,

Breaking News :

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ကားမိုင်းထွေအုပ်ရုံး ဗုံးဖောက်ခွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်ရရှိကာ ၁ ဦးသေဆုံး

ဖားကန့်တွင် အရပ်သားကား ၂ စီးကို စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး

ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

ဖားကန့်တွင် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု ပိုမိုအသုံးပြုလာနေ

လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ

ဗန်းမော် သတ္တုတွင်းဝန်ကြီးနှင့် ဆွေမျိုးတော်စပ်သူ ပိုင်ဆိုင်သည့် ရွှေဖောင်မှ လွဲပြီး ကျန်ရွှေဖောင်များကို မီးရှို့ဖျက်ဆီး

ရွှေဖောင်များ

ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် မြင်တွေ့ရသည့် ရွှေဖောင်များ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဘူးတောင်းကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းတွင် ရွှေ‌ဖောင် စက်လှေ ၁၀ စီးအနက် ဗန်းမော်သတ္တုတွင်းဝန်ကြီး၏ ညီမပိုင်ဆိုင်သည့် ရွှေဖောင်စက် ၃ စီးမှ လွှဲ၍ ကျန် ၇ စီးကို စစ်ကောင်စီက မီးရှို့ဖျက်စီးပေးလိုက်ကြောင်း ရွှေဖောင်စက်လှေ နှင့် နီးစပ်သူများထံ မှ သိရသည်။

အဆိုပါ ရွှေဖောင်စက်လှေများအား နိုဝင်ဘာလ ၁၄ ရက်နေ့ ဖမ်းဆီးသွားပြီးနောက် ပြန်လည်ရွေးယူနိုင်ရန် စက်လှေပိုင်ရှင်များ သွားရောက်ညှိနှိုင်းသော်လည်း ခွင့်မပြုဘဲ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မီးရှို့ပေးလိုက်ကြောင်း သိရသည်။

သူတို့စစ်တပ်နဲ့ နီးစပ်တဲ့ စက်လှေ ၃ စီးဘဲ ချန်ထားပေးတယ်လို့ ပြောတယ်။ ကျန်တာတော့ အားလုံး မီးရှို့လိုက်ပြီတဲ့ဟု ရွှေဖောင်စက်လှေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရွှေဖောင် စက်လှေဖမ်းဆီးသည့် စစ်ကောင်စီတပ်များမှာ ခလရ ၂၆ နှင့် ခလရ ၃၁၉ တပ်တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါရွှေဖောင်စက်လှေ လာရောက်ဖမ်းဆီးချိန် ရွှေဖောင်စက်‌လှေတွင် အလုပ်လုပ်ကိုင်နေသည့် လူငယ်တစ်ချို့နှင့် စင်းခန်းတံတားနားမှ လူငယ်များ စုစုပေါင်း လူငယ် ၄၀ ဝန်းကျင်ကိုလည်း စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းခံသွားရတာ တော်တော်များတယ်လို့သိရတယ်။ ခုထိလည်း တစ်ယောက်မှ လွှတ်လာတာမရှိသေးဘူးဟု ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ဧရာဝတီမြစ်ကြောင်းတစ်‌လျှောက်‌ ရွှေတူးဖော်မူများအား စစ်ကောင်စီတပ်မှ အာဏာမသိမ်းခင် ယခင်အစိုးရ လက်ထက်တွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရံဖန်ရံခါ ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် ဖမ်းဆီးခြင်း မရှိသည့်အတွက် ရွှေတူးဖော်မှုပိုများလာခဲ့သည်။

ထိုကဲ့သို့ ရွှေတူးဖော်မှုများကို အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အထိ ဖမ်းဆီးခြင်းမပြုခဲ့ဘဲ ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ မြစ်ဆုံ၊ တန်ဖရဲ၊ အူဗျစ်‌ဘက်မှ ရွှေဖောင်အစီး ၂၀ ကျော်ကိုလည်း ဖမ်းဆီးမီးရှို့ဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခုဖမ်းဆီးမှုတွင် ရွှေဖောင်စက်လှေပိုင်ရှင်များအနေဖြင့် ပြန်လည်ရွေးယူရန် သွားရောက် ညှိနှိုင်းခဲ့သော်လည်း စစ်ကောင်စီတပ်သည် အထက်အမိန့်အရ မရှိုမနေရဟုဆိုကာ ရွေးယူခွင့် မပြုခဲ့ကြောင်း သိရသည်။

Read Previous

ဆပ်ပြာချောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

Read Next

အင်းတော်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော်သေဆုံး