လူမှုကူညီရေး

  • Mar- 2026 -
    11 March
    သတင်း

    အာမခံကြေး သိန်း ၅၀၀ ကြောင့်လူမှုကူညီရေးအသင်းတွေ လိုင်စင်သက်တမ်းတိုးဖို့ ခက်ခဲနေ

    နိုင်ငံတဝန်းရှိ လူမူကူညီရေး အသင်းအားလုံး လိုင်စင်သက်တမ်းတိုးဖို့ အာမခံကြေး မတည်ငွေ သိန်း ၅၀၀ ရှိရမည်ဆိုတဲ့အတွက် ကချင်ပြည်နယ်ထဲက လူမူကူညီရေးအသင်းတစ်ချို့ သက်တမ်းတိုးဖို့အခက်ကြုံနေတယ်လို့ လူမူကယ်ဆယ်ရေးအသင်းဝင်သူတွေဆီကနေ သိရပါတယ်။ “သက်တမ်းတိုးဖို့ ငါးရာမရှိဘူး မရှိတော့ ဒီတိုင်းဘဲ ထားထားလိုက်တယ် အဲတာဘဲ”လို့ မြစ်ကြီးနားမြို့ထဲက လူမူကူညီရေးအသင်းဝင်တစ်ဦးပြောပါတယ်”လို့ လူမူကူညီရေးအသင်းဝင်တစ်ဦးပြောပါတယ်။ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၃၃ အရ မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းဆောင်ရွက်ပါက ထောင် ( ၃) နှစ်အထိချမှတ်နိုင်သလို ငွေဒဏ်အဖြစ် ကျပ် ၁၀ သိန်းထက်မပိုတဲ့ ငွေဒဏ်ကို ချမှတ်နိုင်တယ်လို့ သိရပါတယ်။ ဒါအပြင် အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၃၄ နဲ့ ပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်အရ မှတ်ပုံတင်လက်မှတ် သက်တမ်းကျော်လွန်ခြင်း ၊မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ပြီးနောက် အသင်းအဖွဲ့ကို ဆက်လက်ရပ်တည်ခြင်း မပြုရဆိုတဲ့ အချက်အပြင် မှတ်ပုံတင်လက်မှတ်မရှိတဲ့ အသင်းအဖွဲ့မှာ အသင်းဝင်အဖြစ် ပါဝင်ခြင်း ၊ ဆောင်ရွက်ခြင်း ၊အားပေးကူညီခြင်း ဒါမှမဟုတ် အယောင်ဆောင်ခြင်း မပြုရဆိုတဲ့ အချက်တွေကိုလည်း ပြဋ္ဌာန်းထားပါတယ်။ အဆိုပါ ပုဒ်မ နှစ်ခုပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါကလည်း ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်နိုင်သလို ထောင်ဒဏ် နှစ်နှစ်အထိလည်း ချမှတ်ရနိုင်တယ်လို့သိရပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ  လူမှုကူညီမှုအသင်း လိုင်စင်သက်တမ်းတိုးမယ်ဆိုပါက ပြည်နယ်နဲ့တိုင်းအဆင့်ဆိုရင် ကျပ်သိန်း ၅၀၀၊ ပြည်ထောင်စုအဆင့် ကျပ်သိန်း ၁,၀၀၀၊ နိုင်ငံတကာ အဆင့် INGOဆိုရင် ကျပ်သိန်း ၃,၀၀၀ ဘဏ်ထဲမှာ အမြဲထားရှိထားရမှာဖြစ်ပြီး ထုတ်ယူသုံးစွဲခွင့် မရှိဘူးလို့လည်း သိရပါတယ်။ တစ်ဖက်မှာလည်း လိုင်စင်သက်တမ်းလည်း မတိုးနိုင်တော့တဲ့ လူမှုကူညီရေး အသင်းတွေအတွက်ကတော့  မြစ်ကြီးနားမြို့နယ်ကလွဲပြီး တခြားမြို့နယ်ဘက် သွားလာလို့ ရတော့မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ “ဥပမာ ကျွန်တော်တို့အသင်းက မှတ်ပုံမတင်ထားဘူးဆိုရင် စစ်ကိုင်းသွားတာမျိုးတို့ မန္တလေးသွားတာမျိုးတို့ အဆင်မပြေဘူးကွာ အချိန်မရွေးဖမ်းလို့ရတယ်”လို့ ဆိုပါတယ်။ လူမှုကူညီရေးအသင်းတွေဟာ စီးပွားရှာတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အပြင် အကျိုးအမြတ်မယူဘဲ အခက်အခဲ ဒုက္ခရောက်နေတဲ့သူတွေကိုလည်း အခမဲ့သာ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဘဲ ဖြစ်ပါတယ်။ ဒါအပြင် ပြည်သူလူထုက လှူပေးတဲ့ အလှူငွေတွေနဲ့ဘဲ အသက်ဆက်နေကြတာ ဖြစ်တဲ့အတွက် ခုလို သိန်းရာနဲ့ချီပေးဆောင်ဖို့အတွက် အရမ်းကို ခက်ခဲနေကြတာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပက်သတ်ပြီး ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက “တမင်သက်သက်အကြပ်ရိုက်အောင်လုပ်နေတာ အမှန်ဆိုရင် ပရဟိ၊ဒီလူမူကယ်ဆယ်ရေးအသင်းတွေက စီးပွားရေးအသင်းအဖွဲ့တွေမဟုတ်ဘူးလေ။ ဒါကိုသူတို့နားမလည်တာမဟုတ်ဘူး သိပြီးသားပဲ။ဒါပေမယ့် ခုလိုဘာလို့ကန့်သတ်မှုတွေပိုများလာသလဲဆိုရင်အဓိကတော့ ရှင်းရှင်းလေးပဲ တော်လှန်ရေးဘက်ကို ကူညီတာတွေလုပ်မှာစိုးလို့ဟုတ်တယ်” လို့ပြောပါတယ် အာဏသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဥပဒေအသစ်တစ်ခု လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပါတယ်။ စစ်ကောင်စီပြဌာန်းလိုက်တဲ့ အဲဒီဥပဒေဟာ “၂၀၁၄ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ” ယခင်ဥပဒေကို ဖျက်သိမ်းကာ ဥပဒေသစ်အဖြစ်အစားထိုးလိုက်ခြင်းပါတယ်။ ၂၀၁၄ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှာ  “အသင်းအဖွဲ့အနေဖြင့် မိမိတို့ သဘောဆန္ဒအလျှောက် မှတ်ပုံတင်လိုပါက တင်နိုင်ပြီး မှတ်ပုံတင်ထားခြင်းမရှိသော်လည်း နိုင်ငံရေးနှင့် လူမှုရေး လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်တယ်”ဆိုပြီး အတိအလင်းဖော်ပြထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီအဲဒီဥပဒေကိုဖျက်သိမ်းပြီး အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာတော့ နိုင်ငံ‌ရေးဆိုင်ရာလှုပ်ရှားမှုများတွက် သီးခြားတည်ဆဲဥပဒေအနေဖြင့် လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး လူမှုရေးအသင်းအဖွဲ့အနေဖြင့်လည်း နိုင်ငံရေး၊ ဘာသာရေးများနှင့် ဆက်စပ်ပတ်သက်မှု မရှိ‌စေရန် ပြဋ္ဌာန်းထားလိုက်ခြင်းဖြစ်ပါတယ။် ဒီဥပဒေသမှာ လူ (၅)ဦး၊ (၅)ဦးထက်ကျော်လွန်ပြီး လူမှုရေးအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းတစ်ခုခု ဖွဲ့စည်းမည်ဆိုပါက မဖြစ်မနေ မှတ်ပုံတင်ရမှာဖြစ်ပြီး သတ်မှတ်ထားကာ မှတ်ပုံတင်ခြင်းမရှိပါက ဒဏ်ငွေ ကျပ် (၁၀)သိန်းဖြစ်စေ၊ ထောင်ဒဏ်(၃)နှစ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် မှတ်ပုံတင်သက်တမ်းကျော်လွန်ပါက ငွေဒဏ် ကျပ်(၅)သိန်းဖြစ်စေ၊ ထောင်ဒဏ် (၂)နှစ်ဖြစ်စေ ချမှတ်နိုင်ကြောင်းလည်း ပါရှိသလို အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းနှင့် လက်နက်ကိုင်ဆန့်ကျင်နေသောအသင်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း မပြုလုပ်ရန်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စသည်တို့ကို ထိခိုက်စေနိုင်သော လှုပ်ရှားမှုတွေမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်လှုပ်ရှားခြင်းတို့ကို ထောင်ဒဏ် (၅)နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း(၅၀)ဖြစ်စေ သို့မဟုတ် ဒဏ်(၂)ရပ်လုံးအပြင် ပိုင်ဆိုင်မှုများကို ပြည်သူပိုင်အဖြစ် သိမ်းယူအရေးယူနိုင်တယ်လို့ဆိုထားပါတယ်။ စစ်ကေင်စီဟာ“၂၀၁၄ခုနှစ် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ” ကိုအစားထိုးလိုက်တာဖြစ်ပေမယ့် ချုပ်ချယ်ကန့်သတ်မှု ပိုမိုထည့်သွင်းလာပြီး ထောင်ဒဏ်၊ ငွေဒဏ်များကို ချမှတ်နိုင်တဲ့အတွက် အသင်းအဖွဲ့များအနေဖြင့် လွတ်လပ်စွာရပ်တည်ရေး၊ လှုပ်ရှားဆောင်ရွက်မှုတွေမှာ အကန့်အသတ်ပိုမိုများပြားလာတာလည်းဖြစ်ပါတယ်။ By –…

    Read More »
  • Aug- 2025 -
    26 August
    သတင်း

    မြစ်ကြီးနားမြို့မှာ မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့  မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့  ဒီမနက် ၂ နာရီ ၄၀ မိနစ် ဝန်းကျင်အချိန် အေးမြသာယာ လမ်းသွယ် ၇  စျေးအနောက်ဖက်မှာရှိတဲ့ နေအိမ် မီးလောင်ကျွမ်းခဲ့ပြီး…

    Read More »
  • Apr- 2025 -
    1 April
    သတင်း

    ငလျင်ဒဏ်သင့်ပြည်သူများတွက် KBC မှ ကျပ်သိန်း ၁,၅၀၀ မတည်‌ငွေနဲ့အတူ ကချင်လူထုများလည်းကူညီဆောင်ရွက်မှုပြုလုပ်နေ

    ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ငလျင်ဒဏ်သင့် ပြည်သူလူထုတွက် ကျပ်သိန်း ၁,၅၀၀ မတည်လှူဒါန်းမှုနဲ့အတူ ပြည်တွင်း၊ပြည်ပရှိ ကချင်လူထုများကလည်း ကူညီဆောင်ရွက်မှုတွေလုပ်နေတယ်လို့ KNG ကနေပြီးတော့ စုံစမ်းသိရှိရပါတယ်။ KNG က ရရှိထားတဲ့အချက်လက်အရ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (Kachin Baptist Convention…

    Read More »
  • Mar- 2025 -
    30 March
    သတင်း

    ငလျင်‌ဘေးသင့်ခဲ့တဲ့ ပြည်သူ‌တွေကို ကချင်ပြည်နယ်က လူမူကူညီရေးအဖွဲ့များက ကူညီရေးမှာပါဝင်သွားကြမယ်လို့ဆို

    စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲကြုံတွေ့နေရတဲ့ အခြေနေတွေအပေါ် ငွေကြေးနဲ့ပစ္စည်းအင်အားဖြစ်စေ၊ လူအင်အားဖြစ်စေ တတ်နိုင်တဲ့ဘက်ကနေပါဝင်ကူညီသွားဖို့ ပြင်ဆင်နေတယ်လို့ အကူညီပေးရေးဆောင်ရွက်‌ နေသူတွေပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် စစ်ကိုင်းနဲ့မန္တလေးတိုင်းက လူနေအိမ်အဆောက်အဦးတွေအပါ စစ်ကိုင်းတံတားနဲ့…

    Read More »
  • 10 March
    အင်တာဗျူး

    မြစ်ကြီးနား၊ ဝိုင်းမော်မှာ အရပ်သား သတ်ဖြတ်ခံရသူ ၇ ဦးထိရှိလာတဲ့အတွက် ဘယ်လိုအခြအနေ ရှိနေလဲ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့မှာ တစ်လအတွင်းအရပ်သားသတ်ဖြတ်ခံရသူ ၇ ဦးထိရှိပြီး အဲဒီထဲမှာအမျိုးသမီး ၄ ဦးပါဝင်ကြောင်း လူမှုကယ်ဆယ်‌ရေးအသင်းတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ဝိုင်းမော်မြို့ အမှတ် ၅ ရက်ကွက် အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့ သတ်ဖြတ်ခံရမှု၊ မတ်လ ၄ ရက် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်၊ အမှတ်၆ ကျောင်းရှေ့ အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရှိမှု၊ မတ်လ ၃ ရက် မြစ်ကြီးနားမြို့ ရမ်ပူအောက်ချိုင့် ချမ်းသာကြီးဘုန်းကြီးကျောင်းအနီး နေအိမ်တစ်ခုမှာ လင်မယားနှစ်ဦးရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးကို ပုဆိန်နဲ့ ခုတ်သတ်မှု၊ ဖေ‌ဖော်ဝါရီ ၂၈ ရက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်  အမျိုးသမီးတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရမှု၊ ဖေဖော်ဝါရီ ၁၉ ရက် ဝိုင်းမော်မြို့ အာလူးဘာရီကျေးရွာ အသက်…

    Read More »
  • Dec- 2024 -
    5 December
    အင်တာဗျူး

    ၆ လခန့်အထိ လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့ရတဲ့ ပူတာအိုပြည်သူတွေရဲ့အခက်ခဲကို လူမှုကူညီရေးအဖွဲ့တွေ ဘယ်လို ဝိုင်းဝန်းဖြေရှင်းပေးခဲ့ကြလဲ။

    ကချင်ပြည်နယ်မှာ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စားဝတ်နေရေးကြပ်တည်းမှုဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတဲ့ ပူတာအိုဒေသခံပြည်သူတွေအတွက် ဒေသအတွင်းဖွဲ့စည်းထားတဲ့ ‘စုပေါင်း လူမှုကူညီရေးအသင်း’ကနေပြီး ၆ လအတွင်း စက်သုံးဆီ ပေပါ ၂ ထောင်ကျော်နဲ့ ဆန်အိတ် ၅ ထောင်ခန့်အထိ သယ်ယူပြီး ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို သယ်ပိုးဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းဟာ ၂၀၂၄ ခုနှစ်၊ မတ်လလောက်ကနေ ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကြောင့် မေလအထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၃ လအတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်စစ်တပ်က ပိတ်လိုက်တာဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေကြောင့် နှစ်ဖက်စစ်တပ်ပိတ်ထားတဲ့ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းပိုင်းမှာ ရက်ကြာရှည်စွာ မည်သည့်ယာဉ်မှ သွားလာလို့မရတော့ဘဲ ပူတာအိုခရိုင်တစ်ခုလုံး မှီခိုအားထားရတဲ့ ပူတာအိုမြို့နယ်ထဲမှာတင် စက်သုံးဆီနဲ့ စားသောက်ကုန် ပစ္စည်းတွေ ပြတ်လပ်သွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအထိ လမ်းပိုင်းပျက်စီးလို့မဟုတ်ဘဲ တိုက်ပွဲကြောင့် ပိတ်ထားတဲ့ မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းပိုင်းမှာ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ သယ်ယူနိုင်ဖို့ရန်အတွက် ပူတာအိုဒေသထဲမှာ လူမှုအကျိုးပြုနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့  လူမှုကူညီရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး ကော်မတီတစ်ရပ်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ ပူတာအိုဒေသခံ ပြည်သူတွေရဲ့ စားဝတ်နေရေးအကြပ်အတည်းကို ကူညီဆောင်ရွက်ပေးဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေဖွင့်လှစ်ထားတဲ့  ‘စုပေါင်းပေါင်းလူမှုကူညီရေးအသင်း’အမည်ရှိတဲ့ အဖွဲ့အစည်းတွေဟာ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ ပူတာအိုမြို့နယ်ထဲကို ဝင်ရောက်လာဖို့ရန် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်စစ်တပ်ကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ အကူအညီနဲ့ ညှိနှိုင်းမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းပိုင်း ၅ ရက်နေ့ ဆွမ့်ပရာဘွမ့်မြို့နယ်တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးနောက် ဇွန်းလဆန်းပိုင်းမှာ ပူတာအိုမြို့နယ်ထဲ ကုန်ကားတွေကို အကန့်အသတ်နဲ့ ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဇွန်လထဲမှာ ပူတာအိုမြို့ထဲကို  စုပေါင်းလူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်နဲ့  စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူနေတဲ့ အချိန်အတွင်းမှာပဲ ဇူလိုင်လဆန်းပိုင်းကနေ စတင်ပြီး ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရေကြီးရေလျှံဖြစ်ပြီးကာ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပိုင်း ကုန်ကားတွေ ထပ်မံသွားလာလို့မရအောင် ကားလမ်းပိုင်းပျက်စီးသွားတာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ၃ လကျော်ခန့် အကြာပိတ်သွားတဲ့ မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းဟာ ဇွန်လထဲ ကုန်ကားတွေ ပြန်လည် သွားလာခွင့်ရရှိခဲ့ပေမယ့် လမ်းပိုင်းပျက်စီးမှုကြောင့် ဒုတိယအကြိမ် ၃ လခန့်အထိ ပြန်လည်ပိတ်သွားတာဖြစ်ပါတယ်။ အခုလို တိုက်ပွဲကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲသွားတဲ့အပြင် ရေကြီးရေလျှံဖြစ်ပြီး လမ်းပိုင်းပျက်စီးမှုကြောင့် အချိန်ကာလ ၆ လဝန်းကျင်ခန့် သွာလာဖို့ ခက်ခဲနေတဲ့ အချိန်အတွင်းမှာ ပူတာအိုဒေသခံပြည်သူ အရပ်ဖက်လူမှုကူညီရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ ‘စုပေါင်းလူမှုကူညီရေးအသင်း’က ပူတာအိုဒေသထဲကို ဆန်အိတ် ၅ ထောင်ခန့်အထိ၊ ဆီပေ ၂ ထောင်ကျော် သယ်ယူပြီး ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်အထိလည်း စုပေါင်းလူမှုကူညီရေးအသင်းအဖွဲ့ကနေ ပူတာအိုဒေသအတွင်း ခက်ခဲနေတဲ့ နေရာဒေသတွေမှာ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆား၊ စက်သုံးဆီတွေကို အခမဲ့လိုက်လံကူညီပေးနေသလို သယ်ယူထားတဲ့ စားသောက်ကုန်ပစ္စည်းတွေကိုလည်း အပြင်စျေးနဲ့ မတူဘဲ ပြည်သူတွေဆီကို ရောင်းချပေးနေတယ်လို့ ဆက်သိရပါတယ်။ ဒါကြောင့် လက်ရှိ ပူတာအိုဒေသမှာ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အဖက်ဖက်ကနေ ကြပ်တည်းနေတဲ့ ကာလအတွင်း ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို ဘယ်လို ကူညီဆောင်ရွက်ပေးခဲ့သလဲ၊  ဘာကြောင့် လူမှုကူညီရေးအဖွဲ့တွေ စုပေါင်းပြီး ကူညီဆောင်ရွက်ခဲ့ရသလဲ အခြေအနေ တစ်ရပ်လုံးကို ‘စုပေါင်းလူမှုကူညီရေးအသင်း’က တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်ပေးမြန်းထားပါတယ်။ မေး။     ။ မင်္ဂလာပါ ဆရာ။ ဆရာတို့အနေနဲ့ ပူတာအိုဒေသမှာ ခက်ခဲနေတဲ့ ပြည်သူတွေအတွက်ဆိုပြီး အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ ကူညီရေးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘယ်လို နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးနေပါသလဲ။ ဖြေ။    ။ ကျနော်တို့က ‘အရပ်ဖက်အဖွဲ့အစည်း စုပေါင်းကော်မတီ’ လို့ခေါ်ပါတယ်။ အဓိကတော့ ပူတာအိုဒေသမှာ ဆန်၊ ဆီ ပြတ်လပ်မှုပြဿနာကို ဖြေရှင်းဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းပါ။ ဖွဲ့စည်းထားတာလည်း ၆ လစီမံကိန်းနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်တယ်။ အခုချိန်အထိလည်း ကူညီရေးတွေ ဆက်တိုက်လုပ်ဆောင်ပေးနေပါတယ်။ ကျနော်တို့ လုပ်ဆောင်ပေးတဲ့အထဲမှာ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို သယ်ယူပြီး ပူတာအိုဒေသမှာ စျေးနှုန်းသက်သာစွာနဲ့ ပြန်ရောင်းချပေးသလို အရမ်းခက်ခဲတဲ့ ပြည်သူတွေကိုတော့ အခမဲ့ကူညီပေးနေပါတယ်။ အခုရက်ပိုင်းအတွင်းမှာလည်း ခက်ခဲတဲ့ ဒေသဆီသွားပြီး ဆန်အိတ် ၁၅၀ ထပ်ပေးဖို့ စီစဉ်နေပါတယ်။ ဒါကတစ်ပိုင်း။ နောက်တစ်ပိုင်းက အားလုံးကို အခမဲ့မပေးနိုင်တာဖြစ်တဲ့အတွက် ဝယ်စျေးအတိုင်း ပြည်သူတွေ သက်သာအောင် ပြန်ရောင်းချပေးပါတယ်။ မေး။    ။ အခုလို ဖွဲ့စည်းလိုက်ပြီး ပူတာအိုဒေသခံပြည်သူတွေအတွက် ဘယ်လောက်အထိ လုပ်ဆောင်ပေးနိုင်ခဲ့သလဲ။ တကယ်ကော ထိရောက်မှုရှိခဲ့လား။ ဖြေ။    ။ ကျနော်တို့ စတင်ဖွဲ့စည်းလိုက်ကတည်းကလည်း ပူတာအိုဒေသတစ်ခုလုံး ဆန်နဲ့ စက်သုံးဆီက လုံးဝပြတ်လပ်သွားတဲ့ အချိန်ဖြစ်တယ်။ ရှိရင်တောင် ဓါတ်ဆီတစ်ပေပါ သိန်း ၅၀၊ ၆၀ အထိရှိတယ်။ အဲလို ခက်ခဲနေတဲ့အချိန် ဓါတ်ဆီပေပါ နှစ်ထောင်ကျော် တင်သွင်းနိုင်ခဲ့တယ်။ ဥပမာ – ဆီတစ်ပေပါ သိန်း ၃၀ စျေးရှိနေတဲ့အချိန် ၂၁ သိန်းလောက်နဲ့ ပြည်သူတွေကိုရောင်းချပေးတယ်။ ထိုနည်းတူ ဆန်အိတ်လည်း ၄၀၀၀ ဝန်းကျင်တင်သွင်းနိုင်ခဲ့တယ်။ အပြင်မှာ ၃ သိန်းအထိတောင် စျေးတက်နေတဲ့အချိန် ဝယ်စျေးနဲ့ မကွာပဲ ရောင်းချပေးခဲ့ပါတယ်။ မေး။ …

    Read More »
Back to top button