ဟုမ္မလင်း

  • Oct- 2025 -
    14 October
    သတင်း

    ဗန်းမောက် – ဟုမ္မလင်းလမ်းပိတ်ထားလို့ ဟုမ္မလင်းဘက် ကုန်စျေးအဆမတန်မြင့်တက်

    စစ်ကိုင်းတိုင်းထဲက ဗန်းမောက်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ချင်းဆက်လမ်းပိုင်းပိတ်ထားတာကြောင့် ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေအဆမတန်စျေးတက်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA ) ပူးပေါင်းတပ်တွေက ဗန်းမောက် – ဟုမ္မလင်းကားလမ်းပိုင်းပိတ်ထားချိန် ရက်ပေါင်း ၂၀ ကျော်ကြာမြင့်လာတဲ့အတွက် ဟုမ္မလင်းမြို့ပေါ်နဲ့ နောင်ပိုအောင်၊နန့်တောစတဲ့ကျေးရွာဘက်မှာအခြေခံစားသောက်ကုန်‌ဈေးအဆမတန်မြင့်တက်လာနေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက…

    Read More »
  • Sep- 2025 -
    17 September
    သတင်း

    ဟုမ္မလင်းစက်လှေဆိပ်မှာ သေနတ်ပြခြိမ်းခြောက်ပြီး ငွေတောင်းခံနေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့က စက်လှေဆိပ်တွေမှာ သေနတ်ပြပြီး ခြိမ်းခြောက်ငွေတောင်းခံနေတာကြောင့် စက်လှေသမားတွေအခက်အခဲကြုံနေရတယ်လို့ ‌‌စက်‌ လှေသမားများဆီက သိရပါတယ်။ ဟုမ္မလင်းမြို့အောက်ဘက် နောင်ပင်၊ မြင်သာဘက်ခြမ်း၊ ချင်းတွင်းမြစ်‌ဘေး ရပ်နားထားတဲ့စက်လှေတွေ နဲ့ ဖလက်ခွံတွေဆီကနေ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက သုံးကြိမ်တိတိသေနတ်ပြပြီး ခြိမ်းခြောက်ငွေတောင်းတာကြုံတွေ့ခဲ့ရတယ်လို့…

    Read More »
  • 8 September
    သတင်း

    ဖမ်းဆီးခံရတဲ့ ဟုမ္မလင်း  HPDF- 124 ခေါင်းဆောင် နဲ့ တပ်ဖွဲ့ဝင်တွေပြန်မလွတ်သေး

    ရှမ်းနီ PDF ဖွဲ့မည့်သတင်းကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဟုမ္မလင်း HPDF- 124 ခေါင်းဆောင်ပိုင်းထဲက တစ်ဦးဖြစ်တဲ့ ကိုစိုင်းအောင်နဲ့တပ်ဖွဲ့ဝင်တွေပြန်လည်လွတ် မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ HPDF- 124 ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစိုင်းအောင်နဲ့ အတူတပ်ဖွဲ့ဝင်တွေလို့ယူဆရတဲ့…

    Read More »
  • Jul- 2025 -
    18 July
    သတင်း

    စစ်တပ်ရဲ့ စစ်သင်္ဘောတွေ မင်းကင်းနယ်ထဲရောက်လာတဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာ‌ပေါင်း ၂၀ ခန့်တိမ်းရှောင်

    လေကြောင်းကနေ လုံခြုံရေးယူပြီး ဆန်တက်လာနေတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ မင်းကင်းမြို့နယ်ထဲဝင်ရောက်လာပြီဖြစ်တဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာ‌ပေါင်း (၂၀) ခန့်တိမ်းရှောင်နေရတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။ ဇူလိုင်ဆန်းပိုင်းကစပြီး မုံရွာကနေ ဟုမ္မလင်း– ခန္တီးဘက်ကိုဦးတည်ကာ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောကြီးသုံးစီး၊သံခွန်မော်တော်၊ စစ်သင်္ဘောငယ် စုစုပေါင်း…

    Read More »
  • 9 July
    သတင်း

    မုံရွာကနေတက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘော ဟုမ္မလင်းဘက်ကို ဦးတည်တက်လာနေဟုဆို

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကနေထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်း၊ ခန္တီးဘက်ကို ဆန်တက်လာနေတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ မုံရွာမြို့ သင်္ဘောဆိပ်ကနေထွက်ခွာသွားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကြီးတွေနဲ့ အဲဒီသင်္ဘောကိုလုံခြုံရေးယူပေးတဲ့ သံခွန်မော်တော်အပါအဝင် စုစုပေါင်း ၁၀ စီးခန့်ဟာ ဟုမ္မလင်းဘက်ကို ဦးတည်လာနေပြီး မနေ့က ကနီမြို့နယ်ထဲမှာဝင်ရောက်လာတယ်လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အစီးရေအတိအကျကတော့အတည်ပြုနေတုန်း သံခွန်အသေးတွေကော သင်္ဘောအကြီးက ၆ စီးပြောတယ်။ ဟုမ္မလင်းအထိပဲလား ခန္တီးဘက်ထိဆက်တက်မလားတော့မသိရသေးဘူး မနေ့က ကနီနယ်ထဲဝင်တယ် ကနီတော့မရောက်သေးဘူး ဒီနေ့ရောက်မလားစောင့်ကြည့်ရမယ်”လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်သင်္ဘောတွေရဲ့အမိုးပေါ်မှာတော့ လက်နက်ကြီး၊စက်သေနတ်တွေတပ်ဆင်ထားပြီး သင်္ဘောထဲမှာတော့ လက်နက်ခဲယမ်းနဲ့ရိက္ခာတင်ဆောင်လာတယ်လို့ယူဆရကြောင်း သူက ဆက်ပြောပါတယ်။ “သင်္ဘောတွေက ကမ်းမကပ်ဘူးရယ် ရေလယ်ခေါင်ကနေပဲဆန်တက်လာတယ်ဆိုတော့ ဘာတွေပါမှန်းမသိရဘူး ယာဥ်တန်းနဲ့လာပြီဆိုကတည်းက စစ်သားနဲ့လက်နက်ခဲယမ်းတွေပဲပါမှာပဲ အလွတ်တော့ဘယ်လာမလဲ”လို့ သူကဆက်ပြောပါတယ်။ စစ်သင်္ဘောတွေဆန်တက်လာနေတာကြောင့် ဟုမ္မလင်းမြို့ပေါ်က စစ်ကောင်စီနဲ့ SNA စစ်သားတွေဟာ ရွှေပြည်အေးမြို့ဘက်ကို ဒီရက်ပိုင်းရေကြောင်းနဲ့ခပ်စိပ်စိပ်စစ်ရေးလှုပ်ရှားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ “သင်္ဘောတွေတက်လာတယ်ဆိုတော့ ဒီမြို့ထဲကနေစစ်သားတွေ ရွှေပြည်အေးဘက်သွားတယ် စက်လှေတွေနဲ့နှစ်စီး၊သုံးစီးတခါသွားရင်ကင်းလှည့်တာလားရွှေပြည်အေး ခြေနေသွားကြည့်တာဖြစ်နိုင်တယ်။ ရွှေပြည်အေးက pdf တွေထိုင်တယ်လေ”လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ရွှေပြည်အေးမြို့ဟာ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းမှာရှိတာဖြစ်ပြီး လက်ရှိမှာတော့ ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် စစ်သင်္ဘောတွေဟာ ဟုမ္မလင်းမြို့ကို ဝင်ရောက်ဖို့အတွက်လက်ရှိကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရွှေပြည်အေးမြို့ရဲ့သင်္ဘောဆိပ်ကိုဖြတ်ရမှာဖြစ်တဲ့အတွက် ရွှေပြည်အေးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့အတွက် လက်ရှိဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်သယ်ယူဖို့ ရေကြောင်းကိုသာအသုံးပြုနေရတာဖြစ်ပါတ်။ ဒါပေမယ့်…

    Read More »
  • Jun- 2025 -
    27 June
    သတင်း

    နောင်ပိုအောင်ရွာမှာ စစ်ရေးတင်းမာနေလို့ ဒေသခံတွေကိုကြိုတင်တိမ်းရှောင်ခိုင်းထား

    စစ်ကိုင်းတိုင်းဒေသကြီး ၊ဟုမ္မလင်းမြို့နယ်ထဲက နောင်ပိုအောင်ကျေးရွာမှာ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေကိုလည်းကြိုတင်တိမ်းရှောင်ထားကြဖို့ပြောထားကြောင်း သိရပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ စစ်ကောင်စီတပ်ပူးပေါင်းတပ်စွဲနေတဲ့ ဟုမ္မလင်းမြို့ရဲ့အရှေ့ဘက်ရှိ နောင်ပိုအောင်ကျေးရွာကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင်နေတာကြောင့် ရွာခံတွေကိုကြိုတင်တိမ်းရှောင်ကြဖို့သတိပေးထားတယ်လို့ ဟုမ္မလင်းမြို့ခံ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးက KNG…

    Read More »
  • 21 June
    သတင်း

    ဟုမ္မလင်းမှာ ကုန်အဝင်ရပ်တန့်‌ နေတဲ့အတွက် ကုန်စည်တစ်ချို့စတင်ပြတ်လပ်

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ ကုန်းကြောင်း၊ရေကြောင်းအားလုံးပြတ်တောက်နေတာကြောင့် အခြေခံစားသောက်ကုန်တစ်ချို့စတင်ပြတ်လပ်လာပြီလို့ မြို့ခံတွေဆီက သိရပါတယ်။ မုံရွာ–ဖောင်းပြင်–ဟုမ္မလင်းကားလမ်းပိုင်းဟာ မေလကတည်းက မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီးလက်ရှိအချိန်အထိသွားလာလို့မရနိုင်သေးသလို၊ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းပိုင်းကလည်း တိုက်ပွဲတွေကြောင့် သွားလာဖို့ခက်ခဲနေတဲ့အတွက် ဟုမ္မလင်းမြို့နယ်ထဲကုန်စည်အဝင်ရပ်တန့်နေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “လေယာဥ်နဲ့တင်တဲ့ကုန်တွေလောက်ပဲရှိတယ်။ ကုန်းကြောင်းကောရေကြောင်းကော ဘာကုန်မှမဝင်တာဟိုလကတည်းကပဲ။…

    Read More »
  • 11 June
    သတင်း

    ဟုမ္မလင်းမြို့ပေါ်မှာ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်က အရပ်သားတွေကိုဆက်တိုက်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မေလ လဆန်းပိုင်းကစလို့ ည ၇ နာရီနောက်ပိုင်းအပြင်ထွက်တဲ့ အရပ်သားအားလုံး ကလေး၊လူကြီးမရွေးဖမ်းဆီးနေတာလို့ ဟုမ္မလင်းမြို့နေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အစကတော့ အသက် ၁၈နှစ်ကနေ ၃၅…

    Read More »
  • May- 2025 -
    23 May
    သတင်း

    ဟုမ္မလင်းနယ်မှာ SNA တပ်ရဲ့ တပ်သားသစ်စုဆောင်းခိုင်းမှုကြောင့် အုပ်ချုပ်ရေးမှူးများတိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်က အတင်းအဓမ္မလူသစ်စုဆောင်းခိုင်းမှုတွေကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကနေတဆင့် နာမည်စာရင်းကောက်ခံခိုင်းပြီး ပြည်သူ့စစ်မှုထမ်းအတွက် အတင်းအဓမ္မလူသစ် စုဆောင်းခိုင်းနေတာကြောင့် အုပ်ချုပ်ရေးမှူးတွေတိမ်းရှောင်နေရတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက…

    Read More »
  • Apr- 2025 -
    25 April
    သတင်း

    ဟုမ္မလင်းမှာ SNAနဲ့ PDF နှစ်ဖက်တပ်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုရှိခဲ့

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေမှော်မှာ SNA နဲ့ PDF တပ်ကြားပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံဆီက‌နေသိရပါတယ်။ ဧပြီလ ၂၃ ရက်နေ့ ဟုမ္မလင်းမြို့နယ်နောင်မိုးကျေးရွာရွှေမှော်နဲ့ ဆပ်ကယားကျေးရွာရွှေမှော်ထဲမှာ ရှမ်းအမျိုးသားများတပ်မတော်(SNA)နှင့် ဟုမ္မလင်း PDF တပ်ကြားနှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး အရပ်သား ၃…

    Read More »
Back to top button