လေယာဉ်

  • Feb- 2026 -
    21 February
    သတင်း

    မြစ်ကြီးနားမြို့ လေကြောင်းလိုင်း သုံးလကြာ ရပ်နားမည်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လေကြောင်းလိုင်း ကို သုံးလ ဝန်းကျင်ကြာ ရပ်နားသွားမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ လေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေကနေပြီးတော့ အတည်ပြုပါတယ်။ ခုလို မြစ်ကြီးနားလေကြောင်းလိုင်း ပိတ်ပင် လိုက်တာဟာ မနေ့ည (ဖေဖော်ဝါရီ ၂၀ရက် )…

    Read More »
  • Dec- 2025 -
    1 December
    သတင်း

    ဗန်းမောက်တိုက်ပွဲအတွင်း စစ်တပ်က လေယာဥ်နဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲ

    စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက် နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလေယာဥ်နဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ ၂၉ ၊ ၃၀ ရက် မနေ့ကနဲ့ ဒီနေ့မနက်ခင်းတွေမှာ တစ်မနက်လုံးနီးပါး ဂျက်ဖိုက်တာ၊ Y12 အမျိုးစားလေယာဥ်တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။…

    Read More »
  • Aug- 2025 -
    7 August
    သတင်း

    စကခ (၂၁) တပ်တွင်း လေယာဥ်နဲ့ချပေးတဲ့ရိက္ခာ ဈေးအဆမတန်တင်ရောင်းနေတဲ့အတွက် တပ်မိသားစုတွေ စားနပ်ရိက္ခာပိုကြပ်တည်းလာတယ်လို့ဆို

    မြို့သိမ်းတိုက်ပွဲပြင်းထန်‌နေတဲ့ ဗန်းမော်မြို့ စကခ (၂၁) တပ်ထဲမှာ လေယာဉ်နဲ့ချပေးတဲ့ရိက္ခာ တွေကို ဈေးအဆမတန်ရောင်းနေတဲ့အတွက် အကျဉ်းထောင်ဝန်ထမ်းများ အခက်ခဲကြုံနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြိီး KIA ပူးပေါင်းတပ်က ဗန်းမော်မြို့တိုက်ပွဲစတင်ချိန်ကစလို့ ရိက္ခာပို့လို့ရတဲ့ လမ်းကြောင်းအားလုံး…

    Read More »
  • May- 2025 -
    17 May
    သတင်း

    လေယာဉ်ဖြင့် ဗုံးကြဲနေမှု လူမဆန်တဲ့လူသတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်တက်ကြွလှုပ်ရှားသူတွေပြော

    စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တပတ်အတွင်း ပညာသင်အရွယ် ကလေး သူငယ်အများအပြား သေဆုံးသွားတဲ့ ဖြစ်ရပ်မှာ လူမဆန်တဲ့သတ်ဖြတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်လူထုတက်ကြွလှုပ်ရှားသူတွေက KNG ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သူတို့ တိုက်ပွဲရပ်နားထားမယ်လို့ ထုတ်ပြန်ချက်ထားတဲ့ကာလအတွင်းမှာပဲ မေလ ၆…

    Read More »
  • Feb- 2025 -
    18 February
    သတင်း

    စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် ဝါရာဇွပ်ဒေသခံတစ်ဦး သေဆုံး

    ဟူးကောင့်ချိုင့်ဝှမ်းဒေသ၊ လီဒိုလမ်းမပေါ် ၊ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင် ဂျက်လေယာဉ်တစ်စီးနဲ့ ဝါရာဇွပ်ကျေးရွာအလည်တည့်တည့်ကို ဗုံး ၂ လုံး လာရောက် ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • Jan- 2025 -
    21 January
    သတင်း

    စစ်ကိုင်းတိုင်း မြို့ ၅ မြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်လို့ ကလေးအပါအဝင် သေဆုံးမှုရှိ

    ကချင်ပြည်နယ်နဲ့ ထိစပ်နေသော စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နယ်၊ ခမ်းပတ်မြို့၊ မော်လူးမြို့ ၊ ဟုမ္မလင်းမြို့၊ ကလေးမြို့ တွေကို စစ်ကောင်စီက လေယာဉ်ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့…

    Read More »
  • 2 January
    သတင်း

    ရှမ်းမြောက်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုရှိ

    ရှမ်းမြောက် သိန္နီမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ  ၁ ရက်နေ့ည ၁၁ နာရီ၀န်းကျင်ခန့်က သိန္နီမြို့ ရပ်ကွက် ၃ ရှိ သိန္နီဟိုတယ်တဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့်…

    Read More »
  • Aug- 2024 -
    30 August
    သတင်း

    ကွတ်ခိုင်မြို့ကို လေယာဉ်ဗုံးကြဲမယ်လို့ သတင်းကြောင့်  ပြည်သူတစ်ချို့ထပ်မံထွက်ပြေးတိမ်းရှောင်နေ

    ရှမ်းမြောက် ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ထပ်ပြီးဗုံးကြဲမယ်လို့ ကောလဟာလသတင်းတွေပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရသလို ထပ်ပြီးတိမ်းရှောင်သူတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့ကစ  သတင်းစတင်ထွက်ပေါ်လာပြီးနောက် မြို့တွင်း စျေးဆိုင်အားလုံးနီးပါး ပိတ်သိမ်းထားကြတဲ့အပြင် ပြည်သူတစ်ချို့လည်းထပ်မံတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက  KNG ကိုခုလိုပြောပါတယ်။ “အပေါ်ကနေ လေယာဉ်ဆက်တိုက်ပျံဝဲသွားနေတာတွေတော့ရှိတယ်။ အခုမူဆယ်ဘက်မှာ စစ်ရေးတင်းမာနေတာနဲ့ ဒီဘက်ကို လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ သတင်းတွေထွက်နေတော့ အားလုံးစိုးရိမ်နေကြတယ်။ ဟိုတနေ့ကတော့ လေယာဉ်နဲ့ဗုံးလာကြဲလိမ့်မယ် စျေးတွေသိမ်းကြဆိုပြီး သိမ်းကြတာတွေ ရှောင်တာတွေဖြစ်သွားတယ်။ ဒီတလောကြောက်လို့ တချို့ခေတ္တတိမ်းရှောင်သွားတာလည်းရှိတယ်။ စျေးဆိုင်တွေလည်း ရောင်းတဲ့သူကတော့ရောင်းပေမဲ့ မစီဘူး တိတ်တိတ်ဆိတ်ဆိတ်ပဲဟုကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒါပေမယ့်  ဩဂုတ် ၂၉  မှာတော့ စျေးဆိုင်တချို့ ပြန်လည်ဖွင့်လှစ်လာတာတွေရှိပေမဲ့ လေကြောင်းရန်ကိုစိုးရိမ်နေကြတဲ့အတွက် စုလူဝေးဖြစ်မယ့်နေရာမျိုး မသွားရဲကြတဲ့အတွက် လမ်းသွားလမ်းလာမရှိသလောက် တိတ်ဆိတ်နေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ကွတ်ခိုင်အထက် မူဆယ်မြို့ စစ်ကောင်စီတပ်ဖွဲ့တွေကို ညီနောင်မဟာမိတ်တွေဘက်က လက်နက်ချဖို့ ပြောဆိုထားတာတွေရှိပေမဲ့ စစ်တပ်ဘက်က တုံ့ပြန်ခြင်းမရှိတာကြောင့် မူဆယ်ကိုတိုက်ခိုက်တော့မယ်လို့ ကောလဟာသသတင်းတွေလည်း ပျံ့နှံ့နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်း ၅ ရက်နေ့က စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ကွတ်ခိုင်မြို့မစျေးတစ်ခုလုံး မီးလောင်းပြာကျသွားခဲ့တဲ့အပြင် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့ကစပြီး  ကွတ်ခိုင်မြို့မှာ စာသင်ကျောင်းအားလုံးလည်း ပိတ်လိုက်ရပြီး ဘုရားကျောင်းလူစုလူဝေး ဝတ်ပြုကိုးကွယ်တာတွေ အားလုံးရပ်နားထားကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ကွတ်ခိုင်မှာကျန်ရှိနေသေးတဲ့ ဒေသခံပြည်သူတွေလည်း လေကြောင်းအန္တရာယ်ကိုစိုးရိမ်နေတဲ့အပြင် တိမ်းရှောင်သွားကြတဲ့ပြည်သူတွေလည်း နေရပ်ပြန်မလာရဲကြဘူးလို့ ဆိုပါတယ်။ “တိမ်းရှောင်သွားတဲ့အားလုံး မပြန်လာရဲကြသေးဘူး။ တချို့ဆို အဝေးကိုသွားနေလိုက်တာတွေလည်းရှိတယ်။ စိုးရိမ်ရသေးတာပေါ့။ လေယာဉ်ဗုံးကြဲမှာကြောက်ပေမဲ့ ဒီတိုင်းစိုးရိမ်စိတ်နဲ့ ဖြတ်ကျော်နေတယ်။ လွယ်ဝေါ၊ ဇွပ်ရာ၊ ဧဒင် စတဲ့နေရာတကြောက ကလေးတွေတော့ ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီး ကောင်းခါးဘက်မှာ ကျောင်းဆက်တက်နေကြတယ်။” ဟုကွတ်ခိုင်ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။ ရှမ်းမြောက် နောင်ချိုမြို့ နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြီး စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲမဖြစ်တဲ့ နေရာဒေသခံတွေဆီ အကြောင်းမဲ့ လိုက်လံဗုံးကြဲတာတွေ ပြုလုပ်တာလည်းဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့နေ့ကစပြီး ရှမ်းမြောက်မှာ လားရှိုးအထက် မူဆယ်မြို့ကလွဲပြီး ကျန်မြို့နယ်အားလုံးကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဘက် ကိုယ်စီ သိမ်းပိုက်ထိန်းချူပ်လိုက်ပြီဖြစ်ပြီး လက်ရှိကျန်နေသေးတဲ့ မူဆယ်မြို့တဝိုက်မှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    Read More »
  • 30 August
    သတင်း

    မြစ်ကြီးနား- မန္တလေးလေယာဥ်စျေးနှုန်း မြင့်တက်နေ

    မန္တလေး –မြစ်ကြီးနား ကားလမ်းပိုင်းပိတ်ထားတာကြောင့် လေယာဥ်လက်မှတ်စျေးနှုန်း တစ်ဆမြင့်တက်နေပြီး ဝယ်ယူရဖို့ခက်ခဲနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ရက်နေ့ကစလို့ မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းမှာရှိတဲ့ အင်းတော်မြို့အပါအဝင် ကချင်စစ်ကိုင်းအစပ်က မြို့တွေကို KIAနဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ စစ်ရေးအခြေအနေကြောင့် ကားလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်သွားခဲ့တာဖြစ်ပါတယ်။ ကားလမ်းပိုင်းပိတ်သွားတဲ့နောက် ကချင်ပြည်နယ်ကနေ မန္တလေး  ခရီးသည်တွေဟာ လေကြောင်းလိုင်းတစ်ခုတည်းကို အသုံးပြုနေရတာကြောင့် သြဂုတ် ၁၈ရက်နေ့နောက်ပိုင်းကစလို့ လေယာဥ်လက်မှတ်တွေစျေးတက်သွားသလို ဝယ်ယူဖို့ခက်ခဲနေတယ်လို့ မန္တလေးရောက်နေတဲ့ မြစ်ကြီးနားဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီလ ၂၈၊၂၉လောက်မှာတက်ဖို့ဆိုပြီး လေယာဥ်လက်မှတ်ရှာတာမရဘူးဗျ နောက်လထဲမှရမယ်တဲ့ လေကြောင်းလိုင်းတစ်ခုနဲ့တစ်ခုကလည်းမတူဘူး KBZဆို နောက်လ ၈ရက်နေ့လောက်မှရမယ် တခြား MNAတို့ဆို နောက်လ ၁၀ ရက်ကျော်လောက်မှရမှာ အဝေးကြီးကြိုဖြတ်ပြီးစောင့်နေရတယ်”လို့ ပြောပါတယ်။ လေယာဥ်လက်မှတ်ဖြတ်ရဖို့ ရက်တ္တတပတ်ကနေ ၁၀ ရက်ကျော်ကြာတဲ့အထိစောင့်နေရသလို ကားလမ်းပိုင်းပိတ်သွားတဲ့နောက် လက်မှတ်စျေးနှုန်းတွေလည်း အရင်ကထက်တစ်ဆပိုတက်သွားတယ်လို့သိရပါတယ်။ “စျေးက ဒီလထဲကားလမ်းပိတ်သွားမှခုန်တက်သွားတာတဲ့ဗျ လမ်းမပိတ်ခင်ကဆို မြစ်ကြီးနား– မန်းလေးစျေးနှုန်းက အေးကမ္ဘောဇက ၃သိန်းဝန်းကျင်လောက်ပဲ အခုက လေးသိန်းကျော်တက်သွားပြီ MNA(မြန်မာ့လေကြောင်းလိုင်း) ဆိုရင်လည်းအရင်က ၃သိန်းခွဲလောက်ရှိတာ အခုက ငါးသိန်းကျော်အထိတက်တယ် အရမ်းကိုတက်သွားတယ်စျေးက”လို့  လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုက ပြောပါတယ်။ မန္တလေး–မြစ်ကြီးနားကိုတော့ Air KBZ(အေးကမ္ဘောဇ)၊ Myanmar National Airline (MNA)နဲ့ Mann Yadanarpon (မန်းရတနာပုံ)စတဲ့လေကြောင်းလိုင်းသုံးခုသာပြေးဆွဲတာ ဖြစ်ပြီး မန်းရတနာပုံလေကြောင်းလိုင်းလည်း ကျပ် ၅သိန်းခွဲ အထိစျေးတက်နေတယ်လို့သိရပါတယ်။ “မန်းရတနာပုံနဲ့ MNA ဆိုရင်တစ်ပတ်ကို သုံးကနေ လေးကြိမ်အထိပြေးဆွဲတယ် တာပေမယ့်ခရီးသည်တွေက ဒီလေကြောင်းတစ်ခုထဲနဲ့သွားရတော့ လက်မှတ်က ရောင်းမလောက်နေတာ ခရီးသည်များတော့လက်မှတ်ကိုနည်းနည်းစျေးတင်လိုက်တာပေါ့ပြီးတော့ လေယာဥ်ဆီတွေလည်းစျေးတက်နေလို့”လို့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်အမျိုးသမီးတစ်ဦးကပြောပါတယ်။ အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်တို့ကိုလည်း လေကြောင်းလိုင်းအမျိုးအစားပေါ်မူတည်ပြီးတစ်ဆာခ တစ်ကီလိုကျပ် ငါးထောင်ကနေ ကျပ် တစ်သောင်းကျော်အထိပေးတင်နေရတာကြောင့် လက်ရှိမြစ်ကြီးနားမြို့ထဲကုန်စျေးမြင့်တက်မှုတွေလည်းရှိနေပါတယ်။ သြဂုတ်လ ၁၆ရက်နေ့ကစတင်လိုက်တဲ့ မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းကတိုက်ပွဲတွေဟာဒီကနေ့အထိနှစ်ဖက်ထိတွေ့မှုတွေရှိနေသေးပြီးစစ်ရေးတင်းမာဆဲ ဖြစ်တာကြောင်း ကားလမ်းပြန်ဖွင့်နိုင်ဖို့အချိန်ကာလ ကြာမြင့်နိုင်တယ်လို့သိရပါတယ်။ By –…

    Read More »
  • 26 August
    သတင်း

    ပူတာအိုကနေ မြစ်ကြီးနား – မန္တလေး လေယာဉ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်

    ကချင်ပြည်နယ် ပူတာအိုမြို့ကနေ မြစ်ကြီးနားနဲ့ မန္တလေးသွားတဲ့ လေယာဉ်လက်မှတ်နှုန်း ဒီလအတွင်းထဲမှာပဲ ဈေးအဆမတန်မြင့်တက်သွားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနက သိရပါတယ်။ မတ်လနောက်ပိုင်းကစပြီး စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းတွေပိတ်သွားတဲ့နောက် မြစ်ကြီးနား နဲ့ မန္တလေး လေယာဉ်လက်မှတ်ဈေး‌ဟာ တစ်ရက်ထက်တစ်ရက်မြင့်တက်နေပြီး ဩဂုတ်မှာတော့ ၅ သိန်းနဲ့ ၇ သိန်းအထိ စျေးနှုန်းမြင့်တက်သွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “စျေးက ပြီးခဲ့တဲ့ မတ်လကတည်းက နည်းနည်းတက်လာတယ်။ ဒါပေမယ့် ဒီလ ၁၅ ရက်နေ့နောက်ပိုင်း ဈေးပိုတက်သွားတာ အရင်ဆို ပူတာအို မြစ်ကြီးနားဆိုဈေးက ၃ သိန်းကျော်ဘဲ  မန္တလေးအထိဆိုရင်တော့ ၄ သိန်းကျော်ဘဲ အခုကမရတော့ဘူး တချို့လေကြောင်းလိုင်းတွေ မန္တလေးအထိ ၇…

    Read More »
Back to top button