ပူတာအို
-
Jul- 2026 -24 Julyသတင်း
လမ်းပြင်နေစဉ် ကုန်ကားကြီးတွေ ဖြတ်သန်းခွင့်ယာယီီီရပ်နားမယ်လို့ဆို
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကို ပြုပြင်နေတဲ့ကာလအတွင်း ကုန်ကားကြီးတွေ ဖြတ်သန်းသွားလာခွင့်ကို ယာယီရပ်နားထားမယ်လို့ ကားသမားတွေဆီကနေ ရပါတယ်။
Read More » -
23 Julyမြေယာနှင့် သဘာဝပတ်ဝန်းကျင်
နာမ့်ထွမ်ချောင်း ရွှေတူးဖော်မှုကြောင့် လယ်ယာမြေထိခိုက်မှာကို စိုးရိမ်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်က ဒေသခံတွေ လယ်ယာစိုက်ပျိုးရေးအတွက် အဓိကအားထားနေရတဲ့ နာမ့်ထွမ်ချောင်းမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံတူးဖော်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More » -
22 Julyမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ရွှေတူးဖော်မှုကြောင့် လမ်းတံတားပျက်စီး၊ ဒေသခံတွေ သွားလာရေးခက်ခဲ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မကျော့ဝါကျေးရွာမှာ ရွှေတူးဖော်မှုတွေကြောင့် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုတွေ ပိုမိုများပြားလာပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေဘက်က တာဝန်ယူဖြေရှင်းပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မကျော့ဝါကျေးရွာဟာ ပူတာအိုမြို့နဲ့ တစ်မိုင်ခန့်အကွာမှာ တည်ရှိပြီး ရွှေတူးဖော်မှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လို့…
Read More » -
20 Julyသတင်း
ခေါင်လန်ဖူးဘက်ကို ကား ၆ စီးနဲ့ စစ်အင်အားဖြည့်နေလို့ဆို
ကချင်ပြည်နယ် ပူတာအိုမြို့အခြေစိုက် ခ.လ.ရ ၄၆ ဗျူဟာတပ်ကနေ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ အလုံးအရင်းနဲ့ ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More » -
Jun- 2026 -18 Juneသတင်း
စစ်ရေးထိန်းချုပ်မှုများကြား ပူတာအိုဆေးရုံသုံး ဓာတ်မှန်စက်သိမ်းဆည်းခံရ
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းရှိ KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ပူတာအိုပြည်သူ့ဆေးရုံအတွက် တင်ပို့လာတဲ့ ဓာတ်မှန်ရိုက်စက် (X-ray Machine) တစ်လုံးကို သိမ်းဆည်းထားပြီး လက်ရှိအချိန်ထိ စိစစ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More » -
12 Juneတိုက်ပွဲ
ပူတာအို–မြစ်ကြီးနားလမ်းပိုင်းမှာ စစ်ရေးတင်းမာနေ
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ဒီရက်ပိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲဲ့ဝင်တွေပြောပါတယ်။ မေလ လဆန်းပိုင်းကစပြီး ပူတာအိုမြို့တွင်း အထိုင်တပ်က စစ်ကောင်စီတပ်သားတွေနဲ့ လုံရှာယန်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ပူတာအိုဘက်ကနေ ဆွမ်ပီယန်နဲ့ ဆွမ်ပရာဘွမ်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး ဒီနေ့ထိစစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ဝဒတ်ရွာနားမှာ ထိတွေ့မှု ဖြစ်ပွားတယ်ဗျ။ ခုလောလောဆယ်တော့တင်းမာတဲ့အနေထားရှိနေတယ်။ စစ်ကောင်စီတပ်တွေလည်း ဒီရက်ပိုင်း လှုပ်ရှားနေတယ်” လို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က လုံရှာယန်ကျေးရွာကနေ ဆွမ်ပီယန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် ဆွမ်ပီယန်နဲ့ လုံရှာယန်ကျေးရွာကြားရှိ ဝဒတ်ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ခုလို စစ်တပ်ဘက်က ထိုးစစ်ဆင်လာတာဟာ KIA နဲ့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတဲ့ ကာလအတွင်း ပူတာအိုဒေသဘက်ကို ဆန်တင်ပို့ခွင့်ကိုလည်း စစ်ကောင်စီက တားမြစ်ထားတယ်လို့ သိရပါတယ်။ “ဒီရက်ပိုင်း လမ်းပိုင်းအခြေအနေ မကောင်းဘူး။ စစ်ကောင်စီတပ်ဘက်ကလည်း လှုပ်ရှားမှုတွေ ရှိနေတယ်။ အဲဒါကြောင့်ထင်တယ်၊ ကားနဲ့ ဆန်တင်လို့ မရဘူး။ ဆန်မတင်ခိုင်းဘူး။ ကားသမားတွေလည်း အခက်အခဲ ဖြစ်နေကြတယ်။ ဆန်တင်လို့ မရတော့ဘူး” လို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာ မောင်းနှင်နေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။ အခုလို စစ်ကောင်စီတပ်ဘက်က ပူတာအိုဒေသဘက်ကို ဆန်တင်ပို့ခွင့် ပိတ်ဆို့ထားတာကြောင့် လက်ရှိ ပူတာအိုဘက်မှာ ဆန်ဈေးနှုန်း မြင့်တက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ စစ်ရေးအခြေအနေကြောင့် ပူတာအို–မြစ်ကြီးနားကားလမ်းကို ယာယီပိတ်ထားခဲ့ပြီး လက်ရှိမှာတော့ ပုံမှန်အတိုင်း သွားလာနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ကားလမ်းပိုင်းကို အချိန်မရွေး ပြန်လည်ပိတ်ပင်နိုင်တယ်လို့ ကားသမားတွေက ဆိုပါတယ်။ လက်ရှိမှာတော့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းရှိ ပူတာအိုဘက်ခြမ်းက ဆွမ်ပီယန်၊ ဖက်မာ၊ လုံရှာယန် စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ရဝမ်ပြည်သူ့စစ် ပူးပေါင်းတပ်တွေ အထိုင်ချထားတယ်လို့ သိရပါတယ်။ တစ်ဖက်မှာတော့ ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ ခါကာဘို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် မေလ ၆ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း အကြိမ်ကြိမ် စစ်ကြောင်းထိုးခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာကြောင့် ယခုတစ်ကြိမ် ထပ်မံစစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။ By – Zaw Zaw
Read More » -
10 Juneသတင်း
ထောက်ပို့မသွားနိုင်တဲ့ အိမ်တွေကို ဆန်တစ်ပုံးနဲ့ ငွေ ၅ သောင်း ကောက်ခံနေဟုဆို
ပူတာအို၊ နောင်မွန်နဲ့ ခေါင်လန်ဖူးဒေသတွေမှ ရှေ့တန်းစစ်မျက်ပြင်အတွက် ထောက်ပို့မလိုက်နိုင်တဲ့ အိမ်ထောင်စုတွေကို ဆန်တစ်ပုံးနဲ့ ငွေကျပ် ၅ သောင်း ကောက်ခံနေတယ်လို့ ဒေသခံတွေပြောပါတယ်။
Read More » -
3 Juneသတင်း
ပူတာအို–ခေါင်လန်ဖူးလမ်း သစ်ပင်ပိပြီး အမျိုးသားတစ်ဦးသေဆုံး
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း တစ်နေရာမှာ သစ်ပင်အိုကြီးတစ်ပင် လှဲကျပြီး သစ်ပင်ပိမိခဲ့ရာကနေ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More » -
May- 2026 -25 Mayသတင်း
ကျောင်းအပ်နှံရေးပွဲအကြောင်းပြပြီး မြစ်ဆုံလူထုတွေ့ဆုံပွဲပြုလုပ်
ကချင်ပြည်နယ် ပူတာအိုမြို့မှာ မေလ ၂၂ ရက်နေ့ မနေ့ကကျင်းပခဲ့တဲ့ “ကျောင်းအပ်နှံရေးနေ့” အခမ်းအနားအတွင်း ကျောင်းသား၊ ကျောင်းသူတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ မြစ်ဆုံစီမံကိန်းဆိုင်ရာ လူထုတွေ့ဆုံပွဲ တက်ရောက်စေခဲ့တယ်လို့ တက်ရောက်ခဲ့တဲ့ ကျောင်းသားမိဘတွေဆီကသိရပါတယ်။
Read More » -
17 Mayမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် မချမ်းဘော့မြို့ခံတွေ စည်ပင်ရေ ဝယ်သုံးသူ များလာ
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက မချမ်းဘော့မြို့မှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် မြို့ခံတွေ သောက်သုံးရေ ခက်ခဲလာပြီး စည်ပင်ရေ ဝယ်သုံးရတဲ့သူတွေ ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။
Read More »