စစ်ကိုင်းတိုင်း

  • Nov- 2024 -
    14 November
    သတင်း

    နောင်ပိုအောင်ရွာမှာ အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆို 

    စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာမှာ SNA တပ်တွေအနေနဲ့ ဆိုင်အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆိုနေကြပါတယ်။ ဟုမ္မလင်းမြို့နယ်တစ်ခုလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ် အများဆုံးရှိတဲ့ နောင်ပိုအောင်ကျေးရွာမှာ SNA တပ်က  ကုန်စုံဆိုင်အကြီး တစ်လ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ၊စားသောက်ဆိုင်အကြီး တစ်လ ကျပ် ၆၀၀၀၀၀(ခြောက်သိန်း) ၊ ကုန်ခြောက်ဆိုင်၊ လက်ဖက်ရှည်ဆိုင်တစ်လ ကျပ် ၃၀၀၀၀၀ (သုံးသိန်း) ၊ဆိုင်ကယ်ဝပ်လျော့ တစ်လ ကျပ် ၆၀၀၀၀ (ခြောက်သောင်း) စသဖြင့် အခွန်ကောက်ခံနေတာကြောင့် ဆိုင်လုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့နေကြတယ်လို့ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဆိုင်အကြီးတွေဆို ခြောက်သိန်းတဲ့ ကွမ်းယာခုံတစ်ခုံဆိုလည်းခြောက်သောင်းတဲ့ တစ်လကိုနော် တောင်းတာတောင်တစ်နှစ်စာပေါင်းပြီးတောင်းတာ စာရွက်လေးတွေပေးပြီးတောင်းတယ် မပေးနိုင်ကြဘူးလေ တစ်နှစ်စာဆို ရာချီ၊ဆယ်ချီမပေးနိုင်လို့တချို့ဆိုင်တွေဖြုတ်လိုက်တဲ့လူတွေလည်းရှိတယ်”လို့ ကုန်ခြောက်ဆိုင်ဖွင့်ထားတဲ့ ဒေသခံအမျိုးသမီး ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမတိုင်ခင်အထိ SNA အနေနဲ့  ကုန်စုံဆိုင်အကြီးတစ်လလျှင် အများဆုံးကျပ် ၃၀၀၀၀၀ (သုံးသိန်း) ၊ကုန်ခြောက်ဆိုင်နဲ့တစ်ခြားသော ဆိုင်အသေးတွေ တစ်လ အနည်းဆုံးအခွန်ကျပ် ၃၀၀၀၀ (သုံးသောင်း) အထိသတ်မှတ်ပြီး လပေးစနစ်နဲ့ကောက်ခံတာလို့ သိရပါတယ်။ သို့သော် နိုဝင်လစပြီး အခွန်တိုးမြင့်ကောက်ခံလိုက်တဲ့အပြင် တစ်နှစ်စာပေါင်းပြီး ကောက်ခံနေတာကြောင့်  ရပ်နားသွားရတဲ့ ဆိုင်တွေလည်းအများအပြားရှိနေကြတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “ဒီသုံးလေးလထဲအပြီးပေးရမယ်တဲ့ လျော့ပေးဖို့တောင်းဆိုကြတယ်အဆင်မပြေဘူး အဲ့ကြောင့်အရင်းအနှီးမရှိတဲ့လူတွေက မပေးနိုင်လို့ဆိုပြီးဆိုင်တွေရပ်ကုန်ကြတာ။ တချို့ဆိုစစ်ရှောင်ရင်းဒီရောက်လာပြီးရှိတာလေးနဲ့ဆိုင်လေးဖွင့်စားတာ သူတို့လည်းမရှိလို့ဆက်မရောင်းနိုင်ကြတော့ဘူး”လို့ ပြောပါတယ်။ လက်ရှိ နောင်ပိုအောင်ကျေးရွာက ကုန်စုံဆိုင်၊စားသောက်ဆိုင်လုပ်ကိုင်ကြတဲ့လူတွေထဲမှာ ရွာခံတွေရှိကြသလို ရွှေပြည်အေးမြို့၊လွှစင်ကုန်းနဲ့တစ်ခြားအနီးဝန်းကျင်ရွာကနေ စစ်ဘေးရှောင်ရင်း လာရောက်လုပ်ကိုင်သူတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ခုလို အခွန်တိုးကောက်လိုက်တဲ့အတွက် စစ်ရှောင်ရင်း ဆိုင်အသေးဖွင့်တဲ့သူအများပိုင်း ရပ်နားလိုက်ရကြပြီလို့ ဒေသခံတွေပြောပါတယ်။  နောင်ပိုအောင်ကျေးရွာဟာ ဟုမ္မလင်းမြို့နဲ့ဆယ်မိုင်ကျော်အကွာ ကချင်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိပြီး SNAစစ်သားတွေရာချီတပ်ထိုင်ထားသလို SNA တပ်သားသစ်တွေကိုစစ်သင်တန်းပေးနေတဲ့ နေရာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 11 November
    သတင်း

    SNA တပ်သားသုံးဦး PDF ထိန်းချုပ်ထားတဲ့ရွာဘက် ဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေ၊ တစ်ဦးဖမ်းခံရ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ SNA တပ်သားသုံးဦး PDF တပ်ထိန်းချုပ်ထားတဲ့နယ်မြေထဲဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး SNA တစ်ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိထားပြီး နောက်တစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်အချိန် ရှမ်းနီအမျိုးသားများတပ်မတော် SNA  တပ်ထဲက တပ်သားသုံးဦး ဟုမ္မလင်းမြို့နယ် PDF တပ်ပေါင်းစုထိန်းချုပ်ထားတဲ့  နောင်ပိုအောင်ကျေးရွာ သဲနုတ်ဆွတ်ကျေးရွာ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်ရောက်လာရာကနေ ပစ်ခတ်မှုဖြစ်တာလို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “SNA သုံးယောက်ကနယ်မြေကျူးကျော်လာတာ သဲနုတ်ဆွတ်က PDF တွေပိုင်နက်လေး အဲ့မှာလာစားသောက်ကြတာ PDF တွေသိသွားတော့ဝင်ပစ်တာ တစ်ယောက်ကပွဲချင်းပြီးတစ်ယောက်မိတယ် တစ်ယောက်ကထွက်ပြေးသွားတယ်”လို့ သူကပြောပါတယ်။ ပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ SNA တပ်ဖွဲ့ဝင်ဟာ လက်ရှိ ဆပ်ကယားကျေးရွာမှာနေထိုင်တဲ့သဲနုတ်ဆွတ်ကျေးဇာတိဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်ရှိ အမည်(စုံစမ်းဆဲ) ဖြစ်ပြီး ဖမ်းဆီးထားသူကိုလည်း  စစ်ဆေးနေတုန်းပဲလို့သိရပါတယ်။ နောင်ပိုအောင်ကျေးရွာနဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ကျေးရွာချင်းဆက်နေတဲ့ ဆပ်ကယားကျေးရွာနဲ့ သဲနုတ်ဆွတ်ကျေးရွာဟာရွှေမှော်ဒေသတွေဖြစ်ပြီး လက်ရှိဆပ်ကယားကျေးရွာကို SNA ထိန်းချုပ်ထားသလို သဲနုတ်ဆွတ်ကျေးရွာကိုလည်း PDF တွေ ကထိန်းချုပ်ထားတာဖြစ်ပါတယ်။ “အဲ့နှစ်ရွာကနီးနီးလေးပဲ ဆပ်ကယားမှာက SNAနေတယ် သဲနုတ်ဆွတ်က pdfတွေနေတယ် နှစ်ရွာလုံးက ရွှေအရမ်းထွက်တာ နယ်မြေကျူးကျော်လာတော့ပစ်ကြ ခတ်ကြတာ”လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း ဆပ်ကယားမှာထိုင်တဲ့ SNA တပ်ကနေ ညဘက်သဲနုတ်ဆွတ်ကျေးရွာဘက်ကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောင်ပိုအောင်ကျေးရွာအလွန် ကချင်နဲ့စစ်ကိုင်းအစပ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက သံယောဇဉ် ရွှေမော်အနီးမှာလည်း SNA နဲ့ PDF တို့ နိုဝင်ဘာလ လဆန်းကစပြီး တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာနေပြည်သူအများအပြားထွက်ပြေး တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 1 November
    သတင်း

    ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ထဲကို SNA နဲ့စစ်ကောင်စီပူးပေါင်းတပ် စစ်အင်အားဖြည့်နေတာ ၄ ရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းမှာရှိတဲ့ ဖောင်းပြင်မြို့တွင်းအထိုင်တပ် ခလရ ၃၆၇ နဲ့ ၃၆၈ တပ်ထဲကို ရှမ်းနီအမျိုသားများတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ် ဒီရက်ပိုင်း အင်အားဖြည့်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “တစ်ခါထွက်ရင်ကားနှစ်စီးသုံးစီးအပြည့်အပြည့်ထွက်တယ် ရှမ်းနီစစ်သားတွေကများတယ် ကားတစ်စီးကိုစစ်သားတွေက ၅ ယောက်လောက်ပဲပါတာ ကျန်တာရှမ်းနီးစစ်သားတွေပဲ လေးရက်လောက်ရှိပြီနေ့တိုင်းသွားတယ် ဖောင်းပြင်မြို့ထဲတပ်ကိုအင်အားဖြည့်တာတဲ့”လို့သူကပြောပါတယ်။ ဖောင်းပြင်မြို့ကို နိုဝင်ဘာလထဲမှာ ဟုမ္မလင်း PDF တပ်ပေါင်းစုသိမ်းပိုက်မယ်ဆိုတဲ့သတင်းတွေ လတ်တလောမှာပျံ့နှံ့နေတာကြောင့် မြို့တွင်းအထိုင်တပ်နှစ်ခုကို အောက်တိုဘာ၂၆ ရက်နေ့ကနေ မနေ့ကအထိ အင်အားဖြည့်နေတာလို့ သိရပါတယ်။ “ဖောင်းပြင်အနီးဝန်းကျင်မှာ PDF တွေ သုံးထောင်လေးထောင်လောက် ရောက်နေတယ် မြို့ကိုသိမ်းမယ်ဆိုပြီးကြားလို့တဲ့ ဒီဟုမ္မလင်းမြို့ထဲကတပ်တွေကော ၊နောင်ပိုအောင်တို့ဘက်ကကောပြီးတော့ ခန္တီးဘက်ကတွေကော အကုန်ဖောင်းပြင်ဘက်ကိုဆင်းသွားကြတာမြို့ကိုကာမယ်ဆိုပြီးတဲ့”လို့ ဟုမ္မလင်းမြိုခံ အမျိုးသားတစ်ဦး ပြောပါတယ်။ ဖောင်းပြင်မြို့ကိုကာကွယ်ဖို့အတွက် ဟုမ္မလင်းမြို့ပေါ်က SNA နဲ့စစ်ကောင်စီစစ်သားတွေအပြင် နောင်ပိုအောင်ဘက်က SNA တွေနဲ့ ဟုမ္မလင်း ခန္တီးလမ်းပိုင်းမှာထိုင်တဲ့ SNA ဂိတ်တွေပါရုတ်သိမ်းပြီး အင်အားဖြည့်နေတယ်လို့သိရပါတယ်။ အခုလို SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် ဟုမ္မလင်း– မုံရွာကားလမ်းပိုင်း ပိတ်မထားပေမယ့် အရပ်သားတွေသွားလာလို့မရဖြစ်နေတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။ “လေးငါးရက်ရှိပြီ သူတို့တွေ(SNA နဲ့စစ်ကောင်စီတပ်)သွားလာနေတော့ဘယ်သူမှမသွားလာကြဘူး ကျွန်မတို့ မုံရွာကနေပစ္စည်းမှာတာ ကားသမားတွေမုံရွာကနေဒီဘက်ကိုမလာရဲလို့တဲ့မှာလို့မရဘူး ကုန်းကြောင်းက ခြောက်လလောက်ပိတ်မယ်လို့လည်းကြားတယ်”လို့သူကပြောပါတယ်။ မုံမှန်အားဖြင့် ဟုမ္မလင်းမြို့နယ်ထဲကို ကုန်စည်တွေသယ်ယူဖို့ မုံရွာ–ဟုမ္မလင်းကားလမ်းနဲ့မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းနှစ်ခုရှိပေမယ့် လက်ရှိ ကုန်းကြောင်းသွားလားလို့မရတာကြောင့် ဟုမ္မလင်းနယ်မှာကုန်အဝင်နှေးနေပြီးကုန်ပစ္စည်းစျေးတက်တာတွေ ဖြစ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းနယ်ထဲက SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာယ ခုရက်ပိုင်း ဖောင်းပြင်ဘက်ကိုအင်အားဖြည့်နေသလို ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ် ဆယ်ဇင်းဘက်ကိုလည်းအင်အားဖြည့်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက PDF ပူးပေါင်းတွေဟာ ဒီနှစ်ထဲ ရွှေပြည်အေးမြို့နဲ့ လွှစင်ကုန်းတို့ကိုသိမ်းပိုက်ထားသလို ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ကြားထဲက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2024 -
    29 October
    သတင်း

    နန်းယွန်းဒေသမှာ ကျေးလက်ဆေးပေးခန်းများရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်အခဲဖြစ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ကျေးရွာတွေမှာ ကျေးလက်ဆေးပေးခန်းတွေရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ  သိရပါတယ်။ နန်းယွန်းမြို့နယ် ကြိုင်ရိုင်ရွာ၊ ယောင်ငွေးရွာ၊ နမ္မလစ်ရွာ၊ဟားဝါးရွာအပါအဝင် ရွာအများစုမှာ ကျေးလက်ဆေးပေးခန်းများကို ဆောက်လုပ်ပြီးစီးထားပြီဖြစ်ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေရောက်မလာတဲ့အတွက် ဒေသခံပြည်သူများ ကျန်းမာရေးပိုင်းဆိုင်ရာအခက်အခဲဖြစ်နေကြတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဆေးခန်းတွေဆွေးတောင်ဆွေးနေပြီ ပြီးတာဖြစ်နှစ်ပေါက်နေပြီလေ ဆေးခန်းတွေတော့ဆောက်ခိုင်းပြီးမှ ဆရာ၊ဆရာမတွေကျတော့တစ်ယောက်မှပေါ်မလာဘူး ဘယ်သူမှမသွားကြဘူးလေ။ ဖျားရင်နာရင်လေး ဒီတိုင်းအိပ်ယာထဲလှဲနေရုံလောက်ပဲ အခြေနေဆိုးမှဒီမြို့ပေါ်ကိုတက်လာကြတာ”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။ နန်းယွန်းမြို့နယ်မှာ ကျေးရွာပေါင်း ၁၆၅ ရွာရှိပြီး ကျေးလက်ဆေးပေးခန်းတွေဆောက်ပေးဖို့ NLD အစိုးရလက်ထက်ကတည်းက ချမှတ်ပေးခဲ့တာဖြစ်ပြီး ဆေးခန်းတွေအားလုံး ၂၀၂၂ ခုနှစ်မှာဆောက်လုပ်ပြီးစီးထားတာဖြစ်ပါတယ်။ သို့သော် ကျန်းမာရေးဝန်ထမ်းတွေရောက်မလာတဲ့အတွက်ဒေသခံတွေပြည်သူတွေဟာ မြို့ပေါ်ထိတက်ပြီးဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ “ဆရာ၊ဆရာမတွေရောက်လာမယ်ရောက်လာမယ်လို့မျော်လင့်ချက်တွေပေးပြီး မပေါ်လာကြဘူးတဲ့ လမ်းပန်းဆက်သွယ်ရေးကမကောင်း ဆေးခန်းကမရှိတော့ တချို့လူနာတွေဆို ခက်ခက်ခဲခဲလာပြီးမှမြို့ပေါ်ထိဆေးလာကုကြတာ သနားစရာကောင်းပါတယ်”လို့ နန်းယွန်းမြို့ခံ အမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။ ခုလိုကျေးလက်ဆေးပေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေမရှိတာကြောင့် အခြေအနေဆိုးဝါးတဲ့လူနာတွေဟာ နန်းယွန်းမြို့ပေါ်ထိတက်ပြီး ဆေးကုသမှုခံယူရသလို တချို့လူနာတွေလမ်းခုလတ်မှာ အသက်ဆုံးရှုံးသွားတာရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ နန်းယွန်းမြို့နယ်ဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တာကြောင့် ကျေးရွာတွေဘက်ကိုဆေးဝါးတွေ ရောက်ဖို့အင်မတန်ခက်ခဲသလို ကျန်းမာရေးအသိပညာနည်းပါးကြတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့လူနာတွေလည်းများစွာရှိနေတယ်လို့ သိရပါတယ်။ နန်းယွန်းမြို့နယ်ထဲမှာ ကျေးရွာပေါင်း (၁၆၅) ရှိပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက်အရေးပါတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ By- Zaw Zaw

    Read More »
  • 25 October
    သတင်း

    နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်နိုင်‌ သေးတဲ့အတွက် ဒေသခံများ သွားလာရေး ခက်ခဲ

    စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်ပေးသေးတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲ သွားလာနေရဆဲလို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ နန်းယွန်းမြို့မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေစီးနဲ့မျှောပါပျက်စီးသွားတဲ့ နန်းယွန်းမြို့အဝင်တံတားဟာ ၆ လကျော်ကြာလာတဲ့အထိ တံတားသစ်ပြန်တည်ဆောက်ပေးခြင်းမရှိသေးဘူးလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး…

    Read More »
  • 21 October
    သတင်း

    ကောလင်းမှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ကောလင်းမြို့နယ် အနောက်ခြမ်းက ဥက္ကံကျေးရွာ၊ ချောင်းနားကျေးရွာတို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီးတော့ ဒီကျေးရွာတစ်ဝှိုက်တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “အဲ့နားမှာ ဘာတိုက်ပွဲလည်းမဖြစ်ဘူးလို့သိရပါတယ်။သေဆုံးသူက ကနဦးတော့ ၂ ယောက်လို့သိရပါတယ်။ နောက်ထပ် သေဆုံးသူတွေရှိတယ်လို့လည်းကြားရတယ်။အခုကတော့ ရှင်းလင်းရေးတွေလုပ်နေကြတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ လက်ရှိနောက်ဆုံးသိရှိရတဲ့အခြေနေအရတော့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ ၃ ဦးအထိရှိပြီ ဖြစ်ပြီး သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာတော့ KNG ကအတည်ပြုနိုင်တာမရှိသေးပါဘူး။ ဥက္ကံကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ သေးပြီး အမျိုးသမီး ၂ ယောက်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါသေးတယ်။ ကောလင်းမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဂျက်ဖိုက်တာဟာ တံတားဦးလေတပ်ကနေ ကန့်ဘလူမြို့ကို ဖြတ်ပြီးတော့ ကောလင်းနယ်အနောက်ခြမ်းကကျေးရွာတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်း တိုက်ခိုက်ပြီး မိနစ် ၂၀ အကြာမှာပဲ လာရာလမ်းအတိုင်း ပြန်လည်ဆင်းသက်သွားတယ်လို့ သိရပါတယ်။ အခုလိုလေကြောင်းတိုက်ခိုက်တာကြောင့် ကောလင်းမြို့နယ်အနောက်ခြမ်းထဲက ကျေးရွာတစ်ချို့က ဒေသခံ တွေဟာ ဘေးလွှတ်ရာတွေမှာအရေးပေါ်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • 18 October
    သတင်း

    ဟုမ္မလင်းနယ်ထဲက SNA ဂိတ်တွေမှာ အခွန်အဆမတန်ကောက်ခံနေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ရှမ်းနီအမျိုးသားတပ်မတော် SNA စစ်ဆေးရေးဂိတ် ၄ နေရာလောက်မှာ အခွန်အဆမတန်ကောက်ခံနေတဲ့အတွက် သွားလာတဲ့ ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။ ရှမ်းနီ SNA တပ်တွေ န်းချုပ်ထားတဲ့ ဟုမ္မလင်းအရှေ့ဘက်ခြမ်း နောင်ပိုအောင်၊ နောင်တော၊ မိုင်းကိုင်း၊ဆပ်ကယား စတဲ့ကျေးရွာတွေမှာ SNA ဂိတ်ထိုင်ထားပြီး…

    Read More »
  • 16 October
    သတင်း

    ဟုမ္မလင်းနယ်မှာ လူငယ်အများအပြားဖမ်းဆီးခံနေရ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ လူငယ်တွေအများအပြားဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ရဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် လူငယ်တွေမကြာခန ဖမ်းဆီးခံနေရပြီး ဒီနှစ်ဝက်အတွင်း ရာနဲ့ချီဖမ်းဆီးခံရတယ်လို့ တော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ ဟုမ္မလင်းမြို့ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အရင်ကမဖမ်းပါဘူး အခုနောက်ပိုင်းမှာမှဖမ်းလာတာ စစတုန်းကတော့ ခရီးသွားတဲ့လူငယ်တွေပြီးတော့ညဘက် လမ်းပေါ်ထွက်တဲ့လူငယ်တွေလောက်ဖမ်းတာ။ အခုနောက်ပိုင်းက အိမ်ထဲထိကိုခြင်ထောင်ထဲထိကိုဝင်ဖမ်းတော့တာ မကတော့ဘူးနော် သုံး–လေး ရာတောင်မကလောက်ဘူးတစ်နယ်လုံးဆိုရင်”လို့ အသက် ၅၀…

    Read More »
  • 8 October
    သတင်း

    ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ် လေကြောင်းနဲ့အပြင်းထန် ပစ်ခတ်တိုက်ခိုက်နေ

    စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးအသုံးပြုပြီး လေကြာင်းပစ်ခတ်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “ခုလေယာဉ် ၄ စီးနဲ့ လာပစ်နေတယ် ၇ ကြိမ်ရှိသွားပြီ။ ပေါင် ၃၀၀ ရှ်ိတဲ့ဗုံးတွေနဲ့ချနေတယ်”လို့ ပြောပါတယ်။…

    Read More »
  • Sep- 2024 -
    6 September
    သတင်း

    ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံ

    စစ်ကိုင်းတိုင်း ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စိီ စစ်ကြောင်းတစ်ကြောင်း ကာကွယ်ရေးတပ်ဘက်ကို လက်နက်ချအညံ့ခံလာတယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ စက်တင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို စက်တင်ဘာလ ၅ ရက်နေ့မှာတော့ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံလိုက်တာဖြစ်တယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။ “ဖမ်းမိတာမဟုတ်ပါဘူး အလင်းဝင်တာလို့ပဲသုံးရမယ် စက်တင်ဘာ ၅ ရက်နေ့က လာချတဲ့စစ်ကြောင်း ဒုတိယအကြိမ် လေယာဉ်နဲ့ချလာတဲ့စစ်ကြောင်း”လို့ ပြောပါတယ်။ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သား ၈၁ ဦးဖြစ်ပြီး ရာထူးနဲ့ အမည်နာမအသေးစိတ်ကိုတော့ စာရင်းပြုစုနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့စပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ တစ်ကျော့ပြန်ထိုးစစ်ဆင်နေတာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့အထိ မြို့တွင်း ရဲစခန်းနဲ့ အာရှဘဏ်ကုန်းဘက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ဘက်ကလည်း ပင်လည်ဘူးမြို့မကျရေး  နေ့တိုင်းလေကြောင်းနဲ့ပစ်ခတ်တိုက်ခတ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ရဲစခန်းနဲ့ အာရှဘဏ်ကုန်ကျန်သေးတယ် မသိမ်းသေးဘူး မြို့ပေါ်ကော ကောလင်း ၀န်သိုးဘက်ခွေးစစ်ကြောင်းရှိသေးတယ်။ လေယာဉ်နေ့တိုင်းလာပစ်တယ် အာရှဘဏ်ကုန်းဘက်ပြင်းထန်နေပါတယ်”လို့ နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ပြောပါတယ်။ ပင်လည်ဘူးမြို့ဟာ ကောလင်းခရိုင်ထဲမှာရှိပြီး စစ်ကိုင်း– ကချင်အစပ်မှာရှိသလို ခြေမြန်တပ်ရင်း ခမရ (၃၆၆) နဲ့ (၃၇၀) လက်အောက်ခံ တပ်သားနဲ့ ရဲတပ်သား နှစ်ရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်အင်အား ၂ ကြိမ်တိတိလာရောက်ပို့ဆောင်ထားပြီလို့ သိရပြီး  ဒုတိယအကြိမ်လာပို့တဲ့စစ်ကြောင်း တစ်ကြောင်းလုံးလက်နက်ချအညံ့ခံလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပင်လည်ဘူးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်အကြား နှစ်စဉ်နှစ်တိုင်းတိုက်ပွဲပြင်းထန်နေတဲ့မြို့ဖြစ်ပြီး  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ်တိုက်ပွဲပြင်းထန်ခဲ့သလို ဒီတစ်ကြိမ်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။  ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ချိန်ကတည်းက ပြန်မလာတဲ့သူတွေများတယ်လို့ ဆိုပါတယ်။ ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ခစန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ တိုက်ခိုက်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တာတော့ မရှိခဲ့ပါဘူး။ By – အမိုး

    Read More »
Back to top button