ကန်ပိုင်တည်

  • Nov- 2024 -
    14 November
    သတင်း

    မြစ်ကြီးနား-ကန်ပိုက်တည်လမ်းပိုင်း အကန့်အသတ်ဖြင့်ပြန်ဖွင့်

    ကချင်ပြည်နယ် မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်တွေရှိနေသေးတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ စစ်ရေးအခြေနေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကနေ အောက်တိုဘာလ ၁၉ ရက်နေ့ထိ ပိတ်ထားတဲ့ မြစ်ကြီးနား–ကန်ပိုက်တည်လမ်းပိုင်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၆ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ပြီလို့ ကံပိုက်တည်ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဘက်က ခရီးသည်သွားလာခွင့်၊ စက်သုံးဆီကားကြီးဖြတ်ခွင့်မပြုဘဲ ကန့်သတ်ထားတယ်လို့ မြစ်ကြီးနား– ကံပိုက်တည် ကားသမားတစ်ဦး KNG ကို ပြောပါတယ်။ “ကန်ပိုက်တည်ကပြန်ဖွင့်ပေမယ့် လူမရပါဘူးကွာ ကားပေါ်မှာ ကားသမားနဲ့စပယ်ယာပဲ လူနှစ်ယောက်ထက်ပိုမပါရဘူး ခရီးသည်ပါရင် ဗလမင်းထင်နဲ့ ဝိုင်းမော်ကနေလှည့်ပြန်ခိုင်းတယ်”လို့ အသက် ၃၀ ကျော်အရွယ် ကားသမားအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနား–ဝိုင်းမော်ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားမှာ စစ်ဆေးမေးမြန်းနေပြီး ကံပိုက်တည်ဘက်တက်တဲ့ခရီးတင်ကားတွေ ခရီးသည်တင်ခွင့်ကန့်သတ်နေတာလို့ သိရပါတယ်။ ဒါ့အပြင် ကံပိုက်တည်မြို့မှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ ကံပိုက်တည်ကနေထွက်ခွာမယ့် ခရီးသည်နဲ့စက်သုံးဆီတင်ကား၊ ကုန်ကားကြီးတွေကိုလည်းတားမြစ်ထားပြီး လူသုံးကုန်ပစ္စည်းတစ်ချို့ကို ကားအသေးနဲ့တင်ခွင့်ပြုနေတယ်လို့လည်း နောက်ထပ်ကားသမားတစ်ဦး ခုလိုဆက်ပြောပါတယ်။ “အခုက ဘယ်လိုကားတွေသွားလဲဆိုတော့ ကားသေးလေးတွေပါ Alphard တို့လိုကားတွေသွားတယ် ဆပ်ပြာမုန့်တို့၊ သွားတိုက်ဆေး၊ ဆပ်ပြာတို့ အချိုရှည်တို့လောက်ပဲတင်ခိုင်းတာ လူသုံးကုန်လောက်ပဲ ဒါတောင်ကားကြီးနဲ့မရဘူး”လို့ ပြောပါတယ်။ မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေးလိုက်တဲ့အတွက် မြစ်ကြီးနားမှာ တရုတ်ဘက်ကဝင်တဲ့ လူသုံးကုန်ပစ္စည်းအနည်းငယ်စျေးပြန်ကျလာတယ်လို့ မြစ်ကြီးနားဒေသခံတွေပြောပါတယ်။ သို့သော် စက်သုံးဆီကန့်သတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၉၀၀၀ (ကိုးထောင်) နဲ့၁၀၀၀၀ (တစ်သောင်း)  ကြားမှာရှိနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ကထိန်းချုပ်ထားဆဲဖြစ်တဲ့ ကန်ပိုက်တည်ဂိတ် လက်ရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဦးဇခုန်တိန့်ယိန့် နယ်ခြားစောင့်တပ်ဖွဲ့အများအပြား တပ်ထိုင်ထားတယ်လို့ သိရပါတယ်။ မြန်မာ–တရုတ်နယ်နိမိတ်ချင်းဆက်မှာရှိနေတဲ့ ကချင်အထူးဒေသ (၁) ရဲ့မြို့တော်ပန်ဝါမြို့ကို KIAနဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ရုတ်တရက်ပိတ်လိုက်ပေမယ့် ကန်ပိုက်တည်ဂိတ်တစ်ခုသာ ဖွင့်ပေးထားတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2024 -
    22 October
    တိုက်ပွဲ

    BGF စခန်းတွေကို အချိန်တိုအတွင်းသိမ်းနိုင်တာဟာ KIA ရဲ့ စစ်ရေး၊နိုင်ငံရေးကို နားလည်သဘောပေါက်လာတာကြောင့်ဖြစ်တယ်လို့ KIO ပြော

    ကံပိုင်တည်မြို့စောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်အပါအဝင် BGF စခန်းသိမ်းပိုက်မှုမြန်ဆန်လာတာဟာ KIA ရဲ့နိုင်ငံရေး၊စစ်ရေးကို BGF တပ်အနေနဲ့ နားလည်သဘောပေါက်လာတဲ့အတွက်ဖြစ်တယ်လို့ KIO ပြောပါတယ်။ ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာကို  KIA ပူးပေါင်းတပ်ဘက်က တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ခုလိုနယ်ခြားစောင့်တပ်တွေရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာအပါအဝင်  BGF စခန်းတွေအချိန်တိုအတွင်းသိမ်းပိုက်လိုက်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “စခန်းကိုတော့ မနေ့ ညနေ ၅ နာရီလောက်မှာ သိမ်းပိုက်လိုက်တယ်။ တိုက်ပွဲက ဘယ်အချိန်လောက်မှာ စဖြစ်တာလဲတော့မသိဘူး။ စခန်းသိမ်းတာမကြာလိုက်ဘူး အဓိကတော့ BGF ၁၀၀၃ တပ်ရင်းဌာနချုပ်ဖြစ်တယ်။ အဲမှာက ကျနော်တို့ လူမျိုးချင်းတူတဲ့ အဖွဲ့တွေရှိတဲ့ တပ်ရင်းနေရာဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း KIO/KIA ရဲ့ နိုင်ငံရေး၊ စစ်ရေးကို နားလည်သဘောပေါက်ပြီးတော့ တိုက်ပွဲက အရမ်းကြီးခုခံတိုက်ခိုက်တာတွေသိပ်မလုပ်ဘဲ အမြန်သိမ်းပိုက်လိုက်တယ်လို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ နယ်ခြားစောင့်တပ်တွေဟာ KIO/KIA ရဲ့ လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေကို နားလည်သဘောပေါက်ရုံတင်မကပဲ လူမျိုးအချင်းအချင်း ခိုက်ရန်မလိုလားတဲ့အတွက်လည်း အချိန်အကြာကြီးခုခံတိုက်ခိုက်တာမလုပ်တဲ့အတွက် အမြန်ဆုံးသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပြောဆိုထားတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ အောက်တိုဘာလ ၁၅ ရက်နေ့ ၁၀၀၂ လုပီတပ်ရင်းဌာနချုပ်၊ အောက်တိုဘာလ ၁၉ ရက်မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါမြို့သိမ်းလိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ ကံပိုင်တည်မြို့အနီး စင်ကြိုင် ၁၀၀၃  တပ်ရင်း အောက်တိုဘာလ ၂၂ ရက်နေ့ သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ စင်ကြိုင်ကျေးရွာရှိ ၁၀၀၃ တပ်ရင်းဌာချုပ်မသိမ်းခင် ရှေ့တန်းကာကင်းစခန်းတွေဖြစ်တဲ့  လဖိုင် (Lahpai) ဝေါ့ချုံး (Waw Hkyung) ၊ မဂါး(Maga) စတဲ့စခန်းတွေကို KIA ဘက်က အောက်တိုဘာလ ၁၆ ရက်နေ့စပြီး ထိုးစစ်ဆင်တိုက်ခိုက်ရာ အောက်တိုဘာလ ၂၁ ရက်သိမ်းပိုက်နိုင်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၂ ရက်နေ့ သိမ်းပိုက်ထားတဲ့ အမှတ် ၁၀၀၃ တပ်ရင်းနေရာဟာ နှစ်ပေါင်းကြာရှည်စွာ ကံပိုင်တည်ဒေသအတွင်း ဘိန်းစိုက်ပျိုးရေးအတွက်လည်း အဓိက လုံခြုံရေးယူထားပေးတဲ့ နယ်ခြားစောင့်တပ်ရင်းတစ်ခုဖြစ်သလို စစ်ရေးဗျူဟာအရလည်း အလွန်အရေးပါတဲ့ တပ်ရင်းနေရာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “ဒီနယ်ခြားစောင့်တပ်ရင်းက ကန်ပိုင်တည်သွားလမ်းနဲ့ မြို့နေရာကို အဓိက ကာကွယ်ပေးထားတဲ့ တပ်ရင်းဖြစ်တယ်။ ပြီးရင် နောက်တစ်ခုက အဲဒီဒေသမှာ ဘိန်းအရမ်းစိုက်ကြတယ်။ စင်ကြိုင်၊ ဝေါ့ခရုန်း(Waw Hkyung) ၊ မဂါး(Maga) တစ်ကြောပတ်ပတ်လည်လည် ဘိန်းစိုက်တဲ့ နေရာတွေပဲ။ အဲဒီ ဘိန်းစိုက်ပျိုးတဲ့ ပြည်သူတွေကိုလည်း လုံခြုံရေးပေးနေတဲ့ တပ်လည်းဖြစ်တယ်”လို့ပြောပါတယ်။ အဲဒီဒေသတစ်ခုလုံကို ယခင်က KIO/KIA က ဦးဆောင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး(Pat Jasan Magam)လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့်  ထိရောက်မှုမရှိဘဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အလွန်ခက်ခဲတဲ့ နေရာဒေသတွေဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့  ၂၀၁၆ ဝန်းကျင်ကတည်းမှာ KIA အဖွဲ့တွေ အဲဒီဒေသမှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်းနေရာတွေကို လိုက်လံ ခုတ်ထွင်ရှင်းလင်းချိန်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်တာတွေ၊ Pat Jasan အဖွဲ့တွေကိုလည်း မိုင်းနဲ့ ချိန်ပစ်ဖောက်ခွဲခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ ဆက်သိရပါတယ်။ ဒါကြောင့် KIA ပူးပေါင်းတပ်တွေဟာ ဆဒုံးနဲ့ ကန်ပိုင်တည်ကြားက စင်ကြိုင် နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်လိုက်တာဟာ စစ်ရေးအရတင်မဟုတ်ဘဲ ကံပိုင်တည်ဒေသအတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးတဲ့ လုပ်ငန်းတွေကိုပါ တားဆီးလာနိုင်တော့မှာဖြစ်တယ်လို့ ပြည်သူတစ်ချို့ သုံးသပ်ပြောဆိုနေကြပါတယ်။ စင်ကြိုင် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီးနောက် KIA ရဲ့ စစ်ဆင်ရေးက ကံပိုင်တည်မြို့ အနီးတဝိုက်မှာ ရောက်ရှိနေသလို တိုက်ပွဲတွေလည်းဆက်ဖြစ်နေပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့အတွက်လည်း တာဝန်ရှိသူတွေ ညှိနှိုင်းမှုတွေရှိနေတယ်လို့ သိရပြီးတော့ တစ်ချို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဒီရက်ပိုင်းအတွင်းမှာတင် ကံပိုင်တည်မြို့ကိုပါ ထပ်သိမ်းလာနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။…

    Read More »
  • Jun- 2024 -
    13 June
    သတင်း

    ကန်ပိုင်တည်မှာ ကုန်တင်ကားနဲ့ အိမ်စီးကား ၅၀၀ ဝန်းကျင်သောင်တင်နေ

    ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ခရီးသည်ကားနဲ့ ကုန်တင်ကားအစီးရေ ၅၀၀ ဝန်းကျင်လောက်က  တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့မှာ သောင်တင်နေတာ ၄ ရက်လောက်ရှိလာပြီလို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက ဝိုင်းမော်ဘက်ခြမ်း ဂေါ်ဆက်ယန် ၁၃ မိုင်စုပေါင်းဂိတ်နေရာနဲ့ ကန်ပိုင်တည်မြို့မရောက်မှီ ၁၀ မိုင်လောက်အကွာရှိတဲ့ ဝေါ့ခရုန်း(Waw Hkyung) စတဲ့နေရာတွေမှာ လုံးခြုံရေးအရသွားလာခွင့်ပိတ်ထားတာကြောင့် ကုန်တင်ကားတွေ သောင်တင်နေတာဖြစ်တယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လမ်းခရီးမှာတိုက်ပွဲတွေဖြစ်နေတော့ လုံခြုံရေးအရ မသွားခိုင်းသေးဘူးလို့ပြောတယ်။ အခုပိတ်ထားတဲ့ နေရာတွေက ၁၃ မိုင်မှာပိတ်ထားတယ်။ ကာတွေ မသွားနိုင်ဘဲ သောင်တင်နေတာ ဒီကနေ့ဆို ၄ ရက်မြောက်ရှိပြီ။ အခုသောင်တင်နေတဲ့ ကားတွေက ကားအစီးရေ ၅၀၀ ဝန်းကျင်လောက်ရှိနိုင်တယ်”လို့ပြောပါတယ်။ လက်ရှိ တိုက်ပွဲကြောင့် ကန်ပိုင်တည်မြို့မှာ သောင်တင်နေတဲ့ ကားအစီးရေ ၅၀၀ ဝန်းကျင်လောက်မှာ ကုန်ပစ္စည်းတင်တဲ့ကား ၃၀၀ ဝန်ကျင်လောက်နဲ့ အိမ်စီးကား ၂၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ အခုလို ကုန်ကားအဝင်မရှိတော့ဘဲ သောင်တင်နေပါက ကုန်စျေးနှုန်းတွေပိုမိုမြင့်တက်လာနိုင်တာတင်မကပဲ ကားသမားတွေလည်း ခက်ခဲလာနိုင်တယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။ “လောလောဆယ် ကားသမားတွေကတော့ ရက်လည်းသိပ်မကြာသေးတော့ ဆက်ပြီးတော့ တောင့်ခံနိုင်အုံးမယ်လို့ထင်တယ်။ ဒါပေမယ့် ဒီထက်ပိုပြီး အချိန်ကြာလာရင်တော့ ခက်ခဲလာမယ်လို့ထင်တယ်။ ပြီးတော့ ကုန်ပစ္စည်းတွေ မဝင်တော့တဲ့အတွက် ပြည်သူတွေက ဒုက္ခတော့ရောက်လာကြလိမ့်မယ်”လို့ပြောပါတယ်။ ကန်ပိုင်တည်မှာ သောင်တင်နေတဲ့ ကုန်ကားတွေကို ဇွန်လ ၁၄ ၊ ၁၅ လောက်မှာ KIA က လမ်းတွေကို ပြန်ဖွင့်ပေးမယ်လို့ သိရပေမယ့် တကယ်ဖွင့်ပေးမှုရှိမရှိက စောင့်ကြည့်ရအုံးမယ်ဖြစ်တယ်လို့ ဆက်ပြောပါတယ်။ ကန်ပိုင်တည်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ဒေသခံပြည်သူတွေကြား ပြောဆိုနေကြတယ်လို့သိရပြီး လက်ရှိမှာ ပြည်သူတွေက ယာယီတိမ်းရှောင်ဖို့ တရုတ်းနယ်စပ်ဘက်ခြမ်း ယာယီတဲတွေထိုးပြီး ပြင်ဆင်နေကြတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ကန်ပိုင်တည်မြို့တွင်းမှာရှိတဲ့ အစိုးရဌာနရုံးတစ်ချို့လည်း ယာယီပိတ်ထားပြီး စာသင်ကျောင်းတွေလည်း ယာယီပိတ်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။ ကန်ပိုင်တည်မြို့နဲ့ အနီးမှာရှိတဲ့ ဆဒုံးမြို့ကို KIA ပူပေါင်းတပ်တွေက ဇွန်လ ၁၁ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်တာကြောင့် KIA ရဲ့ စစ်ဆင်ရေးက ကန်ပိုင်တည်ဘက်ကို ဦးတည်လာပြီး တိုက်ပွဲဖြစ်လာမှာကို ဒေသခံပြည်သူတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 13 June
    စစ်ရေး

    ကန်ပိုင်တည်မြို့မှာ တိုက်ပွဲတွေမဖော်ဆောင်ဖို့ ဒေသအတွင်း လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းနေ

    ဆဒုံးမြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်လိုက်ပြီးနောက် ကန်ပိုင်တည်မြို့မှာ တိုက်ပွဲဖော်ဆောင်တာတွေမလုပ်ပေးဖို့ ဒေသအတွင်းမှာရှိတဲ့ လက်နက်အဖွဲ့ကြား ညှိနှိုင်းဆောင်ရွက် တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကန်ပိုင်တည်မြို့ဟာ ဌာနေပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ နေရာယူထားတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်ပြီး လက်ရှိမှာ KIA ရဲ့ စစ်ဆင်ရေးက ကန်ပိုင်တည်မြို့ဘက်ကို ဦးတည်လာနေတာကြောင့် လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကန်ပိုင်တည် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုပုံစံနဲ့ဆိုရင် တိုက်ပွဲက ဖြစ်လာနိုင်ခြေရှိတယ်။ ဒါပေမယ့် ဒီမှာက အရင်ကတည်းကနေ နယ်ခြား၊ ပြည်သူ့စစ်ဆိုပြီး နေလာခဲ့ကြတယ်ဆိုတော့ လူကြီးပိုင်းတွေက ဆွေးနွေးနေကြတယ်လို့ပြောကြတယ်။ ဆွေးနွေးနေကြတယ်လို့ ပြောတဲ့အထဲမှာက အဓိကတော့ တိုက်ပွဲတွေမဖြစ်အောင် ဆွေးနွေးနေကြတယ်လို့ပဲထင်နေကြတယ်”လို့ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောဆိုချက်အရက ပြည်သူ့စစ်နဲ့ နယ်ခြာစောင့်တပ်တွေက တိုက်ပွဲမဖော်ဆောင်ပေးဖို့ KIA ကိုညှိနှိုင်းပြောဆိုနေတယ်လို့ သိရပြီး အဲဒီဆွေးနွေးမှုမှာ တရုတ်အစိုးရလည်း ပါဝင်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ လက်ရှိမှာ ဒေသအတွင်း လက်နက်ကိုင်အချင်းအချင်း ဆွေးနွေးနေကြတယ်လို့သာ သိရှိရပြီးတော့ ကန်ပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲမဖြစ်ပွားဖို့ ဘယ်လိုပုံစံနဲ့ ညှိနှိုင်းဆွေးနေကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးပါဘူး။ ဇွန်လ ၁၁ ရက်နေ့မှာ KIA တပ်တွေက ဝိုင်းမော်ကနေ ဆဒုံး – ကန်ပိုင်တည်သွားလမ်း တစ်ကြောမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်း စတဲ့ ဗျူဟာမြောက်တပ်စခန်းတွေကို တစ်ရက်ထဲမှာပဲ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KIA ပူပေါင်းတပ်တွေက လက်ရှိမှာ ဆဒုံးမြို့အကျော် ကန်ပိုင်တည်မြို့နဲ့ ၁၀ မိုင်ကျော်လောက်အကွာနားမှာရှိတဲ့ ဝေမော(We Maw)အထိ ရောက်ရှိပြီး နေရာယူထားပြီဖြစ်တာကြောင့် ကန်ပိုင်တည်မြို့ကို သိမ်းပိုက်ဖို့ ဒေသခံပြည်သူတွေကြားမှာ ပြောဆိုနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ကန်ပိုင်တည်ဒေသခံပြည်သူတွေက မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် နယ်စပ်ခြံစည်းရိုးကပ်ယက် လှိုင်ဂူရှိတဲ့အနီးတဝိုက်မှာ ယာယီတဲတွေ ဆောက်လုပ်ပြီး တိမ်းရှောင်ကြဖို့ စီစဉ်ထားကြတယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။ “ပြည်သူတွေတစ်ချို့ကျတော့ နယ်စပ်နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ လှိုင်ဂူပေါ်နားမှာ ယာယီတဲတွေထိုးပြီး တစ်ချို့ဆိုရင် သွားတောင် သွားအိပ်နေကြပြီ။ ရွာမှာဆိုရင်လည်း ၈ နာရီနောက်ပိုင်းဆို အပြင်အထွက်ခိုင်းတော့ဘူး”လို့ပြောပါတယ်။ တိုက်ပွဲတွေဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံ အိမ်ခြေ ၁၀၀ ကျော်လောက်က တိမ်းရှောင်ဖို့ သတ်မှတ်ထားတဲ့ နေရာမှာ ယာယီတဲတွေ ဆောင်လုပ်ထားတာတွေ၊ နောက်ပြီး မြို့တွင်းမှာလည်း ၈ နာရီနောက်ပိုင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ ကန်ပိုင်တည်ဒေသဟာ လက်နက်ကိုင် ၃ ဖွဲ့လောက်ရှိတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တာကြောင့် လက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲတွေ ဖော်ဆောင်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ KIA ပူးပေါင်းတပ်တွေက အပြီးသတ်ထိန်းချုပ်လိုက်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေရှိတဲ့ ကန်ပိုင်တည်မြို့တစ်ခုသာ ကျန်ရှိနေပြီဖြစ်တာကြောင့် KIA က ကန်ပိုင်တည်မြို့ကိုပါ ထိန်းချုပ်လာနိုင်တယ်လို့ စစ်ရေးသိကျွမ်းတဲ့ ဝိုင်းဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောဆိုလာပါတယ်။ “ဘာပဲဖြစ်ဖြစ် ဆဒုံးအထိတောင် သိမ်းထားပြီဆိုတော့ ကန်ပိုင်တည်ကတော့ ဖြစ်လာမယ်လို့ ထင်တယ်။ ပြီးရင် KIA ရဲ့ စစ်ဆင်ရေးကလည်း ကန်ပိုင်တည်အထိ ပါမယ်လို့ထင်တယ်။ ပြီးရင် အဲမှာရှိတဲ့ နယ်ကြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေကလည်း ကန်ပိုင်တည်ကို မထိပေးဖို့ တောင်းဆိုထားတာတွေလည်းကြားနေရတယ်။ ဒါပေမယ့် KIA သဘောက လိုအပ်ရင်တော့ လုပ်မှာပဲ”လို့ပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲမှာ ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်း ၅ ခုလောက်နဲ့ ရဲစခန်းအပါ ရှေ့တန်း တပ်စခန်းငယ် ၁၀ ခုကျော်လောက်ကို KIA က သိမ်းပိုက်လိုက်နိုင်တာလည်းဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တပ်ချနေထိုင်ထားတဲ့ တပ်စခန်းနေရာတွေကို တပ်စွန့်ခွာ ထွက်ပြေးသွားကြတာများပြီး ကန်ပိုင်တည်အနီးတဝိုက်မှာရှိတဲ့ နယ်ခြားစောင့်တပ်တွေကလည်း အများပိုင်းက တပ်စွန့်ခွာပြီး မြို့ထဲကို ဝင်သွားကြတယ်လို့ သိရပါတယ်။ ဒါကြောင့် KIA က တပ်စခန်း ၁၀ ခုကျော်လောက်ကို ထိခိုက်မှုအနည်းဆုံးနဲ့ သိမ်းပိုက်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။ KIA တပ်တွေ သိမ်းပိုက်ရရှိထားတဲ့ ဆဒုံးဗျူဟာကုန်းအပါ အဲဒီတပ်စခန်းနေရာတွေမှာ နေရာယူထားပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးတယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုအခုလိုပြောပါတယ်။ “ဟုတ်ကဲ့ ဆဒုံးဗျူဟာကုန်းကိုတော့ မနေ့က သိမ်းပိုက်လိုက်တာဖြစ်တယ်။ ဒီနေ့က မြေပြင်တိုက်ပွဲတွေကတော့ ဘာမှ မကြားရသေးဘူး။ မနေ့က သိမ်းထားပြီဖြစ်တဲ့ ဗျူဟာကုန်းနဲ့ တပ်စခန်းတွေမှာက KIA တပ်တွေ နေရာယူထားပြီဖြစ်တယ်။ မနေ့ကအထိတော့ တပ်စခန်းတွေ ထိန်းချုပ်လိုက်ပြီးတော့ ဒီကနေ့ မြို့တွင်းနေရာတွေမှာက လိုအပ်တဲ့နေရာတွေမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာလည်း နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို KIA တပ်တွေ အပြီးသတ်ထိန်းချုပ်လိုက်တာ ဖြစ်ပြီး လက်ရှိမှာ KIO ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီလည်းဖြစ်ပါတယ်။…

    Read More »
  • 11 June
    တိုက်ပွဲ

    ဆဒုံးဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုကို KIA က တစ်ရက်တည်းအပြီးသတ်သိမ်းပိုက်

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ဆဒုံးမြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်ဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုနေရာလောက်ကို တစ်ရက်တည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဝိုင်းမော်နဲ့ ဆဒုံးတစ်ကြော စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီလို့သိရပါတယ်။ ဝိုင်းမော်မြို့နယ်ထဲကနေ ဆဒုံး – ကန်ပိုင်တည်သွားတဲ့ ကားလမ်းမပေါ် တစ်ကြောမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်(ဂေါ်ဆက်ယန်)၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်၊ ဒိန်ဂါစစ်တပ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်းနေရာတွေကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းတပြိုင်နက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဂေါ်ဆက်ယန် ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်နဲ့ လဖိုင်ပြည်သူ့စစ်တပ်စခန်းတွေကို ဒီကနေ့ နေ့လည် ၁၂ နာရီမတိုင်မှီ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဆဒုံးဗျူဟာကုန်းကိုတော့ ညနေပိုင်း ၅ နာရီလောက်မှာ တပ်စခန်းထဲဝင်ရောက်နိုင်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဆဒုံးတပ်စခန်းကို ညနေပိုင်း ၅ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်တာဖြစ်ပြီ။ ဝိုင်းမော်ကနေ ဆဒုံးကားလမ်း တစ်ကြောစစ်တပ်စခန်းတွေမရှိတော့ ကုန်ပြီ။ အခုကျန်နေတာက ကန်ပိုင်တည်မြို့တစ်ခုသာ ကျန်နေပြီဖြစ်တယ်”လို့ပြောပါတယ်။ KIA တပ်တွေ သိမ်းပိုက်လိုက်တဲ့ ဆဒုံးဗျူဟာကုန်းတပ်စခန်းဟာ မြို့ရဲ့ အရှေ့ဘက်ခြမ်းတောင်ကုန်းပေါ်မှာတည်ရှိပြီး ရ ရှေ့တန်းတပ်စခန်းအငယ် ၃ ခုလောက်နဲ့ စစ်အင်အား အခိုင်အမာတပ်ချထားတဲ့ ဗျူဟာကုန်းအကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဆဒုံးဗျူဟာကုန်းအပါ ၁၃ မိုင်စုပေါင်းဂိတ်(ဂေါ်ဆက်ယန်) နဲ့ ဘွမ့်တောင် ပြည်သူ့စစ်တပ်စခန်းတွေဟာ ဝိုင်းမော်ကနေ ဆဒုံး – ကန်ပိုင်တည်သွားတဲ့ကားလမ်းကြောင်းတစ်ကြောမှာရှိတဲ့ တပ်စခန်းတွေဖြစ်တာကြောင့် စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။ အဲဒီတပ်စခန်းတွေအားလုံးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းထိုင်ထားကြတဲ့ တပ်စခန်းတွေဖြစ်သလို ခရီးသွားပြည်သူတွေနဲ့ ကုန်းကားတွေကို ငွေကြေးကောက်ခံတဲ့အပြင် တရုတ်နိုင်ငံသားတွေကိုလည်း တရားမဝင် ပြည်တွင်းထဲ ဝင်ခွင့်ရနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် အခုသိမ်းပိုက်လိုက်တဲ့ တပ်စခန်းတွေဟာ စစ်ရေးအရ အလွန်အရေးပါတဲ့နေရာတွေဖြစ်ပြီး ပြည်သူလူထုတွေအတွက် သွားရေးလာရေးမှာ အနှောက်အယှက်ပေးတဲ့ နေရာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “အခုသိမ်းလိုက်တဲ့ တပ်စခန်းတွေက အားလုံးအရေးကြီးတဲ့ နေရာတွေပဲဖြစ်တယ်။ ချီဖွေနဲ့ ကန်ပိုင်တည်ဘက်ကို သွားတဲ့ စုပေါင်းဂိတ်ရှိမယ်။ ဘွမ့်တောင်ဆိုတဲ့ စခန်းကလည်း ဒီတိုင်းပါပဲ။ ပြည်သူလူထုတွေ သွားရေးလာရေးမှာ အနှောက်အယှက်ပေးနေတဲ့ စခန်း။ ပြီးရင် တပ်ရင်း(၃) နေရာတွေကို ထိန်းချုပ်ပေးနေတဲ့ တပ်စခန်းတွေလည်းဖြစ်တယ်။ အားလုံးက ဗျူဟာမြောက်တပ်စခန်းတွေပဲ”လို့ပြောပါတယ်။ ဒါ့အပြင် အခု KIA တပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ တပ်စခန်းတွေက တရုတ်နယ်စပ် ဆဒုံး – ကန်ပိုင်တည် နယ်စပ်ကုန်သွယ်ရေးအတွက်လည်း အရေးပါတဲ့ ကားလမ်းကြောင်း တစ်ကြောကို KIA က ထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက KIA ပူးပေါင်းတပ်တွေက ဝိုင်မော်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလထဲမှာတော့ ဝိုင်းမော်မြို့ ဒဘတ်ချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၃ ခုလောက်ကို အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့မှာတော့ ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ ကားလမ်းတစ်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခုလောက်ကို တစ်ရက်ထဲမှာပဲ အပြီးသတ်သိမ်းလိုက်တာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 11 June
    တိုက်ပွဲ

    ဆဒုံး – ကန်ပိုက်တည်လမ်းက ၁၃ မိုင်စုပေါင်းဂိတ်နဲ့ ဘွမ့်တောင်တပ်စခန်း ၂ ခု KIA သိမ်းပိုက်

    ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုင်တည်လမ်းမပေါ်ကျန်ရှိ‌ နေ‌သေးတဲ့စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း ၄ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်အထိ တပ်စခန်း ၂ နေရာကို…

    Read More »
  • Feb- 2024 -
    7 February
    သတင်း

    ဂိတ်ကြေးလျော့ကောက်ပေးဖို့ ကားသမားတွေတောင်းဆို

    မြစ်ကြီးနား – ကန်ပိုက်တည် လမ်းတစ်လျှောက် ဂိတ်ကြေးကောက်ခံတဲ့ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ‌အခွန်အခကောက်ခံတာလျော့ပေးဖို့ ကားသမားတွေက တောင်းဆိုနေပါတယ်။ လက်ရှိ မြစ်ကြီးနားကနေ ကန်ပိုက်တည်ထိ စည်ပင်ဂိတ်၊ နယ်ခြားစောင့်ဂိတ်၊ သီးနှံပြည်သူ့စစ်ဂိတ်၊ စုပေါင်းဂိတ်၊ စစ်တပ်ဂိတ်၊ KIA ဂိတ် စတဲ့…

    Read More »
  • Jul- 2023 -
    19 July
    သတင်း

    နယ်စပ်ဂိတ်ဖြတ်သန်းခွင့် စာအုပ်အနီအသစ်ထုတ်းပေးမှု ပိတ်ထားဆဲဖြစ်ပြီး ပွဲစားတွေကို ၁၀ သိန်းအထက် ပေးဆောင်နေရ

    ကချင် – တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှာ နယ်စပ်ဂိတ်ဖြတ်သန်းခွင့် စာအုပ်အနီ အသစ်လုပ်ပေးတာကိုပိတ်ထားပြီး ပွဲစားကနေတစ်ဆင့် ကျပ်ငွေ ၁၀ သိန်းအထက် ပေးဆောင်မှသာ သွားလာခွင့်ရရှိနေတဲ့အတွက် ပိတ်ဆို့နေတဲ့ခရီးသည်ပြည်သူများ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စာအုပ်က ရမလား ရမလားဆိုပြီးစောင့်နေကြတာ လကျော်ရှိလာတဲ့ သူတွေလည်းရှိတယ်။ တစ်ချို့မစောင့်နိုင်တဲ့…

    Read More »
Back to top button