တပ်သားစုဆောင်း
-
Oct- 2025 -8 Octoberသတင်းဆောင်းပါး
လက်နက်ကိုင်တပ်ဖွဲ့တွေကြား ရှင်သန်ဖို့ခက်ခဲလာတဲ့ ဖားကန့်ပြည်သူများ
“KIA ကနေ စစ်မှုထမ်းဖို့အတွက် တပ်သားစုဆောင်းနေတာက ရည်ရွယ်ချက်ရှိပါတယ်။ တစ်ခုက စည်းလုံးညီညွှတ်ဖို့ရယ်။ နောက်ပြီး ငြင်းဆန်တာတွေရှိရင် ကြမ်းတမ်းတဲ့နည်းလမ်းတွေ အသုံးပြုပါတယ်။ ဒါဆိုရင် ဘယ်သူတွေကို ဖမ်းသလဲဆိုရင် များသောအားဖြင့် ပထက ကချင်လူမျိုးတွေက စစ်မှုမထမ်းမနေရ လုပ်နေတာဖြစ်တဲ့အတွက် ခေါ်ပါတယ်။ ပြီးရင် ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘယ်လူမျိုးမဆို တော်လှန်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ခေါ်ပါတယ်။ ဒီတော်လှန်ရေးလုပ်ငန်းက အားလုံးမှာတာဝန်ရှိပါတယ်”လို့ပြောပါတယ်။
Read More » -
May- 2025 -1 Mayသတင်း
အင်းတော်ကြီးမှာ SNA တပ်က နို့တိုက်မိခင်ပါမကျန် တပ်သားသစ်စုဆောင်းနေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နဲ့ စစ်ကောင်စီပူးပေါင်းတပ်က နို့တိုက်မိခင်ပါမကျန် တပ်သားသစ်စုဆောင်းနေလို့ ပြည်သူများသွားလာရေးမှာ အခက်ကြုံနေတယ်လို့ ဒေသခံ တွေပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့တပ်မ ၃၃ လက်အောက်ခံတပ်နဲ့ SNA တပ် တွေဟာ အင်းတော်ကြီးဒေသရဲ့ အဝင်အထွက်တွေကို ပိတ်စို့ဂိတ်ထိုင်ထားပြီး…
Read More » -
Mar- 2025 -27 Marchသတင်း
ကသာတိုက်ပွဲတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းမှာ အတင်းအဓ္ဓမတပ်သားစုဆောင်းခံရတဲ့ လူငယ်တစ်ချို့ပါဝင်
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် ပင်လွတ်ကျေးရွာတစ်ဝှိုက်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃၁ ဦး ထဲမှာ အတင်းအဓ္ဓမစစ်သားစုဆောင်းခံခဲ့ရတဲ့လူငယ်တစ်ချို့ပါဝင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အရ အဲ့ဒီစစ်ကြောင်းဟာ ခမရ ၁၀၆၊ ၃၀၉ နဲ့ ခလရ ၆…
Read More » -
Feb- 2025 -24 Februaryသတင်း
မြစ်ကြီးနား-မန္တလေး ခရီးစဥ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ကားသမားတွေ အကြံပြု
မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီ နဲ့ ကာကွယ်ရေးတပ်တွေက စစ်သားစုဆောင်းရေး အပြင်းအထန် ပြုလုပ်နေတဲ့အတွက် တစ်စုံတစ်ရာအရေးကြီးကိစ္စမရှိဘဲ ခရီးမသွားကြဖို့ ကားသမားတွေက ပြောပါတယ်။ လူငယ်နဲ့ လူလတ်ပိုင်းအရွယ်၊ ကျား–မ မရွေးကို စုဆောင်းရေးခေါ်ယူနေတယ်လို့ အမည်မဖော်လိုသူ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။ “ဟိုတလောက ကျနော့ကားပေါ်က မြစ်ကြီးနားက လိုက်လာတဲ့ ကချင်မိန်းကလေးတစ်ယောက်ကို KIA ဂိတ်ကခေါ်ထား လိုက်တယ်။…
Read More » -
Oct- 2024 -15 Octoberသတင်း
စစ်ရှုံးနေတဲ့ နယ်ခြားစောင့်တပ် တပ်သားသစ်အပူတပြင်းစုဆောင်းနေ
နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်လာတဲ့ နယ်မြေတွေကို လက်လွှတ်လာရတဲ့ နယ်ခြားစောင့်တပ်ဟာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းတာတွေ အပူတပြင်းလုပ်ဆောင်နေပါတယ်။ ၂၀၂၄ ခုနှစ် မေလကနေ စတင်လာတဲ့ ကချင်လွတ်လပ်ရေးတပ် KIA ရဲ့စစ်ဆင်ရေး ၃ လအကြာ ဇွန်လမှာတော့ ကချင်အထူးဒေသ ၁ နယ်မြေဘက်ထိုးစစ်ဆင်လာခဲ့ပြီး နယ်ခြားစောင့်တပ်ထိန်းချုပ်မှုအောက်ရှိ မြို့ ၃ မြို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ဝိုင်းမော်– ကံပိုင်တည်လမ်းမပေါ် ၁၀၀၃ တပ်ရင်းရှိရာ စင်ကြိုင်ရွာအနီး ဆဒုံးမြို့ KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ဆဒုံးမြို့ကိုသိမ်းလိုက်တဲ့နောက် ဩဂုတ်လ ၅ ရက်နေ့ဝန်းကျင်စ နယ်ခြားစောင့်တပ်လက်အောက်ခံ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေအပြင် သတ္တုတူးဖော်တဲ့လုပ်ငန်းခွင်ထဲထိ လိုက်လံဖမ်းဆီးနေတယ်လို့ ချီဖွေဒေသခံတွေ ပြောပါတယ်။ ဦးဘောမ်လန်းပြည်သူ့စစ်အဖွဲ့တွေဟာ တပ်သားစတင်စုဆောင်းလာချိန် ချီဖွေ၊ပန်ဝါဒေသကို ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက် ဒေသခံတွေကိုအဓိက တပ်သားစုဆောင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကချင်အထူးဒေသ ၁ နယ်မြေတွင်း နှစ်ဖက်တိုက်ပွဲပိုပြင်းထန်လာလေ တပ်သားစုဆောင်းမှုဟာ အရှိန်ဆက်မြင့်တက်လာပြီး လူမျိုးဘာသာမရွေး လူငယ်၊လူလတ်ပိုင်းတွေကို သတ္တုလုပ်ငန်းခွင်ထဲထိ ဖမ်းဆီးတာအပြင် ပန်ဝါမြို့တွင်း၊စားသောက်ဆိုင်၊တည်းခိုခန်းအထိ ဖမ်းဆီးမှုပိုဆိုးလာတယ်လို့ ပန်ဝါမြို့ခံ ပြည်သူတွေပြောပါတယ်။ “အစပိုင်းက ချီဖွေမှတ်ပုံတင်၊ပန်ဝါမှတ်ပုံတင်ကိုင်တဲ့သူတွေဘဲ ဖမ်းတယ်။ ဒါပေမယ့် ခုနောက်ပိုင်းက လူမျိုမရွေးဘူးအားလုံးဖမ်းတယ်။ အလုပ်သမားကဒ်လျှောက်မယ့်သူတွေကိုလည်း ကဒ်ကမလုပ်ပေးဘဲ လူကခေါ်သွားတယ်။ ခုပန်ဝါမှာ တွေ့ရာဆွဲသလိုဖြစ်နေတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ ဩဂုတ်လအတွင်း ဖမ်းဆီးရမိထားတဲ့ တပ်သားသစ်တွေကို ချီဖွေ–မြစ်ကြီးနားလိုင်းကားနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက် စစ်သင်တန်းတွေပို့ဆောင်နေပေမယ့် စက်တင်ဘာလ ၂၉ ရက် ချီဖွေမြို့၊ ၃၀ ရက်နေ့ ဆော့လော်မြို့ကိုထပ်ပြီး လက်လွှတ်လိုက်ရတဲ့နောက် ပြည်သူ့စစ်တပ်တွေဟာ အင်အားပိုချိနှဲ့လာပြီး ဖမ်းဆီးရမိသူတွေကို စစ်သင်တန်းမပို့နိုင်တော့ဘဲ ရှေ့တန်းကို တန်းပို့နေတယ်လို့ ပန်ဝါဒေသခံတွေပြောပါတယ်။ “ဖမ်းပြီးတာနဲ့စစ်သင်တန်းလည်းမပေးဘူးလေ တစ်ခါတည်းတန်းပို့တာ မနေ့ညလည်း မြို့ပေါ်အဆောင်တစ်ခုမှာ ၁၀ယောက်ကျော်ဖမ်းသွားတယ်။ တစ်ချို့နေရာတွေလည်း ဖမ်းမှာဘဲ ကျနော်သိတာက မနေ့က ၁၀ ယောက်ကျော်ဖမ်းခံသွားရတယ်။ ခုပြည်သူ့စစ်တွေက ဘာလုပ်နေလဲဆိုရင် ကလေးတွေကို စစ်သင်တန်းလည်း မပေးဘဲတစ်ခါတည်းရှေ့တန်းပို့နေတာ”လို့ပြောပါတယ်။ ဒါကတော့ အောက်တိုဘာလ ၁၄ ရက်ည ပန်ဝါမြို့ပေါ် ဧည့်စာရင်းစစ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပန်ဝါမြို့တွင်းအဆောင်ဌားပြီးနေထိုင်တဲ့ သတ္တုလုပ်ငန်းခွင်က လူငယ်တွေ အဆောင်ပြန်လာချိန် အစုလိုက်အပြုံလိုက်ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဥိီး ပြောပါတယ်။ လတ်တလော ချီဖွေမြို့နဲ့ မိုင် ၃၀ ဝန်းကျင်မှာရှိတဲ့ ပန်ဝါမြို့စောင့်တပ် ၁၀၀၂ တပ်ရင်းကိုလည်း KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၁၅ ရက်နေ့ ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင် အပြီးသတ်သိမ်းလိုက်နိုင်ပြီဖြစ်ပါတယ်။ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်အောက် တပ်ရင်းဌာနချုပ်တွေဟာ ချီဖွေမြို့နဲ့ဖီမော်မြို့အကြား နဇွန်ဘုတ်ကျေးရွာမှာ ၁၀၀၁ တပ်ရင်း၊ ဝိုင်းမော်–ကံပိုက်တည်သွားလမ်းမကြီး စင်ကြိုင်ရွာ ၁၀၀၃ တပ်ရင်း နဲ့ ပန်ဝါမြို့အနီးဆုံး နေရာဟာ ၁၀၀၂ တပ်ရင်းဌာနချုပ်တွေဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်တာကာလအတွင်း စစ်အာဏာရှင်ကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းရာမှာ မိမိလူမျိုးအချင်းချင်း စည်းလုံးမှုကို ပျက်ပြားပြီး သွေးထွက်သံယိုဖြစ်မယ့် တိုက်ပွဲဖော်ဆောင်မှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားတဲ့ နည်းလမ်းဆောင်ရွက်နေတယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ KIO ဥက္ကဌရဲ့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ ဒါကြောင့် ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်နဲ့ KIA တပ်တို့ဟာ တိုက်ပွဲမပြင်းထန်သေးခင် နှစ်ဖက်တပ်တို့အကြား ညှိနှိုင်းတာတွေရှိခဲ့တယ်လို့ ဒေသခံတွေအကြားသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပြေလည်မှုမရရှိတဲ့အပြင် နယ်ခြားစောင့်တပ်ဘက်က စစ်မိန့်ထုတ်ပြန်လိုက်တာကြောင့် ခုလိုတိုက်ပွဲပြင်းထန်လာတာလို့ ပန်ဝါဒေသခံပြည်သူတွေပြောပါတယ်။ ၁၉၆၅ ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှာ တပ်မှူးနေရာထမ်းဆောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဦးဇခုန်တိန့်ယိန်းက ၁၉၆၈ ခုနှစ်မှာ KIA သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးပြီး ကချင်အရှေ့မြောက်ဒေသ တရုတ်နယ်စပ် ပန်ဝါမြို့ကိုထူထောင်ပြီး အထူးဒေသ – ၁ နယ်မြေသတ်မှတ်ကာ ချီဖွေ၊ ဆော့လော် နဲ့ ဝိုင်းမော်၊ ဆဒုံးဒေသတွေမှာလှုပ်ရှားခဲ့ရာကနေ ၂၀၀၉ မှာ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ကနေ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရပ်တည်လိုက်ပါတယ်။ နယ်ခြားစောင့်တပ်အဖွဲ့အဖြစ် အသွင်ပြောင်းလိုက်ပြီးနောက် ၂ နှစ်အကြာ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာချိန်မှာတော့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်ရောက်ရှိသွားတဲ့ ဦးဇခုန်တိန့်ယိန်း နဲ့ KIA တို့ရဲ့ဆက်ဆံရေးဟာ အရင်ထက် မကောင်းနိုင်တော့ပဲ နှစ်ဖက်တပ်ကြား ရံဖန်ရံခါတင်းမာမှုတွေ စတင်လာပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးဆိုးရွားလာပြီး ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ရက်စွဲဖြင့် နယ်ခြားစောင့်တပ်ဘက် စစ်မိန့်ထုတ်ပြန်လာပါတယ်။ အဲဒီစစ်မိန့်ထုတ်ပြန်လိုက်ပြီးနောက် တစ်လအကြာ ဩဂုတ်လမှာ KIA ပူးပေါင်းတပ်က ဆဒုံးမြို့ကို သိမ်းလိုက်ပြီး စက်တင်ဘာလကုန်ပိုင်း ချီဖွေနဲ့ဆော့လော်ကိုထပ်သိမ်းထားပြီး လက်ရှိ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးဟာ ကချင်အထူးဒေသ ၁ ဌာနချုပ်ရှိ ပန်ဝါမြို့ဦးတည်နေပြီး လက်တစ်ကမ်းအလိုမှာရောက်ရှိနေပြီဖြစ်ပါတယ်။ By…
Read More » -
14 Octoberသတင်း
ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်း မလုပ်မနေရ ပြည်သူ့စစ်စုဆောင်းနေ
ကချင်ပြည်နယ် ကံပိုင်တည်မြို့မှာ ပြည်သူ့စစ်အဖွဲ့က တပ်သားစုဆောင်းတာတွေ အပူတပြင်းလုပ်နေတယ်လို့ ကံပိုင်တည်ဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာ၂၉ ရက်နေ့ ကချင်ပြည်နယ် ချီဖွေနဲ့ ဆော့လော်မြို့ကို KIA ပူပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်းမလုပ်မနေရစနစ်နဲ့ တပ်သားသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “တစ်အိမ်တစ်ယောက်နှုန်းနဲ့ အဖိုးကြီးဖြစ်ဖြစ်အဖွားကြီးဖြစ်ဖြစ် မိန်းမယောက်ကျားမရွေးဘူး အကုန်လုံးကို ဖမ်းထားတယ် မိန်းကလေးတွေကိုရော အများကြီးပေါ်တာဆွဲခံထားရတယ်”လို့ ပြောပါတယ်။ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဟာ အောက်တိုဘာလ လဆန်းပိုင်းကစပြီး တစ်အိမ်တစ်ယောက်နှုန်းနဲ့ ပြည်သူ့စစ်လုပ်ပေးဖိုတောင်းဆိုတာတွေပြုလုပ်ပြီးမှ ရောက်မလာတဲ့ အိမ်တွေကို အိမ်တိုင်ရာရောက်ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ဒေသခံတွေကို တစ်အိမ်တစ်ယောက်နှုန်းဖမ်းဆီးတာအပြင် ကံပိုင်တည်မြို့မှာ အနယ်နယ်အရပ်ရပ်က အလုပ်လုပ်ဖို့ရောက်လာတဲ့သူ အသက် ၁၈ နှစ်နဲ့ ၃၀ ဝန်းကျင် လူငယ်၊လူလတ်ပိုင်းတွေကို နေရာဒေသမရွေးဖမ်းဆီးနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လူငယ်တွေ ကုမ္မဏီဝန်ထမ်းတွေရောပါတယ် လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာရောဝင်ဆွဲတယ် ကားမောင်းတဲ့သူတွေကိုတော့ ခေါ်ချင်မှခေါ်တယ်။ ကားတွေတော့ မောင်းတော့ မောင်းနေကြပေမယ့် ကြောက်ကြောက်နဲ့မောင်းနေရတာပေါ့”လို့ ပြောပါတယ်။ လက်ရှိ တပ်သားသစ်ဖမ်းဆီးနေတဲ့အဖွဲ့က ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်လက်အောက်ခံ ဦးဘောမ်လန်းပြည်သူ့စစ်အဖွဲ့လို့သိရပြီး လူမျိုးဘာသာမရွေးဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ခုလိုအခြေအနေတွေကြောင့် ကံပိုင်တည်ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့နေနေရတဲ့ ရွှေ့ပြောင်းအလုပ်လာရောက်လုပ်ကိုင်သူတွေလည်း အခက်ခဲအမျိုးမျိုးရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ ကချင်– တရုတ်နယ်စပ်မှာရှိတဲ့ ကန်ပိုင်တည်မြို့ဟာ ဝိုင်းမြို့နယ်ထဲက မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ဧရိယာစတုရန်းမိုင်၂၀၈.၅၉ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး လူဦးရေအနေနဲ့ ၅၄၆၀ ဦးရှိပြီး ခရစ်ယာန်အများစုနေထိုင်တယ်ဒေသဖြစ်တယ်လို့ မြစ်ကြီးနားခရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၁၉ ဒီဇင်ဘာလမှာ ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကံပိုင်တည်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ဆဒုံးမြို့ကို KIA ပူးပေါင်းတပ်က ဇွန်လ ၁၀ ရက်နေ့တိုက်ခိုက်သိမ်းပိုက်ထားပြီး ဝိုင်းမော်– ဆဒုံးမြို့ထိ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By – Hope
Read More » -
9 Octoberသတင်း
ပန်ဝါမြို့ပေါ်နဲ့ မြို့အနီး သတ္တုလုပ်ငန်းခွင်ထဲမှာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းပို့နေ
ကချင်အထူးဒေသ ၁ ဌာချုပ်တည်ရှိရာ ပန်ဝါမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်၊ လူလတ်ပိုင်းတွေကို ပြည်သူ့စစ်တပ်က တပ်သားသစ်စုဆောင်းနေပြီး ရှေ့တန်းပို့နေတယ်လို့ ပန်ဝါဒေသခံတွေပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်မျက်နှာဟာ ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ပန်ဝါဘက်ကို ဦးတည်လာနေချိန် ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပန်ဝါမြို့ပေါ်တည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ တပ်သားသစ် အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတယ်လို့ ပန်ဝါဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ပန်ဝါမြို့ထဲမှာ ဆိုင်ထိုင်လည်းမရ ဆိုင်ထိုင်လည်းလိုက်ဖမ်းတယ်။ တည်းခိုခန်းတွေမှာလည်း လိုက်ဖမ်းတယ်။ ပြီးတော့ သတ္တုဆိုက်တွေမှာလည်း လိုက်ဖမ်းတယ်။ ဘာသင်တန်းမှမပေးဘဲ ခုတိုက်ပွဲဖြစ်နေတဲ့ ၁၁ မိုင်ဘက်ကို ပို့နေတာ။ဘာသင်တန်းမှလည်း မပေးဘဲ အဲလိုလုပ်နေတယ်”လို့ ပြောပါတယ်။ ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့ကိုလက်လွှတ်လိုက်ရတဲ့နောက် ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ တပ်သားသစ်စုဆောင်းမှုဟာ ပိုဆိုးရွားလာတယ်လို့ သူကဆက်ပြောပါတယ်။ လတ်တလော ပန်ဝါမြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်နဲ့မြို့ပေါ် ဖမ်းဆီးခံရတဲ့ လူဦးရေတွေဟာ ၂ ရက်အတွင်း ၅၀ ထက်မနည်းရှိနိုင်တယ်လို့သိရပြီး အသက် ၃၀ ဝန်းကျင်အများဆုံးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ချီဖွေ၊ပန်ဝါ၊ဆော့လော်ဘက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မြစ်ကြီးနား– ချီဖွေ– ပန်ဝါ ကားလမ်းမတစ်လျှောက် လက်နက်ကိုင်နှစ်ဖွဲ့တပ်စလုံး သွားလာခွင့် ပိတ်ထားတာကြောင့် အခြေခံစားသောက်ကုန်ဝယ်ယူဖို့ခက်ခဲလာတယ်လို့ ပန်ဝါမြို့ခံပြည်သူတွေပြောပါတယ်။ ဒါကြောင့် သတ္တုလုပ်ငန်းခွင်တစ်ချို့ ရိက္ခာဝယ်ယူဖို့ခက်ခဲလာပြီး လုပ်ငန်းခွင်တစ်ချို့ ရပ်နားလိုက်ရတာရှိသလို တပ်သားစုဆောင်းမှုများလာတာကြောင့် အလုပ်လုပ်ကိုင်သူတွေ အဖက်ဖက်ကနေ ခက်ခဲလာနေတယ်လို့ သိရပါတယ်။ “ချီဖွေနဲ့ ပန်ဝါလမ်းမှာ ပြည်သူ့စစ်စောင့်ဘက်ကလည်း ဂိတ်တွေပိတ်ထားတယ်။ KIA ဘက်ကလည်း ပိတ်ထားတော့ ရိက္ခာတွေဝယ်ယူဖို့ခက်လာတယ်။ လောလောဆယ် မြို့နဲ့နီးတဲ့နေရာတွေကတော့ အများပိုင်းလုပ်နေသေးတယ်”လို့ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်အထက်ပိုင်း ဆဒုံး–ကန်ပိုင်တီ–ဆော့လော်တစ်ခုလုံးကို ပြီးခဲ့တဲ့ မေလအတွင်း ထိန်းချူပ်ထားလိုက်ပြီးနောက် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ချီဖွေ၊ပန်ဝါဒေသမှာ ဩဂုတ်လ ၃ ရက်နေ့စပြီး တပ်သားသစ်စတင်စုဆောင်းနေတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ကစပြီး ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ချီဖွေမြို့နဲ့ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။ ချီဖွေ၊ဆော့လော်၊ပန်ဝါဒေသဟာ တရုတ်နယ်စပ်ဒေသမှာရှိပြီး မြေရှားသတ္တုအများဆုံးထုတ်ယူနေတဲ့ နေရာတွေဖြစ်ပါတယ်။ By – Zami
Read More » -
Aug- 2024 -23 Augustသတင်း
ချီဖွေနဲ့ ပန်ဝါဒေသမှာ ပြည်သူ့စစ်အတင်းအဓမ္မစုဆောင်းနေတဲ့အတွက် နေထိုင်ဖို့အခက်အခဲဖြစ်နေ
ကချင်ပြည်နယ် ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားသစ်အတင်းအဓမ္မစုဆောင်းနေတာကြောင့် ဒေသခံပြည်သူတွေ နေထိုင်မှုအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကနေ ချီဖွေနဲ့ ပန်ဝါဒေသမှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ ကျေးရွာ၊ ရပ်ကွက်နဲ့ လုပ်ငန်းခွင်တွေမှာ တပ်သားလိုက်စုဆောင်းနေတယ်လို့ ချီဖွေဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “အခုချိန်မှာ ဒေသခံပြည်သူတွေက အပြင်လည်းထွက်လို့မရ ထွက်ပြီဆိုကတည်းက တပ်သားစုဆောင်းခံရမှာကြောက်ရ။ ဒေသမှာ နေထိုင်ဖို့တော်တော်လည်း ခက်ခဲနေကြတယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားမှာ ကုန်စျေးနှုန်းတွေက မဆမတန်တက် ငွေရှာရမယ့် နေရာကမရှိ။ သွားဖို့ လာဖို့ဆိုရင်လည်း တပ်သားစုဆောင်းခံရမှာကကြောက်ရနဲ့ သတ္ထုဆိုက်တွေလည်း ဖမ်းနေတယ်လို့ ဆိုတော့ တော်တော်ခက်ခဲနေကြတယ်”လို့ပြောပါတယ်။ ချီဖွေဒေသမှာ အရင်က ပြည်သူ့စစ်လုပ်ဖို့ တပ်သားစုဆောင်တာတွေပုံမှန်ရှိပေမယ့် ဒီတစ်ကြိမ် တပ်သားစုဆောင်းတဲ့ ပုံစံဟာကျေးရွာဒေသအတွင်း သွားလာလှုပ်ရှားတဲ့ သူတွေ၊ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ သူတွေ၊ နေအိမ်မှာ ရှိနေတဲ့ သူတွေကို အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတယ်လို့ ပြောပါတယ်။ တပ်သားလိုက်လံစုဆောင်းတဲ့အခါမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ အတူ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေပူးပေါင်း ဖမ်းဆီးနေတယ်လို့ပြောပါတယ်။ အခုလို ပြည်သူ့စစ်လုပ်ဖို့ အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတာဟာ ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီဖြစ်ပြီး အသက် ၃၅ အထိရှိတဲ့ လူကြီး၊ လူငယ်မရွေးအကုန်လုံးကို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ပန်ဝါဒေသမှာဆိုရင် ကချင်ပြည်နယ်အနှံ့က သတ္ထုလုပ်ငန်းလာရောက် လုပ်ကိုင်နေကြတဲ့ သူတွေအများဆုံးဖမ်းဆီးခံနေရပြီးတော့ ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ ဖမ်းဆီးခံရသူ ရာဂဏန်းရှိပြီလို့ ပန်ဝါဒေသမှာရောက်ရှိနေတဲ့ လူငယ်တစ်ဦးထံကနေ သိရတာလည်းဖြစ်ပါတယ်။ ပန်ဝါဒေသရဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းခွင်တစ်ချို့မှာက ချီဖွေမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ သူတွေကိုသာ ဖမ်းဆီးနေတယ်လို့လည်း ဆက်သိရပါတယ်။ ဒါ့အပြင် ချီဖွေမြို့ပေါ်မှာလည်း ပြည်သူ့စစ်အဖွဲ့တွေ တပ်သားစုဆောင်းသွားတဲ့ သူတွေ အယောက် ၁၀၀ ဝန်းကျင်လောက်ရှိပြီလို့လည်း ချီဖွေဒေသခံတွေပြောပါတယ်။ ချီဖွေနဲ့ ပန်ဝါဒေသမှာ အခုတစ်ကြိမ် ပြည်သူ့စစ်လုပ်ဖို့ တပ်သားစုဆောင်းနေဟာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေပြီဖြစ်လို့ ချီဖွေဒေသခံ တစ်ဦးကဆက်ပြောပါတယ်။ “ဒီဘက်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေက အာဏာသိမ်းစစ်တပ်နဲ့ တစ်ဖွဲ့တည်းပါပဲ။ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ အထူးဒေသ(၁) ဆိုတော့ သူတို့ဖမ်းချင်သလိုဖမ်းနေကြတယ်။ ဒါဟာ စစ်တပ်ရဲ့ လက်ကိုင်တုတ်လုပ်ပေးဖို့ လုပ်ဆောင်နေကြတယ်လို့ပဲ မြင်ပါတယ်”လို့ဆက်ပြောပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်တပ်က စစ်မှုမထမ်းမနေရ မြန်မာတစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာလိုက်တဲ့နောက်ပိုင်း မန္တလေး၊ ရန်ကုန် အောက်ပိုင်းဒေသဘက်မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာနဲ့ ခေါ်ယူလုပ်ဆောင်းခိုင်းနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်မှာတော့ စစ်မှုထမ်းဖို့ တရားဝင်ဆင့်ခေါ်စာနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်လာတာဟာ ဒီကနေ့ အထိ မတွေ့ရသေးပေမယ့် ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေလက်အောက်မှာ စတင်ကျင့်သုံးနေပြီလို့ ချီဖွေဒေသခံတွေက ပြောပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Feb- 2024 -17 Februaryသတင်း
ဖားကန့်သွားလမ်းမှာ စစ်တပ်က တပ်သားသစ်ဖမ်းဆီးတာတွေစနေပြီလို့ဆို
မြစ်ကြီးနား – ဖားကန့်သွားလမ်း တစ်လျှောက်စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်က ခရီးသွားပြည်သူတွေကို တပ်သားသစ်အဖြစ် ပေါ်ပေါ်တင်တင်ဖမ်းဆီး ခေါ်ဆောင်တာတွေ စလုပ်နေပြီလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနေ့မနက် ၁၀ နာရီဝန်းကျင် မြစ်ကြီးနား– ဖားကန့်သွားလမ်း…
Read More » -
Jan- 2024 -24 Januaryသတင်း
နန့်မွန်းမှာ တပ်သားသစ်စုဆောင်းနေတဲ့ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရ
အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့က တပ်သားသစ်စုဆောင်းရေး လုပ်နေတဲ့ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့က နန့်မွန်းမြို့ထဲကို ငမျိုးဆိုတဲ့…
Read More »









