ဝှေခါရွာ

  • Jan- 2024 -
    20 January
    သတင်း

    ဝှေခါဗျူဟာကုန်းကို KIA နဲ့ KPDF အပြီးသတ်သိမ်းပိုက်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာ (Gwihka mare) မှာရှိတဲ့ ဝှေခါဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA၊ KPDFပူးပေါင်းတပ်တွေက  ဒီကနေ့ မနက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က‌နေ သိရပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့ကတည်းကနေ ဝှေခါရွာမှာအထိုင်ချထားတဲ့…

    Read More »
  • 17 January
    သတင်း

    ဝှေခါရွာက ပြည်သူ ၃၀၀၀ ကျော်စစ်ဘေးရှောင်နေရဆဲ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာနဲ့ အနီးဝန်းကျင်ရွာတွေမှာ လာရောက်စစ်ရှောင်နေကြတဲ့ ပြည်သူထဲက တစ်ချို့နေရပ်ပြန်ကြပေမယ့် လက်ရှိပြည်သူ ၃၀၀၀ ကျော်စစ်ဘေးရှောင်နေရဆဲ ဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က ဝှေခါကျေးရွာမှာရှိတဲ့ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဝှေခါကျေးရွာဘက်မှာစစ်ကောင်စီတပ်နဲ့KIA၊KPDF တပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပြည်သူ ၄၀၀၀ နီးပါး ဆိုင်းတောင်နဲ့မှော်ရှန်ကျေးရွာထဲကိုစစ်ဘေးရှောင်လာကြတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ တစ်ချို့က နေရပ်ပြန်သွားကြပေမယ့် အများပိုင်းကျန်နေသေးတာဖြစ်တယ်လို့ မှော်ရှန်ဒေသခံအမျိုးသားတစ်ဦးက KNGကိုအခုလိုပြောပါတယ်။ “ကျွန်တော်တို့ မှော်ရှန်ဘုန်းကြီးကျောင်းမှာက စစ်ရှောင် ၈၀၀ လောက်တိမ်းရှောင်လာကြတာ ဒါပေမယ့်အခု ၂၀၀ ကျော်က နေရပ်ပြန်သွားကြပြီ ကျန်နေတာက ဝှေခါနဲ့မကားပင်ဘက်ကဟာတွေကျန်သေးတယ်ပြန်လို့မရသေးဘူး”လို့ အထက်ပါအမျိုးသားကပြောပါတယ်။ ဇန်နဝါရီလ ၆ရက်နေ့ ဝှေခါတိုက်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ရတဲ့ကျေးရွာတွေဟာ ဝှေခါ၊ မကားပင်၊ မော်တောင်း၊ မော်လကင်၊ ဆိုင်းအောင် စတဲ့ကျေးရွာတွေဖြစ်ပြီး မှော်ရှန်ဘုန်းကြီးကျောင်းမှာ ၈၀၀ ဝန်းကျင်နဲ့ ဆိုင်းတောင်ကျေးရွာထဲက ဘုန်ကြီးကျောင်းသုံးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်းမှာစုစုပေါင်း ၂၀၀၀ ကျော်တိမ်းရှောင်လာကြပြီးလက်ရှိ ဝှေခါနဲ့ မကားပင်က စစ်ဘေးရှောင်တွေတော့နေရပ်ပြန်လို့မရသေးဘူးလို့ ဆိုင်းတောင်မှာရောက်နေတဲ့စစ်ရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “အခုပြန်ကြတာက မှော်ရှန်မှာရှိတဲ့ထဲက ဆိုင်းအောင်ရွာတို့ဘက်ကပြန်ကြတာ ဆိုင်းတောင်မှာက မကားပင်နဲ့ ဝှေခါထဲကလူတွေကြီးဆိုတော့သူတို့က အခုပြန်လို့မရသေးဘူး။ လမ်းပိတ်ထားတယ်တဲ့ ၂၀၀၀ ကျော်ရှိသေးတယ်”လို့ အထက်ပါအမျိုးသားကပြောပါတယ်။ လက်ရှိ ဝှေခါကျေးရွာမှာ စစ်ကောင်စီစစ်သား တွေ အင်အား အများအပြားနဲ့ ဝှေခါစစ်တပ်ကုန်းမှာခြေကုပ်ယူထားပြီး လက်နက်ကြီးပစ်ကူတွေလည်းနေ့စဥ်ပစ်ခတ်နေတာကြောင့် ဝှေခါဘက်ကို လမ်းပိတ်စို့ထားလို့ ဝှေခါနဲ့ ဝှေခါအနီးက မကားပင်ရွာစစ်ရှောင်တွေနေရပ်ပြန်လို့မရသေးတာလို့သိရပါတယ်။ “ဝှေခါရွာထဲကိုအခုလမ်းပိတ်ထားတယ်ဗျ ကျွန်တော်တို့ဘက်ကပိတ်ထားတာပါဘယ်သူ ဘယ်ဝါမှသွားလာခွင့်မရှိဘူး အခုဝှေခါမှာစစ်သားတွေရှိနေတော့ နှစ်ဖက်စစ်ရေးတင်မာနေတယ်။ ပြီးတော့သူတ်ို့ကိုရိက္ခာဖြတ်တဲ့သဘောနဲ့လမ်းပိတ်ထားတာပါ”လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ လက်ရှိ မှော်ရှန်ကျောင်းမှာကျန်ရှိနေတဲ့ စစ်ဘေးရှောင် ၅၀၀ ကျော်နဲ့ ဆိုင်းတောင်မှာရှိနေတဲ့ စစ်ဘေးရှောင် ၂၀၀၀ ကျော်အတွက်အစားအသောက်အကူအညီလည်းလိုအပ်နေတယ်လို့သိရပါတယ်။ “အခုသူတို့အတွက်အဓိကလိုလာမှာကတော့သူတို့စားဖို့သောက်ဖို့ပဲလိုအပ်မယ် အလျှူရှင်တွေကလည်းလျှူကြပါတယ် တာပေမယ့် လူများတော့ ကျွန်တော်တို့ကျောင်းက လူ ၅၀၀ ကျော်တွက်တောင်တစ်နေ့ကိုဆန် ၁၀ အိတ်ဝန်းကျင်ကုန်တယ်”လို့ မှော်ရှန်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့အမျိုးသားတစ်ဦးကပြောပါတယ်။ ဝှေခါကျေးရွာက စစ်ကောင်စီရဲစခန်းကို KIA၊ KPDF က ဇန်နဝါရီ ၆ရက်နေ့ မနက်အစောပိုင်းမှာတက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီစစ်သားတွေဟာဝှေခါစစ်တပ်ကုန်းကနေခြေကုပ်ယူထားတာကြောင့် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ By…

    Read More »
Back to top button