အင်တာဗျူး

မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှု ဘယ်လောက်ထိဆိုးရွားနေပြီလဲ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယှက်မှုတွေက တစ်ရက်ထက်တစ်ရက်ပိုးဆိုးလာနေပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ခိုးဆိုးလုယှက်မှု‌တွေဟာဆယ်ကျော်သက်အရွယ်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် လူငယ်၊လူလတ်ပိုင်းတွေဖြစ်ပြီး ဒုတ်၊ဓါးကိုင်ဆောင်ကာ အုပ်စုဖွဲ့လုယက်နေတာလို့  မြစ်ကြီးနားဒေသခံတွေ ပြောပါတယ်။

ဒီခိုးဆိုးလုယှက်မှုလုပ်သူတွေဟာ အရင်က လူသူသွားလာမှုနည်းတဲ့ ရပ်ကွက်၊လမ်းကြားမှာ အဖြစ်များပေမယ့် ခုနောက်ပိုင်း မြို့တွင်းရပ်ကွက် လူနေထူထပ်တဲ့ ရပ်ကွက်၊ အိမ်အနီးနား ပတ်ဝန်းကျင်အထိလုယက်မှုတွေဖြစ်လာပြီး အသက်အန္တရယ်စိုးရိမ်ရတဲ့အခြေနေ ဆိုးရွားလာပြီလို့ ဆိုကြပါတယ်။

ဒီလို အခြေအနေတွေကြောင့် နောက်ဆက်တွဲအနေနဲ့ မြစ်ကြီးနား ဒေသခံတွေဟာ ခိုးဆိုးလုယှက်မှုဒဏ်တွေကို ကြောက်‌ရွံ့နေကြရတဲ့အတွက် ညနက်ချိန်တွေမှာသာမက နေ့ခင်းအချိန်တွေမှာတောင်  အပြင်ထွက် အလုပ်လုပ်ဖို့၊ သွားလာဖို့ ပိုပြီးခက်ခဲလာတယ်လို့ KNG သတင်းဌာနကို ပြောပါတယ်။

KNG စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်ထိရှိခဲ့ပါတယ်။

လက်ရှိမြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယှက်မှုနောက်ဆက်တွဲအနေနဲ့ ပြည်သူလူတွေ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရလဲ ဆိုတာတွေနဲ့ ပက်သက်ပြီး မြစ်ကြီးနားဒေသခံတွေကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။

မြစ်ကြီးနားဒေသခံ အသက် ၂၄နှစ်အရွယ် လူငယ်အမျိုးသမီးတစ်ဦး

အရင်ကဆို လူသိပ်မရှိတဲ့နေရာတွေမှာဘဲ လုတာလေ။ ဒါပေမယ့် အခုတော့ သူခိုးဓားပြတွေက အရမ်းရဲတင်းလာတယ် ကိုယ့်အိမ်ရှေ့ရောက်နေတာတောင် လုနိုင်တဲ့အဆင့်ဖြစ်နေပြီ။ ကျွန်မသူငယ်ချင်းအိမ်ကို ၈ နာရီလောက်ပြန်လာတဲ့အချိန် သူ့ရဲ့ဆိုင်ကယ်ရှေ့မှာ ယောက်ကျားလေးနှစ်ယောက်က လာလုတယ်။ လာလုတဲ့နှစ်ယောက်က အသက် ၁၈၊ ၁၉အရွယ်လောက် ဟုတ်မယ်ထင်တယ်။ သိပ်မလုပ်ရဲတော့ ပြန်သွားတယ်။ ဘာမှတော့ မလုပ်သွားပေမယ့် ဓားနဲ့ထောက်ထားတဲ့အတွက် လက်မှာတော့ နည်းနည်းထိသွားတယ်။ လူငယ်လေးတွေကအစ ဝင်ငွေဘာမှမရှိလာလို့ထင်တယ် သုံးချင်ဖြုန်းချင်လာတော့ ဆိုးသွမ်းလာတယ်ထင်တယ်

မြစ်ကြီးနားဒေသခံ အသက်၂၄ နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦး

ဘေးထွက်ဆိုးကျိုးဆိုရင် ကိုယ်က တစ်နေရာရာသွားမယ်ဆိုရင် ကိုယ့်အတွက်ဆို အခက်အခဲတွေပေါ့။ ကိုယ့်မှာများ အဲလိုလုယှက်မှုကိစ္စတွေကြုံလာနိုင်မလား။ လုယှက်သူတွေနဲ့ဆုံလာနိုင်မလားဆိုပြီး မသွားဖြစ်တဲ့အချိန်တွေ မသွားဖြစ်တဲ့နေရာတွေ ရှိလာတယ်။ သွားရေးလာရေးဆိုရင် ညမိုးချုပ်ဆိုရင်တောင်အရင်တုန်းက ၉ နာရီ၁၀နာရီထိ သွားလာလို့ရတယ်။ အခုနောက်ပိုင်းတော့ ၇နာရီနောက်ပိုင်းဆိုရင် သွားလာလို့မရတော့ဘူး။ ကိုယ်တစ်ယောက်တည်းဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်နှစ်ယောက်နဲ့ဘဲ ဖြစ်ဖြစ် အတူသွားလာရင်တောင် သူတို့က အုပ်စုလိုက်အဖွဲ့လိုက်ဖြစ်နေတဲ့အတွက် စိုးရိမ်နေရတယ်

 မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦး

အကူအညီ တောင်းဆိုမှုလုပ်ချင်တယ်ဆိုရင်တောင် အခုက လုံခြုံမှုမရှိဘူးဖြစ်နေတာပေါ့။ သူခိုးဓားပြတွေကိုယ်တိုင်ကရဲတွေပြန်ဖြစ်နေ ခုလိုပိုက်ဆံတောင်းစားတာလဲ သူတို့ဘဲ။ ဆိုင်ကယ်ဖမ်းတာလည်း သူတို့။ ဘာဘဲလုပ်လုပ်သူတို့ဘဲ ဖြစ်နေတော့ အားကိုးရာမဲ့ဖြစ်နေတာပေါ့။ ဘယ်သူ့ကို အကူအညီ တောင်းဆိုရမလဲဆိုတာလဲမသိ၊ ဘယ်သူ့ကို ပြောပြရမလဲ ဆိုတာလည်းမသိဘဲနဲ့ အနေဆင်းရဲနေတာပေါ့။ အခုက စားဖို့သောက်ဖို့ ပိုပိုခက်လာတာပေါ့ ကုန်ဈေးနှုန်းတွေက ပြန်တက်။ အခုက ဘယ်သူ့ကိုမှ မအားကိုးတတ်တော့ဘူး

NBPDF တာဝန်ရှိသူတစ်ဦး

ဝါရင့်သဘာရင့် သူခိုးဓားပြတွေက ဖမ်းမိတယ်လို့ မရှိဘူး။ ဖမ်းမိလည်းခနဘဲ အလွန်ဆုံးကြာရင်တစ်ပတ်ဘဲ ပြန်လွှတ်တယ်။ ဘာလို့လဲဆိုတော့ သူတို့နယ်မြေပိုင်ရဲတွေနဲ့  ဆက်ကြေး‌‌ပေးပြီးတော့ လက်ဝါးချင်းရိုက်ပြီးလုပ်စားနေတာပေါ့။ အဲတာကြောင့်မို့ ဒီကောင်တွေက ဖမ်းမိတယ်လို့ မရှိဘူး။ မြစ်ကြီးနားက အုပ်ချုပ်ရေးယန္တရားပျက်စီးနေတော့ ခိုးဆိုးလုယှက်တွေက ပျော်တာပေါ့။ သူခိုးဓားပြတွေကလည်း စကစရဲ့ လူတွေကြီးဘဲဆိုတော့ ခိုးရဲတယ်လေ အချိန်မရွေး။ စကစတွေ ရဲတွေရှိနေတဲ့ ကြားကနေခိုးရဲလုရဲတယ်လေ။ အဲတာကြောင့်မို့ သူတို့လည်း လုပ်ရဲကိုင်ရဲ သွားရဲလာရဲ ခိုးရဲလုရဲနေတာပေါ့

မြစ်ကြီးနား ကြက်ပေါင်ခြံရပ်ကွက်နေ အမျိုးသမီးတစ်ဦး

မြစ်ကြီးနားက ဆိုးမှာပေါ့ လောင်းကစားဝိုင်း၊ မူးယစ်‌ဆေး မြို့တော်ဖြစ်နေတာ ဟိုနေ့က အိမ်ရှေ့လမ်းမကြီးမှာ ဆိုင်ကယ်စီးလာတဲ့ မိန်းကလေး ဆွဲကြိုးလုဖြတ်ယူသွားဝာာ ကြည့်တကယ်နေ့ခင်းကြီး ကြောက်စရာကြီးပါဆို။ အဲဒါတွေ မြင်ရရင် ဘယ်မှ မသွားရဲလာဘူး”

မြစ်ကြီးနားဒေသခံ အသက်၂၀ ဝန်းကျင်အရွယ် အမျိုးသမီး လူငယ်တစ်ဦး

အရင်ကထက်စာရင် ပိုဆိုးသွားတာပေါ့။ သတင်းတစ်ခုခုကြားတာနဲ့ ကိုယ့်ရပ်ကွက်မဟုတ်ဘဲ တခြားရပ်ကွက်မှာ ဖြစ်နေရင်တောင်မှ အပြင်သွားခွင့်တောင်မှ မရတော့ဘူးကွာ။ အရင်ကတည်းကနေ ဘယ်မှ သိပ်မသွားခိုင်းရာကနေ သူငယ်ချင်းတွေနဲ့ ဒီနားလေးဘဲ သွားမယ်ဆိုရင်တောင်မှ ခွင့်မပြုတော့ဘူးကွာ။ အိမ်ကခွင့်ပြုချက်မရတော့ဘူး။ အရင်ကဆိုရင် သူငယ်ချင်းအိမ်မှာ တစ်ညလောက်တော့ ခွင့်ပြုပေးပေမယ့် နိုင်ငံရေးကြောင့်ဘယ်မှ မသွားခိုင်းတော့ဘူး။ ဆုတောင်းပွဲဆိုရင်တောင်မှ သူတို့မျက်စိအောက်မှာ ဖြစ်မှ သွားခိုင်းတာမျိုးဖြစ်သွားတယ်

By – Hope

Show More

Related Articles

Back to top button