သတင်း

မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေမြင့်တက်လာလို့ လူဦးရေ ၄၀၀ ကျော် ညတွင်းချင်းနေရာရွှေ့ပြောင်းရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေမြင့်တက်လာတဲ့အတွက် မြို့ပေါ်ကမြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်နေလို့ နေအိမ်တစ်ချို့ဘေးလွှတ်ရာကိုရွှေ့ပြောင်းနေရတယ်လို့ လူမှုကူညီရေးအသင်း အဖွဲ့တွေဆီကသိရပါတယ်။

ဧရာဝတီမြစ်ရေဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကစလို့တစ်ဖြည်းဖြည်းမြင့်တက်နေတာဖြစ်ပြီး မနေ့ကညပိုင်း ၁၀ နာရီလောက်မှာတော့ ရေတက်နှုန်းမြန်လာတဲ့အတွက် ညတွင်းချင်းဒေသခံတွေနေရာပြောင်းရွှေ့ခဲ့ရတယ်လို့ ဧရာဝတီဂရုဏာအခမဲ့လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ရွှေ့ပြောင်းရတာကတော့ လူနေအိမ်တော်တော်များတယ် လူအရေအတွက်က ၄၀၀ လောက်ရှိတယ်ဒီရပ်ကွက်တွေက မြေနိမ့်ပိုင်းတွေ ကျနော်တို့စကယ်တုန်းက ခါးလောက်ရှိတယ်အဲ့ဒီကနေ ရင်ဘတ်လောက် ထိရောက်လာတာ “ လို့ပြောပါတယ်။

ဧရာဝတီဂရုဏာလူမှုကူညီရေးအသင်းအဖွဲ့အပါအဝင် မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကူညီရေးအသင်းတော် တော်များများကညတွင်းချင်းကယ်ဆယ်ရေးတွေလုပ်ခဲ့ရပြီး  နာရီကြာကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရတယ် လို့သိရပါတယ်။

ရေဝင်ရောက်တဲ့ရပ်ကွက်တွေကတော့ အနောက်လယ်ကုန်းရပ်ကွက်၊ ရမ်ပူရပ်ကွက် နဲ့ ကြက်ပေါက်ခြံ ရပ်ကွက်တို့ဖြစ်ပြီး နှစ်စဥ်ရေကြီးလေ့ရှိတဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်ပါတယ်။

အခုလို မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်လေ့ရှိတာ နှစ်စဥ်ပုံမှန်ဖြစ်နေပြီဖြစ်ပြီး ဒီနှစ်မှာတော့ လူနေအိမ်ခြေတွေ မြင့်တက်လာတဲ့အတွက် ရွှေ့ပြောင်းကယ်ဆယ်ရတာပိုကြာသွားတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ မေလ ၃၀ ရက်နေ့မှာတော့ မြစ်ရေကအနည်းငယ်ပြန်ကျသွားပြီဖြစ်ပြီး လက်ရှိအခြေနေကို မြစ်ကြီးနားမြို့ခံတစ်ယောက်ကအခုလိုပြောပါတယ်။

“ တစ်နေ့ကတည်းကမြစ်ရေကစတက်တာ မနေ့ကတော့တော်တော်လေးတက်လာတာ ကျနော်တို့ မန်ခိန် ဘက်မှာ တောင် ကမ်းပါးရောက်ဖို့တောင်လူတစ်ရပ်လောက်ပဲလိုတယ်။ ဒီနေ့တော့နည်းနည်းကျသွား တယ်။ မနေ့ကတော့ မြို့ထဲမြေနိမ့်ပိုင်းရပ်ကွက် တိရစ္ဆာန်တွေရောဆွဲထုတ်ခဲ့ရတယ်ကြားတယ်။လို့ပြောပါတယ်။

 ဧရာဝတီမြစ်ရေမြင့်တက်လာတာနဲ့အတူ မြစ်ကြီးနားမြို့မှ ရေဝင်နိုင်တဲ့လမ်းကြောင်း  ခုထိရှိတာ ဖြစ်ပြီး လယ်ကုန်း၊ ဇီးလွန်၊ ကျွန်းပင်သာ၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ကွက်သစ်၊ စီတာပူ စတဲ့ရပ်ကွက် တွေပဲဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ကချင်ပြည်နယ်ချီဖွေမြို့မှာလည်း ရေကြီးရေလျှံဖြစ်ပေါ်နေပြီး ရေဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ စစ်ရှောင်ပြည်သူများအတွက် အကူအညီများလိုအပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းနဲ့ကချင်အစပ် နာဂဒေသ လဟယ်မြို့နယ်တွေမှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပြိုတာတွေကြောင့် နေအိမ်မျှောပါသွား တဲ့အခြေနေတွေပါဖြစ်နေတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button