တိုက်ပွဲ

  • May- 2025 -
    20 May
    သတင်း

    ဗန်းမော်တိုက်ပွဲ စစ်တပ်က ဒရုန်းအလွန်ကျွံတိုက်ခိုက်မှုကြောင့် မြို့သိမ်းဖို့ ကြန့်ကြာနေ

    ငါးလခန့်ကြာမြင့်လာတဲ့ ဗန်းမော်တိုက်ပွဲမှာ KIA ပူးပေါင်းတပ်ဘက်က မြို့သိမ်းနိုင်ဖို့ အပြင်းထန်ကြိုးစားနေ‌ပေမယ့် စစ်တပ်ရဲ့ ဒရုန်းအလွန်အကျွံပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် မြို့အပြီးသတ်သိမ်းနိုင်ဖို့ ကြန့်ကြာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ လက်မလွတ်ရေး မြို့တွင်း ဟိုတယ်ကဲ့သို့ တိုက်အဆောက်အဦးနေရာတွေမှာအခိုင်မာနေရာယူထားတဲ့အပြင် လေကြောင်းထက် ဒရုန်းစစ်ဆင်‌ရေး၊ဗျူဟာကိုပြင်းပြင်းထန်ထန်…

    Read More »
  • 9 May
    သတင်းHpakant

    တိုက်ပွဲဖြစ်နေတဲ့ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာမှာ စစ်တပ်က လေကြောင်းပစ်ကူနေ

    ဖားကန့်ဘက်ကိုဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဆိုင်းဖရာကျေးရွာ အရောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်ခံရတဲ့အတွက် ဆက်မတက်နိုင်ဘဲ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ကားမိုင်း – မအူပင် ကားလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်တွေက…

    Read More »
  • 9 May
    စစ်ပြေးဒုက္ခသည်များ

    နေရပ်စွန့်ခွာစစ်ရှောင်တွေအတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ အလှူခံ

    မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) အဖွဲ့က ကချင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် ယာယီနေရပ်စွန့်ခွာနေတဲ့ စစ်ရှောင်တွေအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ အလှူခံနေတာ ဖြစ်တယ်လို့ KNG ကို ပြောပါတယ်။ အလှူငွေကောက်ခံမှုကိုတော့ မေလ ၇ ရက် မြစ်ကြီးနားမြို့…

    Read More »
  • Apr- 2025 -
    28 April
    သတင်း

    ဗန်းမော်တိုက်ပွဲ စကခ(၂၁)၊ ခလရ ၄၇ နဲ့ တက္ကသိုလ်ဝင်းနေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေ

    ဗန်းမော်မြို့တွင်း သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ ဗန်းမော်တက္ကသိုလ်အပါအဝင်  စကခ (၂၁)၊ ခလရ ၄၇ နဲ့ တခြားစစ်ကောင်စီတပ် နေရာယူထားတဲ့ နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စကခ(၂၁)၊ ခလရ ၄၇ ၊ စုပေါင်းရုံး၊ စည်ပင်ရုံး၊ Win Light Hotel၊ ကန်ဦးကျောင်း၊ အထက(၁) ကျောင်းနဲ့ Galaxy KTV နေရာတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်တိုက်ခိုက်လျက်ရှိနေပြီး တိုက်ပွဲပြန်လည်ပြင်းထန်နေတာ ၄ ရက်နေ့မြောက် တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို KIA ရှေ့တန်း သတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမော်တိုက်ပွဲက ဒီကနေ့ ဆိုရင် ၄ ရက်ရှိပြီ။ KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်။ မြို့တွင်းဘက်တွေမှာလည်း ရှင်းလင်းတိုက်ခိုက်နေသလို စကခ (၂၁) ဘက်မှာလည်း ဖြစ်နေတယ်။ ခလရ ၄၇ ဘက်မှာလည်းဖြစ်နေတယ်။ တိုက်ပွဲဖြစ်တာ ၄ ရက်အတွင်းမှာ တစ်ချို့ တပ်စခန်းတွေကို ပြန်သိမ်းယူနိုင်ခဲ့တယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲအခြေအနေမှာ KIA ပူးပေါင်းတပ်တွေ စကခ (၂၁) တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်တိုက်ခိုက်နေပြီး စကခ (၂၁) တပ်ရင်းထဲက ဗဟိုကင်းအထိ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဗန်းမော်မြို့တွင်း စုပေါင်းရုံး၊ စည်ပင်ရုံးနဲ့ ကာကင်းတပ်စခန်းတစ်ချို့ KIA လက်လွတ်လိုက်ရပြီး တိုက်ပွဲပြန်ဖြစ်တဲ့ အခုရက်ပိုင်းအတွင်းမှာပဲ ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသအတွင်းစစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ကချင်စုရပ်ကွက်ရှိ Robert KBC ဘုရားကျောင်းဝင်းနဲ့ စာသင်းကျောင်းတွေမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဧပြီလ ၂၇ ရက်နေ့ ပြန်လည်လက်လွတ်လိုက်ရတယ်လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီထိုးစစ်ရပ်နားကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ နောက်ပိုင်း ဧပြီလ ၂၅ ရက်နေ့မှာ တစ်ကျော့ပြန် ထိုးစစ်ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်တွေကလည်း ဗန်းမော်လက်မလွတ်ရေးအတွက် လေကြောင်း၊ ခေတ်မှီ ဒရုန် လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဗန်းမော်မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့  KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းကနေ ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ တိုက်ပွဲကာလ ၄ ကြာမြင့်လာတဲ့အထိ သိမ်းပိုက်နိုင်ခြင်းမရှိဘဲ တိုက်ပွဲဖော်ဆောင်နေရ့သေးသလို လက်ရှိမှာ စစ်တပ်က KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ဖာကန့်ဒေသဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ပါတယ်။ မြေငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ဧပြီလ ၃၀ ရက်နေ့အထိ ယာယီထိုးစစ်ရပ်နားကြောင်း ထုတ်ပြန်ကြေညာထားတဲ့ စစ်တပ်က ကချင်ပြည်နယ်ထဲက အရေးပါတဲ့ မြို့ကြီး နှစ်ခုမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 28 April
    သတင်း

    မအူပင်ရွာအနီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်နေ

    ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကားမိုင်းမြို့အကျော် မအူပင်ကျေးရွာအနီးမှာ KIA တပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ အဲဒီစစ်‌ကြောင်းဟာ စစ်အင်အား ၅၀၀ ခန့်ရှိပြီး ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့အတွက် မအူပင်နဲ့…

    Read More »
  • 25 April
    သတင်း

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်ပြန်လည်စတင်

    တစ်လဝန်းကျင်အကြာ ထိုးစစ်ရပ်တန့်ထားတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်တပ်ရှိတဲ့ နေရာတွေကိုတစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့တစ်ခုလုံး သိမ်းပိုက်နိုင်ရန် ကျန်ရှိနေတဲ့ စကခ (၂၁)၊…

    Read More »
  • 8 April
    သတင်း

    အင်းတော်မြို့ကို ၈ လနီးပါးအကြာမှာအပြီးသတ်သိမ်းပိုက်

    ကချင်အစပ် စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အင်းတော်မြို့နယ်တစ်ခုလုံးကို မနေ့က ဧပြီလ ၇ ရက် ည ၈ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုအတည်ပြုပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ၈ လနီးပါးကြာမြင့်ခဲ့ပြီး အရင်းနှီးကြီးခဲ့တဲ့တိုက်ပွဲဖြစ်သလို တစ်ဖက်မှာ…

    Read More »
  • 3 April
    သတင်း

    ဝါရာဇွပ်ကျေးရွာမှာ ပြည်သူ့စစ်နဲ့ KIA တိုက်ပွဲထပ်ဖြစ်နေ

    ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဝါရာဇွပ်ကျေးရွာအဝင်အထွက် ရွာထိပ်ပိုင်းမှာ KIA တပ်တွေ ဝါးတားဂိတ်ထားပြီး ထပ်မံတပ်စွဲလာတဲ့အတွက် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က…

    Read More »
  • 3 April
    သတင်း

    ဟုမ္မလင်းနယ်မှာ တိုက်ပွဲမဖြစ်ပဲ စစ်ကောင်စိီတပ်က ဗုံးကြဲတိုက်ခိုက်

    စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းနဲ့‌ဗုံးကြဲ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အဟုမ္မလင်းမြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ပုရစ်ကျေးရွာနဲ့ဖါနိုင်းကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်း ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့ မြို့ခံအမျိုးသမီးတစ်ဦးက KNG…

    Read More »
  • 3 April
    သတင်း

    အပစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်တပ်က ကချင်မှာ တိုက်ပွဲဖော်ဆောင်နေတယ်လို့ KIO ပြော

    အာဏာသိမ်းစစ်တပ်က ယာယီအပစ်ရပ်မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် ကချင်ပြည်နယ်ထဲက မြို့နယ်တစ်ချို့မှာ လေကြောင်းအပြင် ထိုးစစ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ အပစ်ရပ်ကြောင်း ထုတ်ပြန်လိုက်တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ဒီကနေ့ ၃ ရက်နေ့အထိ ဗန်းမော်၊ အင်းတော်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ လေကြောင်းနဲ့…

    Read More »
Back to top button