွန်တော်တို့ဆီတော့ ရာအိမ်မှူးလာပြောတယ် မှတ်ပုံတင်ရှိတဲ့လူတိုင်းတဲ့ စမတ်ကဒ်လုပ်ရမယ်ဆိုပြီးလာပြောတယ် မှတ်ပုံတင်လိုမျိုးစမတ်ကဒ်တဲ့နောက်ဆိုရင်အဲ့ဒီစမတ်ကဒ်ပဲကိုင်ရမယ်အဲ့ကြောင့်မှတ်ပုံတင်ရှိတဲ့လူတိုင်လုပ်ရမယ်ဆိုပြီးလာပြောတယ်လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။

လက်ရှိမှာတော့ပူတာအိုမြို့ပေါ်ကလုံးစွတ်၊လေယာဥ်ကွင်း၊မြို့မနဲ့အခြားမြို့ပေါ်ရပ်ကွက်တွေအပါ ကျေးရွာတွေထဲကပြည်သူတွေအထိ အုပ်ချုပ်ရေးမှူးကနေတဆင့်စစ်ကောက်စီကအသိပေးခိုင်းတာဖြစ်ပြီး အဲ့ဒီစမတ်ကဒ်ထဲမှာ မှတ်ပုံတင်မှာပါတဲ့အချက်အ လက်အတိုင်း ထည့်သွင်းသွားမယ်လို့သိရပြီး ဧည့်သည်တွေကအစပြုလုပ်ရမယ်လို့ သိရပါတယ်။

အချက်အလက်ကတော့မှတ်ပုံတင်လိုမျိုးပဲလို့ပြောတယ်ဒါပေမယ့် ဧည့်သည်၊ရွာခံအကုန်လုပ်ရမယ်တဲ့ အခုတော့မလုပ်သေးဘူး မတ်လကနေစမယ်ပြောတယ်လို့ အခြားဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ အဲ့ဒီစမတ်ကဒ်ကို လာမယ့် မတ်လ လဆန်းပိုင်းကနေစပြီးပြုလုပ်ပေးသွားမယ်လို့သိရပြီး ဒေသခံတွေကတော့ အဲ့ဒီစမတ်ကဒ်ပြုလုပ်ခိုင်းတာဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် လူဦးရေနဲ့နာမည်စာရင်းတွေရယူဖို့ခြေလှမ်းလှမ်းတာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

တာအိုတစ်မြို့နယ်လုံးကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံသည် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့ပြီး လက်ရှိမီးအသုံးပြုနေသူမှာ ပူတာအိုမြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာပေါင်း ၅၄ ရွာမှ အိမ်ထောင်စု ၆၄၀၀ ကျော်က အသုံးပြုနေကြောင်း သိရသည်။

ပူတာအိုတစ်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်ကျော်နှင့်ကျေးရွာပေါင် ၅၄  အိမ်ထောင်စု ၇၀၀၀  ကျော်အထိရှိတယ်လို့သိရပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button