,
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် World Environment Day အထိမ်းအမှတ်အဖြစ် ဇွန်လ ၄ ရက်နေ့တွင် အပင်အမျိုးအစား ၃၀ ကျော်နှင့် အပင်ပေါင်း ၂၀၀၀ ကျော် ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။ အသီးအနှံအပင်အမျိုးအစားနှင့် ပန်းပင်အမျိုးအစား ၂ မျိုးကို စိုက်ပျိုးခဲ့ပြီး အသီးအနှံပင်အမျိုးအစားကို အဓိကစိုက်ပျိုးခဲ့ကြောင်း KIO စိုက်ပျိုးရေးနဲ့ မွေးမြူရေးသင်တန်းကျောင်းမှ တာဝန်ခံ ဦး ဂရန် ဘရန်ဆိုင်းက ပြောပါသည်။
လိုင်ဇာမြို့နှင့် အနီးတစ်ဝိုက် စစ်ရှောင်စခန်းများတွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျော ဖြစ်နေကြကြောင်း သိရသည်။ မိုးတွင်းကာလ မိုးရေကြီးချိန်များတွင် စစ်ရှောင်စခန်းများအတွင်း မသန့်ရှင်းသည့် ရေများကို သောက်သုံးနေရသည့်အတွက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ဝမ်းပျက်ဝမ်းလျော ဖြစ်နေသည်ဟု ဖွန်လွမ်ယန်စစ်ရှောင်စခန်းမှ ဆရာမ ကိုင်ထန်က ပြောသည်။ “မိုးအရမ်းကြီးရင် သောက်ရေရော သုံးရေရော မသန့်ဘူး။ သောက်ရေကို အဆင့်ဆင့် ရေစစ်ကန်တွေနဲ့တော့ လုပ်ပေးထားပါတယ်။ တာပေမယ့် မိုးရေအရမ်းကြီးပြီဆို ရေက ကော်ဖီရောင်ထွက်တာကို
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် ရက်လွန် စားသောက်ကုန်များ ၊ အလှကုန်နှင့် ဆေးဝါးများကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၈ ရက်နေ့မှစတင်ပြီး ၂၈ ရက်နေ့အထိ လိုင်ဇာမြို့ရှိ စားသောက်ဆိုင် ၊ ဈေးဆိုင် ၊ ဆေးဆိုင် နှင့် အလှကုန်အရောင်းဆိုင်များတွင် စစ်ဆေး သိမ်းဆည်းခဲ့ပြီးနောက် ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့က မီးရှို့ဖျက်စီးခဲ့ကြောင်း လိုင်ဇာ သန့်ရှင်းမှုနှင့်