လူမှုကူညီရေး

  • Mar- 2025 -
    10 March
    အင်တာဗျူး

    မြစ်ကြီးနား၊ ဝိုင်းမော်မှာ အရပ်သား သတ်ဖြတ်ခံရသူ ၇ ဦးထိရှိလာတဲ့အတွက် ဘယ်လိုအခြအနေ ရှိနေလဲ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့မှာ တစ်လအတွင်းအရပ်သားသတ်ဖြတ်ခံရသူ ၇ ဦးထိရှိပြီး အဲဒီထဲမှာအမျိုးသမီး ၄ ဦးပါဝင်ကြောင်း လူမှုကယ်ဆယ်‌ရေးအသင်းတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ဝိုင်းမော်မြို့ အမှတ် ၅ ရက်ကွက် အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့ သတ်ဖြတ်ခံရမှု၊ မတ်လ ၄ ရက် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်၊ အမှတ်၆ ကျောင်းရှေ့ အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရှိမှု၊ မတ်လ ၃ ရက် မြစ်ကြီးနားမြို့ ရမ်ပူအောက်ချိုင့် ချမ်းသာကြီးဘုန်းကြီးကျောင်းအနီး နေအိမ်တစ်ခုမှာ လင်မယားနှစ်ဦးရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးကို ပုဆိန်နဲ့ ခုတ်သတ်မှု၊ ဖေ‌ဖော်ဝါရီ ၂၈ ရက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်  အမျိုးသမီးတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရမှု၊ ဖေဖော်ဝါရီ ၁၉ ရက် ဝိုင်းမော်မြို့ အာလူးဘာရီကျေးရွာ အသက်…

    Read More »
  • Dec- 2024 -
    5 December
    အင်တာဗျူး

    ၆ လခန့်အထိ လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့ရတဲ့ ပူတာအိုပြည်သူတွေရဲ့အခက်ခဲကို လူမှုကူညီရေးအဖွဲ့တွေ ဘယ်လို ဝိုင်းဝန်းဖြေရှင်းပေးခဲ့ကြလဲ။

    ကချင်ပြည်နယ်မှာ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စားဝတ်နေရေးကြပ်တည်းမှုဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတဲ့ ပူတာအိုဒေသခံပြည်သူတွေအတွက် ဒေသအတွင်းဖွဲ့စည်းထားတဲ့ ‘စုပေါင်း လူမှုကူညီရေးအသင်း’ကနေပြီး ၆ လအတွင်း စက်သုံးဆီ ပေပါ ၂ ထောင်ကျော်နဲ့ ဆန်အိတ် ၅ ထောင်ခန့်အထိ သယ်ယူပြီး ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို သယ်ပိုးဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းဟာ ၂၀၂၄ ခုနှစ်၊ မတ်လလောက်ကနေ ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကြောင့် မေလအထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၃ လအတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်စစ်တပ်က ပိတ်လိုက်တာဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေကြောင့် နှစ်ဖက်စစ်တပ်ပိတ်ထားတဲ့ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းပိုင်းမှာ ရက်ကြာရှည်စွာ မည်သည့်ယာဉ်မှ သွားလာလို့မရတော့ဘဲ ပူတာအိုခရိုင်တစ်ခုလုံး မှီခိုအားထားရတဲ့ ပူတာအိုမြို့နယ်ထဲမှာတင် စက်သုံးဆီနဲ့ စားသောက်ကုန် ပစ္စည်းတွေ ပြတ်လပ်သွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအထိ လမ်းပိုင်းပျက်စီးလို့မဟုတ်ဘဲ တိုက်ပွဲကြောင့် ပိတ်ထားတဲ့ မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းပိုင်းမှာ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ သယ်ယူနိုင်ဖို့ရန်အတွက် ပူတာအိုဒေသထဲမှာ လူမှုအကျိုးပြုနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့  လူမှုကူညီရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး ကော်မတီတစ်ရပ်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ ပူတာအိုဒေသခံ ပြည်သူတွေရဲ့ စားဝတ်နေရေးအကြပ်အတည်းကို ကူညီဆောင်ရွက်ပေးဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေဖွင့်လှစ်ထားတဲ့  ‘စုပေါင်းပေါင်းလူမှုကူညီရေးအသင်း’အမည်ရှိတဲ့ အဖွဲ့အစည်းတွေဟာ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ ပူတာအိုမြို့နယ်ထဲကို ဝင်ရောက်လာဖို့ရန် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်စစ်တပ်ကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ အကူအညီနဲ့ ညှိနှိုင်းမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းပိုင်း ၅ ရက်နေ့ ဆွမ့်ပရာဘွမ့်မြို့နယ်တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးနောက် ဇွန်းလဆန်းပိုင်းမှာ ပူတာအိုမြို့နယ်ထဲ ကုန်ကားတွေကို အကန့်အသတ်နဲ့ ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဇွန်လထဲမှာ ပူတာအိုမြို့ထဲကို  စုပေါင်းလူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်နဲ့  စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူနေတဲ့ အချိန်အတွင်းမှာပဲ ဇူလိုင်လဆန်းပိုင်းကနေ စတင်ပြီး ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရေကြီးရေလျှံဖြစ်ပြီးကာ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပိုင်း ကုန်ကားတွေ ထပ်မံသွားလာလို့မရအောင် ကားလမ်းပိုင်းပျက်စီးသွားတာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ၃ လကျော်ခန့် အကြာပိတ်သွားတဲ့ မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းဟာ ဇွန်လထဲ ကုန်ကားတွေ ပြန်လည် သွားလာခွင့်ရရှိခဲ့ပေမယ့် လမ်းပိုင်းပျက်စီးမှုကြောင့် ဒုတိယအကြိမ် ၃ လခန့်အထိ ပြန်လည်ပိတ်သွားတာဖြစ်ပါတယ်။ အခုလို တိုက်ပွဲကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲသွားတဲ့အပြင် ရေကြီးရေလျှံဖြစ်ပြီး လမ်းပိုင်းပျက်စီးမှုကြောင့် အချိန်ကာလ ၆ လဝန်းကျင်ခန့် သွာလာဖို့ ခက်ခဲနေတဲ့ အချိန်အတွင်းမှာ ပူတာအိုဒေသခံပြည်သူ အရပ်ဖက်လူမှုကူညီရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ ‘စုပေါင်းလူမှုကူညီရေးအသင်း’က ပူတာအိုဒေသထဲကို ဆန်အိတ် ၅ ထောင်ခန့်အထိ၊ ဆီပေ ၂ ထောင်ကျော် သယ်ယူပြီး ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်အထိလည်း စုပေါင်းလူမှုကူညီရေးအသင်းအဖွဲ့ကနေ ပူတာအိုဒေသအတွင်း ခက်ခဲနေတဲ့ နေရာဒေသတွေမှာ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆား၊ စက်သုံးဆီတွေကို အခမဲ့လိုက်လံကူညီပေးနေသလို သယ်ယူထားတဲ့ စားသောက်ကုန်ပစ္စည်းတွေကိုလည်း အပြင်စျေးနဲ့ မတူဘဲ ပြည်သူတွေဆီကို ရောင်းချပေးနေတယ်လို့ ဆက်သိရပါတယ်။ ဒါကြောင့် လက်ရှိ ပူတာအိုဒေသမှာ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အဖက်ဖက်ကနေ ကြပ်တည်းနေတဲ့ ကာလအတွင်း ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို ဘယ်လို ကူညီဆောင်ရွက်ပေးခဲ့သလဲ၊  ဘာကြောင့် လူမှုကူညီရေးအဖွဲ့တွေ စုပေါင်းပြီး ကူညီဆောင်ရွက်ခဲ့ရသလဲ အခြေအနေ တစ်ရပ်လုံးကို ‘စုပေါင်းလူမှုကူညီရေးအသင်း’က တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်ပေးမြန်းထားပါတယ်။ မေး။     ။ မင်္ဂလာပါ ဆရာ။ ဆရာတို့အနေနဲ့ ပူတာအိုဒေသမှာ ခက်ခဲနေတဲ့ ပြည်သူတွေအတွက်ဆိုပြီး အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ ကူညီရေးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘယ်လို နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးနေပါသလဲ။ ဖြေ။    ။ ကျနော်တို့က ‘အရပ်ဖက်အဖွဲ့အစည်း စုပေါင်းကော်မတီ’ လို့ခေါ်ပါတယ်။ အဓိကတော့ ပူတာအိုဒေသမှာ ဆန်၊ ဆီ ပြတ်လပ်မှုပြဿနာကို ဖြေရှင်းဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းပါ။ ဖွဲ့စည်းထားတာလည်း ၆ လစီမံကိန်းနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်တယ်။ အခုချိန်အထိလည်း ကူညီရေးတွေ ဆက်တိုက်လုပ်ဆောင်ပေးနေပါတယ်။ ကျနော်တို့ လုပ်ဆောင်ပေးတဲ့အထဲမှာ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို သယ်ယူပြီး ပူတာအိုဒေသမှာ စျေးနှုန်းသက်သာစွာနဲ့ ပြန်ရောင်းချပေးသလို အရမ်းခက်ခဲတဲ့ ပြည်သူတွေကိုတော့ အခမဲ့ကူညီပေးနေပါတယ်။ အခုရက်ပိုင်းအတွင်းမှာလည်း ခက်ခဲတဲ့ ဒေသဆီသွားပြီး ဆန်အိတ် ၁၅၀ ထပ်ပေးဖို့ စီစဉ်နေပါတယ်။ ဒါကတစ်ပိုင်း။ နောက်တစ်ပိုင်းက အားလုံးကို အခမဲ့မပေးနိုင်တာဖြစ်တဲ့အတွက် ဝယ်စျေးအတိုင်း ပြည်သူတွေ သက်သာအောင် ပြန်ရောင်းချပေးပါတယ်။ မေး။    ။ အခုလို ဖွဲ့စည်းလိုက်ပြီး ပူတာအိုဒေသခံပြည်သူတွေအတွက် ဘယ်လောက်အထိ လုပ်ဆောင်ပေးနိုင်ခဲ့သလဲ။ တကယ်ကော ထိရောက်မှုရှိခဲ့လား။ ဖြေ။    ။ ကျနော်တို့ စတင်ဖွဲ့စည်းလိုက်ကတည်းကလည်း ပူတာအိုဒေသတစ်ခုလုံး ဆန်နဲ့ စက်သုံးဆီက လုံးဝပြတ်လပ်သွားတဲ့ အချိန်ဖြစ်တယ်။ ရှိရင်တောင် ဓါတ်ဆီတစ်ပေပါ သိန်း ၅၀၊ ၆၀ အထိရှိတယ်။ အဲလို ခက်ခဲနေတဲ့အချိန် ဓါတ်ဆီပေပါ နှစ်ထောင်ကျော် တင်သွင်းနိုင်ခဲ့တယ်။ ဥပမာ – ဆီတစ်ပေပါ သိန်း ၃၀ စျေးရှိနေတဲ့အချိန် ၂၁ သိန်းလောက်နဲ့ ပြည်သူတွေကိုရောင်းချပေးတယ်။ ထိုနည်းတူ ဆန်အိတ်လည်း ၄၀၀၀ ဝန်းကျင်တင်သွင်းနိုင်ခဲ့တယ်။ အပြင်မှာ ၃ သိန်းအထိတောင် စျေးတက်နေတဲ့အချိန် ဝယ်စျေးနဲ့ မကွာပဲ ရောင်းချပေးခဲ့ပါတယ်။ မေး။ …

    Read More »
Back to top button