ရှမ်းမြောက်
-
Dec- 2024 -3 Decemberသတင်း
မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ပြောတဲ့ ကျောင်းသားမိဘတွေကို TNLA က သေနတ်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓ္ဓမတပ်စွဲနေ
ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား တအာင်း TNLA က တပ်ချနေရာယူလိုက်တာကြောင့် ကျောင်းသားမိဘတွေ အပြင်းအထန်ကန့်ကွက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာကြား ခိုမုန်းကျေးရွာအနီးက မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့ကစပြီး ဒီနေ့ထိ ဒေသခံတွေနဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကြား ပြဿနာဖြစ်နေပြီး TNLA က ဒေသခံတွေကို သေနတ်နဲ့ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ “ကလေးတွေ ကျောင်းတက်နေတဲ့ဘေးမှာ အရင်ကျောင်းဆောင်ဟောင်းကို TNLA ကရှင်းလင်းပြီး နေရာလုယူလိုက်တာ။ ရွာက စာသင်ကျောင်းဝင်း မြေနေရာမှာ အဲလိုတပ်ချလိုက်တော့…
Read More » -
Nov- 2024 -11 Novemberသတင်း
TNLA ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်တောင်းဆို
ရှမ်းမြောက် နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်လက်မှတ်ရေးထိုးပြီး PSLF/TNLA ဗဟိုဌာနချုပ်ကိုတောင်းဆိုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဝင်းလှိုင် ( ခ) ဦးမဲတူကို TNLA ဘက်က မေးမြန်းစရာရှိတယ်လို့ဆိုကာ စက်တင်ဘာလ ၂ ရက်နေ့ နေအိမ်ကနေ ဖမ်းဆီးသွားတာ ခုဆို ၂ လကျော်ကြာမြင့်လာပေမယ့် ပြန်လည်လွတ်ပေးခြင်းမရှိသေးတာကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့ ဒေသခံပြည်သူ ၄၃၀ ဦးလက်မှတ်ရေးထိုးပြီး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ဆီ စာပို့တောင်းဆိုထားတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “စာတင်ပြီးတောင်းဆိုတာ ဒီဟာပထမအကြိမ် ဟုတ်တယ်။ ရှေ့တစ်ခေါက်တွေမှာ ဒေသခံတွေ TNLA နဲ့ အကြိမ်ကြိမ်သွားရောက်တွေ့ဆုံစကားပြောပြီးပြီ။ ဒါပေမဲ့ TNLA မြို့နယ်မှူးဘက်ကမတွေ့ချင် မပြောချင်တဲ့အနေအထားဖြစ်တယ်။ ဒေသခံတွေဘက်ကလည်း ဘယ်လိုကြိုးစားကြိုးစားမရတာနဲ့ ဒီလိုစာထုတ်ပြီး စာတင်ပြီး တောင်းဆိုဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်”လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ TNLA ဖမ်းဆီးထိန်းသိမ်းထားတဲ့ လွတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင် ( ခ ) ဦးမဲတူဟာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဘော်တွင်းဒေသခံဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြိီး ဆက်တိုက်အနိုင်ရထားသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် နမ္မတူမြို့နယ် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးဏ္ဍတွေမှာလည်း ဦးဆောင်ကာကြိုးပမ်းဆောင်ရွက်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ နမ္မတူဒေသခံတွေ ပြေဆိုချက်အရ TNLA ဘက်ကနေ လွတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင် ( ခ ) ဦးမဲတူကို ဖမ်းဆီးရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဒီနေ့ထိ တိတိကျကျပြောဆိုခြင်းမရှိသေးတဲ့အပြင် ခုလိုအချိန်အကြာကြီးဖမ်းဆီးတာတွေ မလုပ်သင့်ဘူးလို့ နမ္မတူမြို့မှာနေထိုင်တဲ့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “အစက ဖမ်းဆီးခံရချိန်မှာတော့ အော် သူတို့ခနလေးပြောစရာရှိတယ်ဆိုပြီး ခေါ်သွားတာကြောင့် ခနလေးနဲ့ ပြန်လွှတ်မယ်လို့ ထင်နေတာ။ တစ်ပတ်နှစ်ပတ်လောက် သူတို့မေးမြန်းပြီးရင်တော့ လွှတ်မယ်ထင်နေတာ။ ဒါပေမဲ့ သူတို့က အခုထိ မလွှတ်ပေးတာပေါ့။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်တယ်။ ဘာကြောင့် ပြစ်ချက်မရှိတဲ့သူကို ဖမ်းဆီးထားရတာလဲပေါ့” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်နေကျ ဖုန်းနံပါတ်နဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။ နမ္မတူမြို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် ( ခ ) ဦးမဲတူဟာ နမ္မတူမြို့နယ်ထဲ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) ကျောင်းဖွင့်ဖို့စတင်လာချိန် ကန့်ကွက်မှုတစ်ချို့လည်းရှိခဲ့တဲ့အတွက် TNLA ဘက်က ဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။ တအာင်းတပ် PSLF/ TNLA ဟာ နမ္မတူဒေသကို သိမ်းပိုက်ပြီးနောက် KIA တပ်ဖွဲ့ကိုလည်း ဝင်ခွင့်မပေးသလို NUG အစိုးရအောက် သက်ဆိုင်သူတွေကိုလည်း ဒေသတွင်းအုပ်ချုပ်ရေးနဲ့ ရပ်ကျေးဆိုင်ရာလုပ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခွင့်မပေးပဲ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ခန့်အပ်တာတွေရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။…
Read More » -
Oct- 2024 -31 Octoberဖမ်းဆီးခံရမှု
အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက်
ရှမ်းမြောက် နမ့်ဖတ်ကာမြို့ ဒေသခံကချင်လူငယ်တစ်ဦးကို ကိုးကန့် MNDAA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နမ့်ဖတ်ကာမြို့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ယူဖြေရှင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကိုးကန့် MNDAA တပ်သား ၃ ဦးဟာ ထင်းခွေပြီး အိမ်ပြန်လာတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။ ဖမ်းဆီးချိန် မျက်လုံးကိုပိတ်ပေးလိုက်တဲ့အပြင် အကိုးကန့်တပ်ရှိတဲ့နေရာကို ဖမ်းဆီးသွားပြီးနောက် ကြောင်းမဲ့ ရိုက်နှက်ကာပြန်လွတ်ပေးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦး အခုလို ပြောပါတယ်။ “သူက အဲ့နေ့က ထင်းသွားရှာပြီး နမ့်ဖတ်ကာကို ပြန်လာချိန် လမ်းမှာ ကိုးကန့်တပ်သား ၃ ယောက်က သူ့ကိုတွေ့ပြီး အနောက်ကနေ သေနတ်နဲ့အရင်ထောက်တယ် ပြီးတော့ အနောက်ကနေ ရိုက်လိုက်တယ်။ ပြီးတော့ ချက်ချင်း မျက်လုံးပိတ်ပြီး ကိုးကန့်တပ်တွေရှိတဲ့ နေရာကို ခေါ်သွားတယ်လို့ပြောတယ်။ ဟိုမှာရောက်တော့ သူ့ကို ရိုက်နှက်ပြီးစစ်ဆေးမေးမြန်းတယ်တဲ့။ သူလည်း စကားနားမလည်တော့ ဘာတွေမေးလို့မေးမှန်းမသိဘူးလို့ပြောတယ်။ သူဘာမှမသိဘူး ရိုက်တာပဲသိတယ်တဲ့။ ခုတော့ နမ့်ဖတ်ကာအုပ်ချူပ်ရေးတွေဘက်က လိုက်နေတယ်ပြောတယ်”လို့ နမ့်ဖတ်ကာဒေသခံက KNG ကို ပြောပါတယ်။ ကိုးကန့် MNDAA တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူဟာ နမ့်ဖတ်ကာမြို့ လွယ်ကုန် ရပ်ကွက် ၆ မှာ နေထိုင်သူ ဒေါ်လဗျလုပါရဲ့သား အသက် ၁၇ နှစ်အရွယ် မောင်အင်ခွမ်ဆန်လီ ဖြစ်တယ်လို့ သိရပြီး နမ့်ဖတ်ကာကနေ ကွတ်ခိုင်ဘက်သွားတဲ့လမ်း နမွန်းပါဘက်ကို ထင်းသွားခွေပြီး အပြန် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ မောင်အင်ခွမ်ဆန်လီကို ကိုးကန့်တပ်တွေဟာ အောက်က်ိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီလောက်ကနေ ရိုက်နှက်ဖမ်းခေါ်သွားပြီး ၃ နာရီလောက်အကြာ စစ်ဆေးမေးမြန်းကာ ည ၇ နာရီဝန်းကျင် နဂိုဖမ်းခေါ်သွားတဲ့နေရာမှာ ပြန်ပို့ပေးထားကြောင်း ဆက်လက်သိရပါတယ်။ အဲဒီနောက် ည ၁၀ နာရီဝန်းကျင် သတိလစ်ပြီး နမ့်ဖတ်ကာဆေးရုံကို ပိုဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးကန့်တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူ မောင်အင်ခွမ်ဆန်လီဟာ ခန္ဓာကိုယ်မှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ မျက်လုံးတစ်ဖက်အမြင်အာရုံထိခိုက်ထားပြီး နားတစ်ဖက်လည်း မကြားရဘူးလို့ ပြောပြပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က ဘာ့ကြောင့် ရိုက်နှက်ကာ ဖမ်းဆီးသွားတယ်ဆိုတဲ့ အကျိုးအကြောင်း တစ်စုံတစ်ရာမျှ မသိရှိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “အခု နမ့်ဖတ်ကာ KIO အုပ်ချူပ်ရေးအဖွဲ့က လိုက်နေတယ်ဆိုပေမဲ့ ဘာမှတော့မသိရသေးဘူး။ ကျနော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့များတယ်။ အခုတော့ ဘာဘဲဖြစ်ဖြစ်အေးချမ်းပြီထင်နေတာ ဒီလိုလက်နက်ကိုင်တွေက ရွာသားတွေကို လူငယ်တွေကို အခုလို လုပ်တာတွေရှိတော့ ဘယ်လိုစိတ်မအေးနိုင်ပဲ လူငယ်တွေလည်း သွားရလာရ တော်တော်ဂရုစိုက်ရမဲ့အနေအထားဖြစ်နေတယ်။ ပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း ပြောချင်တယ်။ တစ်စုံတစ်ခုကြောင့်ရွာသားတွေကို ဖမ်းဆီးပြီဆို သေချာစွာ မေးမြန်း စစ်ဆေးပြီးမှ အပြစ်မရှိဘူးဆိုရင် ကောင်းမွန်စွာ ပြန်လွတ်ပေးသင့်တယ်။ အခုလို ရိုက်နှက် မေးမြန်း စစ်ဆေး၊ နှိပ်စက်ပြီးမှ ပြန်လွတ်ပေးတာမျိုး မလုပ်ခိုင်းစေချင်ဘူး” လို့ နမ့်ဖတ်ကာဒေသခံက ဆက်ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နမ့်ဖတ်ကာအုပ်ချူပ်ရေးတာဝန်ရှိသူတွေက ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်သားတွေကို ဆက်လက်စုံစမ်းနေကာ ဖြေရှင်းပေးဖို့ ပြောဆိုထားတယ်လို့ သိရပေမယ့် လက်ရှိချိန်ထိတော့ အကျိုးအကြောင်း အသေးစိတ်ကိုမသိရသေးဘူးလို့ နမ့်ဖတ်ကာဒေသခံက ပြောပါတယ်။ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်တစ်ဝိုက် ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလည်း ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က အခုလို ကျေးရွာဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွတ်ပေးခဲ့တဲ့ ဖြစ်စဉ် အကြိမ်ကြိမ်ဖြစ်ပွားနေခဲ့သလို လက်လွန်ပြီး သေဆုံးသွားသူတွေလည်း မျးစွာရှိခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
16 Octoberသတင်း
၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ နမ့်အွမ်ရွာသား ၂ ဦးသေဆုံး
ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ နေအိမ်တစ်အိမ်မှာ ၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် နမ့်အွမ်ကျေးရွာအနီး မပေါက်ကွဲသေးတဲ့ ၆၀ မမလက်နက်ကြီး ယူဆောင်လာတဲ့အမျိုးသားနဲ့ လက်နက်အရောင်းအဝယ်လုပ်တဲ့အမျိုးသားနှစ်ဦး နေအိမ်အတူရှိနေချိန် လက်နက်ကြီးပေါက်ကွဲတာဖြစ်တယ်လို့ နမ့်အွမ်ဒေသခံတစ်ဦး…
Read More » -
11 Octoberသတင်း
မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သုသာန်မြေနေရာကို ကိုးကန့်တပ်သိမ်းယူဖို့ကြိုးပမ်းနေ
ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင် သင်္ချိူင်းနယ်မြေကို ကိုးကန့် MNDAA က သိမ်းယူဖို့ ကြိုးစားလာတဲ့အပေါ် ဒေသခံတွေကန့်ကွက်နေပါတယ်။ မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သုသာန်မြေနေရာကိုကြံစိုက်ခင်းလုပ်မည်ဟုဆိုကာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ ကိုးကန့် MNDAA တပ်ခန့်ထားတဲ့ မုံးပေါ်အုပ်ချူပ်ရေးမှူးဆိုသူဟာ အသင်းတော်တာဝန်ရှိသူတွေကို သုသာန်မြေသိမ်းမယ့်အကြောင်း အကြောင်းလာတယ်လို့ မုံးပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က အမှုတော်ဆောင်တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “MNDAA ဘက်က မုံးပေါ်တာဝန်ရှိသူပေါ့ သူကလာပြီးပြောတာ။ သူတို့ကဟိုမှာ အားလုံးအဆင်သင့်လုပ်ထားပြီးသား…
Read More » -
4 Octoberသတင်း
လားရှိုးမြို့ပြန်သိမ်းနိုင်ဖို့ စစ်တပ်က စစ်ရေးပြင်ဆင်လာတာကြောင့် မြို့ခံပြည်သူများ ထပ်မံတိမ်းရှောင်
ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်တာအပြင် မြေပြင်ထိုးစစ်ဆင်ဆင်နေတဲ့အတွက် ဒေသခံပြည်သူများမြို့ထဲကနေ ပြန်လည်စွန့်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိမှာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာအပြင် မြေပြင်စစ်ကြောင်းလည်းထိုးစစ်ဆင်တိုက်ခိုက်ဖို့ လားရှိုးအရှေ့တောင်ဘက်ခြမ်းရှိ တန့်ယန်းဘက်ကနေ စစ်ရေးပြင်ဆင်နေတာတွေရှိတာကြောင့် ဒေသခံပြည်သူတွေ အားလုံးပြန်လည်ထွက်ခွာနေတယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။ “ဟိုတလောက ညတိုင်းလိုလိုပဲလေယာဉ်နဲ့ဗုံးကြဲတော့ အားလုံးကြောက်ပြီး အများပိုင်းပြန်ထွက်ကြတာများတယ်။ လေယာဉ်ကလည်း ခေါက်ရေအရမ်းစိတ်လာတာကြောင့်ရယ် ပြီးတော့ အခုက စစ်ကောင်စီတွေက တန့်ယန်းဘက်ကနေ ထိုးစစ်ဆင်ပြီး လားရှိုးကို ပြန်တိုက်မယ်ဆိုတဲ့ သတင်းတွေလလည်း ထွက်ပေါ်နေတယ်။“ လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လတ်တလေလာ လားရှိုးမြို့ထဲမှာ အိမ်စောင့်အဖြစ်ကျန်နေတဲ့ ပြည်သူတွေထဲက အများပိုင်းပြန်လည်ထွက်ခွာနေကြသလို ကိုးကန့် MNDAA ရဲ့ အုပ်ချူပ်ရေးယန္တရားထဲ တာဝန်ထမ်းဆောင်နေတဲ့သူတွေကလည်း ထွက်ခွာနေကြတယ်လို့ သိရပါတယ်။ လားရှိုးမြို့ထဲမှာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဖုန်းနဲ့ အင်တာနက်လိုင်း အားလုံးနီးပါးပြတ်တောက်သွားပြီးနောက် အောက်တိုဘာ ၃ ရက်နေ့အထိ ၃ ရက်တာ လေကြောင်းတိုက်ခိုက်မှုမရှိပဲ တည်ငြိမ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၄ ရက်နေ့ ဒီနေ့ မနက်မှာတော့ လားရှိုးမြို့ ရပ်ကွက် ၅ နဲ့ ရက်ကွက် ၈ နေရာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၄ ကြိမ်လာရောက်ဗုံးကြဲသွားပြီး ထိခိုက်ပျက်စီးမှု များတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။ ခုလို လေယာဉ်နဲ့ ဗုံးကြဲမှု ဆက်တိုက်ရှိလာတာကြောင့် လားရှိုးမြို့ပြည်သူတွေဟာ ဆိုင်တွေပိတ်သိမ်းကာ ကွတ်ခိုင်မြို့ဘက်ကို ထပ်မံစစ်ရှောင်ကြတာရှိသလို ရှမ်းတောင်ပိုင်းကို ဆက်လက်စစ်ရှောင်နေကြသူတွေများနေပြီး လားရှိုးတိုက်ပွဲ ထပ်မံဖြစ်ပွားလာမှာ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ “အခုအဓိကတော့ လေကြောင်းအန္တရယ်ကို စိုးရိမ်တာက ပိုဆိုးနေတယ်။ ညဆို လုံး၀ အိပ်လို့မရဘူး။ ကိုးကန့်ရှိတဲ့နေရာတိုင်း၊ ကိုးကန့်နဲ့ နီးစပ်တဲ့နေရာတိုင်း၊ ဌာနဆိုင်ရာ၊ ရုံးတွေအားလုံးကို လေယာဉ်နဲ့ဗုံးလိုက်ကြဲတာ။ အဲလိုနေရာတွေကို ဗုံးကြဲပေမဲ့ နေရာတည့်တည့်မကျပဲ အရပ်သားတွေနေတဲ့ နေအိမ်တွေ နေရာတွေကိုပဲ ကျကျလာတော့ ပြည်သူတွေ သေဆုံးတာတွေ၊ ထိခိုက်တာတွေများလာတော့ အားလုံးကြောက်ကုန်ပြီး ပြန်ထွက်ကုန်တာ။” လို့ လားရှိုးဒေသခံက ဆက်ပြောပါတယ်။ လားရှိုးမြို့ ကိုးကန့်လက်ထဲရောက်သွားတဲ့ ပြီးခဲ့တဲ့ ဇူလိုင်ကကတည်းကနေ စက်တင်ဘာလအထိ ၃ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ရှိခဲ့ပြီး အရပ်သား ၃၁ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၉၀ ခန့်ရှိတယ်လို့ ကိုးကန့် MNDAA က အောက်တိုဘာလ ၂ ရက်နေ့ည ထုတ်ပြန်ထားပါတယ်။ ကိုးကန့် NNDAA ဘက်ကတော့ လားရှိုးမြို့တွင်း အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်အောင်ကြိုးစားနေပေမယ့် စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကြောင့် လက်ရှိချိန်ထိ လည်ပတ်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ တစ်ဖက်မှာ တရုတ်ဘက်ကတည်း မြောက်ပိုင်းမဟာမိတ်တွေအနေနဲ့ စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်ဖို့ ဖိအားပေးနေတာတွေလည်းရှိနေပါတယ်။ လက်ရှိ အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံကနေ FTC 2000 G လေယာဉ်အသစ် ၆ စီး ထပ်မံဝယ်ယူထားရှိကာ အဲဒီတိုက်လေယာဉ်အသစ်တွေကို နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု အများစုတွင် အသုံးပြုနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ လဆန်းပိုင်းကစပြီး သူတို့လက်လွတ်လိုက်ရတဲ့နယ်မြေကို ပြန်သိမ်းယူမယ့် ရန်နိုင်မင်းစစ်ဆင်ရေးကို စတင်လာတာလည်းဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးဟာ နိုင်ငံအဆင့်စစ်ဆင်ရေးဖြစ်ပြီး စစ်ဆင်ရေးအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဟာ အရင်ကထက်ပိုအသုံးပြုလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Sep- 2024 -24 Septemberသတင်း
လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ
ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၁ နာရီခွဲမှာ လားရှိုးမြို့ ရပ်ကွက် ၂ ရထိုက်ဟိုတယ်နဲ့ ဖူလီလိုက်ဟိုတယ်နေရာကို ပေါင် ၅၀၀၊ ဗုံး ၂ လုံး ပထမအကြိမ်ကြဲချခဲ့ပြီး မနက် ၄ နာရီဝန်းကျင် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခဲ့တာကြောင့် အဆောက်အအဦးထိခိုက်ပျက်စီးပြီး အရပ်သားထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “တစ်ခါလာကြဲရင် ၂ လုံးဟုတ်တယ်။ ဒီမနက်လာကြဲတာက ရပ်ကွက် ၂ ကို အဓိက ဦးတည်ပြီး လာကြဲသွားတယ်။ တစ်လုံးက လမ်းပေါ်မှာပဲကျလုံးထိခိုက်မှုမရှိဘူး။ ကျန်တာကတော ဟိုတယ်အဆောက်အဦးတွေနဲ့ ဘေးပတ်ဝန်းကျင် နေအိမ်တွေမှာထိလို့အမျိုးသမီး တစ်ယောက်သေတယ်။ စုစုပေါင်း ဗုံး ၄ လုံးကြဲချသွားတာ လူက ၁၅ ဦး ထိခိုက်တယ်။” လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီက မန်ဆူဘက်ကို ဦးတည်ပြီး လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် အဆောက်အဦးတွေပျက်စီးသွားပါတယ်။ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ်ကို ၂ ရက်ခြား လေကြောင်းနဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေနဲ့ နေအိမ်စုစုပေါင်း ၂၀ ထက်မနည်း ထိခိုက်ပျက်စီးသွားပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ ခုလို စစ်တပ်က လားရှိုးမြို့ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေရပ်ပြန်လာနေပြီဖြစ်တဲ့ ဒေသခံပြည်သူတွေလည်း ပြန်လည်ထွက်ခွာသူတွေရှိသလို အခြားမြို့နယ်တွေမှာ စစ်ဘေးရှောင်နေကြရတဲ့လားရှိုးဒေသခံအားလုံးနီးပါးလည်း ပြန်လာလို့မရပဲ ကာလကြာရှည်လာပြီဖြစ်ပါတယ်။ “စစ်တပ်က လားရှိုးကို ပြန်ယူချင်တဲ့သဘောနဲ့ လေကြောင်းကနေပဲ ဆက်တိုက် လာတိုက်ခိုက်နေတာလို့ယူဆရတယ်။ ဒီလိုပဲ ဆက်တိုက်လုပ်နေမယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် ထိခိုက်ဆုံးရှုံးမှုများမယ်။ ဒေသခံပြည်သူတွေလည်း စိုးရိမ်လို့ပြန်ထွက်နေကြတဲ့သူတွေများတယ်။ တချို့က အဆင်မပြေလို့ မထွက်တဲ့ဟာတွေနဲ့ ပြန်ထွက်ကြတဲ့သူတွေလည်းရှိကြတယ်” လို့ လားရှိုးဒေသခံ ဆက်ပြောပါတယ်။ လက်ရှိလားရှိုးမြို့မှာ တစ်အိမ်မှာ တစ်ယောက်နှုန်းနဲ့ နေအိမ်စောင့်တဲ့သဘောမျိုး ပြန်လာနေကြတဲ့သူတွေကလွဲပြီး လားရှိုးဒေသခံအားလုံးနီးပါးကတော့ နေရပ်မပြန်လာကြသေးဘူးလို့ဆိုပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့ထဲအုပ်ချူပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်အောင် ကိုးကန့် MNDAA ဘက်က ကြိုးစားနေပေမယ့် ဒီနေ့ထိတော့ ထိရောက်တဲ့အုပ်ချုပ်မှု…
Read More » -
24 Septemberသတင်း
ကျားဖြန့်အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းကို ဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်ကြား ပစ်ခတ်မှုရှိနေ
ရှမ်းမြောက် မူဆယ်မြို့ကျားဖြန့် အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းကို ဝင်ရောက်စစ်ဆေးဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသပြည်သူ့စစ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက် နေ့လည် ၁၂ နာရီဝန်းကျင် မူဆယ်မြို့ မင်္ဂလာမူဆယ်ဝင်းကျားဖြန့် အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းက ဝန်ထမ်းတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆေးဖမ်းဆီးချိန် ပစ်ခတ်မှုစတင်ဖြစ်တာလို့ မူဆယ်ဒေသခံတွေက ကချင်သတင်းဌာန kNG ကို ပြောပါတယ်။ “ကျားဖြန့်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလိုက်လံ ဖမ်းဆီးစစ်ဆေးတယ်။ အဲဒီမှာ ပြည်သူ့စစ်တွေဘက်တုန့်ပြန်ပစ်ခတ်တာတွေကြောင့် ပစ်ခတ်မှုဖြစ်ပွားနေတယ်။ မနေ့ညအထိ ပစ်ခတ်နေကြတုန်းပဲ။ စစ်တပ်ဘက်က လိုက်လံဖမ်းဆီးချိန် ပြည်သူ့စစ်ဘက်က ပစ်ခတ်တိုက်ခိုက်တာကြောင့် အသံတွေဆက်တိုက်တော့ကြားနေရတယ်။” လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက် နေ့လည် ၁၂ နာရီနောက်ပိုင်းကစပြီး ပစ်ခတ်မှုဆက်တိုက်စတင်လာပြီး ညပိုင်း ၁၀ နာရီဝန်းကျင်အထိ ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတယ်လို့ သူကဆက်ပြောပါတယ်။ လတ်တလော မူဆယ်မြို့ မန့်ဝိန်းနဲ့ စွမ်စော်ရပ်ကွက် ခူးဝိန်းနယ်မြေမှာရှိတဲ့ ကျားဖြန့်ရုံအွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းတွေကို စစ်ကောင်စီဘက်ကလိုက်လံစစ်ဆေးဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားအပါအဝင် စုစုပေါင်း ကျားဖြန့်လုပ်သူ လူဦးရေ ၈၀၀ ခန့် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ မူဆယ်မြို့ဟာ လောင်းကစားရုံတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေ လွတ်လပ်စွာနဲ့ပိုမိုသိသာထင်ရှားစွာလုပ်ဆောင်နိုင်နေတဲ့ တရုတ်–မြန်မာနယ်စပ်မြို့ဖြစ်ပြီး တစ်ဖက်မှာ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့တွေလည်းအင်အားတောင့်တင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း မူဆယ်မြို့အလောင်းကစားရုံတစ်ခုမှာ လောင်းကစားဆော့ရင်းပြည်သူ့စစ်တပ်ဖွဲ့တွေအချင်းချင်း ပြဿနာဖြစ်ပွားပြီး ပစ်ခတ်တိုက်ခိုက်မှုတိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ “ကျနော်တို့ဒေသခံပြည်သူတွေက သတိနဲ့ပဲအမြဲနေနေတယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးက တော်လှန်ရေးတပ်ဖွဲ့တွေလည်းအားလုံးရှိနေကြတော့ ဘယ်အချိန်မှာ ဘယ်လိုထပ်ဖြစ်လာမယ်ဆိုတာမသိနိုင်ပဲ သတိနဲ့ပဲနေနေတယ်။ ဒီမှာက စစ်တပ်လည်းအရင်ကအတိုင်းပဲ ၊ ပြည်သူ့စစ်တွေလည်း နဂိုအတိုင်းပဲအားလုံး ဒီလိုပဲရှိနေကြတယ်။ ကျားဖြန့်လုပ်ငန်းတွေအလောင်းကစားတွေက ပိုပြီးပေါ်ပေါ်ထင်ထင်လွတ်လွတ်လပ်လပ်ရှိလာကြတာကိုတော့ တွေ့ရတယ်။ နယ်စပ်မြို့ဆိုတော့ ဒုစရိုက်အရမ်းများတယ်။” လို့ မူဆယ်မြို့ဒေသခံက ဆက်ပြောပါတယ် ဩဂုတ်လကုန်ပိုင်း မူဆယ်မြို့နဲ့ နီးကပ်စွာမြောက်ပိုင်းညီနောင်မဟာ မိတ်တပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်KIA စသဖြင့်တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှား ချဉ်းကပ်လာမှုကြောင့်စစ်ရေးတင်းမာလာခဲ့ပြီး ဂျေဂေါင်၊ရွှေလီဘက်ခြမ်းမှာ တရုတ်ဘက်ကစစ်ရေးလေ့ကျင့် လှုပ်ရှားပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်တစ်ခုလုံးသိမ်းပိုက်လိုက်ပြီး မူဆယ်မြိုတစ်ခုကိုသာကျန်ရှိတာလည်း ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
16 Septemberသတင်း
ရှမ်းမြောက် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေ
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေတယ်လို့ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မူဆယ်ခရိုင် မုံးပေါ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့် MNDAA တပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက် မုံးပေါ်ဒေသအားလုံး KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ အုပ်ချူပ်မှုအောက်ရောက်ရှိသွားပြီး ဒေသအတွင်းရံဖန်ရံခါတင်းမာမှုတွေရှိနေတာကြောင့် ပြည်သူတွေနေထိုင်သွားလာရေး အဖက်ဖက်ကနေ ခက်ခဲနေတယ်လို့ မုံးပေါ် မန်နောင်ရွာဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အစကတည်းက KIO/KIA ရှိနေပြီးသားနေရာဖြစ်ပေမဲ့ ကိုးကန့်တပ် MNDAA က စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့တာဆိုတော့ သူတို့သိမ်းတဲ့နေရာ သူတို့ဟာဆိုပြီး သတ်မှတ်ထားပုံရတယ် အဲကြောင့် အခုက ဒီအဖွဲ့က ဟိုအဖွဲ့ နောက်မပါရဘူး ဟိုဘက်ကလည်း ဒီဘက်ကို မပါရဘူးဆိုပြီး ပြောထားတာတွေ ရှိတယ်။ ပြည်သူတွေက နှစ်ဖွဲ့စလုံးကို ကြည့်နေရတာဆိုတော့ ကြားထဲမှာ နေရခက်နေတယ်။ လို့ ပြောပါတယ်။ မုံးပေါ်ဒေသကို MNDAA သိမ်းပိုက်ထားပြီဖြစ်ပေမယ့် အရင်ကတည်းက ကချင်တိုင်းရင်းသားမျိုးနွယ်စုအများစုနေထိုင်တဲ့နေရာဒေသဖြစ်သလို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ရဲ့လှုပ်ရှားနယ်မြေ၊ တပ်မဟာ ၆ အခြေချနယ်မြေအဖြစ် အုပ်ချုပ်မှုယန္တရားလည်ပတ်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် KIO/KIA ရဲ့လွမ်းမိုးမှုရှိခဲ့တဲ့ မုံးပေါ်ဒေသမှာ ကိုးကန့် MNDAA ဝင်ရောက်လာချိန်မှာတော့ လက်ရှိ အဖွဲ့အစည်း ၂ ဖွဲ့၊ အစိုးရ ၂ ခုလိုဖြစ်နေပြီး အချင်းချင်းလုပ်ငန်းတွေတားမြစ်ပိတ်ဆို့ကာ ပြဿနာတွေဖြစ်နေကြတာလို့ ဒေသခံတွေဆိုပါတယ်။ “အခု ဒီမှာက ဘယ်အဖွဲ့က အုပ်ချုပ်နေတာလားတောင် မသိဘူး။ အဖွဲ့က ၂ ဖွဲ့ရှိတာဆိုတော့ ပြည်သူတွေက သွားလာရေးမှာ အဆင်မပြေတာတွေရှိတယ်။ ရွာမှာ အဖွဲ့နှစ်ဖွဲ့နဲ့ ရှုပ်ယှက်ခတ်နေလည်း ဒီလိုပဲနေနေတယ်။ သူတို့အချင်းချင်း တစ်ခါတလေတော့ ပြဿနာတွေဖြစ်၊ တစ်ခါတလေတော့ ပြန်အဆင်ပြေကြနဲ့ အဲလိုပဲရှိနေတယ်။ ပိုပြီး နေရခက်လာတာတော့ရှိတာပေါ့ သွားလာရေးကခက်၊ ငွေရေး ကြေးရေးရှာဖွေဖို့လည်း ပိုခက်သွားတာတွေရှိသွားတာပေါ့။” လို့ မုံးပေါ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ သို့သော် လက်ရှိချိန်ထိ အုပ်ချုပ်မှုယန္တရားကို KIO/KIA နဲ့ MNDAA နှစ်ဖက်စလုံးက အတည်တကျအုပ်ချုပ်နိုင်တာမျိုးမရှိသေးဘူးလို့လည်း ဒေသခံတွေ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ မုံးပေါ်ဒေသ မုံယာ(Mungya)၊ မုံးဟောမ်(Mungghawm)ကျေးရွာမှာ KIO အဖွဲ့လိုက်ကပ်ထားတဲ့ မူးယစ်တိုက်ဖျက်ရေးသတိပေး ဆိုင်းဘုတ်၊ ဗီနိုင်းတွေကို ကိုးကန့်တပ် MNDAA ကအင်အားနဲ့ အတင်းအဓမ္မ လိုက်လံဖျက်ဆီး၊ ဖြုတ်သိမ်းခဲ့သလို စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း လောက်ကိုင်ဘက်သွားလမ်း နမ့်ဂျရပ်(Nam Jarap) ကျေးရွာမှာ KIO ရဲ့ မူးယစ်တိုက်ဖျက်ရေးဆိုင်းဘုတ်တွေကို ကိုးကန့်ဘက်က လိုက်လံဖြုတ်သိမ်းခဲ့တာကြောင့် နှစ်ဖက်တပ်အကြား ပြဿနာဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒါ့အပြင် ကိုးကန့်တပ် MNDAA တပ်ဟာ KIO အောက် ပညာရေးကျောင်းဖွင့်တာ၊ ကျေးရွာနာမည်စရင်းကောက်ခံတာ၊ စျေးတန်း အခွန်ကောက်ခံတာ၊ သစ်တောတားမြစ်ချက်များ၊ မူးယစ်တိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ လုပ်ငန်းများ လိုက်လံပိတ်ဆို့ တားမြစ်နေတာတွေကြောင့် တပ်ဖွဲ့နှစ်ခုကြား မြေပြင်မှာ ပြဿနာတွေဆက်တိုက်ဖြစ်နေပါတယ်။ အခုလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး ပြဿနာတွေဆက်တိုက်ဖြစ်နေတာဟာ ကျေးရွာဒေသခံတွေအတွက် စိတ်မချမ်းမြေ့စရာနေထိုင် နေရပြီး ပြည်သူလူထု လိုလားတဲ့အစိုးရကိုတရားမျှတတဲ့လမ်းစဉ်နဲ့ ဦးဆောင်အုပ်ချုပ်စေချင်တယ်လို့ ပြောဆိုနေကြပါတယ်။ “အစက စစ်ကောင်စီအစိုးရရှိတဲ့အချိန်က KIA/KIO လည်းအတူရှိတယ်။ အဲဒီအချိန်တုန်းက ဥပမာ ကိုးကန့်တွေရွာထဲဝင်မယ်ဆိုရင် KIA ဆီခွင့်တောင်းရတယ်။ ဘယ်မှာဝင်လို့ရမယ်၊ ဘယ်မှာနားမယ်၊ဘာတွေလုပ်မယ်ဆိုပြီး အသိပေးမှ KIA က ရတယ်၊ ခွင့်ပြုတယ်ဆိုမှ ဝင်နား၊ ဝင်အိပ်လို့ရတာဖြစ်တယ်။ဒီနေ့ စစ်ကောင်စီတပ်ကို မောင်းထုတ်လိုက်နိုင်တဲ့အချိန်ကျတော့ ငါတို့ပစ်တာ ငါတို့သိမ်းတာ ငါတို့ပဲအုပ်ချုပ်မယ်ဆိုပြီး လုပ်လာတာပေါ့။ ဒီမှာ အရင်ဆုံးဖြစ်တဲ့ပြဿနာက စျေးတန်းမှာအခွန်ကောက်တဲ့ကိစ္စမှာ အချင်းချင်း ပစ်ခတ်ခါနီးအထိဖြစ်လာကြတာ၊ အဲလိုတွေဖြစ်ကြတာဟုတ်တယ်။”လို့ မုံးပေါ်ဒေသခံ မိုင်ဖန်ရွာကဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း မုံးကိုး၊ မုံးပေါ်ဒေသကို ကိုးကန့်တပ် MNDAA ဘက်ကသိမ်းလိုက်ပြီးနောက် မူးယစ်ဆေးဝါးချက်လုပ်တဲ့လုပ်ငန်းနေရာတွေလည်း ထပ်တိုးလုပ်ဆောင်လာတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကိုးကန့် MNDAA တပ်ဖွဲ့ကို KNG သတင်းဌာနမှသီးသန့်ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဒေသခံပြည်သူတွေ စစ်အာဏာရှင်စနစ်ကို မလိုလားတာကြောင့် အားလုံးကန့်ကွက်တိုက်ထုတ်တွန်းလှန်ခဲ့ကြတာဖြစ်ပေမဲ့ လက်ရှိ ကိုးကန့်တပ် MNDAA က တရုတ်ကွန်မြူနစ်စနစ်နဲ့ ပိုပြီးအာဏာရှင်ဆန်တဲ့လုပ်ရပ်တွေနဲ့ အုပ်ချုပ်နေတာကြောင့် ဒေသခံတွေမလိုလားကြတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ By – ဂျာဘောက်ရာ
Read More » -
10 Septemberသတင်း
လားရှိုးမြို့ပြည်သူများ လေကြောင်းအန္တရယ်ကြောင့် မြို့ပြန်စွန့်ခွာရမယ့်အခြေနေထပ်ကြုံနေရ
ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ မြို့ကို ထပ်ပြီးစွန့်ခွာရမယ့်အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင် လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအပါအဝင် နေရာ ၄ နေရာလောက်ကို စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ဒီလိုပဲ လေယာဉ်နဲ့ ဆက်တိုက်လာပစ်နေရင်တော့ ပြန်ထွက်ကြဖို့ ပြင်ဆင်ထားတယ်။ အခုလောလောဆယ်တော့ သူခိုးရန်ကာကွယ်ဖို့ နေ့ဆိုရင် တစ်အိမ်မှာ တစ်ယောက် နှစ်ယောက် အိမ်လာစောင့်ပြီး ညဆိုရင်တော့ အားလုံး တစ်နေရာမှာပဲစုပြီးအိပ်တယ်။ ဒီနေ့မနက် လေယာဉ်ပျံဝဲမှုတော့ရှိပေမဲ့ ဗုံးကြဲတာတော့မရှိဘူး။”လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ လားရှိုးမြို့ကို စစ်တပ်ဘက်က ဩဂုတ် ၃၀ ရက်နေ့နဲ့ စက်တင်ဘာ ၈ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပေမယ့် အဆောက်အအုံတွေပျက်စီးတာ၊ လူထိခိုက်တာတွေမရှိခဲ့ပါဘူးလို့ သူကဆက်ပြောပါတယ်။ သို့သော် စက်တင်ဘာလ ၉ ရက် ဗုံးကြဲတိုက်ခိုက်မှုမှာ ကိုးကန့် MNDAA အရာရှိတစ်ဦးသေဆုံးတဲ့အပြင် အရပ်သား ၃ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားတာ ဖြစ်ပါတယ်။ လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဘက်က မြို့အလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက်တာ ၁ လကျော်ကြာလာချိန် စစ်တပ်ဘက်က အခုလို လေယာဉ်နဲ့ဆက်တိုက်ဗုံးကြဲဆက်တိုက်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူတွေအတည်တကျ ပြန်လည်အခြေချနေထိုင်နိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ “ကြားရတဲ့သတင်းကတော့ ကိုးကန့် နဲ့ စစ်တပ်တို့နှစ်ဖက် သဘောတူညှိနှိုင်းမှု တစ်စုံတစ်ခုတော့ရှိနေတယ်။ စစ်တပ်ဘက်ကလည်း လားရှိုးကိုတော့ ပြန်ယူဖို့ဆိုပြီး ကောလဟာသတင်းထွက်နေတယ်။”လို့ လားရှိုးဒေသခံကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကစပြီး လားရှိုးမြို့ကို ကိုးကန့် MNDAA တပ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေလေကြောင်းအန္တရာယ်ကို ဆက်လက်စိုးရိမ်နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတစ်ချို့ ပစ္စည်းတွေလာသယ်ယူတာ၊ အိမ်ကိုခဏတဖြုတ်လာကြည့်ရုံပြီး ပြန်ထွက်ကြတာများတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ မိမိနေအိမ်ကိုပြန်လာနေပြီဖြစ်တဲ့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း လက်ရှိလေကြောင်းအန္တရာယ်ကြောင့် ဆက်လက်ထွက်ပြေးရမဲ့အခြေအနေကို တွေးပူနေတယ်လို့ ပြောပါတယ်။ “လောလောဆယ်က လေကြောင်းအန္တရယ်ကို သတိထားစိုးရိမ်ပြီးနေနေသေးတယ်။ ကျမတို့လည်း ပြီးခဲ့တဲ့အပတ်ကပဲ စစ်ရှောင်ကနေ ပြန်လာကြတာဟုတ်တယ်။ အခြေအနေပေါ်မူတည်ပြီး ထပ်ထွက်ပြေးရမယ်ဆိုရင်တော့ ထပ်ပြေးရမှာပဲ။ လောလောဆယ်ကတော့ ဘယ်လိုဖြစ်လာမလဲ မဆုံးဖြတ်နိုင်သေးဘူး။ အရင်က အတည်အကျနေထိုင်နိုင်ဖို့က ခက်ခဲသေးတယ်။” လို့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။ တစ်ဖက်မှာလည်း လားရှိုးမြို့ပေါ်မှာတော့ ကိုးကန့် MNDAA နဲ့ UWAS ၀ တပ်ဖွဲ့တို့ ပူးပေါင်းပြီး မြို့တွင်းတစ်ဖွဲ့တစ်လှည့်စီ တစ်နေ့ ၆ ကြိမ်လောက် ကင်းလှည့်ပေးနေတာလည်း ရှိတယ်လို့ဆိုပါတယ်။ လက်ရှိချိန်ထိ ကိုးကန့်ဘက်က လားရှိုးမြို့တွင်းကို အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်ခြင်းမရှိသေးပေမယ့် လျှပ်စစ်မီးနဲ့ ဆေးရုံလုပ်ငန်းတွေတော့ လည်ပတ်နိုင်အောင်ကြိုးစားနေကြတယ်လို့ သိရပါတယ်။ “စာသင်ကျောင်းတွေတော့ဘယ်အချိန်မှ စလို့ရမယ်မှန်းမသိသေးလို့ ကျောင်းဆရာ၊ဆရာမတွေ နာမည်စားရင်းတွေလာ ထည့်ကြတာကိုတော့ လက်ခံနေတယ်။တချို့ကတော့ ပြန်လာပြီး ပစ္စည်းတွေ လာသိမ်းယူပြီး ပြန်ထွက်ကြတာများပါတယ်။ များသောအားဖြင့်တော့ မပြန်လာရဲသေးတာပေါ့။”လို့ နောက်ထပ်လားရှိုးဒေသခံအမျိုးသမီးတစ်ဦး က ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ပေါ် ကိုးကန့် MNDAA တပ်ဖွဲ့ဟာ မြို့တော်ခန်းမအပါအဝင် အစိုးရနဲ့ဆိုင်တဲ့ နေရာ၊ စာသင်ကျောင်းတွေမှာ ၂၀၀၈ အခြေခံဖွဲ့စည်းပုံအရ စစ်ကောင်စီစွဲကိုင်တဲ့အလံကို ရှေ့ဦးထားပြီး အလံလွင့်ထူထားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ကိုးကန့်ဘက်က အခုလိုစစ်တပ်စွဲကိုင်တဲ့နိုင်ငံတော်အလံကို လွင့်ထူးထားရတဲ့အကြောင်းရင်းကိုတော့ မသိရှိရဘူးလို့ ဒေသခံတွေဘက်ကပြောပါတယ်။ By – ဂျာဘောက်ရာ
Read More »









