လက်နက်ကြီး

  • သတင်း

    ကသာမှာ ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ မနေ့မနက်ပိုင်း ၉နာရီဝန်းကျင်မှာ ကလုံရွာမှာ စစ်ကောင်စီတပ်တွေက ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ်အုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ အင်းရွာအုပ်စုဦးစောကျွန်းရွာက ကလေးငယ်သေဆုံးခဲ့ရတာလို့ ကသာမြို့နယ်ကကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ “ကလုံမှာရွာကအဖွဲ့တွေက သူတို့ရဲ့အရှေ့ဘက်ကမ်း ကလုံနဲ့မျက်နှာချင်းဆိုင်ရွာ…

    Read More »
  • သတင်း

    နမ့်ဖတ်ကာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်

    ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီး စစ်ကောင်စီတပ်နဲ့ KIA ကြားတိုက်ပွဲပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်ကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာပြင်းထန်ကြောင်းစွာရရှိထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၈ ယနေ့ ညနေ ၅ နာရီခန့်ကနေ…

    Read More »
  • သတင်းယမန်နေ့ဇူလိုင်လ ၆ရက်နေ့က စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မူကြောင့် သေဆုံးခဲ့သည့်ဝက်လက်ဒေသခံများ

    ဝက်လက်မှာ စျေးသည်အမျိုးသမီးတွေအပါအဝင် ၇ ဦးပစ်သတ်ခံရ

    စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမရိုးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မူကြောင့် ဈေးသည်အမျိူးသမီးများအပါအဝင် အရပ်သား ၇ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသာကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့ကမနက်ပိုင်း ၄နာရီဝန်းမှာ သမ္မရိုးရွာဘက်ကို စစ်ကြောင်းထွက်လာချိန်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့ကရွာသာကြီးမှာတပ်စွဲညအိပ်တာ အဲ့ကနေမနက်၄နာရီလောက် စစ်ကြောင်းပြန်ထွက်တော့ ဈေးသည် တွေကလည်းမနက်၅နာရီလောက်ဆို ဈေးထွက်ရောင်းတာဗျ အဲ့မှာသူတို့သမ္မာရိုးရွာအရောက်မှာ ပတ်လည်ကို ပတ်ပစ်တာ အဲ့မှာဈေးသည်တွေသွားမှန်တာ ပွဲချင်းပြီးသေကုန်တာပဲ”လို့…

    Read More »
  • သတင်း

    အင်းတော်မြို့အနီး ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့်စောင့်ကြည့်ပြီး လက်နက်ကြီးပစ်ခတ်

    အင်းတော်မြို့တွင် တပ်စွဲနေထိုင်ထားသည့် စစ်ကောင်စီတပ်သည် အင်းတော် မြို့ပတ်ပတ်လည်ရှိကျေးရွာများကို ဒရုန်းဖြင့်လှည့်လည်စောင့်ကြည့်နေပြီး လက်နက်ကြီး ယမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၈ ရက်နောက်ပိုင်း ခလရ ၇၇ တပ်သည် အင်းတော်မြို့အတွင်း ဒေသအခေါ်  ရိက္ခာကုန်းတွင် တပ်စွဲနေထိုင်နေပြီး မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဒရုန်းဖြင့် လှည့်လည်စောင့်ကြည့်ပြီးနောက် ယခုလို ပစ်ခတ်နေခြင်းဖြစ်သည်ဟု နဘားကျေးရွာ မှ ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “သူတို့က အခုစစ်ကြောင်းမထိုးတော့ဘူးတဲ့ စစ်ကြောင်းထိုးရင်လည်း အမြဲတမ်းလိုလိုပဲ ခံနေရတော့ အခုနောက်ပိုင်းက အင်းတော်မြို့နဲ့ ငါးမိုင်အကွာပတ်ခြာလည်ကို ဒရုန်းတွေ၊ လက်နက်ကြီးတွေ အဲ့လိုတွေနဲ့ပဲလုပ်တော့မှာတဲ့”ဟု အသက် ၅၀ ကျော်ရှိ နဘားကျေးရွာဒေသခံက ပြောသည်။ ထိုသို့ ပစ်ခတ်နေသောကြောင့် ဇွန်လ ၂၁ရက်နေ့က ပင်ဝယ်ရွာသားတစ်ဦး သုံးဘီးမောင်းနေစဥ် ထိခိုက်ခဲ့သည့်ဖြစ်စဥ် နှင့် ဇွန်လ ၂၂ ရက်နေ့က ကမ်းနီကျေးရွာ လယ်တောတွင် လက်နက်ကြီးကျည် တစ်လုံးကျရောက်မှုကြောင့် အသက် ၂၀ ကျော်…

    Read More »
  • သတင်း

    ကလေးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မိသားစု ၄ ဦးထိခိုက်ခဲ့ပြီး ကလေးငယ် သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်း အနောက်စံသာကျေးရွာတွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့်  ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဇွန်လ ၂၁ ရက်နေ့ ည ၉ နာရီအချိန် နည်းပညာတက္ကသိုလ်ကျောင်းဝင်းထဲ တပ်စွဲထားသည့်…

    Read More »
  • သတင်း

    ကလေးမြို့နယ်တွင် လက်နက်ကြီးထိမှန်သောကြောင့် ၅ ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မူကြောင့် ၅ ရက် အတွင်း ကလေးငယ်တစ်ဦး အပါအဝင် သေဆုံးသူ ၄ ဦးအထိရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များပြောသည်။ ကလေးမြို့ ဇင်းကလင်း ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကလေးမြို့ပေါ်…

    Read More »
  • သတင်း

    ရွာမကျေးရွာမှ ‌ဒေသခံ ၇ ဦးဖမ်းဆီး ဖမ်းဆီးသတ်ဖြတ်ခံရ

    စစ်ကိုင်းမြို့နယ် ရွာမကျေးရွာတွင် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကြောင့် ဒေသခံ ၇ ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း တိုက်နယ်စွန် PDF အဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ‌၃၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကိုင်းမြို့မှ ရွာမကျေးရွာဘက်သို့ ဝင်လာရောက်လာချိန် လက်နက်ကြီး၊…

    Read More »
  • သတင်း

    လက်နက်ကြီးကျည်ထိမှန်ထားသည့် သားအမိနှစ်ဦးအတွက် ဆေးကုရန်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့သည့် သားမိနှစ်ဦးအတွက် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း မိသားစုနှင့် နီးစပ်သူများမှ သိရသည်။ မတ်လ ၁၈ ရက်နေ့ ည ၆ နာရီအချိန်တွင် လုံးခင်းအုပ်စု သာသနာ့နယ်မြေ (ဒေသအခေါ် မျောက်ကုန်း) အနီး ရဲကားတစ်စီးကို KIA နှင့် PDF ပူးပေါင်းတပ်မှ…

    Read More »
  • တိုက်ပွဲ

    ဆိုင်းတောင် စစ်တပ်ကုန်း တိုက်ခိုက်ခံရပြီးနောက် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်

    ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာ စာသင်ကျောင်းအနီးတွင် တပ်ချထားသော စစ်ကောင်စီ စခန်းကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်မှ ပြန်လည်ပစ်ခတ်သော လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သိရသည်။ မတ်လ ၅ ရက်ည ၁၀ နာရီခန့်တွင် ဆိုင်းတောင် စစ်တပ်ကုန်းတိုက်ခိုက်ခံရသည့်အတွက်…

    Read More »
  • လူ့အခွင့်အရေးချိုးဖောက်မှု

    စစ်ကောင်စီတပ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ထိမှန်

    ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာဘက်တွင် ယနေ့ နံနက် ၇ နာရီခန့်တွင် KIA နှင့် PDF စစ်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်။ ”KIA PDF က ဒီနေ့မနက် စစ်ရေးလှုပ်ရှားမှု နည်းနည်းလုပ်လိုက်တာ။ အဲ့တာ ဒီကောင်တွေဘယ်လိုသိလို့လဲမသိဘူး။ လက်နက်ကြီးတွေ ရမ်းပစ်လာတာ လက်နက်ကြီးက ကျန့်ဖြစ်တာလား၊ တမင်…

    Read More »
Back to top button