Fact Checkသတင်း

‘PDF အဖွဲ့ဝင် အချို့ကျဆုံးပြီး လက်နက်ခဲယမ်းဆုံးရှုံးခဲ့သည်ဟု အောင်ဟိန်မင်း ပြောဆိုခဲ့သည်’ ဟူသော သတင်းအမှား ထပ်မံ ပြန်နှံ့နေ

ဖားကန့်မြို့နယ် မှော်ပုံကျေးရွာတွင် စက်တင်ဘာလ (၁၄) ရက်နေ့ PDF အဖွဲ့များ စုဝေးနေချိန် ရုတ်တရက် စီးနင်းတိုက်ခိုက်ခံရမှုကြောင့် PDFအဖွဲ့ဝင်အချို့ သေဆုံးခဲ့ရပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး ခဲ့ရသည်ဟု ဖားကန့် PDF ခေါင်းဆောင် အောင်ဟိန်းမင်း ပြောသည်’ ဟူသော သတင်းအမှားတစ်ခု ထပ်မံ ပြန့်နှံ့နေသည်ကို တွေ့ရသည်။

အဆိုပါ ဝါဒဖြန့် သတင်းအမှားကို စစ်တပ်လော်ဘီ “Manaw Myay” ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုတွင် စက်တင်ဘာလ (၁၅) ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီး “Manaw Myay (မနောမြေ)” Telegram အကောင့်တွင်လည်း ယနေ့ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ထပ်မံဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ရေးသားထားသော အကြောင်းအရာမှာ “စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖားကန့်မြို့ နယ် မှော်ပုံကျေးရွာရှိ လမ်းသွယ် ၁၀ တွင် PDF အဖွဲ့များ ရောက်ရှိနေကြောင်း ဒေသခံများရဲ့ သတင်းပေးပို့မှုအရ စစ်ကောင်စီပူးပေါင်းအဖွဲ့မှ ရုတ်တရက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ PDF အဖွဲ့ဝင် ၁၅ ဦးခန့်နှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဥ်အတွင်း PDF ဘက်မှ အရှင် ၂ ဦး ဖမ်းမိပြီး၊ PDF အလောင်း ၁ လောင်းနှင့် အမ် ၂၂ သေနတ်တလက်အပါအဝင် ကျည်အိမ်၊ကျည်ဆံများကိုလည်း သိမ်းဆည်းရမိတယ်လို့ PDF ခေါင်းဆောင် အောင်ဟိန်းမင်းပြောဆိုကြောင်း” သတင်းအမှား ဖော်ပြထားသည်။

အထက်ပါ ဖော်ပြချက်မှာ သတင်းအမှားတစ်ခုသာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် NLD အမတ် အောင်ဟိန်းမင်းမှ ၄င်း၏ဖေ့စ်ဘုတ်အကောင့်တွင် ပြန်လည် တုန့်ပြန်ထားသည်မှာ “စစ်အုပ်စု (သို့မဟုတ်) စစ်အုပ်စု လက်ပါးစေတို့၏ ဝါဒဖြန့်ချိရန် အသုံးပြုနေသော Manaw Myay acc သည် မိမိ မပြောသောစကား၊ မိမိမလုပ်သော ကိစ္စများဖြင့် မိမိနှင့် ပြည်သူလူထုကြား၊ မိမိနှင့် PDF ရဲဘော်များကြား၊ မိမိနှင့် မဟာမိတ်အဖွဲ့အစည်းများကြား အထင်အမြင်လွဲမှားအောင် ယုံကြည်မှုနည်းပါးအောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသည်ကို တွေ့ရပါသည်ဟု ယနေ့ စက်တင်ဘာလ (၁၆) ညနေပိုင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ကချင်ဒေသတွင်း မီဒီယာများတွင်လည်း စစ်ကောင်စီတပ် စစ်ကား ၆ စီးဖြင့် မှော်ပုံကျေးရွာသို့ ရောက်လာပြီး ကုန်စုံဆိုင်ပိုင်ရှင် ၂ ဦးကို ဖမ်းဆီးသွားသည်ဟုသာ ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် နေ့စဉ်ဖြစ်ပျက်နေသော တိုက်ပွဲသတင်းများ၊ နေအိမ်မီးရှို့မှုများ၊ သတ်ဖြတ်မှုများနှင့်ပတ်သက်သည့် သတင်းအကြောင်းအရာများကို ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်မှသာ ဖတ်ရှုသင့်ပြီး စစ်တပ်လော်ဘီများ၏ ဝါဒဖြန့် သတင်းများကို ရှောင်ရှားရန် လိုအပ်ပါသည်။

Show More

Related Articles

Back to top button