မြစ်ကြီးနားမြို့
-
Sep- 2025 -2 Septemberသတင်း
မြစ်ကြီးနားမြို့မှာ အမေအိုသားအမိနှစ်ဦးလုယက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမေအိုနဲ့သမီးဖြစ်သူတို့ ဆိုင်ကယ်လုယက်ခံရတယ်လို့ မိသားစုဝင်တွေဆီကနေ သိပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ ည ၇ နာရီဝန်းကျင် ဂျန်မိုင်ကောင်းရပ်ကွက် ဆုတောင်းအိမ်ကနေ ဆိုင်ကယ်စီးပြီး ပြန်လာချိန်လူငယ်၂ ဦး နောက်ကနေ ပိုက်ဆံအိတ်ကို…
Read More » -
Aug- 2025 -23 Augustသတင်း
မြစ်ကြီးနားမှာ လူငယ်တစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်တစ်ဦး သေနတ်ထိမှန်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဖွဲ့ကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဩဂုတ်လ ၂၂ ရက် မနေ့ည ၈နာရီ မိနစ်၂၀ ဝန်းကျင်အချိန် မန်ခိန်ရပ်ကွက်…
Read More » -
16 Augustသတင်း
အိမ်သာကျင်းဟောင်းထဲ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့
မြစ်ကြီးနားမြို့မှာ အိမ်သာကျင်းဟောင်းထဲ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတစ်ခု ဩဂုတ်လ ၁၅ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ရမ်ပူရပ်ကွက် နယ်မြေ(၁၁)က ခြံတစ်ခု အိမ်သာကျင်းဟောင်းထဲ အမျိုးသားတစ်ဦးသေဆုံးနေတာကို မနေ့က နေ့လည် ၁နာရီဝန်းကျင်အချိန် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး…
Read More » -
7 Augustသတင်း
မြစ်ကြီးနားမြို့အဝင်အထွက်မှာ စစ်တပ်က စစ်ဆေးရေးဘယ်လိုတင်းကြပ်နေသလဲ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြို့အဝင်အထွက် စစ်တပ်ဂိတ်တွေမှာ ဖမ်းဆီးစစ်ဆေးမှု ပိုမိုတင်းကြပ်လာတဲ့အတွက် ခရီးသွားပြည်သူတွေနဲ့ ဒေသတွင်းပြည်သူများ သွားလာရေးမှာ ပိုခက်ခဲလာတယ်လို့မြစ်ကြီးနား ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်းမှာတော့ ကား၊ ဆိုင်ကယ်ကို အဓိကဖမ်းဆီးစစ်ဆေးနေတဲ့အပြင် မြို့ဝင်၊မြို့ထွက်ဂိတ်တွေမှာလည်း မှတ်ပုံတင်၊ဖုန်း၊ခရီးဆောင်အိတ်အပြင် ပစ္စည်းဖာတွေကိုဓားနဲ့ ဖောက်ထွင်းစစ်ဆေးတာအထိ…
Read More » -
Jul- 2025 -22 Julyအင်တာဗျူး
မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှု ဘယ်လောက်ထိဆိုးရွားနေပြီလဲ
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယှက်မှုတွေက တစ်ရက်ထက်တစ်ရက်ပိုးဆိုးလာနေပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ခိုးဆိုးလုယှက်မှုတွေဟာဆယ်ကျော်သက်အရွယ်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် လူငယ်၊လူလတ်ပိုင်းတွေဖြစ်ပြီး ဒုတ်၊ဓါးကိုင်ဆောင်ကာ အုပ်စုဖွဲ့လုယက်နေတာလို့ မြစ်ကြီးနားဒေသခံတွေ ပြောပါတယ်။ ဒီခိုးဆိုးလုယှက်မှုလုပ်သူတွေဟာ အရင်က လူသူသွားလာမှုနည်းတဲ့…
Read More » -
18 Julyသတင်း
အိမ်ဘေးနား ထိုင်နေတဲ့ အမျိုးသားကို လူ ၆ ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ်လာလု
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေစဉ် လူ၆ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ် လာလုယက်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ည ၁၀ခွဲဝန်းကျင်အချိန် ခေမာသိရိရပ်ကွက်မှာ အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေတဲ့ အသက် ၄၀ဝန်းကျင်အရွယ်…
Read More » -
Jun- 2025 -24 Juneသတင်း
မြစ်ကြီးနားမြို့ရပ်ကွက်တစ်ချို့မှာ Mytel အင်တာနက်လိုင်းနဲ့ ငွေလွှဲငွေထုတ်ရနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ရပ်ကွက်တစ်ချို့မှာ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်ကစပြီး စစ်ကောင်စီထုတ် Mytel အော်ပရေတာရဲ့ အင်တာနက်လိုင်းနဲ့ ငွေလွှဲငွေထုတ်ပြုလုပ်လို့ရနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မန်ခိန်၊ ရွှေစက် စတဲ့ရပ်ကွက်တစ်ဝှိုက် ဒီနေ့မနက်ပိုင်းမှာပဲ 4Gအင်တာနက်လိုင်း အထိတက်လာတာဖြစ်ပြီး ငွေလွှဲ ငွေထုတ်အက်ပလီကေးရှင်းတွေဖြစ်တဲ့ Kpay…
Read More » -
May- 2025 -19 Mayသတင်း
ကားတိုက်ခံရတဲ့ ဖခင် အရေးပေါ်ခန်းမှာ သတိမေ့မျောနေဆဲ ဖြစ်တဲ့အတွက် သားဖြစ်သူကို ဖခင်မပါဘဲ သင်္ဂြိုလ်လိုက်ရ
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၄ ရက်ခန့်က ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတဲ့ ကလေးငယ်ကို ဖခင်ဖြစ်သူလည်း ဒဏ်ရာဖြင့် ဆေးရုံမှာ သတိမေ့မျောနေဆဲ အခြေအနေကြောင့် ဖခင်မပါဘဲ ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ သင်္ဂြိုလ်လိုက်ပြီ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် မြေမြင့်ရပ်ကွက် Second Family ဖုန်းဆိုင်အနီး ဆိုင်ကယ်မောင်းလာတဲ့ သားအဖနှစ်ယောက်ကို ကားအဖြူတစ်စီးက ဝင်တိုက်သွားတာကြောင့် သားဖြစ်သူက ဗိုက်ပေါက်ဒဏ်ရာအပြင် မျက်နှာနဲ့ ဦးခေါင်းဒဏ်ရာတွေကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။ ဖခင်ဖြစ်သူကတော့ ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ခွဲစိတ်ခဲ့ရသလို ပြီးခဲ့တဲ့ သောကြာနေ့ထိ သတိမလည်သေးဘဲ မြစ်ကြီးနားဆေးရုံကြီး အရေးပေါ်အခန်းမှာရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ အသက် ၁၂နှစ်အရွယ် ဆွတ်ဆိုင်းဒီးကို ဆွေးမျိုးသားချင်းတွေနဲ့ ဘာသာရေးအသင်းတော်တွေက ကူညီပြီး ဒီကနေ့မှာပဲ သင်္ဂြိုလ်လိုက်ပြီလို့ သိရပါတယ်။ အဖေဖြစ်သူ ဦးအားဒီယောဟန်ရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့အထိ သတိမလည်သေးလို့ အမည်မဖော်လိုသူ အခြေအနေကို သိရှိသူ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။ “လူနာဒဏ်ရာ အရမ်းပြင်းထန်တယ် ခေါင်းက အတော်လေးကိုထိထားတယ်။ လက် ခြေထောက်ပွတ်ပဲ့တယ် အခုထိသတိမရပါ“ လို့ ဆိုပါတယ်။ မိခင်ဖြစ်သူမှာလည်း အရင်ကတည်းက ဆုံးပါးသွားပြီလို့သိရပြီး လက်ရှိ သေဆုံးသွားတဲ့ ကလေးကတော့ အငယ်ဆုံးသားလေး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူတို့ သားအဖနှစ်ဦးကို ကားဖြင့်တိုက်ပြေးသွားတဲ့ ကားဟာ အဖြူရောင်လို့ သိရှိရပေမယ့် အသေးစိတ်ကို မသိရတဲ့အတွက် သေချာမသိရှိရသေးသလို တရားခံလည်း အခုချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ လိုင်စင်မဲ့ကားတွေ များပြားနေသလို ညအချိန်အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ သောက်စားပြီး ယာဉ်မောင်းနှင်မှုတွေကြောင့် ယာဉ်တိုက်မှု မကြာခဏဖြစ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ By – Hope
Read More » -
Apr- 2025 -2 Aprilသတင်း
မြစ်ကြီးနားမြို့မှာ ဓါးပြတစ်ဦးဖမ်းဆီးရမိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဓားပြတစ်ဦးဖမ်းဆီးရမိတယ်လို့ စီတာပူရပ်ကွက်နေ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ ဖြစ်စဉ်မှာ ဧပြီလ ၁ ရက် မနေ့ည ၈ နာရီဝန်းကျင် မြစ်ကြီးနားမြို့ မနောကွင်းရှေ့ ဖြတ်သန်းသွားလာနေတဲ့သူတွေကို ဓားကိုင်ထားတဲ့…
Read More » -
Jan- 2025 -7 Januaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မြစ်ဆုံ မှာ လုပ်ငန်းရှင်များ စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီး
မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသ မှာ စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်တပ် နှင့် နီးစပ်တဲ့ လုပ်ငန်ရှင်တွေက စက်ယန္တရားကြီးနဲ့ ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာနေကြောင်း ဒေသခံတွေ ပြောဆိုနေကြပါတယ်။ မြစ်ဆုံ မြစ်ကမ်းတလျှောက် ဒေသခံတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့မှုကြောင့် လအနည်းငယ် ယာယီရပ်တန့်ခဲ့တဲ့ နေရာတချို့မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စတင်ပြီး…
Read More »