သတင်း

သတင်းထောက် ကိုနောင်ရိုး အပါအဝင် လူငယ် ၇ ဦးကို ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်

ဖားကန့်မြို့မှ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုး အပါအဝင် လူငယ် ၇ ဦးကို စစ်ကောင်စီ လက်အောက်ခံ ဖားကန့်တရားရုံးမှ ယနေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း ထောင်ဒဏ်ချမှတ်ခံရသည့် လူငယ်များနှင့် နီးစပ်သူများထံမှ သိရသည်။

“ကိုနောင်ရိုးရယ် ဇော်ဝင်းမောင်လည်းပါတယ် စုစုပေါင်း လူငယ် ၇ ယောက် အားလုံးက ပုဒ်မ ၅၀၅(က) ဘဲ တစ်နှစ်စီချမှတ်ခံရတယ်”ဟုနီးစပ်သူတစ်ဦးက ပြောသည်။

အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးသည် ၂၀၂၁ ခုနှစ် ဧပြီလ (၉) ရက်နေ့က သတင်းယူနေစဉ် ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်တွက် ဖမ်းဆီးခံရပြီး၊ နောက်ထပ် ဖားကန့်သတင်းများကို ရေးသားနေသော ကိုဇော်ဝင်းမောင်သည်လည်း ၂၀၂၁ ခုနှစ် မေလ ၂၅ ရက်ည လုံးခင်း သပိတ်သို့ သတင်းသွားယူရန် ပြင်ဆင်ရင်း နေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည်။

ယနေ့ ဖားကန့်မြို့နယ် တရားရုံးတွင် ဖမ်းဆီးခံထားရသူများထဲမှ ကိုနောင်ရိုး၊ ကိုဇော်ဝင်းမောင်၊ ကိုမျိုးဦး၊ ရန်နိုင်ထွန်း၊ မွန်းနောင်၊ ကိုအောင်သူ၊ ကျော်မျိုးဦး စုစုပေါင်း (၇) ဦးကို ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်လိုက်သည်။

ဖားကန့် မြို့နယ်တွင် နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံထားရသူ (၄၀) ကျော်ရှိကြောင်းသိရသည်။

Related Articles

Back to top button