တိုက်ပွဲသတင်း

ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်ရဲ့ အစ်ကိုအရင်း ရှဒူးဇွပ် တိုက်ပွဲမှာ သေဆုံး

တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာ တိုက်ပွဲမှာ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်ရဲ့ အစ်ကိုယ်အရင်း ဖြစ်သူ လက်နက်ကြီးထိမှန်ပြီးတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူကတော့ အသက် ၄၀ နှစ်အရွယ် ကိုအငယ်လေးဆိုသူဖြစ်ပြီး ရှဒူးဇွပ်ကျေးရွာအဝင် တံတားအကျော် ကုန်းထိပ်နေရာမှာ တပ်ချထားတဲ့ ပြည်သူ့စစ် ဂိတ်စခန်းရဲ့ တာဝန်ခံတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

မင်းဇေသန့်ရဲ့ အစ်ကိုယ်ဖြစ်သူ အငယ်လေးက တံတားထိပ်က စခန်းတိုက်ခိုက်ခံရမှုမှာ ပါသွားတာသေချာတယ်။ သူ့ရဲ့ ခေါင်းမှာကို ထိမှန်သွားတယ်လို့ ကြားတယ်။ သူက ရှဒူးဇွပ်ရွာအဝင်တံတားက တပ်စခန်းတာဝန်ခံဖြစ်တယ်။ ပြီးရင် သူ့ညီကို အားဖြည့်ပေးနေတဲ့ တစ်ယောက်ဖြစ်တယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှဒူးဇွပ်ဒေသခံတစ်ယောက် က KNG ကိုပြောသည်။

အဲဒီဂိတ်နေရာဟာက ယခင် စစ်တပ်စခန်းလည်းဖြစ်၊ နှောင်ရိုးစားသောက်ဖွင့်လှစ်ခဲ့တဲ့ နေရာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မင်းဇေသန့် နေအိမ် ပထမအကြိမ် တိုက်ခိုက်ခံခဲ့ရတဲ့နောက်ပိုင်း စစ်ဆေးဂိတ်အဖြစ် တပ်ချလိုက်တာဖြစ်ပါတယ်။

ပြည်သူ့စစ်တပ်ဘက်က သေဆုံးသူ ၅ ဦးခန့်ရှိခဲ့ပြီး အဲဒီအထဲ မင်းဇေသန့်ရဲ့ အစ်ကိုယ်ဖြစ်သူနှင့် ပြည်သူ့စစ်လက်အောက် တာဝန်ထမ်းဆောင်နေတဲ့ ကိုအဒီးဆိုတဲ့ ရဝမ်တပ်သားတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ပြည်သူ့စစ်တပ်နှင့် နီးစပ်သူ ဒေသခံပြည်သူတစ်ချို့ ပြောဆိုချက်အရ ဇူလိုင်လ ၈ ရက်မနက်တိုက်ပွဲမှာ ပြည်သူ့စစ်ဘက်က ၁၀ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ သတင်းထွက်နေပေမယ့် စာရင်းအတိအကျကို KNG က မေးမြန်းနိုင်ခြင်း မရှိခဲ့ပါဘူး။

 ရှဒူးဇွပ်တိုက်ပွဲမှာ KIA ဘက်က ၃ ဦး သေဆုံးသေဆုံးပြီး KIA တပ်သားတစ်ဦးတော့ ဖမ်းဆီးခံလိုက်ရပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင်အချိန် စစ်အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ KIA တပ်ဖွဲ့ဟာ ရှဒူးဇွပ်ကျေးရွာက မင်းဇေသန့်နေအိမ်နှင့် ရှဒူးဇွပ်တံတားပေါ်က တပ်စခန်း ၂ ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Show More

Related Articles

Back to top button