ဧရာဝတီမြစ်
-
Oct- 2025 -14 Octoberသတင်း
လျှပ်စစ်မီးအဆင်မပြေမှုကြောင့် စစ်ရှောင်ကလေးတွေ စာကျက်ဖို့ အခက်အခဲဖြစ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဧရာဝတီမြစ်တစ်လျှောက် နောင်ချိန်း၊ လဘန်ကျေးရွာ၊ အင်ဂန်းကျေးရွာက စစ်ရှောင်စခန်းတွေမှာ လျှပ်စစ်မီးသေချာမရရှိတာကြောင့် ကလေးတွေအတွက် ညဘက် စာကျက်ဖို့ အခက်ခဲဖြစ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေကနေ သိရပါတယ်။ ပုံမှန်အားဖြင့် ကလေးတွေ စာကျက်ချိန်ဖြစ်တဲ့ ည ၇ နာရီကနေ…
Read More » -
Sep- 2025 -8 Septemberသတင်း
စစ်သင်္ဘောအုပ်စု စုန်ဆင်းလာချိန် လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်လို့ အရပ်သား ၁၁ ဦးသေဆုံး
ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုအတွက် လမ်းကြောင်းရှင်းရင်း စစ်ကောင်စီကလက်နက်ကြီး နဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထီးချိုင့်မြို့နယ်မှာ အရပ်သား ၁၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေ စုန်ဆင်းလာချိန်စစ်ကောင်စီကY 12 ၊…
Read More » -
5 Septemberသတင်း
ဗန်းမော်ရောက် စစ်သင်္ဘောများ ပြန်စုန်ဆင်း
ကချင်ပြည်နယ် ဗန်းမော်ကို ရောက်ရှိနေတဲ့စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်တင်ဘာလ ၅ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်စုန်ဆင်းသွားပြီလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စုစုပေါင်းစစ်သင်္ဘော ၆ စီးလို့သိရပြီး ဒီစုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကို ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့လူအင်အားတွေတင်ပို့ခဲ့တဲ့စစ်သင်္ဘောတွေပဲဖြစ်ပါတယ်။…
Read More » -
Jul- 2025 -21 Julyသတင်း
စစ်သင်္ဘောဆန်တက်လာတဲ့အတွက် မြစ်ကမ်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတင်တိမ်းရှောင်
မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကောင်စီတပ်ရဲ့သင်္ဘောတွေဆန်တက်လာနေတဲ့အတွက် မြစ်ကမ်းနံဘေးနေထိုင်တဲ့ဒေသခံပြည်သူတွေ ဘေးလွှတ်ရာကြိုတင်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သင်္ဘောဆန်တက်ချိန် မြစ်ကမ်းတစ်လျှောက် လေကြောင်း၊ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်မှုတွေရှိနေတဲ့အတွက် မြစ်ကြောင်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတိမ်းရှောင်နေရတာဖြစ်တယ်လို့ ကသာမြို့ဒေသခံအမျိုးသားတစ်ဥိီး ပြောပါတယ်။ “တစ်ချို့ကတော့မနေ့ကတည်းကတိမ်းရှောင်နေကြတယ်။ မော်တော်ကြီးမော်တော်ငယ်တွေနဲ့ကိုရှောင်ကြတာ။ အခြေနေကတော့အားလုံးကစောင့်ကြည့်ပြီးလှုပ်ရှားနေရတာ အဆင်သင့်ပြင်ဆင့်ထားရတာပေါ့ သတင်းကိုအဆက်မပြတ်နားထောင်ပြီးတော့”လို့ပြောပါတယ်။ ဒီတစ်ကြိမ်ဆန်တက်လာတဲ့ သင်္ဘောတွေဟာ စစ်သင်္ဘော ၅ စီး၊ နောက်တွန်းထောက်ပို့သင်္ဘော ၇ စီးဖြစ်ပြီး လက်ရှိ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ အမှတ် (၁၃ )တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တကက ၁၃) မှာရောက်ရှိနေပြီး ပြန်ဆန်တက်ဖို့ပြင်ဆင်မှုတွေလုပ်နေတယ်လို့သိရပါတယ်။ ဒါကြောင့် စစ်သင်္ဘောရောက်နေတဲ့ အထက်ဘက်ကမြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်၊ ကသာမြို့နယ်တွေရဲ့ မြစ်ကမ်းနံဘေးက ကျေးရွာပေါင်းများစွာ စစ်သင်္ဘောနဲ့လေကြောင်းအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်တာ ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ ထီးချိုင့်မြို့နယ်ကဒေသခံတွေကတော့ စစ်သင်္ဘောတွေ မန္တလေးမြို့ကနေစတက်လာတဲ့ ဇူလိုင် ၁၇ ရက်နေ့နောက်ပိုင်းကစလို့ မြစ်ကမ်းနံဘေးတစ်လျှောက်နေထိုင်တဲ့ဒေသခံတွေကို ကြိုတင်ပြင်ဆင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတစ်ဆင့်ဆော်ဩခဲ့ပြီး တိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့နေ့ခင်းပိုင်းမှာ ကသာမြို့နယ်တစ်ဝှိုက် စစ်ကောင်စီရဲ့ Y 12 အမျိုးအစားရဟတ်ယာဥ်တစ်စီးဝဲနေပြီးကင်းထောက်စောင့်ကြည့်တာလုပ်နေတာလို့ ယူဆရကြောင်းဒေသခံတွေကပြောပါတယ််။ “ထီးချိုင့်မြို့နယ်လည်းရှောင်ပြီးပြီ တော်တော်များများကကြောက်နေကြတာ စိုးရိမ်ပူပန်နေကြတာပေါ့။ ညဆိုလည်းလေကြောင်းကိုသတိထားပြီး အိပ်နေရတဲ့အခြေနေဖြစ်နေတာ။ ပြီးတော့ Y12 ကလည်းကသာမြို့နယ်ထဲလာပတ်နေတာ ကြိုတင်ထောက်လှမ်းတဲ့သဘောရှိတယ်”လို့ နောက်ထပ်ကသာမြို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ အဆိုပါစစ်သင်္ဘောတွေဟာ သပိတ်ကျင်း–တကောင်း–ထီးချိုင့်–ကသာ–ရွှေကူ–ဗန်းမော်မြို့ လမ်းကြောင်းအတိုင်း ကချင်ပြည်နယ်အထိတက်လာနိုင်တယ်လို့ဒေသခံတွေနဲ့စစ်ရေးအခြေနေစောင့်ကြည့်သူတွေကခန့်မှန်းထားကြပါတယ်။ တစ်ဖက်မှာအခုလို စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့မြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကိုပစ်ခတ်လေ့ရှိသလို မြေပြင်စစ်ကြောင်းထိုးတာလေကြောင်းတိုက်ခိုက်တာတွေလုပ်လေ့ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းနှစ်စဥ်ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ညနေပိုင်းကလည်း စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လမ်းကြောင်းရှင်းလေကြောင်းပစ်ခတ်တာကြောင့် ဝက်လက်မြို့နယ်ထဲကကျေးရွာ ၃ ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား ၂၀ ကျော်သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ကသာ၊ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ရိက္ခာတွေဖြည့်တင်းနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွက်အရေးပါတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ကိုကာကွယ်ဖို့စစ်လက်နက်နဲ့ရိက္ခာတွေကိုရတဲ့နည်းနဲ့ သယ်ယူပို့ဆောင်ဖို့ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ By – အမိုး
Read More » -
Jun- 2025 -18 Juneသတင်း
လူပေါင်းတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်ရဲ့ရေကြီးရေလျှံမှု
ရေကြီးရေလျှံမှု ၂ နှစ်ဆက်တိုက်ကြုံတွေ့ခဲရတဲ့ ကချင်ဒေသမှာ ဒီနှစ်မှာလည်း မေခ၊မလိခမြစ်ရေ၊ဧရာဝတီမြစ်ရေမြင့်တက်မှ၊တောင်ကျချောင်းရေလျှံမှုကြောင့် အရပ်သားပြည်သူတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး ပြည်သူ ၆ ဦးသေဆုံးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မေလ ၂၃ ရက်နေ့ကစပြီး ဇွန်လ ၂ ရက်နေ့အထိ ကချင်ပြည်နယ်အထက် ချီဖွေ၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး၊လန်ဆယ်၊ ဆဒုံး၊ကံပိုက်တည်နဲ့ ဝိုင်းမော်၊…
Read More » -
2 Juneသတင်း
မြစ်ရေတက်နေတဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာတချို့မှာ သွားလာရေးအတွက် ငွေကျပ် ၆ သောင်းထိ ကုန်ကျနေရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာ လမ်းနေရာတချို့မှာ ဧရာဝတီမြစ်ရေမြင့်တက်နေပြီး လမ်းတစ်ခါ ဖြတ်ကူးနိုင်ဖို့ ငွေကျပ် ၆ သောင်းခန့်အထိ ပေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ လက်ရှိ အင်ဂန်းကျေးရွာကနေ ထွက်နိုင်ဖို့အတွက် ရေကြီးသွားတဲ့ နေရာ ငါးခုလောက်ရှိပြီး ဆိုင်ကယ်နဲ့ ဖြတ်မရတဲ့အတွက် စက်လှေတွေကို အသုံးပြုနေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း…
Read More » -
Apr- 2025 -24 Aprilသတင်း
ကချင်ပြည်နယ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေလို့ ဧရာဝတီမြစ်ရေမြင့်တက်လာ
ကချင်ပြည်နယ် အထက်ပိုင်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းလို့ မေခ၊ မလိခမြစ်ရေကြီးပြီး ဧရာဝတီမြစ်ရေမြင့်တက်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ ဧပြီလ ၂၁ ရက်နေ့ကစလို့ ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ပန်းနန်ဒင်၊နောင်မွန်း၊ဆော့လော်၊ခေါင်လန်ဖူးနဲ့လန်ဆယ်ဒေတစ်လျှောက်မှာ မိုးဆက်တိုက်ရွာသွန်းနေပြီး ချောင်း၊တံတားပျက်စီးတဲ့အထိ မိုးကြီးနေတယ်လို့ သိရပါတယ်။ အဲဒီနောက် ဧပြီလ ၂၃ ရက်ညစပြီး မေခ၊မလိမြစ်ရေစတင်မြင့်တက်လာတာလို့…
Read More » -
11 Aprilသတင်း
ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံးရေရှားပါးတဲ့ပြဿနာ ကြုံနေရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ သောက်သုံးရေ ရှားပါးတဲ့ပြဿနာကြုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ အဓိကအားဖြင့် ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိနောင်ချိန်း၊လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ သောက်ရေနဲ့ သုံးရေ ရှားပါးတဲ့ ပြဿနာကို ကြုံနေရတယ်လို့ KNG ကိုပြောပါတယ်။…
Read More » -
Mar- 2025 -11 Marchသတင်း
ဧရာဝတီမြစ်ကမ်း ရွှေတူးဖော်မှုကိုတားမြစ်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ထံစာတင်ပြတောင်းဆိုမှု အကြောင်းမပြန်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက် ရွှေတူးဖော်မှုနဲ့သဲကျောက်ထုတ်ယူမှုတွေကို တားမြစ်ပေးဖို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ ဒေသခံတွေစာတင်ပြတောင်းဆိုထားပေမယ့် တစ်လခန့်ကြာလာတဲ့အထိ အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ တစ်နှစ်ပြီးတစ်နှစ်အထိန်းအကွပ်မရှိ ရွှေတူးဖော်မှုတွေကြောင့် ဧရာ၀တီမြစ်နဲ့သဘာ၀ပတ်ဝန်းကျင် ဆိုးရွားစွာပျက်စီးလာတဲ့အတွက် မြစ်ကမ်းနံဘေးနေထိုင်တဲ့ဒေသခံတွေအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်အစိုးရအဖွဲ့ထံ စာတင်ပြတောင်းဆိုထားတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ဒီနေရာတွေမှာ အမြဲတမ်း စက်ယန္တရားကြီးတွေနဲ့ ရွှေမတူးဖော်ဖို့၊ စက်ယန္တရားကြီးတွေကို လုံး၀ အဝင်မခံဖို့။ အခုက သဲကျောက်ထုတ်တယ်ဆိုပြီး ရွှေပါတစ်ခါတည်း တူးဖော်နေရော။ ဒီလိုမျိုး သူတို့က ခွင့်ပြုချက်ရထားတယ်ဆိုပြီး အားလုံးပါမစ်လျှောက်ထားပြီးသားဆိုပြီး သဲကျောက်ကောက်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရွှေတူးဖော်တာတွေ ဆိုးဆိုးရွားရွား လုပ်လာတယ်။ ဒါကြောင့် အခုဒေသခံတွေလိုချင်တာက ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်အစိုးရပဲတက်တက် ဒါတွေကိုတော့ လုံး၀ ရပ်နားလိုက်ဖို့ တောင်းဆိုတာဖြစ်တယ်”လို့ ဧရာ၀တီမြစ်အနီးနေထိုင်သူ ဒေသခံတစ်ဦးကပြောပါတယ်။ ဒါပေမဲ့ လက်ရှိချိန်ထိ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတွေရဲ့စာတင်ပြတောင်းဆိုမှုကို တစ်စုံတရာအကြောင်းပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုထားတဲ့စာမှာ အဓိကအားဖြင့် မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အာလမ်၊ အူဗျစ်၊ ဒွမ်ဂန်၊ လမုန်ဇွပ်နဲ့ တန်ဖရဲ– စတဲ့ကျေးရွာတွေရဲ့ နယ်နိမိတ်ဧရိယာအတွင်းရှိ ဧရာ၀တီမြစ်ကမ်းတစ်လျှောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်တာ၊ သဲကျောက်ထုတ်ယူတာတွေကို တားမြစ်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတာလို့ ဆိုပါတယ်။ မြစ်ကြီးနား – ဆွပ်မရာဘွမ်လမ်းမကြီးနဲ့ ဧရာ၀တီမြစ်ကမ်းပေါ်မှာရှိတဲ့ အာလမ်ကျေးရွာအုပ်စုထဲမှာ အိမ်ခြေစုစုပေါင်း (၁၀၀၀) ခန့်ရှိပြီး လူဦးရေ (၈၀၀၀) ကျော်ရှိကာ ဧရာ၀တီမြစ်ဆုံအထိ အရေးပါပြီးမြစ်ကြောင်းတစ်လျှောက်ကို အစိုးရအဆက်ဆက်ကာကွယ်စောင့်ရှောက်ထားတဲ့ နေရာတွေဖြစ်တယ်လို့ တောင်းဆိုစာမှာ ဖော်ပြထားပါတယ်။…
Read More » -
Oct- 2024 -28 Octoberသတင်း
ရွှေကူမှာ ရွှေဖောင်အစီးရေ ၁၀၀ ဝန်းကျင်နဲ့ ရွှေပြန်လည်တူးဖော်နေ
ကချင်ပြည််နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင်ရွှေတူးဖော်မှု အလွန်အကျွံလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေကူမြို့အနီးဝန်းကျင်မှာရွှေဖောင်ကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေလုပ်နေတယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြီးခဲ့တဲ့ ၈ လကုန်ပိုင်းလောက်ကတော့ တစ်စီးစနှစ်စအဲ့လိုရွှေဖောင်တွေနဲ့စတူးလာတာပဲ အခုနောက်ပိုင် တစ်လနီးနီးရှိပြီအများကြီးဖြစ်လာတယ် အခုရွှေဖောင်တွေနဲ့ပြည့်နေတာတချို့နေရာတွေဆို တအားကိုတူးနေကြတာ ရွှေလည်းအရမ်းရကြတယ်တဲ့”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ရွှေကူနယ်မှာ ရွှေဖောင်အစီး ၁၀၀ ထက်မနည်းရှိတယ်လို့သိရပြီး အများစုက ငပေါက်ဝကျေးရွာအနီးတစ်ဝိုက်၊ ဆင်တပ်ရွာအောက်ဘက်တွေမှာများဆုံးတူးနေကြပြီး ကုန်းကျင်းမဟုတ်ဘဲ ရွှေဖောင်အကြီးကြီးတွေနဲ့ရေငုတ်ကျင်းတူးတာလို့ ဒေသခံတွေပြောပါတယ်။ ရွှေတူးဖော်ကြတဲ့သူတွေထဲမှာ ရွှေကူနယ်ခံတွေလည်းပါဝင်သလို ဗန်းမော်၊မြစ်ကြီးနား၊စစ်ကိုင်းဘက်က လာရောက်တူးဖော်ကြတဲ့သူတွေလည်းရှိတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ကျွန်တော့်သူငယ်ချင်းတွေက အစက ဆင်ဘို၊တာလောကြီးတစ်လျှောက်မှာတူးတာရွှေမရလို့ဆိုပြီး ရွှေကူဘက်ဆင်းသွားတယ် နှစ်ပတ်ရှိပြီအဲ့မှာရွှေအရမ်းရကြလို့တဲ့ပြန်ကိုမလာတော့ဘူး”လို့ ရမ်ပူကျေးရွာနေအထက်ဖော်ပြပါအမျိူးသားကပြောပါတယ်။ ရွှေကူနယ်ထဲမှာ အခုလိုမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်တာတွေအများအပြားလုပ်ဆောင်နေတာကြောင့် မြစ်ကြောင်းပျက်စီးနေတာကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သီးနှံစိုက်ခင်းတွေပျက်စီးထိခိုက်လာမှာနဲ့ ကမ်းပါးပြိုကျလာမှာကို ဒေသခံတွေအထူးစိုးရိမ်နေကြတယ်လို့သိရပါတယ်။ ရွှေကူနယ်ထဲပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ဧရာဝတီမြစ်ကြောင်းတစ် လျှောက်ရွှေဖောင်တွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေ အများအပြားရှိခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာ၊ စစ်ကောင်စီတပ်တွေက ရွှေဖောင်တွေကိုဖမ်းဆီးတာ၊ မီးရှိူ့တာတွေကြောင့် အခုလိုရွှေတူးဖော်တာမရှိသလောက်ဖြစ်ခဲ့ပေမယ့်လက်ရှိပြန်လည်ပြီးတူးဖော်လာနေတာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်အာဏာသိမ်းတဲ့နောက်ပိုင်းမှာ့တော့ ကချင်ပြည်နယ်ထဲက ပူတာအို၊ရွှေကူ၊ဗန်းမော်၊ အင်းတော်ကြီးဒေသ စတဲ့နေရာတွေဟာ အလွန်အကျွ့ရွှေတူးဖော်မှုပြုလုပ်လာနေတဲ့နေရာတွေဖြစ်ပြီး ရွှေကူမြို့အနီးဝန်းကျင် ရွှေတူးဖော်မှုကိုတော့ စစ်တပ်နဲ့ KIA လက်နက်ကိုင်နှစ်ဖက်စလုံးကို အခွန်ပေးဆောင်ပြီး တူးဖော်နေကြတာလို့ ဒေသခံတွေပြောပါတယ်။ ခုလို ဧရာဝတိီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုတွေ စည်းမဲ့ကမ်းမဲ့လုပ်ဆောင်နေတာကြောင့် မြစ်ကြောင်းပျက်စီးတာ၊မြစ်လက်တက်တွေ ပြောင်းလဲလာတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဟာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတဲ့အတွက် မိုးရေကြီးတာ၊ရေကြီးရေလျှံတာလည်း ပိုဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More »









