ရှမ်းမြောက်

  • Dec- 2025 -
    6 December
    သတင်း

    မဘိမ်းမှာ စစ်တပ်ကဗုံးကြဲလို့ ပြည်သူ ၉ ဦးသေဆုံး

    ရှမ်းမြောက်၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့အနီး မြစ်ဆုံကျေးရွာကို စစ်ကောင်စီကလေယာဉ်ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင်တွေအပါအဝင် ပြည်သူ ၉ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ စစ်တပ်က…

    Read More »
  • 3 December
    သတင်း

    နမ့်ဖတ်ကာမှာ တအာင်းလူမျိုးဇနီးမောင်နှံနှစ်ဦးဓါးခုတ်ခံရ

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊နမ့်ဖတ်ကာမြို့မှာ တအာင်း ( ပလောင်) ဇနီးမောင်နှံနှစ်ဦး ဓားခုတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံသွားရတဲ့အမှုတော်ဆောင် ဆရာ ၂ ဦးထဲက တစ်ဦးပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ နမ့်ဖတ်ကာမြို့ရဲ့ လွယ်ကန်တောင်ခြေ လယ်တောတစ်နေရာမှာ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေခင်းပိုင်း ပလောင်လူမျိုး ဇနီးမောင်နှံနှစ်ဦး ဓါးခုတ်ခံထားရပြီးနောက် ည ၈ နာရီဝန်းကျင်မှာ TNLA တပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာ အနီးဝန်းကျင်က ခြံပိုင်ရှင်တွေဖြစ်တဲ့ နမ့်ဖတ်ကာမြို့ KBC အသင်းတော်က အမှုတော်ဆောင်ဆရာ ၂ ဦးကို လာဖမ်းသွားတာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “ပြဿနာက သစ်ခိုးခုတ်နေတဲ့ အဲဒီလင်မယားနှစ်ဦးကို ဘယ်သူဘယ်ဝါမှန်းမသိဘူး ဓားနဲ့လာခုတ်သွားတာ။ အမျိုးသမီးဖြစ်သူက နားတောင်ပျက်ခါနီးနီးပဲ။ အမျိုးသားကတော့ တော်တော်ပြင်းထန်တယ်။ အဲလိုဖြစ်တော့ ပလောင်ရွာသားတစ်ချို့က TNLA ကိုတိုင်တယ် TNLA အဖွဲ့ကလည်း ဖြစ်စဉ်ဖြစ်တဲ့နေရာက ဘယ်နေရာ၊ အဲဒီအနီးအနားက ခြံပိုင်ရှင်တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကို စုံစမ်းပြီး ခြံပိုင်ရှင်တွေဖြစ်တဲ့ အမှုတော်ဆောင်ဆရာတွေကို မနေ့ည အတင်းအဓမ္မလာဖမ်းသွားတာဟုတ်တယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောဆိုပါတယ်။ TNLA အဖွဲ့က ဖမ်းဆီးသွားတဲ့ အမှုတော်ဆောင် ဆရာ ၂ ဦးမှာ သိက္ခာတော်ရဆရာ ဒေါက်တာဖောင်ယမ်တူးထန် နဲ့ ဆရာဘရန်အောင်တို့ဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ ဒီနေ့ညနေပိုင်းမှာတော့  သိက္ခာတော်ရဆရာ ဒေါက်တာဖောင်ယမ်တူးထန်ပြန်လည်လွတ်မြောက်လာတယ်ပြီလို့ သိရပါတယ်။ ဓားခုတ်ခံရတဲ့ ပလောင်ဇနီး‌မောင်နှံ၂ ဦးမှာ ဦးအိုက်လိုင် ( အသက် ၄၇ နှစ်) နဲ့ ဒေါ်အိမီး( အသက် ၄၃ နှစ်) တို့ဖြစ်ပြီး အမျိုးသမီးဖြစ်သူက နားမှာ ခုတ်ဒဏ်ရာရရှိပြီး အမျိုးသားဖြစ်သူမှာ မျက်နှာတစ်ခြမ်းလုံးဓားဒဏ်ရာနဲ့ ဒဏ်ရာပြင်းထန်ကာ လက်ရှိ နှစ်ဦးလုံးကို ကွတ်ခိုင်ဆေးရုံသို့ ပို့ထားတယ်လို့ ဆိုပါတယ်။  ဒေသခံတွေပြောတာတော့ ဓားခုတ်မှု အမှုခင်းဖြစ်ပွားခဲ့တဲ့ နေရာတစ်ဝိုက် သစ်ခြံတွေရှိတဲ့အတွက် သစ်ခိုးမှုနဲ့ပတ်သက်ပြီး ဒေသခံတွေကြား ပုံမှန်ပြဿနာဖြစ်တဲ့‌နေရာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်မှာလည်း ဓားခုတ်ခံရတဲ့ လင်ဇနီး‌မောင်နှံနှစ်ဦး သစ်ခိုးခုတ်နေစဥ်အတွင်းဖြစ်နိုင်တယ်လို့ ဒေသခံတွေ သုံးသပ်နေကြပါတယ်။ နမ့်ဖတ်ကာရှိ TNLA အဖွဲ့က ဆရာ ၂ ဦးကို အတင်းအဓမ္မလာရောက် ဖမ်းဆီးသွားတဲ့အပေါ် ဒေသခံတွေကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပြီး မနေ့ညအထိတော့ ဆရာ ၂ ဦးဟာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မသက်ဆိုင်ကြောင်း၊ မဟုတ်ကြောင်း ငြင်းဆိုလက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။  “နမ့်ဖတ်ကာမှာက ဒီလို ပြဿနာတစ်ခုခုဆို လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခပုံစံမျိုး ဖမ်းပြီး ဖြေရှင်းတာမျိုးတွေ ပုံမှန်ဖြစ်ပွားနေတယ်။ နမ့်ဖတ်ကာက KIO/KIA အုပ်ချုပ်နေတာဖြစ်တယ်။ ဒါပေမဲ့ TNLA လုပ်ဆောင်နေတဲ့ လုပ်ရပ်က မှန်တယ်၊ မှားတယ် သိပ်မကြည့်ပဲ သူတို့တွေ့တာ မိတာဆို လူမျိုးရေးဆန်ဆန် ဖြေရှင်းလျက်ရှိတယ်။ အခြားလူမျိုးတွေ ဖြစ်ရင်က သူတို့အဲလိုမဟုတ်ဘူး။ တစ်ခုခု ကချင်နဲ့ပတ်သက်တာဆို ပြဿနာထဲမပါလည်း ဘာမှမဟုတ်တဲ့နေရာမှာ အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်တဲ့ လုပ်ရပ်ပဲလုပ်တယ်။ ဒီနေ့ TNLA လုပ်ဆောင်နေတာက ရဲတပ်ဖွဲ့ဆိုပြီး ဥပဒေအတိုင်းသွားသလိုတော့ လုပ်နေတယ်။ ဒါပေမဲ့ ပြည်သူတွေအတွက်က အရမ်းကို မသင့်တော်တဲ့ အုပ်ချုပ်မှုပုံစံပဲ လုပ်နေတယ်လို့ မြင်တယ်။ “လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။  နမ့်ဖတ်ကာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး KIO/KIA အစိုးရအောက် တည်ရှိနေတဲ့ မြို့လို့ဆိုပေမဲ့ ဒီမြို့ထဲမှာ ကိုးကန့်တပ်ဖွဲ့ရုံးအပြင် TNLA အုပ်ချုပ်ရေးရုံး၊ TNLA ရဲတပ်ဖွဲ့ဌာန စဖြင့် ဌာနအသီးသီးလည်းရှိတာဖြစ်ပါတယ်။ များသောအားဖြင့် တအာင်း(ပလောင်) လူမျိုးတွေကြား ဖြစ်ပွားတဲ့ ပြဿနာ ကိစ္စရပ်တွေအားလုံးကို တအာင်း(ပလောင်) ဒေသခံတွေက TNLA ကို တိုင်တန်းတာမျိုးတွေ ပြုလုပ်ကာ TNLA တပ်ဖွဲ့က တာဝန်ယူပြီး ဖြေရှင်းလျက်ရှိတယ်လို့ ဆိုပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 1 December
    သတင်း

    မိုးမိတ်ဘက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း KIA ပူးပေါင်းတပ်တိုက်ခိုက်လို့ ယာဉ်တန်းပြန်ဆုတ်ခွာ

    ရှမ်းမြောက် မိုးမိတ်မြို့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်လိုက်တဲ့အတွက် ယာဉ်တန်းပြန်လည်ဆုတ်သွားတယ်လို့ မိုးမိတ်ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့ည ၉ နာရီဝန်းကျင် မိုးကုတ်ဘက်ကနေ မိုးမိတ်ဘက်ကိုဦးတည်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့စစ်ကား ၅ စီးကို မိုးမိတ်မရောက်ခင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြန်ခေါက်သွားတယ်လို့ မိုးမိတ်ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “မိုးမိတ်မြို့တွင်းမှာတော့ မနေ့ကစပြီး စစ်တပ်တွေ ယူနီးဖောင်းတွေနဲ့ထင်ထင်ရှားရှား ဝင်ရောက်နေပြီ။ KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကတော့ မြို့ပြင်တွေမှာ နေရာယူထားတယ်။ မနေ့ညကတော့မိုးမိတ်နဲ့ ဘောတဲကြားမှာ စစ်တပ်ကား ၅ စီးလောက် ထွက်လာချိန် KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်လို့ ပြန်ခေါက်သွားတယ်။ အဲဒီချိန်မှာပဲ လေယာဉ်လည်း လာဝဲသွားတယ်။အရမ်းကြီးအပြန်အလှန် တိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့ မရှိဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ထဲကို အစပိုင်းမှာ TNLA တပ်ဖွဲ့ဝင်တွေနဲ့ ရောနှောကာ အရပ်ဝတ်တွေနဲ့စတင်ဝင်ရောက်လာခဲ့ပေမဲ့ နိုဝင်ဘာလ ၂၉ ရက် ညမှာတော့ TNLA က လုံခြုံရေးယူပေးကာ စစ်တပ်ယာဉ်တန်းအမြောက်အများဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ မိုးမိတ်ဒေသခံက ပြောပြပါတယ်။ မိုးမိတ်ဒေသခံ ပြောဆိုချက်အရ နိုဝင်ဘာ ၃၀ ရက်နေ့ မနေ့ကစပြီး မိုးမိတ်မြို့တွင်းမှာ TNLA တပ်ဖွဲ့ဝင်တွေကို ယူနီးဖောင်းနဲ့တကွ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း မိုးကုတ်၊ မိုးမိတ်မြို့တွေထဲကနေ TNLA တပ်ဖွဲ့တွေဆုတ်ခွာပြီးနောက်မှာတော့ စစ်ကောင်စီတပ်ကို PDF တပ်ပေါင်းစုတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုနေကြပါတယ်။ “လက်ရှိထိတော့ KIA နဲ့ PDF  တွေက မိုးကုတ်၊ မိုးမိတ်တွေမှာ TNLA နဲ့ပါ ပြဿနာမဖြစ်အောင် အပစ်အခတ်မဖြစ်ကြအောင် အရမ်းကို သတိထားနေတဲ့ အခြေအနေလို့ မြင်ရတယ်။ ဒါပေမဲ့ဆက်လက်ပြီးပဲ TNLA က စစ်တပ်နဲ့ အတူ လှုပ်ရှားသွားလာနေတယ်၊ စစ်ရေးလှုပ်ရှားတာတွေရှိလာရင်တော့ ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး စစ်ကောင်စီနဲ့အတူလှုပ်ရှားနေတဲ့ TNLA နဲ့ PDF တွေတိုက်ပွဲမဖြစ်ပွားလာနိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါမျိုးအခြေအနေ မဖြစ်လာရင်တော့ ပိုကောင်းတာပေါ့။အခြေအနေတော့ TNLA တွေအကုန်ထွက်ခွာပြီဆိုရင်တော့ စစ်တပ်နဲ့ KIA၊ PDF တပ်ပေါင်းစုတွေတိုက်ပွဲဖြစ်ပွားလာနိုင်တယ်”လို့ ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးကလည်း ပြောဆိုထားပါတယ်။ လက်ရှိ မိုးမိတ်မြို့ပြင်မှာတော့ KIA အပါအဝင် PDF တပ်ပေါင်းစုတွေ နေရာယူလှုပ်ရှားထားပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား…

    Read More »
  • Oct- 2025 -
    21 October
    သတင်း

    ရှမ်းမြောက် မြို့ ၄ မြို့ တစ်နေ့တည်း လေကြောင်းတိုက်ခိုက်ခံရ

    ရှမ်းပြည်နယ်မြောက်ပိုင်းက မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ မိုးကုတ် စတဲ့မြို့နယ်တွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၉ ရက်နေ့ တစ်နေ့တည်းမှာပဲ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုတွေမှာ ဘာသာရေးအဆောက်အဦး၊ မီးသတ်ရုံး၊ လက်ဖက်စက်ရုံ၊ အရပ်သားနေအိမ်၊…

    Read More »
  • 10 October
    သတင်း

    ရှမ်းမြောက်မှာ တစ်ပတ်အတွင်း အရပ်သား ၂၈ ဦးထိခိုက်သေဆုံး

    ရှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တစ်ချို့မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၂၈ ဦးသေဆုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဒါ့အပြင် တစ်ပတ်အတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူကတော့ ကလေးငယ် ၉ ဦးအပါအဝင်…

    Read More »
  • 6 October
    သတင်း

    နမ္မတူမြို့ကို စစ်တပ်က ဒုတိယအကြိမ်လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၅ လုံးထိခိုက်ပျက်စီး

    ရှမ်းမြောက် နမ္မတူမြို့ကို စစ်တပ်က လေကြောင်းနဲ့ထပ်မံဗုံးကြဲလို့ လူနေအိမ် ၅ လုံးပျက်စီးသွားပြီး မှန်လုံကား ၂ စီးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ထိန်းချူပ်ထားတဲ့ နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် ( ၂ ) စျေးအနောက်ဘက်ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ  လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ နမ္မတူဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “နမ္မတူမီးသတ်ရုံးရှေ့က အိမ်တွေဟုတ်တယ်။ လူတွေတော့ ထိခိုက်တာမရှိဘူး။ ဟိုနေ့က ဗုံးလာကြဲကတည်းက အိမ်ရှင်တွေက အားလုံးရှောင်ကုန်တာကြောင့် လူထိခိုက်မှုတော့ မရှိဘူး အိမ်က ၅ လုံးထိတယ်။ လုံး၀ ရစရာမရှိ ဖြစ်သွားတာက ၃ အိမ်ဟုတ်တယ်။ မှန်လုံကား ၂ စီးထိတယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး KNG ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နမ္မတူမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာလည်း လေကြောင်းနဲ့ဗုံးကြဲခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တစ်လကျော်အကြာ ဒီနေ့မနက်မှာ ဒုတိယအကြိမ် နမ္မတူမြို့ကိုထပ်မံလေကြောင်းဗုံးကြဲတာဖြစ်ပါတယ်။ ခုလို စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် နမ္မတူမြို့ ဒေသခံပြည်သူတချို့လည်း  အောက်တိုဘာလကစပြီး တိမ်းရှောင်သူတွေရှိသလို ဒီနေ့မနက် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခံရပြီးနောက် လက်ရှိ နမ္မတူမြို့က ဘာသာရေးအဖွဲ့စည်းတွေအပါအဝင် ပြည်သူအများပိုင်းတိမ်းရှောင်ဖို့ရန် ပြင်ဆင်နေပြီလို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၁ ရက်နေ့က စပြီး ကျောက်မဲမြို့ကို TNLA လက်ထဲကနေ အပြီးပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နမ္မတူမြို့ ၊ မန်တုံမြို့ ၊ နမ့်ဆန်မြို့ကိုတွေလည်း ဖိအားပေးတဲ့ပုံစံနဲ့ ချက်ချင်းဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပါတယ်။ “စစ်တပ်က TNLA ကို နမ္မတူ၊ မန်တုံမြို့တွေအထိ ဖယ်ပေးဖို့ ပြောထားခဲ့တာဟုတ်တယ်။ သူတို့နေနေသရွေ့ ဘယ်မှာဖြစ်ဖြစ် ဗုံးကြဲနေမှာပဲဖြစ်တာကြောင့် အခုအခြေအနေအရဆို စစ်တပ်က ဆက်တိုက်ဗုံးကြဲဖိအားပေးသွားမဲ့အနေအထားပဲ။ နောင်ချိုပြီးတာနဲ့ သူတို့ညိနှိုင်းခဲ့စဉ်က ကျောက်မဲ၊ သီပေါ၊ နမ္မတူတွေကို ဖယ်ပေးဖို့ နဲ့  PSLF/TNLA အတွက်က မန်တုံနဲ့ နမ့်ဆန်ကို ယူပေါ့။ အဲလိုစစ်တပ်ဘက်က ညှိခဲ့တယ်လို့ သိရတယ်။ အခုက ကျောက်မဲကို စစ်တပ်တိုက်ခိုက်နိုင်ပြီဆိုတော့ ထပ်ဆွေးနွေးစရာမရှိဘူး။ ဒါတွေကိုလည်း သူတို့တိုက်ခိုက်ပြီး အနိုင်ရနိုင်တယ်လို့ ခြိမ်းခြောက်လာတဲ့ အနေအထားဖြစ်တယ်။” လို့ နမ္မတူဒေသခံအမျိုးသားက ဆက်ပြောပါတယ်။  အလားတူ စစ်တပ်က အောက်တိုဘာလ ၄ ရက်နေ့ မနက်မှာလည်း နမ့်ဆန်မြို့ကို လေကြောင်းဗုံးကြဲခဲ့ရာ လူထိခိုက်မှုတော့ မရှိခဲ့ပေမယ့် အောက်တိုဘာလ ၂ ရက်နေ့နဲ့ ၄ ရက်နေ့ သီပေါမြို့ဗုံးကြဲခံရမှုမှာ အရပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပါတယ်။ အဲဒီနောက် အောက်တို ၆ ရက်နေ့ ဒီနေ့မနက်မှာလည်း နမ္မတူမြို့ဗုံးကြဲပြီးနောက် ၆ မိနစ်အကြာမှာပဲ သီပေါမြို့ကိုပါ ထပ်မံလေကြောင်းဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး စစ်ကော်မရှင်တပ်တွေဟာ ကျောက်မဲမြို့ကို TNLA လက်ထဲကနေ ပြန်လည်ရယူဖို့ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပြီး တစ်လကျော်ကြာကာလအတွင်းမှာ ကျောက်မဲမြို့ကို အပြီး သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တာဖြစ်ပါတယ်။  ဒါကြောင့် လက်ရှိမှာ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်တွေကို ပစ်မှတ်ထား ခြိမ်းခြောက်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှစ်ဖက်တပ်တွေဟာ တရုတ်ကြားခံမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဩဂုတ်လနောက်ဆုံးပတ်က စတုတ္တအကြိမ် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပေမဲ့ သဘောတူညီမှု မရရှိခဲ့ဘူးလို့  သိရပါတယ်။ နှစ်ဖက်လက်နက်ကိုင်တပ်တို့ ၄ ကြိမ်တိတိ တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီမှုတစ်စုံတစ်ရာမရရှိတဲ့နောက် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ကာ ဖိအားပေးနေတာဖြစ်ပြီး ကျောက်မဲ၊ မိုးကုတ်နဲ့ နောင်ချိုဘက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်နေပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Aug- 2025 -
    20 August
    သတင်း

    စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့‌ဒေသက ပြည်သူတစ်ချို့ကြိုတင်တိမ်းရှောင်သူတွေရှိနေ

    ရှမ်းမြောက်နဲ့ကချင်‌ဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတစ်ချို့ကို စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့နောက် ပြည်သူတစ်ချို့လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်သူတွေရှိနေတယ်လို့ ‌‌သိရတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကော်မရှင်အဖြစ်အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့အာဏာသိမ်းစစ်တပ်ဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့နယ်မြေတွေ၊ မြို့နယ်တွေကို အရေးပေါ်အခြေအနေအဖြစ်ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။  စစ်တပ်ထုတ်ပြန်ကြေညာလိုက်တဲ့အထဲမှာ…

    Read More »
  • 19 August
    သတင်း

    နမ္မတူမှာ (၄၈) ကြိမ်မြောက် ကချင်အမျိုးသမီးနေ့ကျင်းပ

    ရှမ်းမြောက်၊ နမ္မတူမြို့မှာ ကချင်အမျိုးသမီးများနေ့ အခမ်းအနားကို ပထမဆုံးအကြိမ်ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ ဩဂုတ် ၁၉ ရက်နေ့ဟာ (၄၇) နှစ်ပြည့် (၄၈) ကြိမ်မြောက် ကချင်အမျိုးသမီးများနေ့ (Wunpawng Mungdan Shanglawt Amyu Shayi…

    Read More »
  • 14 August
    သတင်း

    မူဆယ်မြို့အဝင်ထွက်နေရာတွေမှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်

    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ အဝင်အထွက်မှာ စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတင်းကြပ်တာတွေ ကြောင့် ပြည်သူတွေသွားလာရေးပိုခက်ခဲလာတယ်လို့ ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဟာ မူဆယ်မြို့ကနေ နမ့်ခမ်းဘက်သွားလမ်းပေါ် နေရာ ၂နေရာနဲ့ မူဆယယ်– ၁၀၅မိုင်ကြား ၂ နေရာ…

    Read More »
  • Jul- 2025 -
    30 July
    သတင်း

    ကွတ်ခိုင်မြို့ စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံး

    ရှမ်းမြောက်၊ ကွတ်ခိုင်မြို့၊ရာစုသစ် ဟိုတယ် ( ၂ ) ကို စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်အပါအဝင် လူ ၆ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်…

    Read More »
Back to top button