သတင်း

မြစ်ကြီးနား- တနိုင်းလီဒိုကားလမ်းပိုင်းတစ်ချို့ ဆိုးဆိုးဝါးဝါးပျက်ဆီးနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နဲ့ တနိုင်းမြို့နယ်ကို ဆက်သွယ်ပေးထားတဲ့ လီဒိုလမ်းမကြီး ကားလမ်းပိုင်းနေရာတစ်ချို့မှာ ကားလမ်းတွေ ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။

အဲဒီလမ်းတွေဟာ ဒီနှစ် ဇွန်လလောက်ကတည်းကနေစပြီး မိုးအဆက်မပြတ်ရွာနေတဲ့အတွက် လမ်းပိုင်းတစ်ချို့ စပြီးပျက်စီးရာကနေ လက်ရှိချိန်ထိ ထပ်ပြီးပြုပြင်နိုင်တာမရှိသေးအတွက် လမ်းပျက်စီးတာတွေဟာ တစ်ရက်ထက်တစ်ရကပ် ပိုပြီးဆိုးဝါးလာတာဖြစ်တယ်လို့ တနိုင်းမြို့ဒေသခံ အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

အဓိက ပျက်ဆီးနေတာက ယုဇနကုမ္မဏီးဝင်းတစ်လျှောက်နဲ့ ဘန်ကောက်၊ ရှဒူးဇွပ်တစ်ကြောမှာပျက်စီးနေတာ ကားလမ်းနဲ့တောင်မတူဘူးဗျ ချိုင့်ခွက်တွေဖြစ်လို့ဖြစ် ရွံ့တွေကတစ်ပေနီးတစ်ချို့နေရာတစ်ပေကျော်ထိထူတယ်။ ကားသေးလေးတွေမနည်းသွားရတယ် အဲ့နားတစ်ဝိုက် ကားတွေအတော်ရုန်းရတယ် တစ်စီးပြီးတစ်စီးဖြည်းဖြည်းချင်းသွားနေတာရ။ ပြင်နိုင်တာလည်း မရှိသေးတော့ ပိုဆိုးလာနေတယ်လို့ ပြောပါတယ်။

ကားလမ်းပျက်စီးမှုအဆိုးဝါးဆုံးက တနိုင်းမြို့နယ်ထဲက ယုဇနကုမ္ပဏီရှိတဲ့တစ်ကြောမှာဖြစ်ပြီး ကားလမ်းအရှည် တစ်မိုင်ကျော်လောက် နေရာကွက်ကွက်ပြီးပျက်ဆီးနေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အခုလို ကားလမ်းတွေပျက်စီးနေတာကြောင့် ခရီးသည်ကားအပါအဝင် ကုန်ကားတွေဟာ အဲဒီလမ်းမှာ တစ်ညအိပ်ခရီးနဲ့သွားနေရတယ်လို့လည်း သိရပါတယ်။

ကုန်ကားတွေကတချို့တစ်ရက်နဲ့မရောက်ဘူး လမ်းဆိုးလို့ ခရီးသည်ကားတွေတောင်မနည်းသွားရတယ် ကားသိပ်မကောင်းရင်တော့ တစ်ချို့နေရာတွေမှာ ခရီးသည်ဆင်းပေးရတာမျိုးရှိတယ် ကားမရုန်းနိုင်ဘူးလေတချို့ကားသေးလေးတွေဆို ကားကြီးတွေနဲ့ဆွဲတင်ရတယ်လို့ ပြောပါတယ်။

မြစ်ကြီးနားတနိုင်းကြားမှာ အရင်က ယာဥ်စီးခ ခရီးသည်တစ်ယောက်ကို ငွေကျပ် ၂၀၀၀၀ ၊၂၅၀၀၀ အထိသာရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီး စက်သုံးဆီမြင့်တက်တာအပြင် ဒီနှစ်မိုးတွင်းကာလ လမ်းပိုင်းမကြာခနပျက်စီးတာတွေကြောင့် ခရီးသည်တစ်ဦးကို ကျပ် ၃၀၀၀၀ ကနေ ကျပ် ၃၅၀၀၀ အထိ  စျေးမြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ တနိုင်းမြို့နဲ့ရှင်ဗွေယန်မြို့ကြား လီဒိုကားလမ်းပိုင်းမှာလည်း ဒီနှစ်မိုးရာသီကာလ ကားလမ်းပိုင်းပျက်စီးမှုဆိုးဆိုးဝါးဝါး ဖြစ်နေပြီး ထိရောက်တဲ့ပြုပြင်ထိန်းသိမ်းမှုမရှိသေးတာကြောင့် ဒေသခံတွေခရီးသွားလာရ ခက်ခဲနေသလို ကားလမ်းပိုင်းပျက်ဆီးမှုကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုတွေလည်းဖြစ်ပေါ်နေပါတယ်။

Show More

Related Articles

Back to top button