ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဘူးတောင်းကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းတွင် ရွှေဖောင် စက်လှေ ၁၀ စီးအနက် ဗန်းမော်သတ္တုတွင်းဝန်ကြီး၏ ညီမပိုင်ဆိုင်သည့် ရွှေဖောင်စက် ၃ စီးမှ လွှဲ၍ ကျန် ၇ စီးကို စစ်ကောင်စီက မီးရှို့ဖျက်စီးပေးလိုက်ကြောင်း ရွှေဖောင်စက်လှေ နှင့် နီးစပ်သူများထံ မှ သိရသည်။ အဆိုပါ ရွှေဖောင်စက်လှေများအား နိုဝင်ဘာလ ၁၄ ရက်နေ့ ဖမ်းဆီးသွားပြီးနောက် ပြန်လည်ရွေးယူနိုင်ရန် စက်လှေပိုင်ရှင်များ သွားရောက်ညှိနှိုင်းသော်လည်း ခွင့်မပြုဘဲ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မီးရှို့ပေးလိုက်ကြောင်း သိရသည်။ "သူတို့စစ်တပ်နဲ့ နီးစပ်တဲ့ စက်လှေ
ကချင်ပြည်နယ် ရွှေကူမြို့နယ် မြစ်ကြောင်းတစ်လျှာက် ရွှေတူးဖော်နေကြသည့် ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာကြရန် မြို့လှ PDF မှ ယနေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် သတိ ထုတ်ပြန်ထားသည်။ "ဒေသခံတွေက ဒီကိစ္စကဘက်ကနေ ကျနော်တို့ကို ဖြေရှင်းပေးဖို့ တောင်းဆိုလာတာဖြစ်တယ်။ အဲကြောင့် ကျနော်တို့ဘက်ကလည်း ရွှေဖောင်တွေကို ထွက်ခွာဖို့ ၂၄ နာရီအချိန်ပေးထားတယ်။ မထွက်ခွာဘူးဆိုရင်တော့ ကျနော်တို့ထုတ်ပြန်ချက်ကအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်" ဟု မြို့လှတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။