အလုပ်အကိုင်

  • Jan- 2025 -
    9 January
    သတင်း

    တရုတ် ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရမှု နိုင်ငံတဝှမ်းများပြားလာ

    တရုတ် ဇနီးမယားအဖြစ် လူကုန်ကူး ရောင်းစားခံရမှုဖြစ်စဉ် မြန်မာပြည်တဝှမ်း ပျံ့နှံ့ လာတယ်လို့ ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT အစီရင်ခံစာ က ဖော်ထုတ်လိုက်ပါတယ်။ တရုတ်နိုင်ငံမှာ အလုပ်အကိုင်ရရှိဖို့ ဆိုပြီး လိမ်လည်ရောင်းစားခံရသူတွေထဲမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းထဲက အမျိုးသမီးတွေလည်းပါဝင်လာပြီး အများစုကတော့ ကချင်ပြည်နယ် နဲ့ ရှမ်းမြောက်က ဒေသခံ အမျိုးသမီးတွေ…

    Read More »
  • Nov- 2024 -
    26 November
    အင်တာဗျူး

    ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို ဖြေရှင်းပေးဖို့ ဘယ်သူ့မှာတာဝန်ရှိလဲ

    စစ်တပ်အာဏသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ အလုပ်ကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးခက်ခဲလာတဲ့ မြန်မာပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ‌ထွက်ခွာလာကြသူတွေ များစွာရှိနေပါတယ်။ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ တရားဝင်အထောက်အထားနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ၂၀၂၃ ဒီဇင်ဘာလအထိ ၂,၃၃၃,၀၉၁ ဦးထိရှိခဲ့ပေမယ့် ၂၀၂၄ မတ်လမှာတော့ ၃,၄၁၅,၇၄၄ ဦးထိတိုးလာခဲ့တာဘဲ ဖြစ်ပါတယ်။ ဒီအရေအတွက်နှစ်ခုကိုယှဉ်ကြည့်ခြင်းအားဖြင့် သုံးလအတွင်းမှာဘဲ တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သားအရေအတွက်ဟာ ၁,၀၈၂,၆၅၃ဦးထိတိုးလာခဲ့တာကို တွေ့ရပါတယ်။ သို့သော် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ သုံးသပ်ပြောဆိုချက်အရ တရားဝင်အထောက်အထားရှိသူအရေအတွက်နဲ့ တရားမဝင်နေထိုင်သူအရေအတွက်အားလုံးပေါင်း ၅ သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ခုလိုရွှေ့ပြောင်းလုပ်သားတွေများပြားလာတာနဲ့အတူ တစ်ဖက်မှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လုပ်ခလစာ ငွေကြေးခေါင်းပုံဖြတ်ခံရမှုတွေကို မကြာခနကြုံတွေ့လာရတယ်လို့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေပြောပါတယ်။ ဒါကြောင့် ဒီလိုဖြစ်စဉ်တွေ ပိုမိုဆိုးရွားလာတာဟာ ဘယ်လိုအချက်တွေကြောင့်လဲ၊ ဘယ်သူတွေက ‌ရွှေ့ပြောင်းလုပ်သားတွေကိုအကာအကွယ်ပေးဖို့တာဝန်ရှိလဲ၊ ဘယ်လိုနည်းလမ်းမျိုးနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကာကွယ်ပေးသင့်လဲဆိုတာနဲ့ပက်သက်ပြီး အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့အပြင် လက်ရှိ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်း(Foundation For Education and Development- FED)အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကိုဆက်သွယ်မေးမြန်းထားပါတယ်။ မေး– မင်္ဂလာပါဆရာ ဆရာ့နာမည်နဲ့တာဝန်ယူထားတဲ့ အပိုင်းကို အရင်မိတ်ဆက်ပေးပါအုံးဗျ။ ဖြေ – ကျွန်တော်ကတော့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်း အဖွဲ့အစည်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ဖြစ်ပါတယ်။ မေး – ပထမဆုံးအနေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ငွေကြေးခေါင်းပုံဖြတ်ခံရမှုတွေကို မကြာခနကြားနေရတယ်ဗျ ဆိုတော့ ဒီလိုအခြေအနေတွေက ဘာကြောင့်ဖြစ်လာရတယ်လို့ ဆရာ့အနေနဲ့ မြင်မိပါလဲ။ ဖြေ–အဓိကတော့အစိုးရတွေကနေပြီးတော့ ကိုယ့်ရဲ့နိုင်ငံသားတွေကိုအလုပ်သမားအခွင့်အရေးရအောင် တိတိကျကျထဲထဲဝင်ဝင် အင်တိုက်အားတိုက် ဆောင်ရွက်ခြင်းမရှိတာက အဓိလို့ကျွန်တော်ကတွေ့ရတယ် တစ်ချိန်ထဲမှာဘဲ အလုပ်သမားတွေကအရမ်းများလာတဲ့အချိန်မှာ လုပ်ငန်းရှင်တွေအနေနဲ့က အလုပ်ကိုဈေးပေါပေါနဲ့ခိုင်းတာတို့ အလုပ်သမားအခွင့်အရေးနဲ့မညီညွှတ်ဘဲခိုင်းမယ်ဆိုရင်တောင်နောက်ထပ်အလုပ်သမားအသစ်တွေကရှိနေတာမျိုး‌ပေါ့။ ဆိုတော့ အဲဒီအ‌ပေါ်မှာအခြေခံပြီးတော့ နေစဉ်နဲ့အမျှအလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ မေး –…

    Read More »
  • Oct- 2023 -
    20 October
    အင်တာဗျူး

    အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်ကလူငယ်တစ်ချို့ဘယ်လိုရုန်းကန်နေကြလဲ (ဆက်သွယ်မေးမြန်းချက်)

    မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှုတွေက အရင် ကထက် သိသိသာသာ လျော့နည်းလာနေတဲ့အပြင် ၂၀၂၃ ခုနှစ်အတွင်း အလုပ်လက်မဲ့နှုန်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများအတွက် လိုအပ်တဲ့ အချက်အလက်များ မျှဝေကူညီပေးနေတဲ့ အဖွဲ့အစည်း Trading economics ရဲ့ လူမူကွန်ယက်စာမျက်နှာနဲ့ဝဒ်ဆိုက်တွေမှာ ဒီနှစ်…

    Read More »
Back to top button