လီဒိုလမ်း
-
Apr- 2025 -3 Aprilသတင်း
ဝါရာဇွပ်ကျေးရွာမှာ ပြည်သူ့စစ်နဲ့ KIA တိုက်ပွဲထပ်ဖြစ်နေ
ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဝါရာဇွပ်ကျေးရွာအဝင်အထွက် ရွာထိပ်ပိုင်းမှာ KIA တပ်တွေ ဝါးတားဂိတ်ထားပြီး ထပ်မံတပ်စွဲလာတဲ့အတွက် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က…
Read More » -
2 Aprilသတင်း
လဝါးရွာဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများသလို တိုက်ပွဲကြောင့် ပြည်သူတွေ ပိတ်မိနေ
စစ်ရေးတင်းမာမှုဖြစ်နေတဲ့ ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ် လဝါးကျေးရွာ (Lawa Mare) မှာ စစ်ကောင်စီလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုများပြီး တိုက်ပွဲကြောင့်ဒေသခံပြည်သူတစ်ချို့ ပိတ်မိနေတယ်လို့ သိရပါတယ်။ လဝါးကျေးရွာထဲမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေကို KIA…
Read More » -
Mar- 2025 -27 Marchသတင်း
လီဒိုလမ်းမကြီးပေါ် ခရီးသွားကားတွေကိုလူတစ်စုက ဓားပြတိုက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်မှာ သေနတ်နဲ့ဓားကိုင်ဆောင်ထားတဲ့လူတစ်စုက ခရီးသွားကားတွေကိုတားပြီး ဓားပြတိုက်ခဲ့တယ်လို့ ခရီးသွားတွေဆီကသိရပါတယ်။ ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့နေရာကတော့ လီဒိုလမ်းမကြီးပေါ် ဖားကန့်မြို့နယ်၊လဝါးရွာနဲ့ မိုးကောင်မြို့နယ်၊မရန်ကထောင်ရွာကြားမှာ ဖြစ်ပြီး မြစ်ကြီးနား–နမ္မတီး–မိုးကောင်း–ဖားကန့်–တနိုင်း စတဲ့မြို့ကြီးတွေကို ဆက်သွယ်သွားလာနိုင်တဲ့လမ်းမကြီးဖြစ်သလို မန္တလေး ကနေလာတဲ့ကားအများစုကလမ်းအဲ့ဒီလမ်းပိုင်းကိုအသုံးပြုကြတယ်လို့ဒေသခံတွေကပြောပါတယ်။ ဖြစ်စဥ်ကတော့ မနေ့က မတ်လ…
Read More » -
14 Marchသတင်း
ဝါရာဇွပ်ကျေးရွာက လူနေအိမ် ၁၆ လုံးခန့် မီးရှို့ဖျက်ဆီးခံရ
တနိုင်းသွား လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာရှိ လူနေအိမ် ၁၆ လုံးထက်မနည်း စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ဒီမနက် ၅ နာရီခွဲအချိန်လောက်မှာ ရွာထဲကို ဝင်လာပြီး နေ့လည် ၁၂ နာရီလောက်မှာ ပြန်ထွက်သွားတယ်။…
Read More » -
Feb- 2025 -27 Februaryသတင်း
ရှဒူးဇွပ် KBC ဆုတောင်းကုန်းမှာ ပြည်သူ့စစ်အဖွဲ့ လက်နက်ကြီးတပ်ချပြီး ထပ်မံ နေရာယူ
လီဒိုလမ်းမပေါ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ် (Jahtu Zup) ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘာသာရေး မြေနေရာဖြစ်တဲ့ ဆုတောင်းတောင်ကုန်းပေါ်မှာ ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးနဲ့ တပ်ချလိုက်ပြီလို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်မှာလည်း ရှဒူးဇွပ်ကျေးရွာရှိ ကက်သလစ်အသင်းတော်ပိုင် ဆုတောင်းကုန်းကို လက်နက်ကြီးအထိုင်ချတပ်စွဲလိုက်တာ ဒီကနေ့ထိ ဖြစ်ပါတယ်။ အလားတူ…
Read More » -
Sep- 2024 -13 Septemberသတင်း
မြစ်ကြီးနား- တနိုင်းကားခ နှစ်ဆမြင့်တက်
ကချင်ပြည်နယ် မြစ်ကြီးနား တနိုင်းလီဒိုကားလမ်းပိုင်းပျက်စီးမှုကြောင့် လိုင်းကားစီးခ စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြစ်ကြီးနား တနိုင်းလီဒိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိမပြုပြင်နိုင်သေးတာကြောင့် ကားလမ်းပိုင်းသွားလာရခက်ခဲလို့ စျေးတက်လာတာလို့ မြစ်ကြီးနားမြို့ပေါ်ရောက်နေတဲ့ တနိုင်းဒေသခံ အမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “အရင်ဆိုရင် ၅ သောင်းရောက်တယ်မြစ်ကြီးနားအထိ အခုကမရတော့ဘူး။မြစ်ကြီးနားအထိ တစ်သိန်းနဲ့ဆင်းခဲ့ရတာ ဒါတောင်လမ်းမှာ နှစ်ညအိပ်ခဲ့တာရဗျ။ အရင်ကတစ်ရက်ခရီးပဲတစ်ညပဲအိပ်ရတယ်ဆိုရင်တောင်တော်သေးတယ် အခုက နှစ်ညအိပ်ရတာ” လို့ ပြောပါတယ်။ လက်ရှိ ကားလမ်းပိုင်းဆိုးဆိုးဝါးဝါး ပျက်ဆီးနေတဲ့နေရာတွေဟာ တနိုင်းမြို့အထွက် ယုဇနခြံအနီး၊ ဒွန်ဘန်ခရွာအနီးနဲ့ ရှဒူးဇွပ်ကျေးရွာ ၊ နောင်းမှီကျေးရွာစတဲ့အနီးဝန်းကျင်နေရာတွေဖြစ်ပြီး အခုလိုလမ်းပိုင်းပျက်စီးနေတာကြောင့် တနိုင်း– မြစ်ကြီးနား အဆင်းကားခ ၅ သောင်းမြင့်တက်ပြီး မြစ်ကြီးနား– တနိုင်းအတက် ကားခ လူတစ်ဦးကျပ် တစ်သိန်းကနေ တစ်သိန်း ငါးသောင်းအထိပေးရတယ်လို့ သိရပါတယ်။ မြစ်ကြီးနား– တနိုင်းကြားကလည်း အရင်က တစ်ရက်ခရီးသာဖြစ်ပြီး လက်ရှိလမ်းပိုင်းပျက်စီးသွားတဲ့နောက် နှစ်ညအိပ် သုံးရက်ခရီးဖြင့်သွားနေရတယ်လို့သိရပါတယ်။ “လမ်းကတစ်လျောက်လုံးပျက်စီးနေတာလို့ပြောလို့ရတယ် တချို့နေရာတွေကအတော်ကိုဆိုးတယ်ကားတွေကို ဆင်နဲ့ဆွဲတင်ရတဲ့နေရာတွေရှိတယ် ညအိပ်ကတော့ ရှဒူးဇွပ်မှာတစ်ညအိပ်ရတယ်ပြီးတော့ နောင်းမှီကျေးရွာမှာတစ်ညအိပ်ရတယ်နှစ်ညတောင်အိပ်ရတာ“လို့ မြစ်ကြီးနားကို အဝေးသင်လာတက်တဲ့ တနိုင်းဒေသခံကျောင်းသူတစ်ဦးကပြောပါတယ်။ မြစ်ကြီးနား– တနိုင်း လီဒိုကားလမ်းပိုင်းဟာအများအားဖြင့် မြေသားလမ်းဖြစ်တာကြောင့် အခုလိုမိုးရာသီကာလမှာနှစ်စဥ် ကားလမ်းပိုင်းပျက်စီးတာမျိုးရှိပေမယ့် ဒီနှစ်ကအဆိုးရွားဆုံးဖြစ်နေတယ်လို့သိရပါတယ်။ တနိုင်းမြို့ဟာ မြစ်ကြီးနားမြို့နဲ့ မိုင် ၁၂၀ အကွာအဝေးမှာရှိပြီး ရွှေ၊ပယင်းထွက်ရှိတဲ့ နေရာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Aug- 2024 -20 Augustသတင်း
တနိုင်းလီဒိုကားလမ်း အများပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကားတွေ တနိုင်းရောက်ဖို့ ၃ ရက်ခန့် ကြန့်ကြာ
ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းလီဒိုကားလမ်းမတစ်ကြော ကားလမ်းပိုင်း ၆ နေရာလောက်မှာ လမ်းဆိုးဆိုးရွားရွားပျက်စီးနေတဲ့အတွက် ကုန်ကားတွေ သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား– တနိုင်းလမ်းပိုင်း ဒွမ်ဘန်ကျေးရွာအကျော် မန်ပန်(Manpang) ကျေးရွာကနေ တနိုင်းမြို့အဝင်အထိ လမ်းပျက်စီးနေတာ လရှည်ကြာမြင့်လာတာကြောင့် ကုန်ကားတွေ မြစ်ကြီးနားကနေ တနိုင်းမြို့ထဲကို ရောက်နိုင်ဖို့ အနည်းဆုံး ၃ ရက်လောက်အထိ ခရီးကျန့်ကြာမှုဖြစ်နေတယ်လို့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။ “လမ်းပျက်တဲ့နေရာတိုင်းမှာ ကားမဆွဲဘဲနဲ့ ကျော်တက်သွားနိုင်တဲ့ ကားမရှိဘူး။ အကုန်လုံးက တွဲကားတွေနဲ့ ထွန်စက်တွေနဲ့ ဆွဲရတယ်။ နောင်းမီကျေးရွာမှာတောင် အဝင်မှာကော ရွာအထွက်မှာကော ၂ နေရာစီဆွဲရတယ်။ နောင်းမီနဲ့ ဝါရာဇွပ်ကြားမှာလည်း သုံးလေးခေါက်လောက်ဆွဲရတယ် ”လို့မြစ်ကြီးနားကနေ တနိုင်းမြို့ဘက်ကို ပုံမှန်ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။ လက်ရှိ ကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေဟာ လီဒိုကားလမ်းမပေါ်က ကျေးရွာတစ်ကြောလုံးဖြစ်ပြီး မန်ပန်(Manpang) ၊ နောင်းမီ(Nawng Mi) ၊ ဝါရာဇွပ်(Wara Zup) ၊ ရှဒူးဇွပ်(Shaduzup) ၊ နမ်းဖျက်(Namhpyet) ၊ ကောင်ရာ (Kawng Ra)စတဲ့ နေရာတွေမှာ လမ်းပျက်စီးနေတာလို့ပြောပါတယ်။ အဲဒီကျေးရွာတွေထဲက နောင်းမီ၊ ဝါရာဇွပ် ၊ အောင်ရာတွေမှာက အဆိုးဆုံးဖြစ်ပြီးတော့ လမ်းပျက်စီနေတဲ့ နေရာတစ်ခုမှာ ပေ ၅၀၀ လောက်ရှည်လျာပျက်စီးနေပြီး တစ်ချို့နေရာတွေမှာက လူတစ်ရပ်စာလောက်အထိ နွံအိုင်ဖြစ်ကာ လမ်းပိုင်းပျက်စီးနေတယ်လို့ သိရပြီး ပျက်စီနေတဲ့နေရာတိုင်းလိုလို ကုန်ကားတွေဖြတ်ကျော်နိုင်ဖို့ရန်အတွက် တွဲကားနဲ့ ထွန်စက်ကြီးတွေနဲ့ ဆွဲပြီးတော့ တစ်စီးချင်းစီ ဖြည်းဖြည်းချင်းသွားနေရတယ်လို့ ကားသမားဆက်ပြောပြပါတယ်။ “လမ်းပျက်နေတဲ့ နေရာတိုင်းမှာက ဆွဲရတာပဲ။ တစ်ချို့နေရာတွေက ထွက်စက်နဲ့ ဆွဲရသလို တစ်ချို့နေရာမှာက ရှိတဲ့ ကားအကြီးတွေနဲ့ဆွဲရတယ်။ ကားကြီးတွေဆိုရင် ဝင့်ကြိုး ၂ ခု၊ ၃ ခုလောက်ဆက်ပြီးဆွဲယူရတယ်။ လမ်းပျက်တဲ့ နေရာတိုင်းမှာက ကားအစီးရေ ၅၀ နဲ့ ၁၀၀ ကြားမှာကနေ့တိုင်းလိုလိုပိတ်နေတာ”လို့ပြောပါတယ်။ ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို ထွန်စက်၊ ကားကြီးတွေနဲ့ ဆွဲထုတ်ရာမှာ ကားကြီး၊ ကားသေးပေါ်မူတည်ပြီး အခကြေးငွေပေးဆောင်ရာမှာ ကားသေးတွေက တစ်စီးမှာ သုံးသောင်းနဲ့ ၅ သောင်းပေးဆောင်ရပြီး ကုန်တင်ကားကြီးတွေက တစ်စီးကို ၃ သိန်းကနေ ၅ သိန်းအထိပေးရတယ်လို့ ကားသမားတွေကပြောပါတယ်။ ဒီနှစ် တနိုင်းသွား လီဒိုလမ်းမပေါ် မှာ လမ်းပိုင်းပျက်စီးနေတဲ့ အခြေအနေဟာ အရင်နှစ်တွေထက်အဆိုးရွားဆုံးဖြစ်ပြီးတော့ လမ်းပိုင်းပျက်စီးနေတဲ့ ကျေးရွာက ဒေသခံပြည်သူတွေလည်း သွားလာရေးအခက်အခဲကြုံတွေ့နေကြတယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ တနိုင်းလီဒိုကားလမ်း အခုလို ဆိုးရွာစွာ ပျက်စီးလာတာဟာ ဆယ်စုနှစ်တစ်ခုအကြာ ယုဇနကုမ္ပဏီအသုံးပြုခဲ့တဲ့ ကားလမ်းပိုင်းကို ပြန်လည်ပြုပြင်ခြင်းမရှိဘဲ မိုးရွာသွန်းမှုကြောင့် ကားလမ်းတွေ ချိုင့်ခွက်တွေ ဖြစ်သွားကာ ကုန်ကားတွေ သွားလာလို့မရဘဲ လမ်းပိုင်းပျက်စီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်းမှာ ယခင်နှစ်တွေလို သဲဖို့ပြုပြင်တာတွေ၊ တာဝန်ရှိတဲ့ အစိုးရတွေ တာဝန်ယူဆောင်ရွက်တာတွေမရှိတာကြောင့် အခုလို လမ်းပိုင်းပျက်စီးနေတာလို့ ဝေဖန်ပြောဆိုနေကြတာလည်းရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း နောင်းမီနဲ့ ဝါရာဇွပ်ကျေးရွာ ၂ ခုကြားမှာ လမ်းပိုင်းပျက်စီးတာတွေကြောင့် ကုန်ကားတွေ တစ်လဝန်းကျင်လောက်အထိ သွားလာလို့မရတဲ့ အခြေအနေမှာ ကြုံတွေ့ခဲ့ရတာလည်းရှိပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Aug- 2023 -23 Augustသတင်း
မြစ်ကြီးနား- တနိုင်းလီဒိုကားလမ်းပိုင်းတစ်ချို့ ဆိုးဆိုးဝါးဝါးပျက်ဆီးနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နဲ့ တနိုင်းမြို့နယ်ကို ဆက်သွယ်ပေးထားတဲ့ လီဒိုလမ်းမကြီး ကားလမ်းပိုင်းနေရာတစ်ချို့မှာ ကားလမ်းတွေ ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ အဲဒီလမ်းတွေဟာ ဒီနှစ် ဇွန်လလောက်ကတည်းကနေစပြီး မိုးအဆက်မပြတ်ရွာနေတဲ့အတွက် လမ်းပိုင်းတစ်ချို့ စပြီးပျက်စီးရာကနေ လက်ရှိချိန်ထိ ထပ်ပြီးပြုပြင်နိုင်တာမရှိသေးအတွက် လမ်းပျက်စီးတာတွေဟာ တစ်ရက်ထက်တစ်ရကပ် ပိုပြီးဆိုးဝါးလာတာဖြစ်တယ်လို့ တနိုင်းမြို့ဒေသခံ အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “အဓိက ပျက်ဆီးနေတာက ယုဇနကုမ္မဏီးဝင်းတစ်လျှောက်နဲ့ ဘန်ကောက်၊ ရှဒူးဇွပ်တစ်ကြောမှာပျက်စီးနေတာ ကားလမ်းနဲ့တောင်မတူဘူးဗျ ချိုင့်ခွက်တွေဖြစ်လို့ဖြစ်…
Read More » -
Jul- 2023 -11 Julyသတင်း
သံချပ်ကာနဲ့ အမြှောက်တပ်တွေပါမယ့် စစ်တပ်စခန်းကို တနိုင်းမြို့အနီးမှာ စတင်ဆောက်လုပ်နေ
လီဒိုလမ်းမပေါ် တနိုင်းမြို့အဝင် နမ့်ဖျက်ကျေးရွာနဲ့ ကပ်လျက် ဧက ၂၀ ကျော်မှာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာတပ် ၊ အမြောက်တပ်တွေစခန်းချမယ့် တပ်စခန်းကြီးတစ်ခုကို စစ်တပ်က တည်ဆောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တပ်ရင်း ၄ ခုလောက်စခန်းချနိုင်မယ့် အဲဒီစစ်တပ်အတွက်…
Read More » -
10 Julyသတင်း
ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်ရဲ့ အစ်ကိုအရင်း ရှဒူးဇွပ် တိုက်ပွဲမှာ သေဆုံး
တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာ တိုက်ပွဲမှာ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်ရဲ့ အစ်ကိုယ်အရင်း ဖြစ်သူ လက်နက်ကြီးထိမှန်ပြီးတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားသူကတော့ အသက် ၄၀ နှစ်အရွယ် ကိုအငယ်လေးဆိုသူဖြစ်ပြီး ရှဒူးဇွပ်ကျေးရွာအဝင် တံတားအကျော် ကုန်းထိပ်နေရာမှာ တပ်ချထားတဲ့ ပြည်သူ့စစ် ဂိတ်စခန်းရဲ့ တာဝန်ခံတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ “မင်းဇေသန့်ရဲ့ အစ်ကိုယ်ဖြစ်သူ အငယ်လေးက တံတားထိပ်က…
Read More »