လီဆူပြည်သူ့စစ်

  • Feb- 2026 -
    2 February
    သတင်း

    ဝိုင်းမော်မှာ အခွန်ကောက်သောင်းကျန်းတဲ့ ပြည်သူ့စစ်ဂိတ်နှစ်ခု KIA သိမ်းပိုက်

    ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြား အခွန်ကောက်သောင်းကျန်းတဲ့ လီဆူပြည်သူ့စစ်ဂိတ်နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာကြားရှိ ငှက်ပျောခြံသွားတဲ့လမ်းပေါ် နဲ့   င်္သီချောင်းတံတားမှာ တပ်ချထားတဲ့ နှစ်ခုစလုံးကို  KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်တပ်စခန်းဆိုတာက ပိုက်ဆံကောက်နေတဲ့ ဂိတ်နေရာဟုတ်တယ်။ မိုင်းနားကနေ သွားရင် ငှက်ပျောခြံထဲမှာ ပြည်သူ့စစ်ဂိတ်ရှိနေတာဟုတ်တယ်။ ပြီးရင် အဲဒီအကျော်မှာ ကွန်ကရက်တံတားတစ်ခုလည်းရှိတယ်။ အဲ့မှာ စစ်တပ်တွေထိုင်တာဟုတ်တယ်။ အဲဒီနေရာနှစ်ခုစလုံးကို သိမ်းလိုက်တာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ KIA တပ်ဘက်က သိမ်းပိုက်လိုက်တဲ့ ဂိတ်စခန်း နှစ်ခုစလုံးဟာ ၂၀၂၄ ခုနှစ်ထဲမှာ KIA သိမ်းပိုက်နေရာထဲမှာပါဝင်ပြီးတော့  ၂၀၂၅ ခုနှစ်ထဲမှာ ယာယီဆုတ်လိုက်ရတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဂိတ်နေရာ နှစ်ခုစလုံးမှာ စစ်တပ်နဲ့ လီဆူပြည်သူ့စစ်တွေပူးပေါင်းပြီး တပ်အထိုင်ချထားကာ လမ်းသွားလမ်းလာ အိမ်စီးကားမကျန် ဖြတ်သန်းခွင့် ကောက်ခံတဲ့ ဂိတ်နေရာဖြစ်တယ်လို့ ပြောပါတယ်။ လီဆူပြည်သူ့စစ်ဂိတ် နှစ်ခု KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး ငှက်ပျောခြံမှာရှိတဲ့ ပြည်သူတစ်ဦးက “ဟုတ်တယ်တဲ့ ဆိုလာပြားဆိုဒ်လို့လည်းခေါ်တယ်။ အဲ့မှာသွားပစ်တာ လှမ်းပေးကြည့်သလောက် သိမ်းလိုက်တာကသေချာတယ်”လို့ပြောပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဘက်ကနေ ဂိတ်စခန်းနှစ်ခုလက်လွတ်လိုက်ရတဲ့အတွက် ဒီကနေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ပွားချိန်ကတည်းကနေ ၁၁ နာရီဝန်းကျင်အထိ ဝိုင်းမော်မြို့ထဲကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KIA ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာအထက်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာလည်း လမြန်ကျေးရွာအနီးတဝိုက် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းအတွင်းကနေ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ပေးပြီး ပြည်သူ့စစ်အဖွဲ့တွေကို မြေပြင်စစ်ကြောင်းကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jun- 2024 -
    14 June
    သတင်း

    ဝူယန်ပြည်သူ့စစ်တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့

    ဝိုင်းမော်မြို့နယ် ဝူယန်ပြည်သူ့စစ်တပ်စခန်းကို ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ ဝူယန်ပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရတာကြောင့် ခလရ ၅၈ တပ်ရင်းကို လုံခြုံရေးယူပေးနေတဲ့အဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တိုက်ပွဲဖြစ်တာက ဝူယန်မှာဟုတ်တယ်။ ဝိုင်းမော် ခလရ…

    Read More »
  • Mar- 2024 -
    8 March
    သတင်း

    Nlung Hka ပြည်သူ့စစ်တပ်စခန်းကို KIA အပြီးသတ်ရှင်းလင်း

    “တပ်စခန်းမှာက ပြည်သူ့စစ်တပ်သားတွေက ၃၊ ၄ ယောက်ပုန်းခိုပြီး ကျန်ရှိနေတာဖြစ်တယ်။ အဲဒါကို အကုန်ရှင်းလင်းလိုက်ပြီ။ KIA အဖွဲ့တွေက အင်လုန်ခတံတားရဲ့ တစ်ဖက်ကမ်းမှာ မနေ့ကနေ ရောက်ရှိနေကြတာဟုတ်တယ်။ ဒီကနေ့ နေ့လည်ပိုင်းလောက်မှာ တပ်ထဲဝင်ရောက်နိုင်ကြတယ်။ KIA တပ်တွေက အဲထဲမှာရှိနေပြီလို့ပြောလို့ရပြီ”လို့ပြောပါတယ်။

    Read More »
  • Jan- 2024 -
    15 January
    သတင်း

    ဝိုင်းမော်မှာ ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေက မိသားစုပါမကျန် ဖမ်းဆီးပြီး တပ်သားစုဆောင်း ဖမ်းဆီးနေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှာ ဦးရွှေမင်းဦးဆောင်တဲ့ လီဆူပြည်သူ့စစ်အဖွဲ့တွေက လီဆူလူမျိုးတွေကို မိသားစုတွေပါမကျန် ဖမ်းဆီးပြီး တပ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အောင်မြေ(၁) ပြည်သူ့စစ်တပ်စခန်း အထိုင်ချထားတဲ့ အင်လုန်ခ(N-Lung Hka)တံတားမှာ လမ်းသွားလမ်းလာတဲ့ ပြည်သူတွေကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးနေပြီး လီဆူလူမျိုးဖြစ်တဲ့သူတွေကို ဖမ်းဆီးထားတယ်လို့ အောင်မြေ(၁) ဒေသခံအမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။ “ဟုတ်တယ် ဒီကစ္စနဲ့ ပတ်သက်ပြီး အရမ်းအံ့ဩနေကြတယ်။ စနေနေ့မှာလည်း အများကြီးဖမ်းထားတယ်။ အဲ့ဒီဂိတ်မှာရောက်တာနဲ့ဘာလူမျိုးလဲအရင်မေးတယ်။ လီဆူနဲ့လော်ဝေါ် ဆိုရင်အကုန်ရပ်ခိုင်းနေတယ်။ အများကြီးဖမ်းထားတယ်။ ကားပေါ်မှာပါလာရင်လည်း လီဆူဆိုရင်အကုန်ဆွဲချတယ်။ မိခင်တွေပါမကျန်ဖမ်းတယ်။ အဲ့ကြောင့်လေ သွားလာဖို့အရမ်းခက်နေတယ်။ ဒီကနေ့လည်းဖမ်းနေတယ်” အင်လုန်ခပြည်သူ့စစ်ဂိတ်နေရာမှာ ဇန်နဝါရီလ ၁၃ ရက် စနေ့ကနေ တင်းတင်းကြပ်ကြပ် ဖမ်းဆီးနေတာဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးခံထားရသူ လီဆူပြည်သူ ၃၀ လောက်ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဝိုင်းမော်မြို့နယ်ထဲ လီဆူလူမျိုးတွေအများဆုံးနေထိုင်ကြတဲ့ အောင်မြေ(၁) ၊ ဝူယာန်နဲ့ စန်ကား စတဲ့နေရာတွေမှာ တစ်အိမ်ဆင်းတစ်အိမ်တက် ပြည်သူ့စစ်တပ်သားမလုပ်မနေရ လိုက်လံဖမ်းဆီးနေပြီးတော့ ပြည်သူ့စစ်လုပ်ဖို့ငြင်ဆို တိမ်းရှောင်ကြတဲ့ နေအိမ်တွေမှာ အသက်ကြီးရင့်သွားတဲ့သူတွေကိုပါ ဖမ်းဆီးနေကြတယ်လို့ သူကဆက်ဆိုပါတယ်။ “ဖမ်းဆီးတာကလေ အင်လုန်ခ ပြည်သူ့စစ်နေရာမှာပဲမဟုတ်ဘူး။ အိမ်အထိလည်း လိုက်ဖမ်းနေတယ်။ ဒီသလောပိုဆိုးဆိုးရွားရွားလုပ်နေကြတယ်။ သူတို့လိုက်ဖမ်းတဲ့အခါမှာ အရွယ်ရောက်တဲ့ လူငယ်တွေမရှိဘူးဆိုရင် အိမ်မှာရှိတဲ့ အသက်ကြီးတဲ့သူတွေကိုပါ မရရအောင်ဖမ်းဆီးသွားပြီး အတင်းအဓမ္မ ဝန်ခံကတိလက်မှတ်တွေရေးထိုးခိုင်းပြီး ပြန်လွတ်ပေးနေတယ်”လို့ပြောပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ပြည်သူ့စစ်လုပ်ဖို့ ငြင်ဆန်နေတဲ့သူတွေကို အိမ်တိုင်ရာအရောက်လိုက်လံဖမ်းဆီးနေပြီး နေအိမ်မှာမရှိတဲ့သူတွေကို မိသားစုဝင်တွေကိုပါ ဖမ်းဆီးသွားပြီး ပြန်ခေါ်လာပေးဖို့ ဝန်ခံကတိထိုးခိုင်းပြီး ပြန်လည်လွတ်ပေးတာတွေလုပ်ဆောင်နေတယ်လို့ ဆက်ဆိုပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ ဦးရွှေမင်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်တပ်သားစုဆောင်းတာတွေကို နှစ်ဆန်းပိုင်းလောက်ကနေ ဆိုးဆိုးရွားရွား ဖမ်းဆီးလာတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို မိသားစုတွေပါမကျန် ဖမ်းဆီးလာတဲ့အထိ လုပ်ဆောင်လာတာဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ လောက်မှာ တာလောကြီးကျေးရွာအနီးတဝိုက်ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ပြည်သူ့စစ်လုပ်ဖို့ စုဆောင်းထားတဲ့ တပ်သားအများပိုင်းက ထွက်ပြေးသွားကြပြီး စစ်အင်အားလျှော့နည်းသွားတာကြောင့် ဖြစ်တယ်လို့ အောင်မြေ(၁) ဒေသခံအမျိုးသားတစ်ယောက်လည်း အခုလိုပြောပါတယ်။ “တာလောကြီးဘက်မှာက KIA တွေဝင်လာပြီဆိုရင် လက်နက်ချပေးတာတို့၊ တစ်ချို့က ချောင်းတွေမှာ လက်နက်ပစ်ချသွားပြီး ပြေးတဲ့သူတွေပြေး ဘော်ဆာဒီးမှာ တိုက်ခိုက်ခံရတုန်းကလည်း ပြည်သူ့စစ်ဘက်ကအထိနာသွားလို့ KIA ဖမ်းဆီးသွားတာတွေလည်းရှိတယ်။ အဲ့ဒါကြောင့် စစ်အင်အားတော်တော်နည်းသွားတယ်လို့ ပြည်သူ့စစ်ထဲကသူတွေ ပြောပြတယ်”လို့ပြောပါတယ်။ ဒါ့ကြောင့် ပြည်သူ့စစ်တပ်ဖွဲ့တွေက ထွက်ပြေးသွားတဲ့သူတွေကို တပ်ထဲပြန်ဝင်လာကြဖို့၊ ပြည်သူ့စစ်တပ်ထဲဝင်ဖို့ ငြင်းဆန်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သူတွေကိုလည်း တပ်ထဲပြန်ရောက်လာအောင် ဝိုင်းမော်မြို့ထဲက လီဆူလူမျိုးတွေကို အစုလိုက်ဖမ်းဆီးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ ရက်စွဲနဲ့ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့ လီဆူလူမျိုးတွေ တစ်အိမ်တစ်ယောက် မဖြစ်မနေ ပြည်သူ့စစ်လုပ်ရမယ်လို့ ထုတ်ပြန်လိုက်တဲ့နောက်ပိုင်း လူငယ်နဲ့ လူလတ်ပိုင်းအများစုဟာ မြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့လည်းသိရပါတယ်။ အခုလို ဝိုင်းမော်ဒေသမှာ စစ်ကောင်စီလက်အောက်မှာရှိတဲ့ လီဆူပြည်သူ့စစ်တပ်ဖွဲ့တွေက ဒေသခံပြည်သူတွေ အေးချမ်းစွာ နေထိုင်လို့မရအောင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဝိုင်းဝန်းတာဝန်ယူ ဖြေရှင်းပေးကြဖို့လည်း ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Nov- 2022 -
    25 November
    သတင်းလမုန်၊ မကော ဒေသ

    ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

    ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဦးရွှေမင်း ဦးဆောင်သည့် လီဆူပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ ထပ်တိုးတည်ထောင်ပြီး လက်ရှိ ဂိတ်စခန်းဆောက်လုပ်ကာ စစ်ဆေးရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဟု ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၅ ရက်နောက်ပိုင်းမှ စတင်ကာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြို့နယ် မကောအုပ်စု…

    Read More »
  • Dec- 2021 -
    14 December
    သတင်း

    ဝိုင်းမော်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များမှ ဒေသခံအချို့ကို KIA မသင်္ကာမှုဖြင့် ဖမ်းဆီးနေ

    ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး ကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပတ်သက်သည်ဟု မသင်္ကာသောပြည်သူတစ်ချို့ကို လိုက်လံဖမ်းဆီး နေသည်ဟု သိရသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ ယနေ့နံနက်ပိုင်းက…

    Read More »
Back to top button