သတင်း

ဂိတ်ကြေးလျော့ကောက်ပေးဖို့ ကားသမားတွေတောင်းဆို

မြစ်ကြီးနား ကန်ပိုက်တည် လမ်းတစ်လျှောက် ဂိတ်ကြေးကောက်ခံတဲ့ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့အခွန်အခကောက်ခံတာလျော့ပေးဖို့ ကားသမားတွေက တောင်းဆိုနေပါတယ်။

လက်ရှိ မြစ်ကြီးနားကနေ ကန်ပိုက်တည်ထိ စည်ပင်ဂိတ်၊ နယ်ခြားစောင့်ဂိတ်၊ သီးနှံပြည်သူ့စစ်ဂိတ်၊ စုပေါင်းဂိတ်၊ စစ်တပ်ဂိတ်၊ KIA ဂိတ် စတဲ့ ဂိတ်စုစုပေါင်း ၂၀ ကျော်မှာ အခွန်အခ ပေးဆောင်ရတာများလာတဲ့အတွက် ကုန်ကားသမားတွေအနေနဲ့ အရင်ထက်ဝင်ငွေလျော့နည်းလာပြီး ဝင်ငွေထွက်ငွေမကိုက်ညီဘဲ အခက်ခဲတွေကြုံနေရတယ်လို့ ကားသမားတစ်ဦးက ခုလိုပြောပါတယ်။

အရင်ကဆို ဂိတ်တွေက ဒီလောက်မများဘူးလေ ပြီးတော့ပေးရတာလည်း အခုလောက်မပေးရဘူး။ ငှက်ပျောကာတွေဆိုအရင်က တစ်သိန်းစွန်းစွန်း လောက်ဘဲကုန်တာ အခုကသုံးသိန်းလောက်ကုန်တယ်။ အရင်ကဆိုရင် တစ်ခါသွားရင် နှစ်သိန်းခွဲလောက်ရတယ် အဲတော့လေးသောင်းလောက်ဘဲကျန်တာ၊ နည်းနည်းပိုရရင် ၅သောင်းလောက်ပေါ့ အဲ့ထက်မပိုဘူးလို့ပြောပါတယ်။

ကားသမားရဲ့ ပြောပြချက်အရ ဂိတ်ကြေးအနည်းဆုံး တစ်သောင်းကနေ အများဆုံး ၃သိန်းခွဲ ၄ သိန်း ထိရှိပြီးတော့ အဲ့ဒီ ဂိတ်ကြေးတွေဟာဆိုရင် အသွားအပြန် ကြေးမတူသလို ပစ္စည်းပေါ်မူတည်ပြီးတော့လည်းပေးရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားဝင်ပြေးဆွဲခွင့်ရရှိထားတဲ့ ကုန်တင်ကားတွေဖြစ်တယ်လို့ပြောပေမဲ့ လက်နက်တွေနဲ့ ခြိမ်းခြောက်တောင်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ကပြောတယ် တရားဝင် ဂျူတီကုန်တွေဖြစ်တယ်လို့ ဘာဘဲဖြစ်ဖြစ်ပေးတဲ့ ဆိုပြီး လက်နက်တွေဘာတွေနဲ့ အာဏာပြခြိမ်းခြောက်တော့ ကားသမားတွေလည်း ကြောက်ပြီးပေးရတာပေါ့၊ မပေးလို့မရဘူးလေလို့ဆိုပါတယ်။

၁၃ ကီလိုမီတာလို့ခေါ်တဲ့ စုပေါင်းဂိတ်နေရာနဲ့ ဗလမင်းထင်တံတားတွေ မှာ ၁၂ ဘီးကားတစ်စီးကို ၃ သိန်းခွဲပေးရပြီးတော့ ၂၂ ဘီးကားတစ်စီးကို ၄သိန်းခွဲလောက်ထိ ပေးရပြီးတော့ ကျန်တဲ့ ဂိတ်တွေမှာဆိုရင် ၁သောင်းကနေ ၁ သိန်းထိပေးရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေကဆိုရင် စုစုပေါင်း ဂိတ် ၁၂ ခုသာရှိခဲ့တာဖြစ်ပြီးတော့ ခုလို ဂိတ်တွေများလာတဲ့အတွက် ကားသမားတွေအနေနဲ့ ဝင်ငွေထွက်ငွေ မမျှတဖြစ်‌ နေပြီး မိသားစုများစားဝတ််‌ နေရေးထိခိုက်လာတယ်လို့ သိရပါတယ်။

By – BU BU

Show More

Related Articles

Back to top button