ဝူယန်ပြည်သူ့စစ်

  • Jul- 2024 -
    18 July
    သတင်း

    သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ့်ကို ဝူယန်ပြည်သူ့စစ်အဖွဲ့တွေ ဖမ်းဆီးသွား

    ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝိုင်းမော်ဇုံနယ်ရဲ့ ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ၊ သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ့်(Mading Hkaw Bum)ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဆရာ မဒိန်ခေါဘောမ့်ကို  ဖမ်ဆီးခေါ်ဆောင်သွားတာဟာ ဇူလိုင်လ ၁၇ ရက်နေ့ ဝိုင်းမော် ဝူယန်ပြည်သူ့စစ်အဖွဲ့တွေက ဝူယန်ပြည်သူ့စစ်တပ်စခန်း ပတ်လည် ဘက်ဟိုးနဲ့ ကတုတ်ကျင်းတူးဖော်လိုက်တဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံနှံ့သွားတဲ့အတွက် လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “ဟုတ်တယ် မနေ့ညနေ ဖမ်းဆီးသွားတယ်။ သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ် ဟုတ်တယ်။ မနေ့က ပြည်သူ့စစ်အဖွဲ့တွေက ဝူယန်ပြည်သူ့စစ်စခန်းကို ကတုတ်ကျင်းတူးနေတဲ့ ဗီဒီယိုဖိုင်ပြန့်သွားလို့ စုံစမ်းရင်း နောက်ဆုံးတော့ သူရိုက်တင်လိုက်တာဖြစ်တယ်ဆိုပြီး ဖမ်းသွားတာ”လို့ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဆရာမဒိန်ခေါဘောမ့် နေရာအိမ်နဲ့ ပြည်သူ့စစ်တပ်စခန်းက ပေ ၁၀၀ လောက်အကွာမှာသာ ရှိတာကြောင့် ဘက်ဟိုးနဲ့ မြေတူးကလော်နေတဲ့ ဗီဒီယိုဖိုင် ပြန့်နှံ့သွားတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ ဆရာ မဒိန်ခေါဘောမ့်ကို စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဘယ်နေရာမှာ ဖမ်းဆီးစစ်ဆေးနေတာကို မသိရဘဲ မိသားစုတွေနဲ့လည်း အဆက်အသွယ်မရရှိသေးဘူးလို့ပြောပါတယ်။ အဲဒီ မြေတူးကလော်ပြီး ကတုတ်ကျင်းတူးနေတဲ့ ဗီဒီယိုဖိုင် မနက်ပိုင်း Facebook နဲ့ Wechat မှာ ပျံ့နှံ့သွားပြီးနောက် ညနေပိုင်းမှာ ဆရာမဒိန်ခေါဘောမ်ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ အခုလို ဝိုင်းမော်ဒေသက သိက္ခာတော်ရ ဆရာတစ်ပါးကို ဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး  မတရားမှုလုပ်ဆောင်နေတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။ “ဆရာတစ်ပါးဆိုတာက ရှေ့မှာမြင်တွေ့နေရတဲ့ မတရားမှုတွေကို တွေ့ရင်တော့ ပြောဆိုရမှာပဲ။ အခုသူတို့က KBC ဆရာဆိုရင် သူတို့ဘက်ကို မရပ်တည်ဘူး။ သတင်းပေးတယ် မကောင်းဘူးလို့ ထင်နေကြတာ။ KIO/KIA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး အပြစ်မရှိအပြစ်ရှာ အမြဲတမ်းမတရားသဖြင့် ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာ”လို့ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဆရာ မဒိန်ခေါဘောမ့်ဟာ ဝိုင်းမော်မြို့ ဇုံနယ်ရဲ့ KBC ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေတဲ့ ဆရာတစ်ပါးဖြစ်သလို ဝိုင်းမော်ဒေသမှာ ပြီးခဲ့တဲ့ ၃ လအတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စောင့်ကြည့် ကူညီပေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဝိုင်းမော်ဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝိုင်းမော်မြို့နဲ့အနီးဆုံးနေရာမှာ ကျန်ရှိနေတဲ့ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ပြည်သူ့စစ်တပ်စခန်းတွေ တိုက်ခိုက်ခံရမှာစိုးရိမ်တဲ့အတွက် စစ်တပ်နေရာရှိတဲ့ နေရာတွေမှာ ကတုတ်ကျင်းတွေတူးပြီး လုံခြုံရေးတင်းတင်းကြပ်ကြပ်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 17 July
    သတင်း

    ဝိုင်းမော်မှာ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ပြည်သူ့စစ်စခန်းတွေကို ကာကွယ်ဖို့ ကတုတ်ကျင်းတူးပြီး လုံခြုံရေးတင်းကြပ်နေ  

    ဝိုင်းမော်မြို့နယ်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဝူယန်ပြည်သူ့စစ်တပ်စခန်းပတ်လည် ကတုတ်ကျင်းတူးတာ၊ ကျေးရွာအတွင်း လမ်းနေရာတစ်ချို့မှာ လုံခြုံရေးတင်းကြပ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေ နဲ့ ဇွန်လကစပြီး  စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝူယန်နဲ့ ခကွမ်(Hkakrum) ကျေးရွာသွားတဲ့လမ်းတစ်လျှောက် စစ်အင်အား ၁၀၀ ဝန်းကျင်အသုံးပြုပြီး  လမ်းနေရာတစ်ချို့ကိုပိတ်ဆို့တာ၊ လမ်းကြားတစ်ချို့မှာ ကတုတ်ကျင်းတူးတာအပြင် လုံခြုံရေးတင်းတင်းကြပ်ကြပ်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ အဲဒီနောက်  ဇူလိုင်လ ၁၇ ရက်နေ့ ဒီကနေ့မှာတော့ ဝူယာန်ပြည်သူ့စစ်တပ်စခန်းဝင်းနေရာ ပတ်ပတ်လည်ကို လူတစ်ရပ်စာလောက်နက်တဲ့ ကတုတ်ကျင်းထပ်ပြီး တူးလိုက်ပြိီဖြစ်တယ်လို့  ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြည်သူတစ်ချို့က လမ်းတူးဖော်လိုက်တယ်လို့တော့ ပြောနေကြတယ်။ ဒါပေမယ့် ဝူယန်ပြည်သူ့စစ်စခန်း ပတ်ပတ်လည်ကို လူတစ်ရပ်စာနက်ပြီး တူးဖော်နေတယ်။ အဲလိုတူးနေတူးနေလို့ အနီးဘေးပတ်ဝန်းကျင်က နေအိမ်တွေအထိ ပါသွားတာတွေရှိတယ်လို့ ပြောနေကြတယ်။ အခုက ဝါးထံရံကာထားတဲ့ နေရာကို လိုက်ပြီး တူးလိုက်တာဟုတ်တယ်”လို့ပြောပါတယ်။ ဝူယန်ပြည်သူ့စစ်ဝင်းနေရာပတ်လည်ကို ကတုတ်ကျင်းတူးရာမှာ ဘေးပတ်ဝန်းကျင်နေအိမ်အထိ ပါသွားတာတွေရှိနေတယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ဝူယန်ပြည်သူ့စစ်စခန်းနေရာကို အရင်ကကတုတ်ကျင်းတူးတာတွေမရှိပေမယ့် လက်ရှိဝိုင်းမော်စစ်ရေးအခြေအနေအရ လုံခြုံရေးအတွက် စိုးရိမ်လာတဲ့အတွက် စစ်ရေးပြင်ဆင်မှု သိသိသာသာလုပ်ဆောင်လာတာဖြစ်တယ်လို့ သူက ဆက်ဆိုပါတယ်။ “အဓိကတော့ ဝိုင်းမော်စစ်ရေးအခြေအနေက ခလရ ၅၈ တပ်ရင်းနဲ့ အလွန်နီးကပ်သွားပြီးဖြစ်တဲ့အတွက် လုံခြုံရေးတင်းကြပ်ထားတာလို့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ၅၈ ပါသွားပြီဆိုရင် မြောက်ပိုင်းတိုင်းနဲ့ နီးသွားပြီ။ ရှေ့တန်းမှာ အဲဒီတပ်ရင်းတစ်ခုသာ ကျန်တော့တာဖြစ်တဲ့အတွက် ဝူယန်ပြည်သူ့စစ်တပ်စခန်းကို ခံတပ်စခန်းအနေနဲ့ ပိုပြီး လုံခြုံရေးအတွက် လုပ်ဆောင်နေတယ်လို့မြင်ပါတယ်”လို့ပြောပါတယ်။ ဒါ့အပြင် ခလရ ၅၈ တပ်ရင်းရှိတဲ့ ခကရွမ်နဲ့ဝူယန်ကျေးရွာမှာကြားမှာလည်း လမ်းတွေပိတ်ပြီး လုံခြုံရေးတင်းကြပ်ထားတာကြောင့် ဝိုင်းမော်ဒေသခံ ပြည်သူတွေအတွက် အပြင်ထွက်သွားလာလို့မရတော့တဲ့အခြေနေထိ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာ ဝိုင်းမော်မြို့နဲ့ အနီးဆုံး ဝူယန်ကျေးရွာ အောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ နယ်မြေစိုးမိုးထားပြီး ဝူယန်အထက်ဘက်ခြမ်း လမြန်၊ မုတ်ကျိတ် နမ်ဝါ စတဲ့ ကျေးရွာတွေရှိတဲ့ ဘက်ခြမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက နေရာယူထားတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိ ဝိုင်းမော်ဒေသအတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေရဲ့ စစ်ရေးအခြေအနေမှာ ဝူယန်ကျေးရွာရဲ့အထက်အောက် နှစ်ဖက်စစ်တပ် စောင့်ကြည့်နေကြတဲ့ အနေအထားမှာဖြစ်တဲ့အတွက် ပြည်သူတွေ သွားလာဖို့ ခက်ခဲနေတဲ့ အခြေနေကြုံတွေ့နေရတယ်လို့ နောက်ထပ် ဝိုင်းမော် ဝူယန်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုလာပါတယ်။ “သွားရင်းလာရင်း မဖြတ်ခိုင်းတဲ့အချိန်တွေရှိတယ်။ တစ်ခါတစ်လေတော့ သွားခွင့်ပေးတယ်။ ဝိုင်းမော်ဒေသခံတွေက စစ်ရေးကြောင့် ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြတာများတယ်။ တစ်ခါတစ်လေလိုအပ်လို့ ရွာထဲကို ခဏပြန်မယ်ဆိုရင်မပြန်ခိုင်းဘူး။ ဂိတ်တွေမှာပြန်ခေါက်ခိုင်းတယ်။ ဝူယန်ဘက်မှာ ပိုဆိုးတယ် သူတို့ကြည့်ပြီး သူစိမ်းပုံစံဖြစ်နေရင် ပိုစစ်တယ်။ ဖုန်းဆိုင်ကယ်၊ အားသွင်းကြိုး၊ အကုန်စစ်တယ်။ တစ်ချို့တွေဆိုရင် ရိုက်နက်ခံရတဲ့ သူတွေတောင်ရှိတယ်။ အရင်ဂိတ်မရှိတဲ့ နေရာတွေမှာ ဂိတ်တွေထားပြီး စစ်တယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝူယန်ပြည်သူ့စစ်စခန်းနဲ့ ခလရ ၅၈ တပ်ရင်း နှစ်ခုကို လက်မလွတ်ရေးအတွက် စစ်အင်အားအလုံးအရင်းနဲ့ လုံခြုံရေးတင်းကြပ်ထားတာကြောင့် တစ်ဖက်မှာ ပြည်သူတွေ သွားလာဖို့အခက်အခဲဖြစ်နေတာလည်းဖြစ်ပါတယ်။ ဝိုင်းမော်ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ မေလ လောက်ကနေ KIA ပူးပေါင်းတပ်တွေက ဝိုင်းမော်မြို့နယ်ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီးနောက် ကားလမ်းမတစ်ကြောမှာရှိကြတဲ့ ကျေးရွာအားလုံးနီးပါးခန့် စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။ ဇူလိုင်လဆန်းပိုင်းအတွင်းမှာ ဝိုင်းမော်နဲ့ မြစ်ကြီးနား မြို့ပေါ်တွေမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် ဝိုင်းမော်ဒေသခံပြည်သူတွေဟာ စစ်ဘေးအပြင် တိမ်းရှောင်နေကြတဲ့ နေရာတွေမှာ ထပ်မံပြီးတော့ ရေဘေးအန္တရာယ်ကိုကြုံတွေ့ခဲ့ရတာကြောင့် လက်ရှိမှာ အကူအညီတွေလည်း လိုအပ်နေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Oct- 2023 -
    24 October
    သတင်း

    ဝိုင်းမော်ဒေသကို လုံခြုံရေးတင်းကြပ်ဖို့ ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ကို စစ်တပ်က ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆို

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ကို ဒေသအတွင်း လုံခြုံရေးတင်းကြပ်ပေးဖို့ ညွှန်းကြားထားတာကြောင့် ကျေးရွာ၊ ရပ်ကွက်အတွင်း ဖမ်းဆီးခံရတာတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်  ၃ လလောက်အကြာ တိုက်ပွဲဒေသဖြစ်ပွားနေတဲ့ နေရာဘက်ကို စစ်ကောင်စီ ယာဉ်တန်းတက်လာတိုင်း ကဇူး၊ ဒဘတ်၊ ဂျာပူနဲ့…

    Read More »
Back to top button