ဗန်းမော်ခရိုင်

  • Jan- 2024 -
    19 January
    သတင်း

    မံစီမြို့နယ် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မန်ဝန်းကြီးအနီး ဂေါက်ငူယန်မှာရှိတဲ့ စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ အဲဒီတပ်စခန်းဟာ ခမရ ၄၂၄ တပ်ရင်းအောက်မှာရှိစခန်းဖြစ်ပြီး ဇန်နဝါရီလ ၁၉ရက်နေ့  ဒီမနက် ၈နာရီဝန်းကျင်လောက်က စတင်တိုက်ခိုက်ခဲ့ရာကနေ နေ့လည် ၁၁ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အသံကတော့ အမြဲကြားနေရတာတော့ ဟုတ်တော့ ဒီမနက်က ပိုဆိုးတာပေါ့ စစ်ဖြစ်နေတဲ့ အချိန်ဆိုဖုန်းလိုင်းတွေလည်း ဆက်လို့မရတော့ဘူး ပြီးတော့ နေ့လည်လောက်မှာကသိမ်းနိုင်ပြီကြားတယ်”လို့ ဆိုပါတယ်။ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တို့် သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းမှာတော့ စစ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတာဖြစ်ပြီး KIA တပ်မဟာ ၃ အောက်မှာရှိတဲ့ တပ်ရင်း ၁၊ တပ်ရင်း ၁၂နဲ့ တပ်ရင်း ၂၇ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်ကထိခိုက်ကျဆုံးသူများခဲ့တဲ့အပြင် စစ်သုံ့ပန်းတစ်ချို့နဲ့လက်နက်ခဲယမ်းအားလုံးကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “သိမ်းလိုက်နိုင်တာတော့ သေချာတယ် ဟုတ်တယ် သုံ့ပန်းအချို့လည်းဖမ်းမိတယ် အသေးစိတ်တော့ ပြောပြလိုတော့ မရသေးဘူး”လို့ သူကပြောပါတယ်။ KIA  တပ်ရင်း ၂၇ ဘက်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းဦးရေ တိတိကျကျပြောဆိုထားတာမရှိပေမယ့် ရှေ့တန်းသတင်းရင်းမြစ်ရဲ့ပြောဆိုချက်အရ စစ်သုံ့ပန်း ၂၀ ထက်မနည်းဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ကချင်ပြည်နယ် မံစီမြို့နယ်အပါအဝင် မံစီမြို့နဲ့ အစပ်ဖြစ်တဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာလည်း KIA,PDF တပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသလို ဖားကန့်မြို့ ဝှေခါမှာလည်း တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ By – Hope

    Read More »
  • 9 January
    သတင်း

    စီအူကျေးရွာမှာ စစ်တပ်ကလေယာဉ်နဲ့ဗုံးကျဲ၊ ဒေသခံအမျိုးသမီး ၂ ဦးကျည်ထိမှန်

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် စီအူကျေးရွာက မင်္ဂလာဆောင်ပွဲတစ်ခုမှာ စစ်ကောင်စီတပ်ကလေယာဉ်နဲ့လာရောက်ဗုံးကျဲသွားတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့ ဒီကနေ့မနက် ၁၀ နာရီလောက်အချိန် စီအူကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းဘေးနားက ခန်းမဆောင်တစ်ခုမှာ မင်္ဂလာပွဲတစ်ပွဲကျင်းပနေတဲ့ချိန် ဗုံးကျဲသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက…

    Read More »
  • Sep- 2022 -
    30 September
    သတင်း

    မုန်းဒိန်ပါ ကျေးရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်‌တပ်စွဲနေသဖြင့် တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေ

    ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မုန်းဒိန်ပါ (Mungding Pa)ကျေးရွာသို့ စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်ခန့် ဝင်ရောက်နေထိုင်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ စက်တင်ဘာ ၂၉ ရက် နေ့လည် ၁နာရီဝန်းကျင်စစ်‌ကောင်စီတပ်သား အင်အား ၂၀၀ ခန့်သည် မုန်းဒိန်းပါကျေးရွာအတွင်းသို့ သေနတ်ပစ်‌ဖောက်ကာ ဝင်‌ရောက်လာသဖြင့် ဒေသခံပြည်သူများ ဘုရားကျောင်းနှင့် အခြားဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသော်လည်း…

    Read More »
  • Jul- 2022 -
    7 July
    သတင်း

    ကုန်းလောတွင် စစ်တပ်သတင်းပေးဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ

    ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် စစ်ကောင်စီ သတင်းပေး ဟုယူဆခံရသော အမျိုးသားတစ်ဦး ယမန်နေ့ ည ၆ နာရီဝန်းကျင်တွင် ပစ်သတ်ခံရကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။ ကုန်းလော ရွာထိပ်ပိုင်း ချိုခိုင်လမ်းဆုံတောင့်တွင် စားသောက်ဆိုင်ဖွင့်ထားသည့် အသက်…

    Read More »
  • Oct- 2020 -
    7 October
    ရွေးကောက်ပွဲဆိုင်ရာ

    ဗန်းမော်ခရိုင်တွင် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ကျော်တိုးလာ

    ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ခန့် ပြန်တိုးလာကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ ပထမအကြိမ် မဲစာရင်းကပ်ရာတွင် ဗန်းမော်ခရိုင်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်၂သိန်း ၄သောင်းခန့်ရှိသော်လည်း ဒုတိယအကြိမ်မဲစာရင်းတွင် ၈ထောင်ခန့်တိုးလာသည့်အတွက် လက်ရှိနောက်ဆုံးစာရင်းအရ မဲဆန္ဒရှင်စာရင်း၂၄၈၁၈၁…

    Read More »
Back to top button