စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး
,
ဖားကန့်မြို့မှ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုး အပါအဝင် လူငယ် ၇ ဦးကို စစ်ကောင်စီ လက်အောက်ခံ ဖားကန့်တရားရုံးမှ ယနေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း ထောင်ဒဏ်ချမှတ်ခံရသည့် လူငယ်များနှင့် နီးစပ်သူများထံမှ သိရသည်။ "ကိုနောင်ရိုးရယ် ဇော်ဝင်းမောင်လည်းပါတယ် စုစုပေါင်း လူငယ် ၇ ယောက် အားလုံးက ပုဒ်မ ၅၀၅(က) ဘဲ တစ်နှစ်စီချမှတ်ခံရတယ်"ဟုနီးစပ်သူတစ်ဦးက ပြောသည်။