လက်နက်ကြီး

  • Feb- 2025 -
    27 February
    သတင်း

    ရှဒူးဇွပ် KBC ဆုတောင်းကုန်းမှာ ပြည်သူ့စစ်အဖွဲ့ လက်နက်ကြီးတပ်ချပြီး ထပ်မံ နေရာယူ

    လီဒိုလမ်းမပေါ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ် (Jahtu Zup) ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘာသာရေး မြေနေရာဖြစ်တဲ့ ဆုတောင်းတောင်ကုန်းပေါ်မှာ ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးနဲ့ တပ်ချလိုက်ပြီလို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်မှာလည်း ရှဒူးဇွပ်ကျေးရွာရှိ ကက်သလစ်အသင်းတော်ပိုင် ဆုတောင်းကုန်းကို လက်နက်ကြီးအထိုင်ချတပ်စွဲလိုက်တာ ဒီကနေ့ထိ ဖြစ်ပါတယ်။ အလားတူ…

    Read More »
  • 6 February
    သတင်း

    ကချင်မှာ အာဏာသိမ်း လေးနှစ်တာအတွင်း အရပ်သားသေဆုံးမှု ၅၆၀ ဦး ခန့်အထိ ရှိခဲ့

    စစ်တပ် အာဏာသိမ်းကာလ လေးနှစ်အတွင်း ကချင်ဒေသမှာ စစ်တပ်ရဲ့ အရပ်သားများအပေါ် လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု ၅၆၀ ဦးခန့်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဖြစ်ပွားမှုနဲ့  လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း သေဆုံးသူ ၇၇၅၇ ဦး အထိရှိခဲ့ရာ ကချင်ဒေသမှာ ၅၆၀ ဦးရှိခဲ့တာဖြစ်တယ်လို့ Myanmar Pace…

    Read More »
  • Jan- 2025 -
    21 January
    သတင်း

    စစ်ကောင်စီ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဝိုင်းမော်မြို့ ငှက်ပျောခြံတစ်ခုမှာ အမျိုးသားတစ်ဦး သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ငှက်ပျောခြံတစ်ခုမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အချို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအုပ်စု ကျမ်းခမ်းကျေးရွာ ဝေဆာမနောမြေ ငှက်ပျောခြံလုပ်ကွက်မှာ လက်နက်ကြီး…

    Read More »
  • 3 January
    သတင်း

    KIA သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပူတာအိုမြို့နယ် နဲ့ ဆွမ်ပရာဘွမ်မြို့နယ်ကြားရှိ ဆွမ်ပီယန်၊ တန်ဂျာကျေးရွာတွေမှာ ထိုင်ထားတဲ့စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ရက်နေ့ကနေ ဇန်နဝါရီလ ၃ ရက်နေ့အထိ ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတယ်လို့ ပူတာအိုမြို့ မူလာရှီးဒီ ရပ်ကွက်က အမျိုးသားတစ်ဦးက KNG ကို…

    Read More »
  • Dec- 2024 -
    12 December
    သတင်း

    စန်းကားကျေးရွာမှာ  ၃ ရက်အတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံသူ ၄ ဦးထိရှိလာ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းခါးကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၃ ရက်အတွင်း ထိခိုက်သေဆုံးသူ ၄ ဦးထိရှိလာတယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ခိုင်မြဲငှက်ပျော်လုပ်ကွက် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အသက်၂၄ နှစ်အရွယ် မပန်းအိဖြူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊  အသက်၂၇ နှစ်အရွယ် ကိုခိုင်မြဲ နောက်ကျောဒဏ်ရာစိုးရိမ်ရ၊ အသက် ၃၅ နှစ်အရွယ်ဒေါ်ဝင်းဝင်းသန်း ပေါင်ထိဒဏ်ရာသာရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ အလားတူ ဒီမနက် ဒီဇင်ဘာ ၁၂ ရက်နေ့ ၁၀ နာရီဝန်းကျင်မှာလည်း စန်းကားကျေးရွာ  ခိုင်မြဲငှက်ပျော်ခြံအနီး ထိန်မင်းငှက်ပျော်ခြံလုပ်ကွက်မှာ လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲခဲ့တာကြောင့်  အသက်၂၅ နှစ်အရွယ် မအေးနွယ် နောက်ကျောထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက ခုလိုပြောပါတယ်။ “တဲမှာမဟုတ်ဘူး ခြံထဲမှာကျတာ ငှက်ပျော်ထမ်းနေရင်းနဲ့ နောက်ကျောမှာထိတာ အခြေအနေကတော့  အဆုပ်ထိတယ် အောက်ဆီဂျင်ပေးထားရတယ်”လို့ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မအေးနွယ်အခြေအနေစိုးရိမ်ရတဲ့အတွက် ဝိုင်းမော်ဆေးရုံကြီးကတစ်ဆင့် မြစ်ကြီးနားဆေးရုံကြီးကို ပြန်လည်လွှဲပြောင်းပေးပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ စန်းကားကျေးရွာမှာရှိတဲ့ ငှက်ပျော်လုပ်ကွက်တွေမှာ ခုလိုလက်နက်ကြီးမကြာမခနကျလေ့ရှိပေမယ့်လည်း ဝမ်းရေးအတွက် စွန့်စားကာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဒီအခြေနေနဲ့ ပက်သက်ပြီး ငှက်ပျောလုပ်သားတွေနဲ့နီးစပ်တဲ့ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုသုံးသပ် ပြောဆိုပါတယ်။ “ဝမ်းရေးအတွက်တော့ လုပ်နေကြရတာလေ မလွန်ဆန်နိုင်တဲ့အကြောင်းတရားတွေ ပိုက်ဆံကြိုယူထားတာတွေ ပိုက်ဆံမရသေးတာတွေ ရလိုရငြား မျှော်လင့်ချက်တွေနဲ့ အလုပ်လုပ်နေကြရတာ”လို့ ဆိုပါတယ်။ လက်ရှိ စန်းကားကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးတွေဟာ ဘယ်အဖွဲ့အစည်းကပစ်ခတ်တဲ့ လက်နက်ကြီးဆိုတာ တိတိကျကျမသိရပေမယ့် မြစ်ကြီးနားမြို့ဒေသခံပြည်သူတွေပြောတာက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကနေ ပစ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ စန်းကားကျေးရွာဟာ မြစ်ကြီးနားမြို့ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပြီး စစ်တပ်ဘက်က ဒီဇင်ဘာလဆန်းပိုင်းကစပြီး လက်နက်ကြီးပစ်ခတ်တာတွေရှိသလို စစ်ကောင်စီတပ်ဟာ ရွာထဲမှာလည်း အရပ်သားနေအိမ်တစ်ချို့မှာတပ်စွဲနေထိုင်နေကြတယ်လို့သိရပါတယ်။ စစ်တပ်ဘက်က ရွာထဲနေရာယူလာတာကြောင့် အိမ်စောင့်အနည်းအကျဉ်းကလွှဲပြီး ဒေသခံအများပိုင်းထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ By – Hope

    Read More »
  • 6 December
    သတင်း

    မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျလို့ အရပ်သားနဲ့နေအိမ်ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့

    ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မြို့ခံအမျိုးသမီးတစ်ဦးအပါအဝင် လူနေအိမ်၊ ဘုရားကျောင်းဆောင်နဲ့ကားတစ်ချို့ထိခိုက်ပျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင် မြို့သစ်ကြီးရပ်ကွက်ထဲက အဆောက်အဦး တစ်လုံးထိမှန်ပျက်ဆီးခဲ့ပြီး မနေ့က ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ တပ်ကုန်းရပ်ကွက်အနောက်ဘက်က ရာဒါကောင့် B ရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ မနေ့က ဖြစ်စဥ်မှာတော့ ဒေသခံအမျိုးသမီးတစ်ဦး ဗုံးဆထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး က ပြောပြပါတယ်။ “လက်နက်ကြီးကျတာကတော့ ည ၁၂ နာရီဝန်းကျင်မှာဟုတ်တယ်။ အဲ့ဒီနောက် ၅ မိနစ်အကြာမှာပဲ နောက်ထပ်တစ်လုံးကျတယ်။ ရဝမ်ဒမ်း AG ဘုရားကျောင်းနားက ကားတစ်စီးလည်းထိသွားတယ်။ ပြီးတော့ အိမ်တစ်ချို့ထိသွားတယ်။ အများကြီးပါပဲ။ အုတ်တံတိုင်းထိတာတွေရောပေါ့။ လူတစ်ယောက် ကတော့ ခါးနားနဲ့မျက်စိနားမှာမိုင်းဆနည်းနည်းထိသွားတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကဖြစ်စဥ်ကတော့ နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတဲ့အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကနေ လက်နက်ကြီးတစ်ချို့ရမ်းသမ်းပစ်ခတ်ခဲ့ရာ မြို့သစ်ကြီးရပ်ကွက် ပါရဂူဆေးခန်းနောက်မှာရှိတဲ့ အဆောက်အဦးတစ်ခုထိမှန်ပျက်ဆီးခဲ့တာလို့မြို့ခံတွေကပြောပါတယ်။ ဒါပေမဲ့ မနေ့ကဖြစ်ပွားခဲ့တဲ့ ရာဒါကောင်း B ရပ်ကွက်ဖြစ်စဥ်မှာတော့ ရုတ်တရက် ပေါက်ကွဲသံနဲ့အတူ နေအိမ်တစ်ချို့ပျက်ဆီးသွားခဲ့တာဖြစ်ပြီး ဘယ်လိုလက်နက်အမျိုးအစားသုံးပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်လိုက်လဲဆိုတာကိုတော့မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့နေရာကိုရောက်ရှိခဲ့သူမြို့ခံတစ်ဦးက “တစ်ခြားတော့ဘာမှမသိရပါဘူး။ ဘယ်လိုဘာညာလည်းမသိဘူး။ ကျနော်လည်းတစ်ခြားမမေးဖြစ်ခဲ့ဘူး။ လက်နက်ကြီးလို့တော့ပြောတာပဲ။ သွားတော့သွားကြည့်တာဟုတ်တယ်။ တော်တော်လေးအခြေနေလည်း ဆိုးနေတယ်။”လို့ပြောပါတယ်။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ မတ်လကစလို့ စစ်ကောင်စီတပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး မြို့တော်မြစ်ကြီးနားမြို့တွင်းမှာလည်း လက်နက်ကြီးတွေကမကြာခဏပေါက်ကွဲလေ့ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်အတွင်းမှာဆိုရင်လည်း ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက် တို့မှာလက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး နေအိမ်တစ်ချို့ထိမှန်ပျက်ဆီးခဲ့ရပါသေးတယ်။ By – အမိုး

    Read More »
  • Oct- 2024 -
    4 October
    သတင်း

    စန်းကားရွာမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးကျပေါက်ကွဲ

    ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာဘက်ကို နမ့်ပေါင်လေတပ်စခန်း၊ အမြောက်တပ်ကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ရွာအတွင်းကျပေါက်ကွဲတာတွေရှိတယ်လို့ စန်းကားကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနေ့ညနေပိုင်း ၅ နာရီဝန်းကျင် စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်းနဲ့အမြောက်တပ်ဘက်ကနေ စန်းကားကျေးရွာအုပ်စု ဘန်ဘားရွာဘက်ကို လက်နက်ကြီးပစ်ခတ်ရာ စန်းကားရွာ ရပ်ကွက် ၃ မှာတစ်လုံးကျပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ရပ်ကွက် ၃ ဘက်ကျတယ်လို့ သိရတယ်။ သေဆုံးတာတော့ မရှိဘူး အမျိုးသမီးတစ်ယောက်တော့ လက်မောင်းမှာ နည်းနည်းဒဏ်ရာရတယ်လို့ဘဲ သိထားတယ်ဗျ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ကျည်အနည်းငယ်ထိမှန်ထားသူဟာ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာစိုးရိမ်စရာမလိုဘူးလို့ သူကဆက်ပြောပါတယ်။ စန်းကားကျေးရွာအုပ်စုဟာ  ကျေးရွာ၊ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပါတယ်။ ဒါကြောင့် စစ်တပ်ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် လတ်တလောမှာတော့ စန်းကားရွာရဲ့အောက်ဘက် ၇ မိုင်ဝေးတဲ့ ဘန်းဘားကျေးရွာမှာ စစ်တပ်နဲ့ KIA တပ်အကြား စစ်ရေးတင်းမာနေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ တိုက်ပွဲနေရာဖြစ်တဲ့ ဘန်ဘားရွာဘက်ကို စစ်တပ်ဘက်က လေကြောင်းနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့လည်းဒေသခံတွေ ပြောပါတယ်။ ဒါပေမယ့် လတ်တလော ဖုန်း၊အင်တာနက်လိုင်းအားလုံးပြတ်တောက်နေတာကြောင့် နှစ်ဖက်တပ်အကြား ထိခိုက်သေဆုံးမှုအခြေနေ အသေးစိတ်ကို သိရဖို့ခက်ခဲနေပါတယ်။ “ဟိုနေ့ကလည်း လေယာဉ်နဲ့လာပစ်တယ် ဒီတစ်လောတိုက်ပွဲဖြစ်နေတယ်။ အရင်လက ရပ်ကွက် ၇ အထိ KIA ဘက်ကလာထိုင်ထားတယ်။ ခုက ပြန်ဆုတ်သွားတဲ့သဘောထင်တယ် ရပ်ကွက်…

    Read More »
  • Sep- 2024 -
    6 September
    သတင်း

    ဖားကန့် အထက်တန်းကျောင်းနီး လက်နက်ကြီးကျပေါက်ကွဲပြီး ဆိုင်ကယ် ကယ်ရီသမားတစ်ဦးလက်နက်ကျည်ထိမှန်

    ကချင်ပြည်နယ် ဖားကန့်မြို့ အထက်တန်းစာသင်ကျောင်းအနီး လက်နက်ကြီးကျပေါက်ကွဲလို့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျောင်းဆောင်အနည်းငယ်ထိမှန်ပျက်စီးထားတယ်လို့ ဖားကန့်မြို့ ပြည်သူတွေက ပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် ၆၀ မမ လက်နက်ကြီး ၂ လုံးကျပေါက်ကွဲတာဖြစ်တယ်လို့ ဖားကန့်မြို့ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ဟုတ်တယ် တစ်ယောက် ဒဏ်ရာရတာမြင်တယ် ကယ်ရီသမားဟုတ်တယ်လို့ ပြောတယ် နာမည်တွေတော့ အတိအကျမသိရဘူးဗျ ဆေးရုံပို့လိုက်ကြပြလို့ပြောတယ်။ အဲစာသင်ကျောင်းက ဗျူဟာကုန်းနားမှာရှိတာဟုတ်တယ်”လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန်သူဟာ မည်သူမည်ဝါဆိုတာအသေးစိတ်မသိရသေးဘူးလို့ သိရပြီး ကျောင်းသား၊သူတွေက နေအိမ်ပြန်သွားကြပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဖားကန့်မြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ဖားကန့်မြို့ မရှိီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးမှာရှိတဲ့ ကုန်းနေရာမှာစစ်တပ်က တပ်စွဲနေရာယူလာတာကြောင့် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။ စစ်ရေးအခြေနေကြောင့် မရှိီကထောင်ရပ်ကွက်၊အောင်မြေကွက်သစ်ရပ်ကွက် ပြည်သူတွေ ဖားကန့်မြို့ပေါ်စစ်ရှောင်နေကြသလို စက်တင်ဘာလ ၅ ရက်နေ့ကစလို့ ယူမာရွာကိုလည်း ထပ်ပြီးစစ်ရှောင်ခိုင်းနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ “ယူမာရွာကိုလည်း လက်နက်ကြီးတွေထိမှာစိုးလို့ ရှောင်ခိုင်းနေတယ်လို့ ပြောတယ်။ ရှောင်တဲ့သူတွေကလည်း ရှောင်နေကြပြီ အများပိုင်းရှောင်နေကြတယ်”လို့ နောက်ထပ် ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်ည ဖားကန့်မြို့တွင်း KIA ပူးပေါင်းတပ်တွေရဲ့ဒရုန်းပျံဝဲလာတာကြောင့် စစ်တပ်ဘက်က ဒရုန်းကိုလိုက်လံပစ်ခတ်တာတွေလုပ်နေပြီး ဒီမနက်ထိပစ်ခတ်တာတွေ ရှိနေတယ်လို့ ဖားကန့်ပြည်သူတွေက ပြောပါတယ်။ ဒါကြောင့် ဒီမနက် အထက်တန်းကျောင်းအနီးကျပေါက်ကွဲတဲ့ လက်နက်ကြီးဟာ ဘယ်အဖွဲ့ကပစ်ခတ်တဲ့လက်နက်ကြီးလဲဆိုတာပြောဖို့ခက်တယ်လို့ ပြည်သူတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာပြီး စက်တင်ဘာ လဆန်းမှာတော့ နှစ်ဖက်ပစ်ခတ်မှုခပ်စိပ်စိပ်ဖြစ်နေပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ  မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာကြောင့် လက်နက်ကြီးထိမှန်သူတွေရဲ့ အချက်လက်အသေးစိတ်သိရှိဖို့လည်း ခက်ခဲနေပါတယ်။…

    Read More »
  • 3 September
    သတင်း

    ကသာကိုတက်လာတဲ့ စစ်သင်္ဘောတွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်ကို မနေ့က စက်တင်ဘာလ ၂ ရက်နေ့မှာရောက်ရှိလာတဲ့ စစ်သင်္ဘောတွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကသာမြို့နယ်အတွင်းက အရပ်သား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ “အရပ်သားပြည်သူက သူတို့ပစ်လို့သေတာ ၂ ယောက်ပေါ့။ ၃ ယောက်ဒဏ်ရာရတယ်။ အဲ့ဒီသင်္ဘောပေါ်က နေပစ်တာပေါ့”လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။ သေဆုံးခဲ့သူတွေဟာ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေဖြစ်တဲ့ ကလုံရွာက ၁ ဦး သေဆုံး ၁ ဦးဒဏ်ရာရခဲ့သလို ညောင်ခြေထောက်ကျေးရွာက ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရခဲ့တာလို့ သူကဆက်ပြောပါတယ်။ အဲ့ဒီစစ်သင်္ဘောတွေဟာ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ စစ်အင်အားနဲ့ရိက္ခာတွေတင်လာတဲ့ စစ်သင်္ဘောတွေဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာချိန်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ခြင်းကိုဆက်တိုက်ခံခဲ့ရတာဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာဆိုရင် ထီးချိုင့်မြို့နယ်နဲ့မြတောင်ရွာကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆက်မသွားနိုင်တော့ဘဲ ထီးချိုင့်မြို့မှတစ်ညအိပ်ခဲ့ရသလို ကသာကိုထွက်လာချိန်မှာလည်း လမ်းတစ်လျှောက် ပစ်ခတ်ခံခဲ့ရတာတွေရှိခဲ့ပါတယ်။ “ကသာမြို့နယ်ကိုတော့ ၅ စီးလုံးရောက်လာပြီ။ ပြီးခဲ့တဲ့ရက်တွေက ထီးချိုင့်မှာပစ်ခတ်ခံရတာတွေလည်း ပြန်ရောက်လာခဲ့တာ။ ၅ စီးလုံးကသာမှာပေါ့ ထီးချိုင့်မှာကသူတို့ခဏကမ်းကပ်ရပြီး ပြန်ဆန်လာတာပေါ့ လေ။”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အဲ့ဒီစစ်သင်္ဘော ၅ စီးတက်လာချိန်မှာလည်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာနေရာယူထားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး ၁၈ ဦးဒဏ်ရာ ရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ အခုလို စစ်ကောင်စီဘက်ကသေဆုံးမှုတွေရှိတဲ့အကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပေမဲ့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ တစ်ဖက်မှာ စစ်သင်္ဘောတွေတက်လာချိန်တောက်လျှောက်မှာလည်း ဝေဟင်ကနေ လေကြောင်းပစ်ခတ်မှု တွေဆက်တိုက်လုပ်ပြီးပစ်ကူပေးခဲ့တဲ့အတွက် မနေ့ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ အရပ်သား ၉ ဦးသေဆုံးခဲ့ရပါသေးတယ်။ ဒီတစ်ကြိမ်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်သွားမယ်ဆိုတာတော့မသိရသေး ပေမဲ့ ဗန်းမော်မြို့နယ်မရောက်ခင် ဧရာဝတီစင်းခန်းတံတားကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲကိုတော့ ဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ မြေပြင်အခြေနေသိရှိသူတွေက သုံးသပ်နေကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်အနေနဲ့ ကချင်ပြည်နယ်အထက်ပိုင်းကို ဝင်ရောက်ဖို့ ရေကြောင်းကိုအဓိကထား အသုံးပြုခဲ့ကြပေမယ့် သင်္ဘောတက်လာတိုင်းမြစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်ခံရမှုကြောင့် အတော်အတန်ကြာ ရပ်နားသွားရာကနေ ခုတစ်ဖန်ပြန်ပြီးဆန်တက်လာတာဘဲဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 2 September
    သတင်း

    မြစ်ကြီးနားမြို့မှာ ၂ ရက်အတွင်း လက်နက်ကြီး ၃ ကြိမ်ကျပေါက်ကွဲ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ပြိီးခဲ့တဲ့ ၂ ရက်တာအတွင်း လက်နက်ကြီး ၃ ကြိမ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက်နဲ့  ၃၁ ရက်နေ့မှာ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက်နေရာ ၃ ခုမှာ လက်နက်ကြီးကျပေါက်ကွဲတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက KNG ခုလိုပြောပါတယ်။ “၂၈ ရက်နေ့က ရွှေညောင်ပင်ရပ်ကွက် တရုတ်စာသင်ကျောင်းရဲ့အောက်ချိုင့်ဘက်မှာတစ်လုံးကျတယ် ပြီးတော့ ကြက်ပေါင်ခြံရပ်ကွက် မြစ်ကမ်းနံဘေးမှာတစ်လုံးကျတယ်။  ၃၁ ရက်နေ့က ဂေါ်ရခါးနှစ်ခြင်းအသင်းတော်ဘုရားကျောင်းနားမှာတစ်လုံးကျတယ်”လို့ ပြောပါတယ်။ ရွှေညောင်ပင်ရပ်ကွက် တရုတ်စာသင်ကျောင်းရဲ့နောက်ဘက်ကျပေါက်ကွဲတဲ့လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး အိမ်ဝင်းတံခါးအားလုံးကြေမွသွားတယ်လို့ ပြောပေမယ့် လူမရှိတဲ့အိမ်ဖြစ်တာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ အလားတူဘဲ ကြက်ပေါင်ခြံရပ်ကွက်အတွင်း ဂေါ်ရခါးဘုရားကျောင်းနီးကျပေါက်ကွဲတဲ့လက်နက်ကြီးနဲ့ မြစ်ကမ်းနံဘေးမှာ ကျပေါက်ကွဲတဲ့လက်နက်ကြီးတွေလည်း လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ကြက်ပေါင်ခြံရပ်ကွက်မှာ ပြည်ခိုင်ဖြိုးပါတီရုံးရှိပြီး စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလ ဝန်းကျင်ကစပြီး လက်နက်ကြီးအထိုင်ချထားတဲ့နေရာဖြစ်သလို မကြာခနဆိုသလို လက်နက်ကြီးပစ်ခတ်နေတာလည်းဖြစ်ပါတယ်။ ခုလို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် တရုတ်ကျောင်းတက်နေတဲ့ကလေးမိဘတွေ စိုးရိမ်နေရပြီး အနီးပတ်ဝန်းကျင်ကပြည်သူတွေလည်း လက်နက်ကြီးကျပေါက်ကွဲမှာကို စိုးရိမ်ထိတ်လန့်စွာနဲ့နေနေကြရတယ်လို့ သိရပါတယ်။ “လူနေတဲ့ရပ်ကွက်ဘက်တွေကို ခုလိုမပစ်ကြရင်ကောင်းမယ် ကလေးတွေကျောင်းလွတ်ဖို့တောင် စိုးရိမ်တယ်။ပြီးတော့ ဒီနားတစ်ဝိုက်ဆို စစ်ရှောင်တွေလည်း များတယ်“လို့ နောက်ထပ် အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ထားပြီးနောက် မြစ်ကြီးနားမြို့တွင်းကနေ လက်နက်ကြီး ပစ်ခတ်တာအပြင် ကင်းပတ်ဒရုန်းနဲ့ညတိုင်း ကင်းလှည့်တာတွေလုပ်နေတယ်လို့လည်း မြစ်ကြီးနားမြို့ ကာကွယ်ရေးတပ်က ပြောပါတယ်။ “နေ့လည်ကျတော့လင်းနေတော့မမြင်ရဘူး ညဆို တစ်ညလုံးလုံးကင်းပတ်တာ ပြီးတော့ ဒီရက်ပိုင်းဆို လက်နက်ကြီးတွေလည်း ခပ်စိပ်စိပ်ပြန်ပစ်လာပြီ မြို့တွင်းနေရာတစ်ချို့မှာလည်း အရပ်ဝတ်နဲ့ကင်းပတ်တာတွေရှိနေတယ်”လို့ပြောပါတယ်။ လက်နက်ကြီးကျပေါက်ကွဲတဲဲ့ ကြက်ပေါင်ခြံရပ်ကွက်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိပြီး ရွှေညောင်ပင်ရဲ့နောက်ကျောရပ်ကွက်တစ်ဆက်တည်းရှိတဲ့ ရပ်ကွက်တွေဖြစ်ပါတယ်။ မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ရန်ကုန်မြို့နဲ့ ၉၁၉ မိုင်၊ မန္တလေးမြို့နဲ့  ၄၈၇ မိုင် ကွာဝေးတဲ့မြို့ဖြစ်ပါတယ်။  By – Zami

    Read More »
Back to top button