ဝိုင်းမော်မြို့နယ်

  • Apr- 2026 -
    1 April
    သတင်း

    ဝိုင်းမော်စစ်ဘေးရှောင်များ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးပိုခက်ခဲလာ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးပိုခက်ခဲလာတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း  ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုထဲက လဘန်ကျေးရွာနဲ့အင်ဂန်းကျေးရွာဘက်မှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း အရပ်ဘက်အဖွဲ့အစည်းတစ်ချို့ဆီကနေ ကူညီထောက်ပံ့မှုအနည်းငယ်ရခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၂၆ ခုနှစ်ကစပြီး လာရောက်လှူဒါန်းသူတွေမရှိတော့တဲ့အပြင် တစ်ဖက်မှာလည်း အလုပ်ကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးပိုခက်ခဲလာတယ်လို့ နောင်ဟီးစစ်ရှောင်တာဝန်ခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “လုပ်ကိုင်စားသောက်လို့ရမယ့် အလုပ်တွေလည်း မရှိဖြစ်နေတယ်။ စိုက်ပျိုးရေး လုပ်ဖို့လည်း မဖြစ်နိုင် အဲလို ခက်ခဲနေတာပေါ့။ ဆန်တွေဆိုရင်လည်း ရှိတဲ့သူတွေဆီကနေ ဝေမျှပြီး စားနေကြရတာပေါ့”လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် နေ့စားအလုပ်အလုပ် လုပ်ချင်သော်လည်း တစ်လမှာ သုံးလေးရက်လောက်သာ အလုပ်ရတာတွေကြောင့် ချေးငြားပြီး စားသောက်နေရသူလည်း များစွာရှိတယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိ လဘန်ကျေးရွာနဲ့ အင်ဂန်းကျေးရွာမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်မရှောင်ခင်ကာလ ကိုယ်ပိုင်လယ်ယာစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်တဲ့နောက် စစ်ရေးအခြေနေကြောင့် နေရပ်ပြန်ပြီးလယ်စိုက်ဖို့ခက်ခဲသွားသလို လက်ရှိတိမ်းရှောင်တဲ့နေရာမှာ လုပ်ကိုင်စားသောက်ဖို့ခက်ခဲနေတယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းက အမျိုးသမီး တစ်ဦးက ခုလိုပြောပြပါတယ်။ “ကျွဲနွားတိရစ္တာန်တွေ မွေးဖို့ဆိုရင်လည်း နိုင်ငံရေးသာမကောင်းလို့ရှိရင် ပြန်လို့မရတဲ့ပုံစံမျိုး ဖြစ်နေတာ။ ဒီမှာလည်း ကြက်၊ ဝက်တွေလည်း မွေးလို့မရတော့ ကျွန်မတို့လည်း ထိုင်ငေးနေတာကလွှဲပြီး ဘာမှမလုပ်တတ်တော့ဘူး”လို့ ဆိုပါတယ်။ နောင်ချိန်း၊လဘန်ကျေးရွာ နဲ့ အင်ဂန်းကျေးရွာ တစ်လျှောက်မှာတိမ်းရှောင်နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကစပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြားတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေကြသူတွေဖြစ်ပြီး အောင်မြေ(၁)၊ အောင်မြေ(၂)၊ တာလောကြီး၊ နောင်ဟီး၊ စန်းကား၊ ဝူယန်၊ ခကွမ်၊ ဝါရှောင်စတဲ့ ကျေးရွာက ခန့်မှန်းချေ စစ်ရှောင်စခန်းပေါင်း ၂၀ ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီက သိရပါတယ်။ ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရဲ့ ဖော်ပြချက်အရ ကချင်ပြည်နယ်မှာ တစ်ကြော့ပြန် တိုက်ပွဲ ဖြစ်ကတည်းကနေ ၂၀၂၁ စစ်ကောင်စီ အာဏာမသိမ်းခင်အထိ စစ်ရှောင် ဒုက္ခသည် ဦးရေဟာ ၇၅၀,၀၀ခန့်ရှိခဲ့တာ ဖြစ်ပေမယ့်လည်း ၂၀၁၁ခုနှစ်ကနေ လက်ရှိ ၂၀၂၆ ဇန်နဝါရီလ ၂၆ရက်နေထိ  စစ်ရှောင်ဦးရေဟာ၂၄၃,၂၀၀ ဦးထိ တိုးမြင့်လာ တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ၂၀၂၁စစ်ကောင်စီအာဏာသိမ်းပြီးကတည်းကနေ ၂၀၂၆ဇန်နဝါရီ ၂၆ရက်နေ့ထိဆိုရင်   ၅နှစ်အတွင်း ကချင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည် ဦးရေဟာ ၁၆၈,၄၀၀ ဦးထိ ရှိခဲ့တာဘဲ ဖြစ်ပါတယ်။ ခုလိုစစ်ရှောင်ဦးရေတိုးလာပေမယ့် ကူညီထောက်ပံ့မှုတစ်ချို့ရပ်တန့်သွားခဲ့တာကြောင့် စစ်ဘေးရှောင်တွေစားဝတ်နေရေး ပိုခက်ခဲလာတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ဝန်းကျင် နိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတချို့နဲ့ ဆေးဝါးအကူအညီတွေ ရရှိခဲ့ကြတယ်လို့ စစ်ရှောင်တွေပြောပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကနေပြီးတော့ ၄၇ကြိမ်မြောက် သမ္မတဖြစ်လာတဲ့နောက်ပိုင်း နိုင်ငံခြားအကူအညီတွေကို ဖြတ်တောက်လောက်တဲ့အတွက် World Food Program ကနေပြီးတော့ စစ်ရှောင်တွေကို ဆန်တွေ ကူညီပေးတာတွေလည်း ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ Organization for Economic Co-operation…

    Read More »
  • Mar- 2026 -
    25 March
    သတင်း

    မခေါတီရွာမှာ တွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး စစ်ရှောင်ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မခေါတီရွာမှာ တွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး စစ်ရှောင်ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့က(မတ်လ၂၃ရက်) နေ့လည် ၁၂နာရီ ဝန်းကျင် မိုင်းနားကျေးရွာအုပ်စု မခေါတီရွာမှာ တွဲကားတစ်စီးနဲ့ စစ်ရှောင်သားအမိ ၂ ဦး စီးလာတဲ့ဆိုင်ကယ်နဲ့  မျက်နှာချင်းဆိုင်အရှိန်ပြင်းစွာ တိုက်မိခဲ့တဲ့အတွက် ဆိုင်ကယ်မှာပါလာတဲ့ စစ်ရှောင်ကလေးကတော့ ဦးခေါင်းကွဲပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “သူ့အမေက ဆိုင်ကယ်မောင်းတာလေ ကလေးက ရှေ့မှာမတ်တပ်ရပ်ပြီး စီးတာ။ မျက်နှာချင်းဆိုင်တိုက်ကြတာဆိုတော့ ကလေးက တွဲကားရဲ့ ဇောင်းခုံနဲ့ ဆောက်လိုက်ပုံရတယ်”လို့ ဆိုပါတယ်။ ကလေးကတော့ ဦးခေါင်းပွင့်ထွက်ပြီး အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပေမယ့်လည်း မိခင်ဖြစ်သူကတော့ ပွန်းပဲ့ရုံကလွဲပြီး ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားတော့ မရှိဘူးလို့ ပြောပါတယ်။ သေဆုံးသူကတော့ ဝူယန်ကျေးရွာနေ အသက် ၅နှစ်အရွယ် မလဖိုင်ဆိုင်းဂျာဖြစ်ပြီး  လတ်တလောစစ်ရေးအခြေအနေတွေကြောင့် မိသားစုနဲ့အတူ  နောင်ချိန်း IDP CAMP မှာ နေထိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ဝိုင်းမော်မြို့မှာ တွဲကားတွေတိုက်မိပြီး သေဆုံးတဲ့ ဖြစ်စဉ်တွေနဲ့ ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ မြစ်ကြီးနား မြို့မှာ ၂၀၂၄ခုနှစ်ကစပြီး ဇန်နဝါရီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၀ကျော်မှာ သေဆုံးသူ ၄ဦး၊ ဖေဖော်ဝါရီလမှာတော့ ယာဉ်တိုက်မှုပေါင်း ၃၄ကြိမ်မှာ သေဆုံးသူ ၄ဦးထိရှိခဲ့တာဖြစ်ပြီး မတ်လမှာတော့ ယာဉ်တိုက်မှုပေါင်း ၇၀ကျော်ပြီးပွားခဲ့ထဲမှာ သေဆုံးသူ နှစ်ဦးထိရှိခဲ့တာဘဲ ဖြစ်ပါတယ်။ By – Hope

    Read More »
  • Feb- 2026 -
    16 February
    သတင်း

    အူရိမုန်ရာယန်ရွာ လက်နက်ကြီးကျ၊ ဒေသခံများ စတင်တိမ်းရှောင်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မှန်ပြတောင်အနီးရှိ အူရိမုန်ရာယန်ကျေးရွာဘက်မှာ လက်နက်ကြီးမကြာခဏ ကျရောက်ပေါက်ကွဲနေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အဲ့ဒီရွာဟာ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ခြမ်း၊ မိုင်းနားကျေးရွာနဲ့ မှန်ပြတောင်အနီးမှာရှိပြီး ဗလမင်းထင်တံတားကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက်သာ…

    Read More »
  • Nov- 2025 -
    18 November
    သတင်း

    ဆဒုံးမြို့တစ်နေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ၁၀နာရီဝန်းကျင်လောက်မှာ Y 12 အမျိုးစားရဟတ်ယာဥ်နဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့တာ ဖြစ်ပါတယ်။…

    Read More »
  • Oct- 2025 -
    1 October
    သတင်း

    စစ်ရှောင်စခန်း ခိုလှုံရာတဲတွေ ယိုယွင်း ပျက်စီးလာတဲ့အတွက် ပြန်လည် ပြုပြင်ဖို့ အကူအညီတွေ လိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့က စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်တဲတွေ ယိုယွင်း ပျက်စီးလာတဲ့အတွက် ပြန်လည်ပြုပြင်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ လက်ရှိ ဝိုင်းမော် နောင်ချိန်းအုပ်စု လဘန်နဲ့ အင်ဂန်း ကျေးရွာ မြစ်နားကမ်းတစ်လျှောက်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သွပ်၊ မိုးကာ၊…

    Read More »
  • Aug- 2025 -
    26 August
    တိုက်ပွဲ

    လမြန်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်

    ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီးတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေ‌‌ယာဉ်နဲ့အပြင်းထန်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကစပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်းတွေကို KIA ပူးပေါင်းတပ်ထိုးစစ်ဆင်လာရာမြို့တွင်းတပ်ဖြစ်တဲ့ ခလရ (၅၈) တပ်၊ ဝူယန်ပြည်သူ့စစ်စခန်း၊မြို့တွင်းရှိ…

    Read More »
  • May- 2025 -
    15 May
    သတင်း

    စန်းကား စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ဖောက်ထွင်းဖျက်ဆီးခံရ

    ဝိုင်းမော်မြို့ စန်းကားစစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်အများအပြား ဖောက်ထွင်းခံ ခိုးယူခံနေရတယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က နောင်းချိန်း စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ စန်းကားဒေသခံတွေဟာ ကိုယ့်အိမ်အခြေအနေတွေကို သိလိုတဲ့အတွက် ခေတ္တပြန်လာကြည့်ချိန် နေအိမ်တွေ ဖောက်ထွင်းခံထားရပြီး ပစ္စည်းတွေလည်း အခိုးခံရတာ တွေ့ရတယ်လို့ စန်းခါးဒေသခံအမျိုးသား တစ်ဦးက ခုလိုပြောပါတယ်။ “ရွာစောင့်ကြတဲ့သူတွေက သူတို့ကို အဲလိုမခိုးကြနဲ့လို့ပြောရင်လည်း…

    Read More »
  • Feb- 2025 -
    20 February
    သတင်း

    နေရပ်မပြန်နိုင်သေးတဲ့ ဂျပူကျေးရွာမှာ စက်ယန္တရားနဲ့ရွှေတူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်

    ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ်ရှိ ဂျာပူကျေးရွာမှာ လုပ်ငန်းရှင်တွေက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှု စတင်လာတဲ့အတွက် အခြားကျေးရွာများမှာ သဘာဝပတ်ဝန်းကျင် ပျက်ဆီးသွားသကဲ့သို့ ကြုံတွေ့ရမှာကို စိုးရိမ်တဲ့အကြောင်း ပြောဆိုပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဒေသခံတွေ စစ်ရှောင်နေရတဲ့ ဂျာပူကျေးရွာမှာ ၂၀၂၄ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ကြောင့်…

    Read More »
  • Dec- 2024 -
    12 December
    သတင်း

    စန်းကားကျေးရွာမှာ  ၃ ရက်အတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံသူ ၄ ဦးထိရှိလာ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းခါးကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၃ ရက်အတွင်း ထိခိုက်သေဆုံးသူ ၄ ဦးထိရှိလာတယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ခိုင်မြဲငှက်ပျော်လုပ်ကွက် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အသက်၂၄ နှစ်အရွယ် မပန်းအိဖြူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊  အသက်၂၇ နှစ်အရွယ် ကိုခိုင်မြဲ နောက်ကျောဒဏ်ရာစိုးရိမ်ရ၊ အသက် ၃၅ နှစ်အရွယ်ဒေါ်ဝင်းဝင်းသန်း ပေါင်ထိဒဏ်ရာသာရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ အလားတူ ဒီမနက် ဒီဇင်ဘာ ၁၂ ရက်နေ့ ၁၀ နာရီဝန်းကျင်မှာလည်း စန်းကားကျေးရွာ  ခိုင်မြဲငှက်ပျော်ခြံအနီး ထိန်မင်းငှက်ပျော်ခြံလုပ်ကွက်မှာ လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲခဲ့တာကြောင့်  အသက်၂၅ နှစ်အရွယ် မအေးနွယ် နောက်ကျောထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက ခုလိုပြောပါတယ်။ “တဲမှာမဟုတ်ဘူး ခြံထဲမှာကျတာ ငှက်ပျော်ထမ်းနေရင်းနဲ့ နောက်ကျောမှာထိတာ အခြေအနေကတော့  အဆုပ်ထိတယ် အောက်ဆီဂျင်ပေးထားရတယ်”လို့ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မအေးနွယ်အခြေအနေစိုးရိမ်ရတဲ့အတွက် ဝိုင်းမော်ဆေးရုံကြီးကတစ်ဆင့် မြစ်ကြီးနားဆေးရုံကြီးကို ပြန်လည်လွှဲပြောင်းပေးပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ စန်းကားကျေးရွာမှာရှိတဲ့ ငှက်ပျော်လုပ်ကွက်တွေမှာ ခုလိုလက်နက်ကြီးမကြာမခနကျလေ့ရှိပေမယ့်လည်း ဝမ်းရေးအတွက် စွန့်စားကာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဒီအခြေနေနဲ့ ပက်သက်ပြီး ငှက်ပျောလုပ်သားတွေနဲ့နီးစပ်တဲ့ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုသုံးသပ် ပြောဆိုပါတယ်။ “ဝမ်းရေးအတွက်တော့ လုပ်နေကြရတာလေ မလွန်ဆန်နိုင်တဲ့အကြောင်းတရားတွေ ပိုက်ဆံကြိုယူထားတာတွေ ပိုက်ဆံမရသေးတာတွေ ရလိုရငြား မျှော်လင့်ချက်တွေနဲ့ အလုပ်လုပ်နေကြရတာ”လို့ ဆိုပါတယ်။ လက်ရှိ စန်းကားကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးတွေဟာ ဘယ်အဖွဲ့အစည်းကပစ်ခတ်တဲ့ လက်နက်ကြီးဆိုတာ တိတိကျကျမသိရပေမယ့် မြစ်ကြီးနားမြို့ဒေသခံပြည်သူတွေပြောတာက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကနေ ပစ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ စန်းကားကျေးရွာဟာ မြစ်ကြီးနားမြို့ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပြီး စစ်တပ်ဘက်က ဒီဇင်ဘာလဆန်းပိုင်းကစပြီး လက်နက်ကြီးပစ်ခတ်တာတွေရှိသလို စစ်ကောင်စီတပ်ဟာ ရွာထဲမှာလည်း အရပ်သားနေအိမ်တစ်ချို့မှာတပ်စွဲနေထိုင်နေကြတယ်လို့သိရပါတယ်။ စစ်တပ်ဘက်က ရွာထဲနေရာယူလာတာကြောင့် အိမ်စောင့်အနည်းအကျဉ်းကလွှဲပြီး ဒေသခံအများပိုင်းထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ By – Hope

    Read More »
  • 2 December
    သတင်း

    ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က လုံခြုံရေးပိုတင်းကြပ်လာပြီး စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာလုပ်ဆောင်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် စစ်တပ်က လေကြောင်း၊ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာအပြင် မြို့တွင်း၊မြို့ပြင် စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း နယ်စပ်ဒေသတွေဖြစ်တဲ့  ဆဒုံး၊ ချီဖွေ၊ ကန်ပိုင်တည်၊ ပန်ဝါ စတဲ့မြို့တွေအပါအဝင် နယ်မြေအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်လိုက်ပြီးနောက် KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် လေကြောင်းတိုက်ခိုက်တာ၊ဒရုန်းနဲ့ ပုံမှန်ဗုံးကြဲ တာအပြင် မြို့အဝင်အထွက် လုံခြုံရေးတင်းကြပ်ပြီး စစ်ရေးလှုပ်ရှားတာမှု စတင်လာတာဖြစ်တယ်လို့ ဝိုင်းမော်မြို့ခံ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။  “ဒီတလောက ပိုသိသာလာတယ် သူတို့ သတင်းဘယ်လိုတွေရနေလဲတော့ မသိဘူး။ ၅၈ တပ်ရင်းရှေ့မှာလည်း လမ်းတွေပိတ်ထားတယ်။ ပန်ဝါ၊ကန်ပိုင်တည်သိမ်းပြီးနောက် ဒီဘက်မှာ အခြေအနေထူးလာတယ်…

    Read More »
Back to top button