,
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တရားမဝင် ရွှေတူးဖော်နေသည့် စက်ယန္တရားကြီးများနှင့် ရွှေလုပ်သား (ကျင်းသား) ၂၀ ဦး နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မမုံကိုင်ကျေးရွာ အနောက်ဘက်ခြမ်းရှိ ရွှေလုပ်ကွက်များကို စစ်ကောင်စီတပ်မှ စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ''မိုင်းနောင် တောမှာရွှေလုပ်နေတဲ့ဟာတွေ ဖမ်းခံရတာ စစ်ကြောင်းက အင်အား ၃၀ လောက်ရှိတယ်။ ၁၁ ရက်နေ့က စစ်ကြောင်းထိုးသွားတာ မနေ့ကပြန်လာတယ် ပြန်လာတော့ ဘတ်ဟိုးရယ် မြေကောတဲ့ကားရယ် မောင်းလာတယ်။ ပြီးတော့ ကျင်းသားတွေလည်း အများကြီးဖမ်းလာတယ် ကျင်းသားဦးရေက အတိအကျမသိရဘူး ၂၀ နီးပါးရှိမယ်ဗျ''ဟုမျက်မြင်တွေ့ခဲ့သည့် မိုင်းနောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ဖမ်းဆီးထားသည့် ဘက်ဟိုးတစ်စီး၊
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း၏ နေအိမ်တွင် PDF တစ်ဦး လာရောက်တည်းခိုခဲ့မှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းအပါ မိသားစုဝင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သိရသည်။ မိုင်းနောင်ကျေးရွာ ဘိုသဲကုန်းရပ်ကွက်ရှိ ယခင် ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင်၊ အသက် ၆၃ နှစ် ၏ နေအိမ်တွင် ယခုလဆန်းပိုင်းက PDF တပ်ဖွဲ့ဝင်တစ်ဦး လာရောက်တည်းခိုခဲ့ဖူးပြီးနောက် မကြာမှီ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်တပ်က ဝင်ရောက်စစ်ဆေးခဲ့ရာ
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံကျေးရွာကို ဖြတ်သန်းစီးဆင်းနေသော နန့်ရင်းခချောင်းဖျားတွင် စက်ယန္တရားကြီးများဖြင့် ရွှေဖြူ နှင့် ရွှေဝါ တူးဖော်နေမှုကြောင့် အင်းတော်ကြီးကန် ပျက်စီးထိခိုက်လာမှုကို ဒေသခံများစိုးရိမ်နေကြသည်။ နန့်ရင်းခချောင်းသည် အင်းတော်ကြီးကန်ထဲသို့ စီးဝင်နေသည့် ချောင်းဖြစ်ပြီး လက်ရှိ အင်းတော်ကြီးကန် နှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် နန့်ခင်းခ ချောင်းဖျားဘက်တွင် စက်ယန္တရားကြီးများဖြင့် ရွှေဖြူ ၊ ရွှေဝါ တူးဖော်မှု ပိုမိုများပြားလာသည်ဟု အင်းတာ်ကြီးဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ''အင်းတော်ကြီးနဲ့တော့ မိုင် ၂၀ ကျော်ကျော်လောက်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တောင်ဘက်ပိုင်းတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား ပြီးခဲ့သည့် သုံးရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်က ၄၀ ဦး ကျော်ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ အင်အား ၇၀ ပါ စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းသည် ညောင်ကုန်း၊ မအူကုန်း၊ ဂျုံးဂျုံးဂျရွာ၊ ပိန်းအင်းစသည့် ကျေးရွာများဘက်သို့ ဝင်ရောက်လာခဲ့ချိန် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၂ ကြိမ်၊ ၁၇ ရက်နေ့တွင် တစ်ကြိမ် နှင့် ၁၈ ရက် နေ့တွင် တစ်ကြိမ် တိုက်ခိုက်ခံရကာ စစ်ကောင်စီဘက်မှ စစ်သား ၄၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း အင်းတော် PDF မှ တာဝန်ရှိ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်းဝပြည်သူ့စစ်စခန်းတစ်ခု ယနေ့ ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသရင်းမြစ်များထံမှ သိရသည်။ ယနေ့ နံနက် ၄ နာရီဝန်းကျင်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ အင်းတော်ကြီးနှင့် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် ချောင်းဝ ပြည်သူ့စစ်စခန်းအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်တစ်ဦးက KNG
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင်နှင့် မမုန်ကိုင်ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ပူးပေါင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၇နာရီဝန်းကျင်ခန့်တွင် စစ်ကိုင်းတိုင်းဘက်မှ စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ကား ၅စီးဖြင့် စစ်အင်အား ၁၀၀ ကျော်ဝန်းကျင်ခန့်ဖြင့် ဖားကန့်ဘက်သို့ ဦးတည်ကာ တက်လာခဲ့ရာ မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မိုင်းနောင်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ "တိုက်ဖြစ်တာက ခဏလောက်ဘဲ။ စစ်ကိုင်းဘက်ကနေ