လေဆိပ်

  • Mar- 2026 -
    25 March
    သတင်း

    မြစ်ကြီးနား လေကြောင်းလိုင်းလေယာဉ်လက်မှတ်ရောင်းချခြင်းမရှိသေး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲမယ်လို့ ထုတ်ပြန်ထားသော်လည်း လေယာဉ်လက်မှတ်တွေရောင်းချခြင်းမရှိသေးဘူးလို့ လေယာဉ်လက်မှတ်အရောင်းဌာနနဲ့လေကြောင်းလိုင်းမှာတာဝန်ထမ်းဆောင်နေသူဆီကနေ သိရပါတယ်။ လေကြောင်းလိုင်းပြန်လည်ပြေးဆွဲမယ့်ကိစ္စနဲ့ပတ်သက်ပြီး မတ်လ ၂၄ ရက် မနေ့က နေပြည်တော်မှာကျင်းပတဲ့ စက်သုံးဆီများ ဖူလုံစွာရရှိရေး နှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောဆိုသွားပြီးတဲ့နောက် ညပိုင်းမှာတော့ စစ်တပ်ပိုင်ရုပ်သံကပါ ထပ်မံကြေညာထားပါတယ်။ ဒါကြောင့် လေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်နေသူတွေကို မေးမြန်းကြည့်ရာမှာတော့ လေယာဉ်လက်မှတ်တွေတရားဝင်ရောင်းချခြင်းမရှိသေးသလို လေကြောင်းလိုင်းပြေးဆွဲမယ့် အချိန်ဇယားလည်း သေချာ မသိရှိရသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စနဲ့ ပက်သက်ပြီး သေချာ ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း– Myanmar National Airlines (MNA) ကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာတော့ ခုလို ပြောပါတယ်။ “လေကြောင်းလိုင်း ဆွဲဖြစ်မယ် မဆွဲဖြစ်ဘူးဆိုတာ ပြန်ပြောပေးပါ့မယ် မနက်ပြန်ဆက်ခဲ့ပေးပါ။ ဘယ်ရက်မှာရှိနိုင်မယ် မရှိနိုင်ဘူးဆိုတာကို ခုက (schedule) လုပ်ငန်းစဉ်ဇယား သေချာလေးမဖြစ်သေးလို့ပါ”လို့ ဆိုပါတယ်။ မြစ်ကြီးနားမြို့မှာ (ဖေဖော်ဝါရီ ၂၀ရက် ) ည ၈ခွဲအချိန်   မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးမြို့သို့ ထွက်ခွာဖို့အတွက် ပြင်ဆင်နေချိန် ဒရုန်းနဲ့ ပစ်ခတ်ခံရပြီးနောက်  ဖေဖော်ဝါရီ ၂၁ရက်နေ့ကစပြီး လေကြောင်းလှိုင်း အားလုံးကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ မတ်လ ၆ရက်နေ့တုန်းက လေကြောင်း ပြန်လည် ဖွင့်လှစ်မယ့် အခြေအနေနဲ့ ပက်သက်ပြီး လေကြောင်းလိုင်းက ဝန်ထမ်းတွေကို မေးမြန်းကြည့်ရာ ၅လပိုင်းလောက်မှ ပြန်လည် ဖွင့်လှစ်မှာ ဖြစ်တယ်လို့  ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။ မတ်လ ၂၄ ရက်နေ့ စစ်တပ်ရဲ့ရုပ်သံကြေညာချက်အရ ပထမဦးစားပေးအနေနဲ့ မြစ်ကြီးနား၊ ပူတာအို၊ ခန္တီး၊ ကလေး၊ စစ်တွေ၊ ဟုမ္မလင်း၊ တာချီလိတ်၊ ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်း စတဲ့မြို့နယ်တွေမှာ မတ်လ ၂၅ ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲမယ်လို့ကြေညာထားပါတယ်။ မြစ်ကြီးနား၊ ပူတာအိုလေဆိပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် တိုက်ခိုက်ခံရလို့ မြစ်ကြီးနားကနေ ထွက်ခွာမယ့် MNA လေယာဉ်တစ်စီး အမြီးပိုင်းမှာ ဗုံးထိမှန်ခဲ့ကြောင်းစစ်တပ်ကပြောဆိုလာပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး လေကြောင်းလိုင်းအားလုံးရပ်နားထားတာလည်းဖြစ်ပါတယ်။ By – Hope

    Read More »
  • 17 March
    သတင်း

    မြစ်ကြီးနားမြို့လေဆိပ်ပြန်လည်ဖွင့်လှစ်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေဆိပ် ဒီကနေ့မှာဘဲ စတင်ဖွင့်လှစ်ပြီဖြစ်တယ်လို့ လေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ “ဒီ‌နေ့ လေဆိပ်တော့ဖွင့်ပြီ လက်မှတ်မရောင်းသေးတဲ့အတွက် ကျွန်တော်တို့ကလည်း မှန်းလို့မရသေးဘူးလေ။ ဒီနေ့လေဆိပ်တော့ဖွင့်ပြီ”လို့ လေကြောင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားလေဆိပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ…

    Read More »
  • 11 March
    သတင်း

    မြစ်ကြီးနားလေဆိပ်ရပ်နားလိုက်တဲ့‌နောက် ကားလမ်းပိုင်းခရီးသွားပိုများလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ လေဆိပ်ခရီးစဥ်အားလုံး ရပ်ဆိုင်းထားတဲ့နောက် မြစ်ကြီးနား–မန္တလေး ကားလမ်းခရီးအသုံးပြုခရီးသွားလာသူတွေများလာတယ်လို့ ကားသမားတွေ နဲ့ ခရီးသွားတွေဆီကသိရပါတယ်။ မြစ်ကြီးနား–မန္တလေး ကားလမ်းပိုင်းအတွင်း နှစ်ဖက်တပ်တွေရဲ့မကြာခဏဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လုံခြုံမှုတွေမရှိပေမဲ့ လည်း ခရီးသွားတွေအဖို့ မလုံခြုံတဲ့ဒီကားလမ်းပိုင်းကိုသာအသုံးပြုလာကြတာလို့ ကားသမားတွေကပြောပါတယ်။ ကားသမားတစ်ဦးက“အခုကသွားကြတဲ့ခရီးသည်နည်းနည်းများလာတယ်။လေယာဥ်ပိတ်ထားတယ်ဆိုတော့လေ။ အရင်လိုကြီးတော့အဆင်မပြေဘူး။ ဒီအချိန်ဒီကာလမှာ…

    Read More »
  • 6 March
    သတင်း

    မြစ်ကြီးနားလေကြောင်းလိုင်း မတ်လ ၉ ရက်နေ့ဖွင့်မယ်ဆိုတဲ့သတင်း မှန်ကန်မှုမရှိဟုဆို

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ လေဆိပ်လေကြောင်းလိုင်းအားလုံး မတ်လ ၉ ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲတော့မယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ လေဆိပ်ဝန်ထမ်းတွေပြောပါတယ်။ လက်ရှိ လူမှုကွန်ယက်ပေါ်မှာ လေကြောင်းခရီးစဉ်တွေအားလုံး မတ်လ ၉ ရက်နေ့ကစပြီးပြန်ဖွင့်တော့မယ်ဆိုတဲသတင်းတွေနဲ့အတူ လေယာဉ်လက်မှတ်တွေလည်း ရောင်းချနေတာကို မြင်တွေ့နေရပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားလေဆိပ်…

    Read More »
  • May- 2025 -
    13 May
    သတင်း

    မြစ်ကြီးနားလေဆိပ် စစ်တပ်က လုံခြုံရေးတင်းကြပ်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊အများပြည်သူသုံးလေဆိပ်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားကြောင်း မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်ကစပြီးလေဆိပ်အဝင်၊အထွက်‌နေရာတွေနဲ့လေဆိပ်အတွင်းပိုင်းနေရာ တွေမှာ စစ်သားအင်အား ၂၀ ခန့်ချထားပြီးလုံခြုံရေးတင်းကြပ်ထားတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လေဆိပ်ထဲမှာကော မျော်စင်ပေါ်မှာကော စစ်သားတွေချထားတယ် ပြီးတော့…

    Read More »
  • Jan- 2024 -
    16 January
    သတင်း

    ဇန်နဝါရီ ၂ ပတ်အတွင်း စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို KIA ပစ်ချ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်သစ်ကူး ဇန်နဝါရီ လဝက်အတွင်းမှာဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ် ၂ စီးကို ပစ်ချလိုက်ပါတယ်။ ပစ်ချလိုက်တဲ့ လေယာဉ် ၂ စီးဟာ ဇန်နဝါရီလ ၃ ရက်နေ့ မြစ်ကြီးနားလေတပ်စခန်းကနေ ဝိုင်းမော်မြို့နယ် နာဖော့ စစ်ကောင်စီတပ်စခန်းကို ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ်တစ်စင်းနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မန္တလေးတံတားဦး လေဆိပ်ကနေ ရှမ်းမြောက် နမ့်ဖတ်ကာတိုက်ပွဲဘက်ကို ဗုံးလာကြဲတဲ့ ဂျက်လေယာဉ်တစ်စီးတို့ ဖြစ်ပါတယ်။ နမ့်ဖတ်ကာမှာ လေယာဉ်ပစ်ချလိုက်နိုင်တဲ့ သတင်းနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ KNG ကို အတည်ပြုပြောဆိုခဲ့ပါတယ်။ “ပစ်ချတာမှန်တယ် ဂျက်လေယာဉ်တစ်စီးပစ်ချတာ အတည်ပြုပါတယ်။ ဒါပေမယ့် ဘယ်လိုဘယ်ပုံပစ်ချလိုက်နိုင်တယ် ဆိုတာတော့ အခြေနေအသေးစိတ်တော့မသိရသေးဘူး”လို့ပြောပါတယ်။ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာရှိတဲ့ ခလရ ၁၂၃ တပ်ရင်းကို KIA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ၁၈ ရက်အကြာ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စခန်းထဲထိ ဝင်ရောက်သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လက်လွတ်ခဲ့ရတဲ့စခန်းကို လေယာဉ်နဲ့ ပစ်ခတ်နေတဲ့အချိန် ပစ်ချခံလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် နမ့်ဖတ်ကာမှာ ပစ်ချလိုက်တဲ့ တိုက်လေယာဉ်နဲ့ပတ်သက်ပြီး အခြေနေအသေးစိတ်ကို မသိရသေးပါဘူး။ ပြီးခဲ့တဲ့ KIO ဌာနချုပ်အနီး နာဖော့စခန်းမှာ ပစ်ချခံရတဲ့ စစ်ရဟတ်ယာဉ်မှာတော့ အသက် ၄၂ နှစ် လေယာဉ်မှူး ဗိုလ်မှူးဇော်မျိုးသန့်အပါအဝင် ဗိုလ်ကြီး ကောင်းစံ၊ ဗိုလ်ကြီး စိုးပိုင်၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း၊ဦးစီးတပ်ကြပ်ကြီး စိုးလွင်ဦး၊ ဦးစီးတပ်ကြပ်ကြီး မျိုးမင်းဦး၊ ဦးစီး တပ်ကြပ်ကြီး ဝေယံသက်ဦး နဲ့ ဦးစီး တပ်ကြပ်ကြီး စွမ်းထက်အောင်တို့ ၈ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ၃ လအကြာ မေလ ၃ ရက်နေ့ မနက် ၁၀ နာရီခွဲမှာလည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဆီဟက်ကျေးရွာမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးကို ပစ်ချခဲ့ပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက် KIA က ပစ်ချလိုက်တဲ့ စစ်လေယာဉ် ၃ စီးထိ ရှိပြီဖြစ်ပါတယ်။ By – ဇမီ

    Read More »
Back to top button