Fact Checkသတင်း

အောင်ဟိန်းမင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်သည် ဆိုပြီး သတင်းအမှားဖြန့်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်တွင် အောင်ဟိန်းမင်းခေါင်းဆောင်သည့် PDF အဖွဲ့မှ သေနတ်နှင့် လက်ပစ်ဗုံးကိုင်ဆောင်ကာ ပိုက်ဆံလုယက်ခဲ့သည်ဟု သတင်းအမှားဖြန့်ဝေထားသည်ကို တွေ့ရသည်။

အဆိုပါ သတင်းအမှားကို ‘ဗလမင်းထင်ဆိုသည့် ဖေ့စ်ဘုတ်အကောင့်နှင့်အတူ အခြားစစ်တပ်နှင့် ဆက်နွယ်သော အကောင့်များတွင် ချိတ်ဆက်ကာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ဖော်ပြထားသော အသေးစိတ်အကြောင်းအရာမှာကချင်ပြည်နယ် ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်၌ ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် အောင်ဟိန်းမင်း ခေါင်းဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်၍ ထွက်ပြေးသွားသူကို KIA က ဖမ်းဆီးခေါ်ဆောင်သွားသည်” ဟု ရေးသားထားသည်။

ဒေသတွင်း Kachin Waves သတင်းဌာနတွင် ရေးသားဖော်ပြထားသည်မှာ ပိုက်ဆံလုတဲ့သူက ငယ်သေးတယ်၊ လူငယ်ပဲ။ ပြည်သူတွေက ဝိုင်းဖမ်းလိုက်တယ်။ သူ့ဆီမှာ သေနတ်တစ်လက်နဲ့ လက်ပစ်ဗုံးလည်း ပါတယ်။ ပြည်သူတွေကတော့ ပျူစောထီးဖြစ်နိုင်တယ်လို့ ယူဆနေကြတယ် ဟု ဆိုသည်။ လက်ရှိ လုယက်သူများကို KIA က စစ်ဆေးမေးမြန်းနေကြောင်းလည်း ဖော်ပြထားသည်။

NLD ပါတီဝင် အောင်ဟိန်းမင်းသည် လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူဖြစ်သည်။

ထို့ကြောင့် ဖားကန့်မြို့  ငှက်ပျောတော်ရပ်ကွက်တွင် အောင်ဟိန်းမင်းခေါင်းဆောင်သည့် PDFအဖွဲ့မှ ပိုက်ဆံလုယက်ခဲ့သည် ဆိုသည့် အကြောင်းအရာသည် စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သတင်းများကို ဖတ်ရှုရာတွင် ယုံကြည်ရသော ဒေသတွင်းသတင်း မီဒီယာများ၏ ဖော်ပြချက်များဖြင့် တိုက်စစ်မှသာ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button