ပူတာအို–မြစ်ကြီးနားလမ်းပိုင်းမှာ စစ်ရေးတင်းမာနေ

ကချင်ပြည်နယ် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ဒီရက်ပိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲဲ့ဝင်တွေပြောပါတယ်။

မေလ လဆန်းပိုင်းကစပြီး ပူတာအိုမြို့တွင်း အထိုင်တပ်က စစ်ကောင်စီတပ်သားတွေနဲ့ လုံရှာယန်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ပူတာအိုဘက်ကနေ ဆွမ်ပီယန်နဲ့ ဆွမ်ပရာဘွမ်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး ဒီနေ့ထိစစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ဝဒတ်ရွာနားမှာ ထိတွေ့မှု ဖြစ်ပွားတယ်ဗျ။ ခုလောလောဆယ်တော့တင်းမာတဲ့အနေထားရှိနေတယ်။ စစ်ကောင်စီတပ်တွေလည်း ဒီရက်ပိုင်း လှုပ်ရှားနေတယ်” လို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ  ရက်နေ့က လုံရှာယန်ကျေးရွာကနေ ဆွမ်ပီယန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် ဆွမ်ပီယန်နဲ့ လုံရှာယန်ကျေးရွာကြားရှိ ဝဒတ်ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ခုလို စစ်တပ်ဘက်က ထိုးစစ်ဆင်လာတာဟာ  KIA နဲ့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတဲ့ ကာလအတွင်း ပူတာအိုဒေသဘက်ကို ဆန်တင်ပို့ခွင့်ကိုလည်း စစ်ကောင်စီက တားမြစ်ထားတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်း လမ်းပိုင်းအခြေအနေ မကောင်းဘူး။ စစ်ကောင်စီတပ်ဘက်ကလည်း လှုပ်ရှားမှုတွေ ရှိနေတယ်။ အဲဒါကြောင့်ထင်တယ်၊ ကားနဲ့ ဆန်တင်လို့ မရဘူး။ ဆန်မတင်ခိုင်းဘူး။ ကားသမားတွေလည်း အခက်အခဲ ဖြစ်နေကြတယ်။ ဆန်တင်လို့ မရတော့ဘူး” လို့ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာ မောင်းနှင်နေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဘက်က ပူတာအိုဒေသဘက်ကို ဆန်တင်ပို့ခွင့် ပိတ်ဆို့ထားတာကြောင့် လက်ရှိ ပူတာအိုဘက်မှာ ဆန်ဈေးနှုန်း မြင့်တက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ  ရက်နေ့ကနေ  ရက်နေ့အထိ စစ်ရေးအခြေအနေကြောင့် ပူတာအိုမြစ်ကြီးနားကားလမ်းကို ယာယီပိတ်ထားခဲ့ပြီး လက်ရှိမှာတော့ ပုံမှန်အတိုင်း သွားလာနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ကားလမ်းပိုင်းကို အချိန်မရွေး ပြန်လည်ပိတ်ပင်နိုင်တယ်လို့ ကားသမားတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းရှိ ပူတာအိုဘက်ခြမ်းက ဆွမ်ပီယန်၊ ဖက်မာ၊ လုံရှာယန် စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ရဝမ်ပြည်သူ့စစ် ပူးပေါင်းတပ်တွေ အထိုင်ချထားတယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ ခါကာဘို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် မေလ  ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း အကြိမ်ကြိမ် စစ်ကြောင်းထိုးခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာကြောင့် ယခုတစ်ကြိမ် ထပ်မံစစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button