ဆိုင်းတောင်
-
Sep- 2025 -23 Septemberတိုက်ပွဲ
ဖားကန့်စစ်ရှောင်ပြည်သူတွေ အလံဖြူထောင်ပြီး မြစ်ကြီးနားဘက် ထွက်ခွာတိမ်းရှောင်
ဖားကန့်မှာစစ်ရေးကြောင့် တိုက်ပွဲဧရိယာအတွင်းပါဝင်နေတဲ့ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအပါ ဖားကန့်မြို့ပေါ်နဲ့ နီးစပ်တဲ့ ကျေးရွာအများပိုင်း အလံဖြူထောင်ပြီး ဖားကန့်ကနေ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲကဖားကန့် ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်နေပြီး လက်နက်ကြီးပစ်ခတ်တာတွေ၊ လမ်းသွားလမ်းလာ စုဆောင်းရေးဖမ်းဆီးခံရတာတွေ ပိုပြီးဆိုးရွာလာတာကြောင့် လုံခြုံရေးအတွက်…
Read More » -
18 Septemberလူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး
လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်
ကချင်ပြည်နယ် ဖားကန့် မြို့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှာ တစ်ရက်တည်း စစ်တပ်ရဲ့ ဒရုန်းနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိသလို လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။ ဆိုင်းတောင်အုပ်စုထဲက ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာနှစ်ရွာကို စစ်တပ်က စက်တင်ဘာလ ၁၇…
Read More » -
17 Septemberတိုက်ပွဲ
ဆိုင်းတောင်အုပ်စုထဲက ကျေးရွာတစ်ချို့ကို စစ်တပ်ကပြန်ပြီးနေရာယူ
ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စုထဲက မှော်တောင်းနဲ့ ဆန်းကြွယ်ကျေးရွာ နှစ်ခုစလုံးကို စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေရာယူလိုက်ပြီလို့ သိရပါတယ်။ စက်တင်ဘာလဆန်းပိုင်းကနေ ဆိုင်းတောင် မှော်တောင်း၊ ဆန်းကြွယ်နဲ့ အေးမြသာယာအုပ်စု ရှရော်ခ ညောင်ပင်ကုန်း နှစ်နေရာကို တစ်ပြိုင်နက် မြေပြင်စစ်ကြောင်းထိုးပြီး…
Read More » -
11 Septemberစစ်ရေး
ဖားကန့်မှာ စစ်တပ်ရဲ့ ထိုးစစ်ဘယ်ကို ဦးတည်နေပြီလဲ
ဖားကန့်မှာ စစ်တပ်က စစ်ရေးအရ မျှော်မှန်းထားတဲ့ အခြေအနေအထိ မရောက်ရှိသေးတာကြောင့် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေသလို စစ်ရေးက ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်လာနေတယ်လို့ သိရပါတယ်။ လက်လွတ်လိုက်ရတဲ့ နေရာတွေ ပြန်ရဖို့ စစ်တပ်က ပြီးခဲ့တဲ့ ဧပြီ၊ မေလကနေ…
Read More » -
Aug- 2025 -8 Augustလူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း
စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး KBC ဘုရားကျောင်းဝင်းထဲကျပြီး စစ်ရှောင် တစ်ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ ယခုရက်ပိုင်းအတွင်း စစ်တပ်က စစ်မျက်နှာမဟုတ်တဲ့ နေရာတွေကို ပစ်မှတ်ထား ပစ်ခတ်နေတဲ့အတွက် အရပ်သားသေဆုံးမှုမြင့်တက်နေသလို ဩဂုတ်လ ၇ ရက်နေ့ တစ်ညထဲမှာပဲ လက်နက်ကြီးကျမှန်ပြီး စစ်ရှောင်တသေဆုံးကာ ၅ ဦးဏ်ရာရရှိခဲ့ပါတယ်။ မနေ့ည ၉ နာရီခွဲအချိန်…
Read More » -
Jan- 2025 -15 Januaryသတင်း
ဖားကန့်မြို့နယ် နွံကန်ပြိုကျမှုကြောင့် သေဆုံးသူတွေထဲမှာ ၂နှစ်အရွယ်ကလေးသူငယ်ကနေ အသက် ၅၀ကျော်အရွယ်ထိပါဝင်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူအုပ်စု) စပေါ့ရွာမှာ နွံ့ကန်ပြိုကျမှုကြောင့် သေဆုံးသူတွေထဲမှာ ၂နှစ်အရွယ်ကလေးကနေ အသက်၅၀ကျော်အရွယ်ထိပါဝင်တယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ နွံကန်ပြိုကျတာကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ၁၃ရက်နေ့ မနက်၁နာရီ ဝန်ကျင်အချိန်မှာ ပြိုကျလာတာဖြစ်ပြီး ဒီကနေ့ ၃ ရက်မြောက်နေ့အထိ ပြန်လည် တူးဖော်ရာမှာတော့…
Read More » -
13 Januaryသတင်း
ဖားကန့် နွံကန်ပြိုကျမှု နေအိမ်ပျက်စီးမှုနှင့် အရပ်သားသေဆုံး ထိခိုက်မှု များပြား
ဖားကန့်မြို့ နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) ရှိ စပေါ့ကျေးရွာမှာ နွံကန်ကြီးပြိုကျမှုကြောင့် နေအိမ် ၅၀ ခန့် ပါသွားပြီး လူအသေအပျောက်များခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဇန်နဝါရီလ ၁၃ ရက် ဒီမနက်ပိုင်း ၁ နာရီခွဲလောက်မှာ…
Read More » -
Oct- 2024 -29 Octoberသတင်း
ဆိုင်းတောင်ပြည်သူတစ်ချို့နေရပ်ပြန်နေထိုင်ခွင့်ရ၊
ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ပြည်သူတစ်ချို့နေရပ်ပြန်လာနေထိုင်ခွင့်ရပြီဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ကနေ အောက်တိုဘာလ ၉ ရက်နေ့အထိ တစ်လဝန်းကျင်ကြာမြင့်ခဲ့တဲ့ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ကာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ သို့သော် တိုက်ပွဲငြိမ်သက်သွားတဲ့နောက် အောက်တိုဘာလ နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး ဒေသခံတစ်ချို့နေရပ်ပြန်လာနေထိုင်နေပြီဖြစ်ပေမဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ဗုံးကြဲတာ၊ ငွေကြေးပေးပြီး နေအိမ်မီးရှို့စေခိုင်းတာတွေကြောင့် အိမ်ခြေ ၂၀၀ ကျော်မီးလောင်ပျက်စ်ီးသွားတဲ့အတွက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ပြည်သူတွေများစွာရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေဟာနေရပ်ပြန်လာနေကြပေမဲ့ နေစရာအိမ်မရှိတော့တဲ့ အကူညီလိုအပ်နေတယ်လို့ ဆိုင်းတောင်ဒေသခံတွေက ပြောပါတယ်။ “အစကလို ပြန်လာတဲ့သူတွေကတော့ ဆိုင်တွေဘာတွေပြန်ဖွင့်နေပြီ။ အဝေးကိုတိမ်းရှောင်သွားတဲ့သူတွေ၊ မြစ်ကြီးနားဘက်တို့ ဆင်းသွားတဲ့သူတွေကတော့ မပြန်လာဘူး။ မီးလောင်သွားတဲ့အိမ်တွေကိုတော့ KIO ဦးဆောင်ပြီး ရှင်းလင်းရေးတွေလုပ်နေတယ်။ ကုမ္မဏီတွေကိုခေါ်ပြီး ကုမ္မဏီတစ်ခု ကားတစ်စီးနဲ့ နေ့တိုင်းလုပ်အားပေးလုပ်နေတယ်” လို့ ဖားကန့် ဆိုင်းတောင် ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေနေရပ်ပြန်လာနိုင်ဖို့ အောက်တိုဘာလ လဆန်းပိုင်းကစပြီး KIO ဘက်က ဦးဆောင်ကာ ပရဟိတအသင်းများရွာသူ၊သားများနဲ့ ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရပ်ကွက်တစ်ခုပြီးတစ်ခု တစ်သုတ်ပြီးတစ်သုတ် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။ သို့သော် တစ်ချို့ရက်ကွက်တွေကတော့ ရှင်းလင်းရေးလုပ်ဆောင်မှုမပြီးပြတ်သေးတဲ့အတွက် ရွာထဲပြန်လည်နေထိုင်ဝင်ခွင့်မရသေးသူတွေရှိသလို နေအိမ်မရှိတော့တစ်ချို့တစ်ဝက်ဟာ ဖားကန့်မြို့ အနီးအနားကျေးရွာတွေရှိ ဘာသာရေးအဆောက်အအုံ၊ စစ်ရှောင်စခန်းတွေမှာ ဆက်လက်ခိုလှုံနေကြရပြီး မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်သွားသူတွေလည်းများတယ်လို့ ဆိုပါတယ်။ ရွာထဲဝင်ခွင့်မပြုသေးတဲ့နေရာတွေဟာ ကျောက်တွင်းတောင်၊ ဖားပြင်၊ ယူမာကျေးရွာ(ကျောက်ဝိုင်း) ဘက်က ဒေသခံပြည်သူတွေနဲ့ ယူမာရွာနဲ့ကပ်ရပ် ဆိုင်းတောင် ရပ်ကွက် ၃ နေရာတွေဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ မီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIO ဘက်ကဦးဆောင်ပြီး ရှင်းလင်းရေးတွေလုပ်ဆောင်ပေးနေပေမဲ့ ပြန်လည်ထူထောင်ရေးအတွက် တာဝန်ယူဖို့ အစီအစဉ် ရှိမရှိကိုတော့ မသိရဘူးလို့ ဒေသခံတွေဘက်က ပြောပါတယ်။ “ပြန်လည်ထူထောင်ရေးအတွက်ကတော့ စီမံကိန်းရှိမရှိ ကျနော်တို့လည်းမသိရဘူး။ KIO ဘက်က လက်ရှိမှာတော့ စစ်ရှောင်တွေကို ကုမ္မဏီတစ်ခုချင်းစီကနေ ဆန်ဘယ်နှအိတ်ဆိုပြီး ဦးစီးလှူဒါန်းပေးတာတွေတော့ ရှိတယ်။ ကူညီမှုတွေတော့ အများကြီးလိုအပ်နေတယ်။ အားလုံး ပြောင်သလင်းခါသွားပြီလေ။ နေအိမ်တွေ ပြန်လည်ဆောက်ယူဖို့က ဒီအချိန်မှာ မလွယ်ဘူးဒါကြောင့် ကူညီမှုအရမ်းလိုအပ်နေတယ်။ ကုန်စျေးနှုန်းတွေက မြှင့်နဲ့ တော်တော်ခက်ခဲတာပေါ့” လို့ ဆိုင်းတောင်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ တစ်လခန့် ကြာမြှင့်ခဲ့တဲ့ ဆိုင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းကနေ မြေပြင်ကနေ မီးလိုက်ရှို့လို့ အရပ်သားနေအိမ် ၁၇၅ ခု မီးလောင်ဆုံးရှုံး ပြာကျသွားပြီး စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အိမ်ခြေ ၆၈ အိမ်အပြင် တိုက်ပွဲကာလအတွင်း သူခိုးဖောက်ထွင်းမှုကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေ ၃၀ ခန့်ရှိတယ်လို့လည်း KIO ကဆိုပါတယ်။ ဒါ့အပြင် ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သား ၁၆ ဦးသေဆုံးခဲ့ရပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးသတင်းဌာနရဲ့ဖော်ပြထားချက်အရ ဆက်လက်သိရပါတယ်။ တိုက်ပွဲကြောင့် အသက်အိုးအိမ်ဆုံးရှုံး နစ်နာသွားသူတဲ့ ဒေသခံပြည်သူတွေအတွက် သက်ဆိုင်ရာ KIO ဘက်က ဦးစီးတာဝန်ယူလုပ်ဆောင်သွားဖို့ စီမံကိန်းရှိမရှိကိစ္စနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG သတင်းဌာနမှ ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ဖားကန့်မြို့ကနေ မြောက်ဘက် ၃ မိုင်လောက်အကွာမှာရှိတဲ့ ဆိုင်းတောင်ကျေးရွာရဲစခန်းကို KIA သိမ်းပိုက်လိုက်ပြီး Luck Man Hotel ထဲ ဝင်ရောက်တပ်ချလိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ထက်မနည်းကို တစ်လခန့်ကြာ တိုက်ခိုက်ရှင်းလင်းလိုက်ပြီးနောက် အောက်တိုဘာ ၉ ရက်နေ့ကစပြီး ဆိုင်းတောင်တစ်လျှောက်ကို KIA နဲ့ PDF တပ်ပေါင်းစုတွေထိန်းချူပ်လိုက်ပြီဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
8 Octoberတိုက်ပွဲ
တစ်လခန့် တိုက်ပွဲပြင်းထန်နေတဲ့ ဆိုင်းတောင် Lucky Men Hotel ကို KIA သိမ်းပိုက်ရှင်းလင်း
တစ်လအကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ Lucky Men Hotel ထဲက စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီး ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စစ်အင်အား ၅၀ ခန့် တပ်စွဲထားတဲ့ Lucky Men Hotel ကို KIA တပ်တွေ အောက်တိုဘာလ ၇ ရက်နေ့ကနေ ပြင်းပြင်းထန်ထန် ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးတော့ ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မနက်ပိုင်း ၈ နာရီခွဲလောက်မှာ ဝင်ရောက်ရှင်းလင်းလိုက်ပြီဖြစ်တယ်။ ဟိုတယ်ထဲကနေ ထွက်သွားတဲ့ စစ်သားတစ်ချို့ကို လိုက်လံပစ်ခတ်နေတယ်။ ဖမ်းဆီးရမိတာက ၂၂ ယောက်လောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ တိုက်ပွဲမှာ ဆုံးသွားပြီ။ Lucky Men Hotel ထဲမှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘူး။ ဆိုင်းတောင်မှာလည်း စစ်ကောင်စီတပ်တွေမရှိတော့ဘူး”လို့ပြောပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီအရာရှိတစ်ချို့နဲ့ တပ်သား စုစုပေါင်း ၂၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တစ်ချို့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ဒီနေ့ ညနေပိုင်း ၂ နာရီဝန်းကျင်အထိ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ် လိုက်လံပစ်ခတ်ရှင်းလင်းနေတယ်လို့ သတင်းအရင်းအမြစ်တွေပြောပြပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလ ၇ ရက်လောက်ကနေ စစ်ကြောင်း ၃ ခုနဲ့ ဆိုင်းတောင်ကျေးရွာထဲကို ဝင်ရောက်လာပြီး Lucky Men Hotel နဲ့ ကပ်ယက်ရှိသော KTV နှစ်နေရာမှာ စစ်အင်အား ၅၀ လောက် တပ်စွဲထားတာဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေဘက်ကလည်း ဆိုင်းတောင်ကျေးရွာ အဝင်ပေါက် အားလုံးကို ပိတ်ဆို့ထားပြီး Lucky Men Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကို ထွက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဆိုင်းတောင်တိုက်ပွဲဟာ တစ်လကြာမြင့်သွားတာဖြစ်ပါတယ်။ ဆိုင်းတောင် Lucky Men Hotel ကို KIA တပ်တွေ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နေ့လည် ၂ နာရီလောက်မှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။…
Read More » -
1 Octoberစစ်ပြေးဒုက္ခသည်များ
တောထဲမှာစစ်ရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ကလေးငယ်နဲ့မသန်စွမ်းတွေအတွက် ကူညီထောက်ပံ့မှုဆက်လိုအပ်နေသေး
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်၊ကလေးသူငယ်၊မသန်စွမ်းတွေများစွာပါဝင်နေပြီး ဆေးဝါးနဲ့စားသောက်ကူညီထောက်ပံံ့မှု ဆက်ပြီးလိုအပ်နေသေးတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ စတင်လာတဲ့ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ဒေသခံတွေပြည်သူတွေတစ်ချို့ တော၊ယာခင်းတွေမှာ ခက်ခက်ခဲခဲစစ်ရှောင်နေကြတာ ခုဆိုရင် ရက်ပေါင်း ၂၃ ရက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီစစ်ဘေးရှောင်ထဲမှာ ကိုယ်ဝန်ဆောင်မိခင်၊ကလေးသူငယ်နဲ့မသန်စွမ်းတွေပါဝင်နေတဲ့အတွက် အဓိကဆေးဝါးနဲ့အစားသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ခုကျမတို့ဒီမှာ လူဦးရေ ၃၀၀ ကျော်ပြီ ခြေထောက်မသန်တဲ့သူတွေလည်းပါတယ် ကိုယ်ဝန်ဆောင်မိခင်၊လသားအရွယ်မွေးထားတဲ့မိခင်တွေ၊ ကလေးသူငယ်တွေလည်းအများကြီးပါတော့ အဝေးကိုမသွားနိုင်ကြဘူး။ အဲဒါကြောင့်လည်း ဒီတောထဲမှာဘဲ သောင်တင်နေတဲ့အခြေနေဖြစ်နေတယ်။အဲကြောင့် ဆေးဝါးနဲ့အစားသောက်တွေကလိုအပ်နေသေးတယ်”လို့ ပြောပါတယ်။ တော၊တောင်၊ယာခင်းထဲစစ်ရှောင်နေတဲ့သူ ၃၀၀ ဝန်းကျင်ထဲက ကလေးသူငယ်၊မသန်စွမ်း၊သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း ၂၀၀ ခန့်ရှိတယ်လို့သိရပြီး နေရာထိုင်ခင်းအတွက် မိုးကာတဲထိုးပြီးနေရတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် ချောင်းရေတွေမသန့်တဲ့အတွက် သောက်သုံးရေရှားပါးတဲ့ပြသာနာလေးကြုံတွေ့နေရသလို ခြင်၊ဖြုတ်ပေါ်လွန်းတာကြောင့် ဖျားနာသူတွေလည်း ရှိလာနေတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။ ဒါပေမယ့် လက်ရှိချိန်ထိ ဆိုင်းတောင်ကျေးရွာ Lucky Men Hotel ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဆက်ရှိနေသေးသလို KIA ပူးပေါင်းတပ်ဘက်ကလည်း ပိတ်ဆို့ထားဆဲဖြစ်တာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေနေရပ်ပြန်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ကနေစတင်လာတဲ့ တိုက်ပွဲမှာ စက်တင်ဘာလ ၁၂ ရက်နေ့ ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်ကအပြီးသတ်သိမ်းပိုက်လိုက်ချိန် စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုဟာ ပိုပြီးဆိုးရွားလာတဲ့အပြင် မူးယစ်ဆေးသမားတွေကို ငွေပေးပြီး နေအိမ်မီးရှို့ခိုင်းတဲ့အတွက် ဆိုင်းတောင်ရွာ ရပ်ကွက် ၄ နဲ့ ၃ နေအိမ်အားလုံးနီးပါးမီးလောင်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် စစ်ဘေးရှောင်တွေဟာ နေအိမ်အများအပြားလည်း ဆုံးရှုံးထားကြတဲ့အပြင် စစ်ရှောင်ချိန်သယ်ဆောင်ခဲ့တဲ့ စားသောက်ကုန်တွေလည်း စစ်ရှောင်ကာလကြာမြင့်လာတဲ့အတွက် ကုန်နေပြီလို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အစတော့ ကျမ မပြေးတော့ဘူးလို့ဆုံးဖြတ်ထားတာ မိသားစုကမစုံတော့ပြေးချင်စိတ်လဲမရှိတော့ဘူး။ သမီးက ဟိုတယ်ထဲပိတ်မိတဲ့ပါနေတော့ ပိုစိုးရိမ်တယ်။နောက်ပိုင်းတော့ လေယာဉ်ကြဲတာက နေလို့မရတော့တဲ့အထိဖြစ်လာလို့ ပြေးလာတာ။ ခုယူလာတဲ့စားစရာတွေလည်းကုန်နေပြီ။ ဒီမှာလုံးဝနေလို့မရတော့ဘူးဆိုရင်တော့ တစ်ခြားနေရာကိုထပ်ပြေးဖို့တော့ စဉ်းစားထားတယ်” လို့ ပြောပါတယ်။ ဆိုင်းတောင်တိုက်ပွဲကြောင့် ငွေကြေးတတ်နိုင်တဲ့ဒေသခံပြည်သူတွေဟာ ဖားကန့်မြို့ကနေတစ်ဆင့် မြစ်ကြီးနားနဲ့တစ်ခြားနေရာကို ပြောင်းရွှေ့သွားသူတွေရှိသလို ဖားကန့်မြို့ပေါ်မှာလည်း စစ်ရှောင် ၆ ထောင်ခန့်ထိရှိနေပြီဖြစ်ပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ကချင်– စစ်ကိုင်းအစပ် အင်းတော်၊ထီးချိုင့်တိုက်ပွဲကြောင့် ကချင်ပြည်နယ်ထဲကို အဓိကကုန်တင်သွင်းတဲ့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်းလည်း ကားအသေးနဲ့သာပြေးဆွဲနေတဲ့အတွက် ကချင်ပြည်နယ်မှာအခြေခံစားသောက်ကုန်တွေဟာ စျေးအဆမတန်မြင့်လာတဲ့အပြင် ကုန်စည်ရှားပါးတဲ့ပြသာရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့် မြစ်ကြီးနားကနေတစ်ဆင့် ပြန်တင်သွင်းရတဲ့ ဖားကန့်မြို့နယ်ပြည်သူတွေအဖို့ စစ်ရေးအခြေနေကြောင့် ကုန်ကားအဝင်နည်းသွားတဲ့အပြင် ဆိုင်တစ်ချို့ပိတ်ထားရတဲ့အခြေနေရှိနေပြီး အခြေခံစားသောက်ကုန်ဝယ်ယူဖို့ ခက်ခဲလာတဲ့အတွက် စစ်ဘေးရှောင်တွေဟာ အစစအရာရာခက်ခဲနေတာဖြစ်ပါတယ်။ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးကာလအတွင်း ဖားကန့်မြို့နယ်ထဲက နန့်တိန်၊နန့်ယား၊တာမခံ၊ဝှေခါ၊ဆယ်ဇင်း၊ လမောင်တပ်စခန်းကုန်းအပါအဝင် တပ်စခန်းနေရာ ၉ခုထက်မနည်း သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ ဖားကန့်မြို့နယ်ဟာ ကချင်ပြည်နယ်၊မိုးညှင်းခရိုင်ထဲမှာပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်ပါတယ်။ By – Zami
Read More »