စစ်ရေးတင်းမာမှုရှိနေသည့် အင်းတော် နှင့် ဖားကန့် ဝှေခါလမ်း KIA သွားလာခွင့်ပိတ်ထား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာနှင့် အင်းတော်ကြီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့်  ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုဖြစ်ပေါ်နေသည့်အတွက် ဝှေခါလမ်းပိုင်းကို KIA ဘက်မှ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။ အင်းတော်နှင့် ဝှေခါလမ်းပိုင်းဘက်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲများရှိနေသည့်အပြင် စစ်ကောင်စီဘက်မှ နေ့စဉ်အဆက်မပြတ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများရှိနေသောကြောင့် ဝှေခါလမ်းပိုင်ကို KIA က နိုဝင်ဘာလ ၁၉ ရက်နေ့မှစတင်ပြီး သွားလာခွင့်