ဆိုင်းတောင်

  • Sep- 2024 -
    25 September
    စစ်ရေး

    ဖားကန့်မှာ တိုက်ပွဲကြောင့် ပြည်သူတွေ ရာနဲ့ချီစွန့်ခွာနေ

    ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဖားကန့်မြို့ထဲက ပြည်သူတွေ ရာနဲ့ချီနေ့စဉ် ထွက်ခွာနေကြတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်တွေ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း ဖားကန့်ဒေသမှာရှိကြတဲ့ ပြည်သူတွေအများအပြားဟာ…

    Read More »
  • 25 September
    စစ်ပြေးဒုက္ခသည်များ

    ဖားကန့်မှာ စစ်ဘေးရှောင် ၆ ထောင်ခန့်အထိရှိလာပြီး စစ်ရှောင်အကူညီအရေးပေါ်လိုအပ်နေဆဲ

    ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၆ ထောင်ခန့်ရှိလာပြီး စစ်ရှောင်တွေအတွက် အရေးပေါ်အကူညီလိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့အထိ စစ်ဘေးရှောင် ၄ ထောင်ရှစ်ရာအထိသာရှိခဲ့ပေမယ့်  ၂၀ ရက်နောက်ပိုင်းမှာ စစ်ရှောင်ဦးရေ ၆ ထောင်ခန့်ထိမြင့်တက်လာတာလို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “၁၉ ရက်နေ့ မတိုင်ခင်အထိတော့ စစ်ရှောင် ၄ ထောင်ကျော်ပဲရှိသေးတယ်။ ဒီ ၂၀ ရက်နောက်ပိုင်း ပြည်သူတွေက နေ့တိုင်းလိုလိုရှောင်ကြတာ အခု ၆ ထောင်လောက်ရှိသွားပြီ။ အခုတိမ်းရှောင်ကြတဲ့ထဲမှာ ဆိုင်းတောင်တစ်ခုထဲမကတော့ဘူး။ ဆိုင်းတောင်တိုက်ပွဲကြောင့်ဆိုရင် ဖားကန့်မြို့တွင်းပါမယ်။ ပြီးရင် ယူမာရှောင်ရင် မရှီကထောင်လည်းအကုန်ရှောင်ကြပြီ။ မြစ်ကြီးနားဘက်ကို ဆင်းသွားတဲ့ သူတွေတောင်အရမ်းများတယ်”လို့ပြောပါတယ်။ လက်ရှိ စစ်ဘေးရှောင် ၆ ထောင်ကျော်ခန့်ကို ဖားကန့်မြို့နယ်ထဲက ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆွေမျိုးအိမ်နဲ့ တောနေရာအပါအဝင် နေရာ  ၂၇ ခုသတ်မှတ်ပေးထားပြီး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင် ၆ ထောင်ခန့်ထဲမှာ ဆိုင်းတောင်ကျေးရွာက ပြည်သူတွေအားလုံးနီးပါးပါဝင်ပြီး ဆိုင်းတောင်ကျေးရွာနဲ့ ထိစပ်တဲ့ စပေါ့၊ ယူမာ၊ မရှီကထောင် စတဲ့ ကျေးရွာက ပြည်သူတွေလည်း ပါဝင်တယ်ပြောပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ  စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တိုက်ပွဲစတင်လာတဲ့ စက်တင်ဘာ ၇ ရက်ကနေ ကုန်ကားအဝင်မရှိတဲ့အတွက် မြို့ထဲ ကုန်စုံဆိုင်တစ်ချို့ကုန်ပစ္စည်း ပြတ်လပ်သွားတဲ့အပြင် ကုန်စုံဆိုင်ကြီးတွေအများပိုင်းလည်းပိတ်ထားပြီး လက်ကျန်ရောင်းနေသေးတဲ့ ကုန်ပစ္စည်းတွေကလည်း စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖားကန့်မြို့မှာရှိတဲ့ ရေသန့်စက်ရုံတွေလည်း ယာယီပိတ်ထားတာကြောင့် သောက်သုံးရေပြတ်လပ်ဒဏ်ကိုကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် ငွေကြေးတတ်နိုင်တတ်နိုင်သူတွေလည်း ကုန်ပစ္စည်းဝယ်ယူနိုင်ဖို့ ခက်ခဲနေပြီး တစ်ဖက်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူထောင်ချီအတွက် ပိုပြီးအခက်အခဲဖြစ်စေတယ်လို့ ဖားကန့် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “အခုက ဘယ်ဖြစ်လာလဲဆိုတော့ ပိုက်ဆံရှိနေရင်တောင် အစားအသောက်ဝယ်စားနိုင်ဖို့ ခက်ခဲလာတယ်။ ဘာလို့လဲဆိုတော့ စစ်ရှောင်တွေက အရမ်းများလာတယ်။ ဆိုင်ကြီးတွေက ပိတ်ထားတာများလာတယ်။ လူထောင်ချီစာအတွက်ဝယ်ယူဖို့ ခက်ခဲတယ်။ ပြီးရင် သောက်ရေသန့် ထုတ်တဲ့ စက်ရုံတွေပိတ်ထားလို့ သောက်ဖို့ ရေတောင်ခက်ခဲသွားပြီ။ နောက်တစ်ခုဆေးဝါး လုံးဝ ဝယ်ဖို့ အရမ်းခက်ခဲသွားပြီ ဆေးဆိုင်တွေ အကုန်ပိတ်ထားတယ်။ ဒီအချက်တွေက အခုလောလောဆယ်ကူညီပေးဖို့ လိုအပ်နေတာဖြစ်တယ်”လို့ပြောပါတယ်။ KIO/KIA ဘက်ကနေ ဆေးဝါးတွေကို အရေးပေါ်အတွက်သာပြင်ဆင်ထားတာဖြစ်တဲ့အတွက် စစ်ရှောင်နေရာတွေမှာ နားမကျန်းဖြစ်တဲ့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအတွက် ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိ စစ်ဘေးရှောင် ၆ ထောင်ခန့် အတွက် တိမ်းရှောင်နေတဲ့ ကျေးရွာအလိုက် တာဝန်ရှိ အုပ်ချုပ်ရေးအဖွဲ့နဲ့ လူမှုကူညီရေးတွေ ပူးပေါင်းပြီး လတ်တလောစားဝတ်နေအတွက် ဖြေရှင်းပေးနိုင်ပေမယ့် တိုက်ပွဲကာလ ဒီထက်ပိုပြီး ကြာမြင့်လာရင် အစားအသောက်ပြတ်လပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ကူညီဆောင်ရွက်ပေးတဲ့ သူတွေကပြောပါတယ်။ လတ်တလောစစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ အမိုးအကာ၊စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ သောက်သုံးရေတွေအဓိက လိုအပ်နေတယ်လို့လည်း သိရပါတယ်။ ဆိုင်းတောင်ကျေးရွာမှာ ဒေသခံပြည်သူတွေအားလုံး တိမ်းရှောင်သွားကြပြီးနောက် ကျေးရွာအဝင်ပေါက် အားလုံးကို KIA ပူးပေါင်းတပ်က ကြိုးသွယ်တန်းကာပိတ်ထားပြီး တိုက်ပွဲဖြစ်နေတဲ့ Lucky Man Hotel ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ထွက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဆက်ဖြစ်နေတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့ထိ ဆိုင်းတောင်တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုဆက်တိုက်လုပ်နေဆဲဖြစ်ပြီး နှစ်ဖက်တပ်တို့အကြား စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးကာလအတွင်း ဖားကန့်မြို့နယ်ထဲက နန့်တိန်၊နန့်ယား၊တာမခံ၊ဝှေခါ၊ဆယ်ဇင်း၊ လမောင်တပ်စခန်းကုန်းအပါအဝင် တပ်စခန်းနေရာ ၉ခုထက်မနည်း သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 23 September
    တိုက်ပွဲ

    Lucky Man ဟိုတယ်မှာ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ရှိနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော

    ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာ Lucky Men ဟိုတယ်တွင်း စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင် ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ထိရှိနေသေးတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၄ မှာရှိတဲ့ Lucky Man ဟိုတယ်ကနေ ဒီနေ့ထိထွက်ခွာသွားခြင်းမရှိဘဲ ဆက်ရှိနေသေးတဲ့အတွက် KIA ပူပေါင်းတပ်ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “Lucky Man ဟိုတယ်ထဲမှာရှိနေတဲ့ အင်အား ၅၀ လောက်က အခုချိန်အထိ မထွက်လာသေးဘူး။ အဲဒါကြောင့် KIA ပူပေါင်းတပ်တွေကလည်း လမ်းကြောင်းအားလုံးကို ပိတ်ထားတယ်။ စစ်တပ်ဘက်ကလည်း အဲဒီစစ်ကြောင်းတွေကို ကယ်ထုတ်ဖို့ရန်အတွက် စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေလှမ်းထုတယ်။ ပြီးရင် လက်နက်ကြီးတွေနဲ့ နေ့တိုင်းလာပစ်တယ်။ အဲကြောင့် ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်။ ဖားကန့်မြို့တစ်ခုလုံးမှာရှိတဲ့ ပြည်သူတွေလည်း ကြောက်လန့်ပြီးတော့ စစ်ရှောင်နေကြတယ်”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့ ဒီနေ့အထိ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အချင်းချင်း လမ်းကြောင်းအပြန်အလှန်ပိတ်ဆို့ထားသလို ဖားကန့် ဗျူစစ်တပ်ကုန်းကနေ တိုက်ပွဲဖြစ်တဲ့ ဆိုင်းတောင်ရွာဘက်ကို လက်နက်ကြီးတွေ အဆက်မပြတ်ယမ်းသမ်းပစ်ခတ်နေတာကြောင့် တိုက်ပွဲပိုပြင်းထန်နေတာလို့ ဒေသခံတွေပြောပါတယ်။ အလားတူ KIA ပူးပေါင်းတပ်ဘက်ကလည်း ဗျူဟာကုန်းဘက်ကို တန်ပြန်ပစ်ခတ်တာတွေလုပ်နေပြီး စစ်ကောင်စီဘက်ကနေ တစ်ရက်ကို ၂ ကြိမ်နှုန်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ် မီးလောင်ပျက်စီးတာတွေ ဆက်လက်ရှိနေတယ်လို့လည်း သိရပါတယ်။ ဖားကန့် ဆိုင်းတောင်တိုက်ပွဲဟာ တစ်ရက်ပြီးတစ်ရက် ပိုမိုပြင်းထန်လာတဲ့အတွက် ဖားကန့်မြို့တွင်းကုန်စုံဆိုင်ရောင်းဝယ်တဲ့ လုပ်ငန်းရှင်တွေ၊ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ချို့တွေ လုပ်ငန်းတွေ ရပ်တန့်ထားပြီး စွန့်ခွာတဲ့ သူတွေများပြားလာတယ်လို့ သိရပါတယ်။ လက်ရှိ ဖားကန့်တိုက်ပွဲနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက အခုလို ဆက်ပြောပါတယ်။ “ဆိုင်းတောင်တိုက်ပွဲသတင်းက မနေ့ည အထိ ပြင်းပြင်းထန်ထန်ပစ်ခတ်နေကြတုန်းပါပဲ။ အခုအဓိက တိုက်ပွဲဲဖြစ်နေတဲ့ နေရာက Lucky Man Hotel နဲ့ ယူမာကျောက်မျက်ရုံး ၊ အနောက်ဖက်ခြမ်း ဥရုချောင်းနဲ့ ဂွေခါ ချောင်းဆုံအနီးတဝိုက်မှာပဲ တိုက်ပွဲက ဆက်ဖြစ်နေတာ”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့မှာလည်း ယူမာကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က တစ်ပြိုင်နက် ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဆိုင်းတောင်တိုက်ပွဲဟာ စက်တင်ဘာလ ၇ ရက်နေ့ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကာလကြာမြင့်လာတာနဲ့အတူ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလာသလို ဆိုင်းတောင်ကျေးရွာအပါ ထိစပ်တဲ့ ကျေးရွာအသီးသီးက ဒေသခံပြည်သူ ၅ ထောင်ဝန်းကျင်ခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ရက်ပေါင်း ၂၀ ကျော်အတွင်း စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်တာတွေကြောင့် လူနေအိမ် ၅၀၀ ခန့် မီးလောင်းပျက်စီးမှုရှိနိုင်တယ်လို့ ဖားကန့် ဒေသခံ လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။…

    Read More »
  • 12 September
    တိုက်ပွဲ

    ဆိုင်းတောင်ရွာကို စစ်တပ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်အများအပြား မီးလောင်ပျက်စီး

    စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်နေတဲ့ Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

    Read More »
  • 10 September
    သတင်း

    ဆိုင်းတောင်တိုက်ပွဲမှာ အပြစ်မဲ့အရပ်သားပြည်သူတွေ ဖမ်းဆီး ပစ်သတ်ခံနေရ

    ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့ ဖမ်းဆီးပစ်သတ်ခံနေရပြီး သေဆုံးမှုထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေး PDF တွေလည်းပါဝင်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၆ ရက်ည ဆိုင်းတောင်ကျေးရွာထဲ စစ်တပ်ကဝင်ရောက်စစ်ကြောင်းထိုးလာရာကနေ ဒီနေ့အထိ နှစ်ဖက်စစ်တပ် အပြန်အလှန်ပိတ်ဆို့တိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးတစ်ဦးက KNG ကိုပြောပါတယ်။ “ဆိုင်းတောင်တိုက်ပွဲက စစ်တပ်နဲ့ KIA တပ်တွေက ပိတ်ဆို့ရေးတွေလုပ်ပြီး တိုက်ပွဲကဖြစ်နေဆဲပါပဲ။ အဲကြောင့် ဆိုင်းတောင်ဘက်ကို ဘယ်သူမှ ဝင်လို့မရဘူး။ အဲလိုဘဲ ဆိုင်းတောင်ဘက်ကိုသွားတဲ့ ဝင်ပေါက်လမ်းကြောင်းတွေအကုန်လုံးပိတ်ထားတယ်။ တစ်ချိုဆိုရင် အပြင်ရောက်နေလို့ ကိုယ့်ရွာထဲကို ကိုယ်ပြန်ဝင်လို့မရသေးဘူး”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက်(၂)မှာရှိတဲ့ Lucky Men Hotel တဝိုက်မှာဖြစ်ပြီး နှစ်ဖက်စစ်တပ်က ဆိုင်းတောင်နဲ့ ယူမာလမ်း အဝင်အထွက်လမ်းတွေပိတ်ဆို့ပြီး အပြန်အလှန်ပစ်ခတ်နေကြာတာဖြစ်တယ်လို့ သိရပါတယ်။ ခုလို ဆိုင်းတောင်ကျေးရွာမှာ တိုက်ပွဲပိုပြီးပြင်းထန်လာတာဟာ စက်တင်ဘာလ ၇ ရက် မနက်ပိုင်း ၁ နာရီဝန်းကျင်  Lucky Men Hotel ထဲမှာရှိနေတဲ့ KIA နဲ့ PDF တပ်တွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စတင်လာတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဟိုတယ်ထဲဝင်ရောက်စီးနင်းခဲ့တဲ့  စက်တင်ဘာလ ၇ ရက်နေ့ မနက်မှာ ဟိုတယ်ထဲရှိနေတဲ့ အရပ်သားတစ်ချို့နဲ့ KIA တပ်ဖွဲ့ဝင်တစ်ချို့အပါအဝင် ၁၀ ဦးကျော်ကို  ဖမ်းဆီးသွားတဲ့အပြင် ဟိုတယ်ထဲမှာလည်း ၇ ဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောပြပါတယ်။ “Lucky Men Hotel မှာတစ်ချို့က ဖမ်းဆီးခံရသလို ပစ်သတ်ခံရတဲ့ သူတွေလည်းရှိပါတယ်။ အဲထဲမှာ အရပ်သားပြည်သူတွေလည်းပါသလို KIA၊ PDF လည်းပါတယ်။ ဒါပေမယ့် အခုချိန်အထိ ဘယ်သူဘယ်ဝါဆိုပြီး အတည်ပြုလို့မရသေးဘူး။ အဆက်သွယ်တွေလည်းခက် ပြီးရင် ဘယ်သူမှ သွားလို့မရဘူး။ လမ်းတွေလည်း ပိတ်ထားတယ်ဆိုတော့”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဘက်က Lucky Men Hotel က ဖမ်းဆီးသွားတဲ့ ၁၀ ဦးကို ကြိုးတုတ်ပြီး နေပူလှန်းတာတွေ၊ ရိုက်နက်တာတွေလုပ်ဆောင်နေပြီးတော့ လမ်းပိတ်ထားတဲ့နေရာမှာ လမ်းပေါ်သွားလာတဲ့ပြည်သူတွေလည်း သေနတ်ပစ်သတ်တာတွေလည်းရှိနေပြီး အရပ်သားပြည်သူတစ်ချို့ လမ်းပေါ်သေဆုံးနေတာတွေလည်းရှိတယ်လို့ သူက ပြောပြပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့မှာ KIA နဲ့ PDF အဖွဲ့တွေ Lucky…

    Read More »
  • 7 September
    တိုက်ပွဲ

    ဖားကန့် ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်နေ 

    ဖားကန့်မြို့ ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင် စစ်ကောင်စီတပ်ဘက်က ဆိုင်းတောင်ရွာထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ Luky Man Hotel နဲ့ KTV မှာရှိနေတဲ့ KIA၊ KPDF တပ်ဖွဲ့တစ်ချို့ကို ဝင်စီးနင်းရာကနေ အပြန်လှန်ပစ်ခတ်မှုစတင်ခဲ့ပြီး ညနေ ၅ နာရီနောက်ပိုင်း တိုက်ပွဲပိုပြင်းထန်လာတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ “ဒီမနက် ၁ နာရီကျော်ကတည်းက ဖြစ်နေတာ KIVနဲ့ Hotel မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တစ်ချို့ကို စစ်တပ်က ဝင်ဖမ်းတာလို့ပြောတယ်။ စစ်ကြောင်းက ၃ ကြောင်း Luky man ထဲဝင်တာတစ်ဖွဲ့၊ Luky man ဆိုင်နားက တံတားမှာလုံခြုံရေးယူပေးတာ တစ်ဖွဲ့၊ Luky man နောက်ဖက် ကျောက်သွေးတောင်ဘက်ကို လုံခြုံယူပေးတာတစ်ဖွဲ့ ဝင်လာတာ။ အဲဒါကို KIA ပူးပေါင်းတပ်က ရွာအပြင်ကနေ ထပ်ဝိုင်းထားတော့ တစ်နေကုန်ပစ်လိုက် နားလိုက်နဲ့ ညနေပိုင်းကနေ တောက်လျှောက်ဖြစ်နေပြီ”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၂၀ ဝန်းကျင်ရှိပြီး Luky man Hotel ထဲဝင်ရောက်စီးနှင်းချိန် တံတားမှာစောင့်နေတဲ့အဖွဲ့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ကျောက်သွေးတောင်ဘက် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်တို့အကြား တစ်နေ့လုံး စစ်ရေးတင်းမာနေခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာလ ၆ နာရီ နောက်ဆုံးသိရှိရတဲ့အချက်လက်အရ ဆိုင်းတောင်ရွာက ပြည်သူတွေဟာ မနက်ပိုင်းကနေ ထွက်ပြေးသွားနိုင်တဲ့သူတွေရှိပေမယ့် အများပိုင်းရွာထဲကျန်နေသေးတယ်လို့ ဖားကန့်ပြည်သူတွေက ပြောပါတယ်။ “တစ်နေကုန် နှစ်ဖက်စောင့်ကြည့်အနေထားမှာရှိနေတာလို့ သိရတယ် ပစ်လိုက်နားလိုက်နဲ့ အထဲဝင်သွားတဲ့ စစ်ကြောင်းကလည်း ပြန်မထွက်နိုင်တော့ဘူး ပြည်သူတွေက တံခါးပိတ်ပြီးနေနေကြတယ်လို့ နောက်ဆုံးသိထားရတယ်။ပြေးတဲ့သူကလည်း တစ်ချို့ပြေးကြပြီ နေ့လည်ကတည်းက” လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ရွာအထဲ ဝင်ရောက်တဲ့ စစ်ကောင်စီတပ်တွေထွက်လို့မရအောင် KIA ပူးပေါင်းတပ်က ပိတ်ဆို့ပစ်ခတ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာပြီး စက်တင်ဘာလ ၄ ရက်နေ့မှာတော့ မရှီကထောင်ဘက်ကို စစ်ရေးစတင်လှုပ်ရှားလာတာဘဲဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ  မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။‘ By – Zami

    Read More »
  • Jun- 2024 -
    27 June
    တိုက်ပွဲ

    ဆိုင်းတောင်နှီးဘုရားကုန်းမှာ တိုက်ပွဲပြင်းထန်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်  ဆိပ်မှု(ဆိုင်းတောင်)ကျေးရွာ နှီးဘုရားကုန်းမှာ စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ ဆိပ်မှု( ဆိုင်းတောင်) နှီးဘုရားကုန်းမှာ စစ်အင်အား ၃၀ ခန့်လောက် ယာယီလာရောက်တပ်ချထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်  KIA၊KPDF ပူးပေါင်းတပ်တွေကြား ဒီကနေ့…

    Read More »
  • 27 June
    သတင်း

    ဆိုင်းတောင်ရဲစခန်းတိုက်ခိုက်ခံရ ရဲမှူးနဲ့အရာရှိ  ၇ ဦးအပါ ၁၂ ဦးသေဆုံး၊ ၆  ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာထဲက ရဲစခန်းကုန်းဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် ရဲမှူး၊ ရဲအရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံးပြီး  ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ရဲနဲ့ စစ်သား အင်အား ၂၀ ကျော်တပ်စွဲထားတဲ့ ဆိပ်မှု (ဆိုင်တောင်) စာသင်ကျောင်းအနီးက ရဲစခန်းကုန်းကို မနေ့က ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ KIA/PDF ပူးပေါင်းတပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် ဒုရဲမှူးကြီးတစ်ဦး၊ ဒုရဲမှူးတစ်ဦး၊ ရဲအုပ်တစ်ဦး၊ ရဲတပ်ကြပ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးအပါ စုစုပေါင်း ၁၂ ဦးအထိသေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် KPDF ပြန်ကြားရေးဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ “ဆိုင်းတောင်ကစစ်တပ်ကုန်းကို အဲ့မှာ ၁၀ ယောက်သေပြီးမှ ၆ ယောက်ဒဏ်ရာရတယ်ပြောတယ်ဗျ အရာရှိကသေဆုံးသွားတယ် ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့တခါတည်းသေသွားတာ”လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ရဲအရာရှိဟာ ဖားကန့်ရဲတပ်ရင်းက ဒုရဲမှူးကြီးသူရအောင်၊ ဒုရဲမှူး ခိုင်စိုးဟန်၊ ရဲအုပ် ထွန်းခိုင်စိုး၊ရဲတပ်ကြပ်ကြီး သိန်းစိုး၊တပ်ကြပ်ကြီး ဦးဝင်းမြင့်၊ ဒုတပ်ကြပ် ဇော်မိုး၊ တပ်သား ဟိန်းမင်းထက်၊ တပ်သား ဖြိုးထက်အောင်၊ တပ်သားဇော်ဝင်းကျော်၊တပ်သားထွန်းထွန်းလင်း စုစုပေါင်း ၁၀ ဦးဟာ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့နေရာမှာတင်ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရရှိထားတဲ့ ၆ ဦးထဲကလည်း ဆေးရုံအရောက် တပ်သား ၂ ဦးထပ်ပြီးသေဆုံးတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။  “ဒီနေ့တော့အေးဆေးပဲမနေ့ကတော့အခြေအနေအတော်ဆိုးသွားတယ် ဒရုန်းချခံလိုက်ရတာသေတဲ့အလောင်းတွေနဲ့ဒဏ်ရာရထားတဲ့သူတွေကို နာရေးကူညီမှုအသင်းတွေကိုအတင်းခေါ်ပြီးပို့ခိုင်းတယ်ပြောတယ်။ ကြားရတာတော့ ပထမကသေတာ ၁၀ ယောက်ပဲ တချို့က ဆေးရုံမှာထပ်သေတာပြောတယ်”လို့ သူကပြောပါတယ်။ ဖားကန့်မြို့နယ်ဆိုင်းတောင်ကျေးရွာထဲမှာ ဒီရက်ပိုင်း စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေမကြာခနရှိနေတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမကြာခနဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း သတိထားပြီးနေထိုင်ကြဖို့ ဖားကန့်KPDF တာဝန်ရှိသူကပြောပါတယ်။ “ဆိုင်းတောင်ဘက်က လောလောဆယ်ပြည်သူတွေရော သတိထားပြီးနေရတဲ့အခြေအနေဟုတ်တယ်ဗျ။ မြို့ထဲရွာထဲမှာလောလောဆယ် တိုက်ပွဲတွေဖြစ်လာတဲ့အနေအထားဆိုတော့ပြည်သူတွေအားလုံးလည်းစိုးရိမ်တကြီးနေကြရတယ်။ မနေ့ကတော့တနေကုန်နီးပါးလောက်ပစ်နေတာ မြေပြင်မှာတိုက်ပွဲကတော့ဟိုနေရာနည်း ဒီနေရာနည်းနည်းအဲ့လိုပြောက်ကျားဖြစ်တာ”လို့သူကပြောပါတယ်။ ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ ဆိပ်မှု (ဆိုင်းတောင်)ဘက်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်း ယူမာကျေးရွာ၊ မရှီကထောင်ကျေးရွာစတဲ့နေရာတွေကနေ စစ်ကူအနေနဲ့စစ်ကြောင်းထိုးလာတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဆိုင်းတောင်ကျေးရွာအဝင်မှာ ဇွန်လ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲ ဖြစ်ပွားရာကနေ ဒီကနေ့အထိနှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပြီး စစ်ကောင်စီဘပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေနေ့တိုင်းပြုလုပ်နေတာကြောင့် မနေ့ကတစ်ရက်တည်းဆိုင်းတောင်ရွာသားတစ်ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ By – Zaw Zaw

    Read More »
  • 26 June
    လူ့အခွင့်အရေးချိုးဖောက်မှု

    ဆိုင်းတောင်မှာ လက်နက်ကြီးကျကွဲပြီး အရပ်သား ၄ ဦးထိခိုက်၊ တစ်ဦးသေဆုံး

    ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျမှန်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းခန့် ဖားကန့် မြို့မရပ်ကွက်မှာရှိတဲ့ စစ်တပ်ကုန်းကနေပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ  ဆိုင်းတောင်ကျေးရွာ စိန်မြသုခ ဘုန်းကြီးကျောင်းဝင်ထဲ ကျမှန်ပေါက်ကွဲခဲ့ရာ ဘုန်ကြီးကျောင်းအနီးတဝိုက်က လက်ဖက်ရည်ဆိုင်နဲ့ရွှေပန်းတိမ်ထဲမှာရှိနေတဲ့ အရပ်သား ၃ ဦးမှာကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးရှိခဲ့တယ်လို့ ဖားကန့် ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “လက်နက်ကြီးက စိန်မြသုခဘုန်းကြီးကျောင်းဝင်ထဲမှာကျကွဲတော့ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ကောင်လေးတစ်ယောက်က လက်တစ်ဖက်ကျိုးသွားတယ်။ ဆိုင်မှာလာထိုင်နေတဲ့ တစ်ယောက်ကပွဲချင်းပြီး သေဆုံးသွားတယ်။ ရွှေဆိုင်က ပန်တိမ်ဆရာတစ်ယောက်လည်းထိသွားတယ်”လို့ပြောပါတယ်။ အလားတူဘဲ ဖားကန့်စစ်တပ်ကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ရှမ်းကုန်းရပ်ကွက် နေအိမ်တစ်အိမ်မှာလည်း တစ်လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ကရင်ကောင်လေးတစ်သီးလည်း ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့သိရပေမယ့် ရှမ်းကုန်းဘက် လမ်းတွေပိတ်ထားတာကြောင့် ဆေးကုသဖို့ခက်ခဲနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့မနက် စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဆိုင်းတောင်ကျေးရွာအနီးတဝိုက်ပတ်ပတ်လည်မှာ သုံး၊ လေး နေရာလောက်မှာ ကျမှန်ပေါက်ကွဲခဲ့တဲ့အတွက် စုစုပေါင်း အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ထဲက လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးကာ စားပွဲထိုးနဲ့ ရွှေပန်တိမ်ဆိုင်ကတစ်ဦးက ဒဏ်ရာပြင်းထန်တဲ့တွက် ဆေးကုသခံယူနေပြီး ရှမ်းကုန်းဘက်က အမျိုးသားကတော့ ဆေးကုသခွင့်မရသေးဘူးလို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်အထိ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေသေးတာကြောင့် လက်နက်ကြီး ထိမှန်သေဆုံးသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ သူတွေရဲ့ အချက်အလက်အသေးစိတ်ကို သိရှိဖို့ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဖားကန့် ဆိုင်းတောင်နဲ့ လုံးခင်းကျေးရွာတွေမှာ ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး စစ်တပ်ဘက်က ကျေးရွာအနီးတဝိုက် စစ်အင်အား ၃၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်း စစ်ရေးလှုပ်ရှားသွားလာနေတာကြောင့် ဆိုင်းတောင်အနီးတဝိုက်မှာ KIA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး KIA ပူးပေါင်းတပ်တွေရှိတဲ့နေရာဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာ နှစ်ရက်ဆက်တိုက်ရှိပြီလို့ သိရပါတယ်။ တစ်ဖက်မှာ KIA ပူးပေါင်းတပ်တွေဘက်ကလည်း စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားသွားလာလို့မရအောင် စစ်တပ်ရှိတဲ့နေရာတွေဘက်ကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဖားကန့်မြို့နဲ့ နီးတဲ့ ကျေးရွာတွေမှာ စစ်တပ်ဘက် အခုလိုစစ်ရေးလှုပ်ရှားလာပြီး တိုက်ပွဲတွေ ဖြစ်ပွားလာတာဟာ အခုရက်ပိုင်းအတွင်း အင်းတော်ကြီးဒေသ နဲ့ ဖားကန့် အစပ် ဝှေခါလမ်းတစ်ကြော စစ်တပ်နဲ့ ရှမ်းနီးပြည်သူ့စစ်တပ်စခန်းတွေကို KIA တပ်တွေ တိုက်ခိုက်သိမ်းပိုက်တာတွေရှိနေတာကြောင့် လုပ်ဆောင်လာတာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့် ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ “ဆိုင်းတောင်အနီးတဝိုက်မှာလည်း KIA တပ်တွေပုံမှန်ရှိတယ်လေ။ စစ်တပ်က စစ်ကြောင်းသွားလာတာတွေရှိလာတော့ ထိတွေ့တိုက်ပွဲတွေဖြစ်တဲ့သဘောပါ။ အဲကြောင့် လက်နက်ကြီးတွေ ပစ်နေတာ။ အခုထိလည်းပစ်နေတုန်း တစ်ညလုံးလည်းပစ်တယ်။ အခုတလော မိုးညှင်း – အင်းတော်ကြီးဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတော့ စစ်တပ်က ခြေဆွဲတဲ့ ပုံစံနဲ့ စစ်ရေးလှုပ်ရှားလာတာလို့မြင်တယ်။ အရမ်းကြီး သွားလာဖို့လည်း အင်အားတော့မရှိဘူး။ ပြည်သူတွေရှိတဲ့ နေရာတွေမှာ အကာအကွယ်ယူပြီးတော့ သွားလာနေတာဟုတ်”လို့ပြောပါတယ်။ မနေ့က ဇွန်လ ၂၅ ရက်နေ့မှာလည်း ဖားကန့် ဗျူဟာကုန်းက တစ်ရက်လုံး လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ လုံးခင်းရပ်ကွက် ကျောက်စိမ်းပြတဲ့ စျေးတန်းအနီးက နေအိမ်တစ်ခုမှာ လက်နက်ကြီးကျပြီး မီးလောင်ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မတ်လလောက်အထိ KIA က စခန်းသိမ်းတိုက်ပွဲတွေဖော်ခဲ့တာဖြစ်ပေမယ့်  ၂ လကျော်လောက်အထိ တိုက်ပွဲတွေ ငြိမ်သက်နေတာလည်းဖြစ်ပါတယ်။ နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 25 June
    တိုက်ပွဲ

    ဆိုင်းတောင်ရွာအဝင်မှာ စစ်တပ်နဲ့ KPDF တို့ထိတွေ့တိုက်ပွဲဖြစ်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KPDF တပ်တို့ ဒီနေ့မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ‌တွေဆီကနေသိရပါတယ်။ ဖားကန့် တပ်မကုန်းကနေဆင်းလာတဲ့ အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကြောင်းတစ်ကြောင်းဟာ ဒီနေ့မနက် အစောပိုင်း ဆိုင်းတောင်ကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်လာချိန် ဆိုင်းတောင်ကျေးရွာအဝင် ရပ်ကွက်…

    Read More »
Back to top button