ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီခန့်က အောင်ဟိန်းမင်းခေါင်းဆောင်သည့်အဖွဲ့မှ လူသုံးဦးကို သေနတ်ထောက်ကာ ငွေလုယက်မှုပြုလုပ်ခဲ့သည်ဆိုပြီး မဟုတ်မမှန် သတင်းအမှား ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို အောင်ဟိန်းမင်းနှင့်ပတ်သက်၍ မကြာခန ဝါဒဖြန့် သတင်းအမှားရေးသားနေသော “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် အောက်တိုဘာလ (၃) ရက်နေ့တွင် စတင်ရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ဖော်ပြထားသော အကြောင်းအရာမှာ “အောင်ဟိန်းမင်းခေါင်းဆောင်သည့် KIA/PDF အဖွဲ့မှ ဖားကန့်တွင် သေနတ်ထောက်ကာ
အောင်ဟိန်းမင်း ခေါင်းဆောင်သည့် KIA/PDFအဖွဲ့မှ ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာရှိ ဒေသခံလူငယ်အချို့ကို အတင်းအဓမ္မဖမ်းဆီးခေါ် ဆောင်သွားပြီး ငွေကြေးပစ္စည်းများအား လုယူသွားကြောင်းသိရသည်ဆိုပြီး သတင်းအမှား တစ်ခု ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ‘ဗလမင်းထင်’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်သည် “Manaw Myay” “Oo Sitt” “Kachin Land” အကောင့်များနှင့်အတူချိတ်ကာ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ဖော်ပြထားသောအကြောင်းအရာတွင် “ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာရှိ ဒေသခံ လူငယ် ၁၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်တွင် အောင်ဟိန်းမင်းခေါင်းဆောင်သည့် PDF အဖွဲ့မှ သေနတ်နှင့် လက်ပစ်ဗုံးကိုင်ဆောင်ကာ ပိုက်ဆံလုယက်ခဲ့သည်ဟု သတင်းအမှားဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ‘ဗလမင်းထင်’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်နှင့်အတူ အခြားစစ်တပ်နှင့် ဆက်နွယ်သော အကောင့်များတွင် ချိတ်ဆက်ကာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ဖော်ပြထားသော အသေးစိတ်အကြောင်းအရာမှာ “ကချင်ပြည်နယ် ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်၌ ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် အောင်ဟိန်းမင်း ခေါင်းဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်၍
‘ဖားကန့်မြို့နယ် မှော်ပုံကျေးရွာတွင် စက်တင်ဘာလ (၁၄) ရက်နေ့ PDF အဖွဲ့များ စုဝေးနေချိန် ရုတ်တရက် စီးနင်းတိုက်ခိုက်ခံရမှုကြောင့် PDFအဖွဲ့ဝင်အချို့ သေဆုံးခဲ့ရပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး ခဲ့ရသည်ဟု ဖားကန့် PDF ခေါင်းဆောင် အောင်ဟိန်းမင်း ပြောသည်’ ဟူသော သတင်းအမှားတစ်ခု ထပ်မံ ပြန့်နှံ့နေသည်ကို တွေ့ရသည်။ အဆိုပါ ဝါဒဖြန့် သတင်းအမှားကို စစ်တပ်လော်ဘီ “Manaw Myay” ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုတွင် စက်တင်ဘာလ (၁၅) ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီး “Manaw Myay (မနောမြေ)”
ဖားကန့်မြို့နယ်အတွင်း အခုလအတွင်းမှာပဲ လူအုပ်စုလိုက်ကို လက်နောက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်ထားတဲ့ ဖြစ်စဉ် ၂ ခုအထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် အရင်လတွေကတည်း လူသတ်မှုဖြစ်စဉ် မကြာခဏဖြစ်ပျက်နေမှုနှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်း၏ သဘောထားအမြင်ကို KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ဖားကန့်ဒေသမှာ လူသတ်မှုတွေ ခဏခဏဖြစ်နေတာတွေရှိတယ်၊ ဒီအခြေအနေတွေကို ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ သုံးသပ်ပေးလို့ရမလား။ ဖြေ။ ဖားကန့်ရဲ့အနေအထားက တစ်ခြားနေရာတွေထက် အခုလိုဖြစ်ဖို့ ပိုပြီးတော့ လွယ်နေတယ်။ ပထမအချက်အနေနဲ့