မချမ်းဘော့

  • Mar- 2024 -
    25 March
    သတင်း

    မချမ်းဘော့မှာ ၅ နှစ်ကြာတပ်စွဲခဲ့တဲ့အလန်ဂါးတပ်စခန်းမှ စစ်သားများစခန်းစွန့်ခွာ

    ကချင်ပြည်နယ် မချမ်းဘော့မြို့နယ် အလန်ဂါးကျေးရွာမှာ ၅ နှစ်ကြားတပ်စွဲနေထိုင်ခဲ့တဲ့ အလန်ဂါးစခန်းထဲက စစ်သားများစခန်းဆုတ်ခွာသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မချမ်းဘော့မြို့နယ် အလန်ဂါးကျေးရွာမှာ   ၂၀၁၈ ခုနှစ်ကတည်းကတပ်စွဲနေထိုင်ခဲ့တဲ့ ခလရ ၁၃၇ တပ်ထဲက စစ်ကောင်စီစစ်သားတွေဟာ မတ်လ ၂၄ ရက်နေ့ မနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ စခန်းကိုစွန့်ခွာသွားကြတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “အလန်ဂါးကတော့ ပြီးသွားပြီ လာတိုက်စရာတောင်မလိုဘူး အားလုံးထွက်ပြေးသွားပြီ သူတို့စခန်းကိုတော့ မီးရှို့တာတော့မလုပ်သွားဘူး ဒီတိုင်းဆုတ်သွားတာ ဘာမှကိုမချန်ထားဘူး ကြက်၊ဝက်ကအစအကုန်သယ်သွားတယ်တဲ့သေချာသွားပြီ”လို့ ပြောပါတယ်။ အဲ့ဒီအလန်ဂါးကျေးရွာက ခလရ ၁၃၇ အထိုင်တပ်ဟာ မချမ်းဘော့မြို့နဲ့ ၁၀ မိုင်ကျော်ဝေးပြီး ပုံမှန် အင် အား ၄၀ ဝန်းကျင်လောက်တာရှိတာဖြစ်ရှိတဲ့တပ်စခန်းလို့သိရပါတယ်။ အခုလိုစစ်ကောင်စီစစ်သားတွေစခန်းစွန့်ခွာသွားတဲ့အတွက် ဒေသခံတွေအနေနဲ့ စစ်ရေးနှင့် လုံခြုံရေး စ်ိုးရိမ်စရာမလိုတော့ကြောင်းလည်း ဒေသခံတွေကဆိုပါတယ်။ “သူတို့ဆုတ်ခွာသွားတော့ အလန်ဂါးရွာသားတွေအတွက်ကောင်းတာပေါ့ မဟုတ်ရင် ဒီဘက်ကလာတိုက်တဲ့အခါ စစ်သားတွေက ရွာသားတွေကိုဖိနှိပ်တာတွေလုပ်အုံးမှာပြီးတော့ အဲ့စခန်းက မချမ်းဘော့ နောင်မွန်လမ်းပိုင်းမှာရှိတာလေး တခါတလေ ခရီးသွားတွေအတွက်လည်းအဆင်မပြေဘူး အခုတော့အဲ့နားကသွားရလာရ အဆင်ပြေသွားတာပေါ့”လို့ ဒေသခံတစ်ဦးပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့နယ်မှာ မတ်လ ၉ ရက်နေ့ကစပြီး စစ်တပ်ရဲ့ ရှေ့တန်းစခန်းငယ်အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့အပြင် ဆွမ်ပရာဘွမ်မြို့ပေါ်ရဲစခန်းတွေကိုလည်း သိမ်းပိုက်ထားနိုင်ပြီး လက်ရှိမှာတော့ မြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ရင်းကိုတော့ စခန်းသိမ်းတိုက်ပွဲဆင်နွဲနေဆဲဖြစ်တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါနတယ်။ အခုလိုစခန်းသိမ်းတိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်တပ်ရဲ့ ခလရ ၄၆ တပ်ဟာတပ်ထဲမှာ စစ်လက်နက်အင်အားနဲ့ စစ်သားအင်အားတွေဆက်တိုက်ဖြည့်တင်းနေပြီး အလန်ဂါးက စွန့်ခွာသွားတဲ့စစ်သားတွေကလည်း  ခလရ ၄၆ တပ်ထဲ အင်အားသွားရောက်ဖြည့်တင်းထားတယ်လို့  သိရပါတယ်။  “၄၆ တပ်က အခုအင်အားတွေအတော်ဖြည့်နေတယ်နော် ဟိုနေ့ကလည်း ကား ၅ စီးစာ လက်နက်ခဲရမ်းတွေ အပြည့်လာပို့သွားတယ် လာချတာက လေယာဥ်နဲ့လာချသွားတာ လေဆိပ်မှာရောက်တဲ့ချိန်မြင်ခဲ့တယ်။ ကား ၅ စီးနဲ့ ဗုံးသီးတွေကော လက်နက်ကြီးတွေကော အများကြီးပဲတင်သွားတယ်တပ်ထဲမှာ”လို့ ပူတာအိုမြို့နေ အခြားဒေသခံတစ်ဦးကပြောပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တုန်းကလည်း မချမ်းဘော့မြို့နယ် အင်ခါဂါးကျေးရွာမှာ တပ်စွဲခဲ့တဲ့ အင်အား ၅၀ ကျော်ပါတဲ့စစ်ကောင်စီစစ်သားတွေဟာ စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 2 March
    သတင်း

    မချမ်းဘောဆေးရုံ ရေဆိပ် နေရာတူးဖော်နေတဲ့ ရွှေလုပ်ကွက်အားလုံး ရပ်ဆိုင်း

    ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ် မချမ်းဘော့မြို့ ဆေးရုံရေဆိပ် နေရာမှာ တူးဖော်နေတဲ့ ရွှေလုပ်ကွက်ကို တစ်လတူးဖော်ခွင့်နဲ့ လုပ်ခွင့်ပေးခဲ့ပေမဲ့ တစ်လမပြည့်ခင်မှာဘဲ ရပ်ဆိုင်းလိုက်ရပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  အဲဒီရွှေလုပ်ကွက်တွေကို မချမ်းဘော့မြို့ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ဒေသခံတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့စကာ တူးဖော်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ ပူတာအိုမြို့နယ် စစ်တပ်ဗျူဟာမှူးကနေ ပူတာအိုမြို့နယ်ထဲမှာရှိတဲ့ ရွှေလုပ်ကွက်တာဝန်ခံတွေအားလုံးခေါ်ပြီး အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပြီး အဲဒီအစည်းအဝေးမှာ ပူတာအိုမြို့နယ်မှာ တရားမဝင်ရွှေလုပ်ကွက်ရှိသမျှတွေကို ဒီရက်ပိုင်း မီးရှို့ဖျက်ဆီးဖမ်းဆီးတာတွေ စလုပ်တော့မယ်အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ချမ်းဘောမြို့ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အစည်းအဝေးကနေအပြန် ရွှေလုပ်ကွက်ထဲ လာရောက်ပြီး လုပ်ကွက်အားလုံးရပ်နားလိုက်ပြီဆိုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ရွှေတူးဖော်တာဟာ မြို့ရွာထိခိုက်စေမှာမဟုတ်ဘဲ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲကြောင့် အတူပူးပေါင်းလုပ်ကြတာဖြစ်တယ်လို့ မချမ်းဘော့ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်တော်တို့က ကျွန်တော်တို့ ဒေသခံတွေ အတူပူးပေါင်းလုပ်စားကြတာကို ဘာမှပြောစရာမရှိဘူး၊ မြို့ကိုလည်းမထိဘူး၊ အဲ့ဒီ သဲပြင်တွေကကို စုပ်ယူတာဘဲ ၊ ကျွန်တော်တို့က တစ်ခြားဝေးတဲ့နေရာတွေမှာလည်း မသွားနိုင်ကြဘူးလေ၊  သူတို့တွေ တူးကြရအောင်ဆိုပြီး လုပ်ကြတာကို အခုက နှစ်ရက်သုံးရက်နဲ့ ၅ သိန်းကထည့်ထားပြီးပြီကို ပိတ်ပေးလိုက်တယ်”လို့ ပြောပါတယ်။ ဒေသခံတွေဟာ ရွှေတူးဖော်ဖို့အတွက် လုပ်ကွက်တစ်ကွက်မှာ ဝင်ကြေး ၂ သိန်းခွဲ၊ လစဉ်ကြေး ၂သိန်းခွဲ စုစုပေါင်း ၅ သိန်းထည့်ဝင်ပြီးရွှေတူးဖော်တာ စတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သုံး၊လေးရက်သာလုပ်ခဲ့ရချိန် လုပ်ကွက်ကိုပိတ်လိုက်ရတာကြောင့် အုပ်ချုပ်ရေးမှူးဆီမှာအခွန်ဆောင်ထားတဲ့ ငွေတွေကို ပြန်ပေးဖို့တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ အဲ့ဒီလုပ်ကွက်မှာ စုစုပေါင်း ရေငုပ်ဆိုင်း ၄၀ကျော်ရှိတာဖြစ်ပြီး အဲ့ဒီ ရေငုပ်ဆိုင်းတွေအပါအဝင် ရွှေလုပ်ကွက်အားလုံး…

    Read More »
  • Feb- 2024 -
    9 February
    သတင်း

    နမ်ဆဘွမ်ကျေးရွာမှာ တရားမဝင်ရွှေတူးဖော်မှုတွေကြောင့် လယ်ယာစိုက်ခင်းများထိခိုက်ပျက်စီး

    ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ထဲက နမ်ဆဘွမ်ကျေးရွာထဲမှာစက်ယန္တရားကြီးတွေအသုံးပြုပြီး တရားမဝင်ရွှေတူးဖော်မှုတွေပိုမိုများပြားလာနေတာကြောင့် ဒေသခံတွေရဲ့ လယ်ယာ၊စိုက်ခင်းတွေထိခိုက်ပျက်စီးလာတဲ့အပြင် ချောင်းတွေလည်း ပျက်စီးလာနေတယ်လို့သိရပါတယ်။

    Read More »
  • Mar- 2023 -
    23 March
    သတင်း

    ဖတ်မာကျေးရွာ လူနေအိမ်များတွင် စစ်သားများတပ်စွဲနေ၊ ခရီးသွားကားများကိုလည်း စစ်ဆေး

    ပူတာအိုမြို့နယ် ဖတ်မာကျေးရွာ (Hpak Ma Mare) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည်  ကျေးရွာအတွင်း လူနေအိမ်များ နှင့် ခရီးသွားပြည်သူများကို စစ်ဆေးရေး တင်းကြပ်နေကြောင်း သိရသည်။ မူလာရှီးဒီ အခြေစိုက် ခလရ ၁၃၈၊ မချမ်းဘောအခြေစိုက် ခလရ ၁၃၇…

    Read More »
  • Apr- 2022 -
    14 April
    သတင်း

    မချမ်းဘောမြို့နယ် မန်နူကျေးရွာတွင် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေ

    ပူတာအိုခရိုင် မချမ််််််းဘော့မြို့နယ် မန်နူကျေးရွာအုပ်စုရှိ ပြည်သူများ ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။ မန်နူကျေးရွာတွင် နေထိုင်သောပြည်သူများသည် စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်းတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း ကျေးရွာရှိ ပြည်သူတစ်ဦးထံမှ သိရသည်။ “ဆေးနဲ့ပတ်သက်ပြီး…

    Read More »
  • Dec- 2021 -
    6 December
    သတင်း

    မချမ်းဘောမြို့နယ်တွင် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် ဒေသခံများ၏ မြေယာများ ပျက်ဆီးလာနေ

    ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ရှင်မွေယန်အုပ်စု ရှိန်ဂိုင်ယန်ကျေးရွာတွင် စစ်ကောင်စီက ခွင့်ပြုထားသော ရွှေတွင်းများကြောင့် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေသော လယ်ယာမြေများ ထိခိုက်ပျက်စီးမှုများ နေကြောင်းသိရသည်။ ပြီးခဲ့သော ဩဂုတ်လနောက်ပိုင်းမှစတင်ကာပူတာအိုမြို့ အခြေစိုက်ထားသည့် (၄၆) တပ်ရင်းအဖွဲ့မှခွင့်ပြုပေးထားသော ရွှေတူးဖော်ရေးလုပ်ငန်းကြောင့် ကျေးရွာဒေသခံများ၏ မြေဧက…

    Read More »
  • Oct- 2020 -
    5 October
    ရွေးကောက်ပွဲဆိုင်ရာ

    KIO “နာမည်” အသုံးချပြီး ပြိုင်ဖက် KSPP ကို အပုပ်ချ မဲဆွယ်မှု NLD တောင်းပန်

    လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၎င်း၏ပြိုင်ဖက် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO “အမည်” အသုံးချပြီး မဲဆွယ်စည်းရုံးနေသည်ဟု မမှန်မကန် အပုပ်ချပြောဆိုခဲ့မှုအပေါ် တရား၀င်ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။ ‘လာမည့် ရွေးကောက်ပွဲတွင်…

    Read More »
Back to top button