ဗန်းမော်ခရိုင်
-
Feb- 2026 -16 Februaryသတင်း
တာပိန်မြစ်ဝမှာ တရုတ်လုပ်ငန်းရှင်တွေ ရွှေအလွန်အကျွံတူးဖော်နေ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝပေါ်မှာ တရုတ်လုပ်ငန်းရှင်တွေက ရွှေအလွန်အကျွံတူးဖော်နေကြောင်းဒေသခံတွေကဆိုပါတယ်။ မိုးမောက်မြို့နဲ့ ၁၄ မိုင်အကွာရှိတဲ့ တာပိန်မြစ်ဝက ရွှေမြောင်းနဲ့ မြို့သစ်ကြားမှာ တရုတ်လုပ်ငန်းရှင်တွေကပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကတည်းကနေ ရွှေတူးဖော်မှုတွေစတင်လုပ်ဆောင်နေတာဖြစ်ပြီးအစပိုင်းက အသေးစားရွှေတူးဖော်မှုအဆင့် ကနေ လက်ရှိမှာတော့ စက်ယန္တရားကြီးတွေနဲ့ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စတူးတာက ၂၀၂၄ခုနှစ်စက်တင်ဘာမှာစတာအဲ့တုန်းက ရေမုန်သုံးဆိုင်းပေထွက်လေးတွေနဲ့စတူးတာ အခုနောက်ပိုင်းကမဟုတ်တော့ဘူး ဘတ်ဖိုးကြီးတွေ၊ကားကြီးတွေနဲ့တူးနေတယ် ရေအားကလည်းကောင်းတော့ နှစ်ဆယ့်လေးနာရီမရပ်မနားကိုတူးနေတာ အခုမှစတူးတဲ့နေရာတွေလည်းရှိတယ်”လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တရုတ်လုပ်ငန်းရှင်တွေဟာ တာပိန်မြစ်ဝပေါ်မှာ ၂၀၂၄ ခုနှစ်အောက်တို ဘာလကစပြီး ရေမုန်စက် သုံးဆိုင်းစတင်ရွှေတူးဖော်မှုလုပ်ဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ကတော့ မြေတူးစက်၊မြေကောစက်ကြီးတွေနဲ့ မြေသယ်ကား အများအပြားတဲ့စတင်တူးဖော်နေတာလို့ မျက်မြင်ဒေသခံတွေကဆိုပါတယ်။ “လုပ်းငန်းရှင်တွေကတော့တရုတ်တွေပါပဲမြန်မာစကားတောင်မတတ်ဘူး အလုပ်သမားတွေတော့မြန်မာတွေပါတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့မိုးမောက်မြို့ခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ မိုးမောက်မြို့နယ်ဟာ လက်ရှိ KIA ထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပြီး အဲ့ဒီရွေတူးဖော်မှုကိုတာပိန်မြစ်အနီးနေထိုင်ကြတဲ့ ရွာပေါင်း ၁၇ ရွာကပြည်သူတွေနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လက်မှတ်ရေးထိုးပြီး KIA/KIO ကိုကန့်ကွက်စာတင်တာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် ဒီနေ့ချိန်ထိ KIO၊KIA ဘက်က တစ်စုံတစ်ရာတုံံပြန်လာတာမရှိသေးဘူးလို့လည်း သိရပါတယ်။ “ရွာပေါင်း ၁၇(ဆယ့်ခုနှစ်)ရွာက ဥက္ကဋ္ဌတွေနဲ့ပြည်သူတွေလက်မှတ်ထိုးပြီးတိုင်သေးတယ် မနှစ်က(၂၀၂၅) နိုဝင်ဘာလမှာဒါပေမယ့်အခုထိတော့ဘာမှမထူးခြားလာဘူးတူးနေကြတုန်းပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်မှတ်ရေးထိုးတိုင်တဲ့ထဲရွာ မင်းဂျမ်းရွာ၊ရွှေမြောင်းရွာဟောင်း၊ ဟသ်ာရွာ၊စီကော်ရွာ၊ ခုန်စင့်ရွာ၊တာဟေ့လိုင်ရွာ၊ မန်နောင် အောင်တံခွန်၊ နောင်ပေါ်စတဲ့ရွာတွေအပါအဝင်ရွာပေါင်း ၁၇ ရွာပါဝင်ခဲ့ပြီးအဲ့ဒီရွာတွေဟာတာပိန်မြစ်အောက် မြစ်နဲ့နီးတဲ့ရွာတွေဖြစ်တာကြောင့် လက်ဆက်ပြီးကြီးကြီးမားမားရွှေတူးနေရင် ရွာတွေပျက်စီးသွားနိုင်တာကြောင့်အခုလိုကန့်ကွက်ကြတာလို့ဆိုပါတယ်။ ဒေသခံတွေကတော့ လက်ရှိတာပိန်မြစ်ဝမှာလုပ်ဆောင်နေတဲ့ရွှေတူးဖော်မှုကို ရပ်တန့်ခိုင်းဖို့နဲ့ထိထိရောက်ရောက်ကူညီဖြေရှင်းပေးဖို့တောင်းဆိုနေကြပါတယ်။ လက်ရှိပုံစံအတိုင်းစက်ယန္တရားကြီးတွေနဲ့ဆက်တူးနေရင် တာပိန်မြစ်ရဲ့ ရေစီးကြောင်းတွေပြောင်းလဲသွားနိုင်ပြီးလာမယ့်မိုးရာသီကာလမှာ အထက်မှာဖော်ပြခဲ့တဲ့ကျေးရွာတွေရွှေလွှမ်းမိုးသွားမှာကိုစိုးရိမ်နေကြပါတယ်။ မိုးမောက်မြို့နယ်ထဲမှာတော့ယခင်စစ်အာဏာမသိမ်းမှီတုန်းကလည်းလက်ရှိတူးနေတဲ့တာပိန်မြစ်ဝရဲ့အရှေ့ဘက် လေးမိုင်လောက်အကွာမှာ ရွှတူးဖော်မှုတွေရှိခဲ့ပေမယ့်အခုလိုဆိုးဆိုးဝါးဝါးတော့မရှိခဲ့ဘူးလို့သိရပါတယ်။ လက်ရှိမှာတော့မိုးမောက်မြို့နယ်ထဲက အထက်မှာဖော်ပြခဲ့တဲ့ တာပိန်မြစ်ဝအပါအဝင် ကျွန်းကုန်း၊ငါးခ၊ ချွယ်ဟိုင်၊သဘော်ဦး၊ ဆေးတင်စတဲ့နေရာတွေမှာလည်း ရွှေတူးဖော်မှုတွေရှိနေတယ်လို့သိရပါတယ်။ တာပိန်မြစ်ထဲရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင်သုံးဦးက အဓိကဦးဆောင်လုပ်ကိုင်နေတာလို့သိရပြီး စက်ယန္တရားအများအပြားနဲ့တူးဖော်နေသလို အစုရှယ်ယာရှင်တွေလည်းအများအပြားပါဝင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ အခုလိုစက်ယန္တရားကြီးတွေနဲ့အလွန်အကျွံရွှေတူးဖော်မှုကြောင့် လာမယ့်မိုးရာသီကာလအတွင်း မြစ်နဲ့နီးနဲ့မြို့ သစ်၊စီကော်၊ တာဟဲလိုင်၊ရွှေမြောင်း၊ဟင်းသာ၊မင်းဂျမ်းစတဲ့ရွာတွေအပါအဝင် အထက်ဖော်ပြပါကျေးရွာတွေရဲ့လယ်ယာနဲ့စိုက်ခင်းတွေပျက်စီးသွားနိုင်ကြောင်းနဲ့လုပ်ကိုင်ရခက်ခဲလာနိုင်ကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “တာပိန်မြစ်ဘေးကရွာတွေရဲ့လယ်တွေ ၊စိုက်ခင်းတွေကတော့ မိုးတွင်းကျခင်ကမ်းပြိုဘာပြိုနဲ့ပါသွားနိုင်တယ်ဘာလို့ဆိုအခုရွှေတူးလိုက်တော့ကမ်းတွေကအကုန်တိုက်စားထားတာနောက်ပြီးအခုရေတွေကလည်းကနယ်တွေဖြစ်ကုန်ပြီ ရေတွေလည်းနောက်ကျိနေတာပဲဆိုတော့စိုက်ခင်းထဲရေသွင်းဖို့လည်းခက်ခဲလာတယ်”လို့သူကပြောပါတယ်။ တာပိန်မြစ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကနေ မြစ်ဖျားခံစီးဆင်းလာပြီ ဧရာဝတီမြစ်ထဲစီးဝင်နေတဲ့မြစ်ဖြစ်ပါတယ်။ By – Zaw…
Read More » -
3 Februaryသတင်း
ရွှေကူမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေမှော်တော်အစီးရေထောင်ချီဖြင့်ရွှေတူးဖော်နေ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ထဲမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေမော်တော်အစီးရေထောင်နဲ့ချီချပြီး ရွှေတူးဖော်နေတာကြောင့် ဒေသခံတွေရဲ့လယ်ယာ၊စိုက်ခင်းပျက်စီးမှုတွေအများအပြားရှိနေတယ်လို့သိရပါတယ်။ ရွှေကူမြို့နယ်ထဲက ဗန်းမော်မြို့နယ်အစပ် နောင်မိုကနေ စစ်ကိုင်းအစပ် ဘိုကုန်းကျေးရွာအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်လုံးမှာစက်လှေ၊ သံခွန်တွေအသုံးပြုပြီးရွှေအလွန်အကျွံတူးဖော်နေတာကြောင့် ရွာပေါင်း ၂၀ နီးပါးလောက်က လယ်ယာစိုက်ခင်းတွေပျက်စီးနေတယ်လို့သိရပါတယ်။ “ဘယ်ရွာကနေဘယ်ရွာအထိရယ်မဟုတ်ဘူး ရွှေကူတစ်နယ်လုံးကမြစ်ကြောင်းတစ်လျှောက်မှာ…
Read More » -
Dec- 2025 -28 Decemberရွေးကောက်ပွဲဆိုင်ရာ
တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင် နဲ့ ဖားကန့်မြို့နယ် ကျေးရွာ ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်တပ်ဝန်ခံ
ဇန်နဝါရီမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်တပ်က ထည့်သွင်းခဲ့တဲ့ ကချင်ပြည်နယ်ထဲက ဗန်းမော်၊ မံစီ၊မိုးမောက် ရွှေကူ နဲ့ ဖားကန့်မြို့နယ်တွေမှာရှိတဲ့ ကျေးရွာအုပ်စု ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်ကောင်စီက မနေ့ညက ထုတ်ပြန်ပါတယ်။ ဗန်းမော်မြို့နယ်က ကျေးရွာအုပ်စု ၄၃ ခု၊ မံစီမြို့နယ်က ကျေးရွာအုပ်စု ၄၃ အုပ်စု၊ မိုးမောက်မြို့နယ်ကကျေးရွာအုပ်စု ၆၅ခု၊ …
Read More » -
Jul- 2025 -16 Julyသတင်း
ရွှေကူအထိုင်တပ်က ဆေးဝါးသယ်ယူခွင့်တင်းကြပ်ထား
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ထဲမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို ဆေးဝါးသယ်ယူခွင့်တင်းကြပ်ထားတာကြောင့် ပြည်သူတွေ ဆေးဝါးကုသရေးအတွက်အခက်အခဲ ဖြစ်နေကြတယ်လို့သိရပါတယ်။ ရွှေကူမြို့မှာထိုင်ထားတဲ့စစ်ကောင်စီတပ်ဟာ စီသာ၊စီသောင်၊မံဝင်း၊မံနား၊မံနား၊စီမူကြီးစအရှိတဲ့ ရွှေကူမြို့နယ်ရှိကျေးရွာတွေဘက် ဆေးဝါးသယ်ယူခွင့်ကိုမြို့ဝင်၊မြို့ထွက်ဂိတ်တွေကနေ တင်းကြပ်ထားတာကြောင့် ကျေးရွာနေပြည်သူတွေ ဆေးဝါးပြတ်လပ်မှုကြုံနေရပြီး ဆေးကုသရေးမှာအခက်အခဲတွေဖြစ်နေကြတယ်လို့ ရွှေကူမြို့စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
Jan- 2025 -8 Januaryသတင်း
မံစီမြို့ ခမရ ၆၀၁ ၊ ခမရ ၃၁၉၊ ခမရ ၃၅၂ တပ်စခန်း ၃ ခုစလုံးကို KIA အပြီးသတ် သိမ်းပိုက်
ဗန်းမော်ခရိုင် မံစီမြို့ရှိ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတွေ က ဒီကနေ့ မနက်မှာ သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ မံစီမြို့ စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁ ၊ ခမရ ၃၁၉၊ ခမရ ၃၅၂ တပ်ရင်း ၃ ခုစလုံးကို KIA ပူးပေါင်းတပ်တွေက…
Read More » -
Dec- 2024 -6 Decemberသတင်း
ဗန်းမော်၊ မံစီ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကလေကြောင်းနဲ့အပြင်းအထန်ခုခံနေ
“လေယာဉ်လာတာတော့ ၅ ရက်နေ့ကနေ လေယာဥ်စလာတယ် ဗုံးချသံလည်း ကြားရတယ် စုစုပေါင်း ၁၅ ကြိမ်အထက်တော့ လာသွားပြီ မံစီနဲ့ဗန်းမော် လှည့်ပတ်ချနေတယ်”လို့ပြောပါတယ်။
Read More » -
May- 2024 -24 Mayသတင်း
မြေမြုပ်မိုင်းကြောင့် နေရပ်ပြန်ဖို့ခက်ခဲနေကြတဲ့ နမ့်လင်းပါပြည်သူများ
ဆယ်စုနှစ်တစ်စုကြာ စစ်ရှောင်နေကြရတဲ့ ဗန်းမော်ခရိုင် မံစီမြို့နယ် နန်လင်းပါကျေးရွာဒေသခံပြည်သူတွေဟာ နေရပ်ပြန်ဖို့ပြင်ဆင်နေကြပြီဖြစ်ပေမယ့် စစ်ကြွင်းစစ်ကျန်မြေမြုပ်မိုင်းအန္တရယ်စိုးရိမ်နေရဆဲဖြစ်တာကြောင့် အခက်အခဲတွေရှိနေတယ်လို့ နန့်လင်းပါ ဒေသခံတွေက ပြောပါတယ်။ နန့်လင်းပါကျေးရွာက ဒေသခံပြည်သူတွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ၂၀၁၁ တစ်ကြော့ပြန်တိုက်ပွဲကြောင့် ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်း၊ ထွယ်ဆန်စစ်ရှောင်စခန်းနဲ့ တစ်ခြားနီးစပ်တဲ့ စစ်ရှောင်စခန်းတွေမှာ ဆယ်စုနှစ်တစ်စုကျော်အကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့တာဘဲ ဖြစ်ပါတယ်။ လက်ရှိ နန့်လင်းပါကျေးရွာကို KIA ဘက်က ထိန်းချုပ်ထားနိုင်ပေမယ့်လည်း နယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို သေချာမလုပ်ရသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ နေရပ်ပြန်ပြီးနေထိုင်ဖို့ အခက်တွေ့နေကြတာဖြစ်တယ်လို့ နန့်လင်းပါ ဒေသခံ အမျိုးသား တစ်ဦးက ခုလိုပြောပါတယ်။ “အဲဘက်မှာက မြေမြုပ်မှိုင်းကနေရာအနှံ့ ထောင်ထားတော့ မြေတူးကားတွေနဲ့ သေချာမယူလိုက်နိုင်ရင်တော့ အိမ်မပြန်ရဲသေးဘူး မြေတူးကားတွေနဲ့ လုပ်တာတောင် ကားဘီးတွေ မှိုင်းထိပြီးပေါက်သွားတာတွေလည်းရှိတယ်”လို့ဆိုပါတယ်။ နမ်လင်းပါကျေးရွာရဲ့ အရှေ့ဘက်တောင်မှာ စစ်အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စခန်းရှိခဲ့ပေမယ့်လည်း ၂၀၂၄ မတ်လလောက်ကနေ ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ နမ့်လင်းပါရွာကို KIA တပ်က ထိန်းချုပ်ထားပြီဖြစ်ပြီး မိုင်းအန္တရယ်လည်း ရှင်းပေးကြဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ နမ်လင်းပါကျေးရွာမှာ ၂၀၁၁ လောက်က အိမ်ခြေ ၃၉၀ ကျော်ရှိခဲ့ပေမယ့်လည်း မနှစ်ကတောမီးလောင်ချိန် ဆွေးမြေ့နေတဲ့အိမ်တွေမီးလောင်သွားတာကြောင့ အိမ်ခြေ ၃၀ လောက်သာကျန်ရှိတော့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ခုလို နေအိမ်အဆောက်အအုံအခက်အခဲ၊ မြေမြုပ်မှိုင်းဗုံးအန္တရာယ်တွေနဲ့ စားဝတ်နေရေးဖြေရှင်းဖို့ အခက်အခဲတွေကြောင့် ဒေသခံတွေအနေနဲ့ နေရပ်ပြန်ဖို့ပြင်ဆင်နေပေမယ့် အခက်ခဲမျိုးစုံဖြစ်နေတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း အခုလိုပြောပါတယ်။ “ကျွန်မတို့က စစ်မဖြစ်ခင်တုန်းကတော့ ခြံတွေလုပ်တယ် စိုက်ပျိုးရေးတွေပေါ့။ အခုကြတော့ ကျွန်မတို့ လင်မယားလည်း အသက်ကြီးသွားတော့ မလုပ်နိုင်တော့ဘူး။ အစစအရာရာခက်ခဲတယ် စားဖို့ရော၊ မိုင်းတွေရော ရှိသေးတယ်လေ”လို့ သူမက ပြောပါတယ်။…
Read More » -
13 Mayသတင်း
မံစီမြို့မရဲစခန်း KIA ပူးပေါင်းတပ် ဒုတိယအကြိမ်သိမ်းပိုက်
“ပထမတစ်ကြိမ်သိမ်းထားပြီးပြီလေ။ အဲ့တာလေကြောင်းနဲ့နေ့တိုင်းလိုလာပစ်နေတော့ ဒီဘက်ကခနဆုတ်ထားတာ။ အဲ့တာ ရဲနဲ့စစ်သားတွေကပြန်လာထိုင်တယ်ဆိုလို့ ဒီမနက်ပြန်ပြီးသိမ်းယူလိုက်တာ စဝင်တာကတော့မနက် ၁၀ နာရီလောက်ကဝင်နေပြီ အခုညပိုင်းမှပဲထိန်းချုပ်လိုက်နိုင်တာ”လို့ အထက်ပါအမျိုးသားကပြောပါတယ်။
Read More » -
7 Mayသတင်း
မိုးမောက် နဲ့ မံစီ မြို့မှာရှိတဲ့ ရဲစခန်းတွေကို KIA သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ
ဗန်းမော်ခရိုင် ၊ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီမြို့ပေါ် ၂ ခုက ရဲစခန်းနေရာတွေကို KIA ပူးပေါင်းတပ် သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းရဲစခန်းအပြင် မြို့ပေါ်ရပ်ကွက် ၂ ခုကို KIA…
Read More » -
2 Mayသတင်း
မံစီမြို့ပေါ်နဲ့ အနီးဝန်းကျင်ရွာက ပြည်သူတွေကို အရေးပေါ်ပြောင်းရွေ့ခိုင်း
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ဒေသခံတွေနဲ့ မြို့နဲ့နီးတဲ့ ကျေးရွာနေပြည်သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ် နှစ်ဖက်တပ်က အရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့သိရပါတယ်။ မံစီမြို့ပေါ်က ဒေသခံပြည်သူတွေနဲ့ မြို့နဲ့နီးတဲ့ကျေးရွာတွေဖြစ်တဲ့ စံလွန်ယန်အပါအဝင် ရွာတစ်ချို့ကပြည်သူတွေကို လက်နက်ကိုင်နှစ်ဖက်တပ်က ဧပြီ ၁ ရက်နေ့ကစပြီး အရေးပေါ်ပြောင်းရွေ့ခိုင်းထားတာကြောင့်…
Read More »









