တိုက်ပွဲသတင်း

လဂျားယန်-လိုင်ဇာမြို့အဝင်ပေါက် စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်

လဂျားယာန်ကျေးရွာကနေ လိုင်ဇာမြို့ကိုဝင်တဲ့ Masen Kawng စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ထပ်မံသိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြု ပြောဆိုပါတယ်။

အဲဒီစခန်းကို ဒီမနက်အစောပိုင်းကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၉ နာရီလောက်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က KNG ကို အတည်ပြုဆိုပါတယ်။

လဂျားယာန်နဲ့ လဝါယာန်ကြားမှာရှိတဲ့ စစ်တပ်စခန်းတစ်ခုကို ထပ်သိမ်းနိုင်တယ်။ စတိုက်တာက ၇ နာရီလောက်ဖြစ်မယ်။ ၉ နာရီလောက်မှာ သိမ်းနိုင်ခဲ့တယ်။ ဒီတစ်ကြောမှာရှိတဲ့ တပ်စခန်းက ဆက်တိုက်သိမ်းနေပါတယ် လို့ ပြောပါတယ်။

အဲဒီတပ်စခန်းစစ်အင်အား ၃၀ နဲ့ ၄၀ ကြားနဲ့ ၂၀၁၁ နောက်ပိုင်း တပ်ချထားတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတပ်စခန်းကြီးဟာ မြစ်ကြီးနားဗန်းမော်လမ်းမကြီးပေါ် ၊ လိုင်ဇာမြို့ဝင်မုဒ်အထက်မှာ တည်ရှိပြီး ၂၀၁၁ တစ်ကျော့ပြန်တိုက်ပွဲမှာ စစ်ကောင်စီက တပ်ချနေထိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ အထိ ၃ ရက်နေ့ထိတိုက်ပွဲမှာတော့ လိုင်ဇာအနီးတဝိုက်ရှိတဲ့ ဖွန်းပရန်ဘွမ့်(Hpun pyen Bum) ၊ အင်တပ့်ဘွမ့်(Ntap Bum) ၊ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းနဲ့ ရှေ့တန်းလုံခြုံရေး တပ်စခန်း အသေးများအပြားသိမ်းဆည်းရရှိထားပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုပါတယ်။

KIO လိုင်ဇာအနီးတဝိုက် စစ်တပ်ရဲ့ တပ်စခန်းအကြီးတွေဖြစ်တဲ့ ခယာဘွမ့်နဲ့ ဘွမ်ရေဘွမ့် တွေသာကျန်ရှိနေပြီဖြစ်ပြီး KIA တပ်ဘက်ကနေ အဲဒီတပ်စခန်းတွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ တစ်ရက်တည်းမှာပဲ ဆွမ်ပရာဘွမ့်မြို့နယ် ထဲက မလိယန်စစ်ကောင်စီတပ်စခန်း ဒိန်ဝါရွမ်(Ding Wa Rum) တပ်စခန်းကိုထပ်မံသိမ်းဆည်းထားနိုင်ပြီး ဆွမ်ပရာဘွမ့်မြို့တပ် ခလရ ၄၆ တပ်ရင်းနေရာမှာလည်း တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button