မြစ်ကြီးနား
-
Sep- 2025 -29 Septemberသတင်း
မြစ်ကြီးနားမြို့မှာ မိန်းကလေးတစ်ဦး ဓားထိုးခံထားရပြီး သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံရတဲ့ ဒဏ်ရာနဲ့ အသတ်ခံထားရတယ်လို့ ဧရာဝတီဂရုဏာလူမှု ကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး…
Read More » -
25 Septemberဆောင်းပါး
မြစ်ကြီးနားမြို့ရဲ့ မူးယစ်ဆေးဝါးဈေးတန်းအကြောင်း တစ်စေ့တစောင်း
“ရောင်းတဲ့သူတွေမှာ ဖြေဆေးရှိပြီးသား ရှော့ဖြစ်ပြီဆိုတာနဲ့ သူတို့ဆီကပါတဲ့ဆေးထိုးပေးလိုက်တာ” ဒါကတော့ ဘိန်းဖြူထိုးလို့ ရှော့ဖြစ်ရင်တောင် ဖြေဆေးကို အထူးဝန်ဆောင်မှုအနေနဲ့ထိုးပေး နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နဲ့ခေမာသီရိရပ်ကွက်က အခြေနေကို ရပ်ကွက်နေ ပြည်သူတစ်ဦး ပြောတာပါ။ အာဏာသိမ်းပြီး ၄ နှစ်နဲ့မှ…
Read More » -
24 Septemberဖမ်းဆီးခံရမှု
မြစ်ကြီးနားမြို့မှာ နှစ်ပတ်အတွင်း ခိုးဆိုးလုယက်သူ ၁၀ ဦးဖမ်းမိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ခိုးဆိုးလုယက်သူ ၁၀ ဦးဖမ်းမိခဲ့တယ်လို့ မြစ်ကြီးနားမြို့ပြည်သူတွေနဲ့ လူမူကူညီရေးအသင်းတွေဆီကနေသိရပါတယ်။ ဖမ်းမိခဲ့တဲ့ ခိုးဆိုးလုယက်သူ ၁၀ ဦးထဲမှာ အသက်၂၀ ဝန်းကျင်အရွယ်လူငယ်အများဆုံးပါဝင်တယ်လို့သိရပြီး အဓိကဖမ်းဆီးအရေးယူမှုမရှိတဲ့အတွက် ပိုပြီးဆိုးရွားလာတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့နေထိုင်တဲ့ ပြည်သူတွေ ပြောပါတယ်။…
Read More » -
24 Septemberသတင်း
မြစ်ကြီးနားမြို့တွင်း တောင်းရမ်းသူပိုများလာပြီး ၁၀နှစ်အောက်ကလေးအများဆုံးပါဝင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တောင်းရမ်းသူတွေအလွန်များလာပြီး အဲဒီထဲမှာ ၁၀ နှစ်အောက်ကလေးအများဆုံးပါဝင်နေတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ တောင်းရမ်းသူတွေထဲမှာ အသက်အငယ်ဆုံး ၂ နှစ်ကနေ အသက်အကြီးဆုံး ၉ နှစ်ပတ်ချာလည်အရွယ်အများဆုံးဖြစ်ပြီး မြစ်ဘေးကန်ဘောင်၊ ပန်းခြံ၊ လပ်ကီးကိတ်မုန့်ဆိုင်၊ မီးပွိုင့်နဲ့ မိန်းလမ်းမစတဲ့နေရာတွေမှာပုံမှန်တွေ့ရတတ်ပြီး…
Read More » -
22 Septemberသတင်း
အမျိုးသမီးအဆောင်ဓါးပြဝင်တိုက်တဲ့ ရဲတပ်သားတစ်ဦး သေနတ်နဲ့အတူဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် (၁) အမျိုးသမီးဘော်ဒါဆောင်တစ်ခုမှာ ဓါးပြဝင်တိုက်တာအပြင် အမျိုးသမီးငယ် တွေကိုမဖွယ်မရာပြုလုပ်ဖို့ကြိုးစားတဲ့ ရဲတပ်သားတစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးမိတယ်လို့ အဆောင်နဲ့နီးစပ်သူတွေ ပြောပါတယ်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက် ည ၁၂ နာရီဝန်းကျင်…
Read More » -
17 Septemberသတင်း
မြစ်ကြီးနားမှာ PDF အမည်ခံပြီး ခြိမ်းခြောက်ငွေညှစ်မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်
မြစ်ကြီးနားမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF)ဆိုတဲ့ အမည်ကို အသုံးပြုပြီး ခြိမ်းခြောက်ငွေညှစ် တာတွေ မကြာခဏကြားနေရပြီး ဒီနောက်ပိုင်းခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြစ်ကြီးနား ဒေသခံတွေပြောပါတယ်။ ခြိမ်းခြောက်ငွေညှစ် ခံရသူတွေထဲမှာ လုပ်ငန်းရှင်တွေ၊ ဈေးဆိုင်ဖွင့်ထားတဲ့ သူတွေသာမက ကိုယ်ပိုင်စာသင်ကျောင်းတွေအထိပါ ခြိမ်းခြောက်ငွေတောင်းရမ်းတာတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။…
Read More » -
16 Septemberသတင်း
မြစ်ကြီးနား – မန္တလေး – ရန်ကုန် လေယာဥ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ မန္တလေး – ရန်ကုန် လေကြောင်းလိုင်းရဲ့ လေယာဥ်လက်မှတ်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ လေယာဥ်လက်မှတ်အရောင်းဌာနတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနားကနေ မန္တလေး၊ ရန်ကုန်အထိ အတက်အဆင်း လေယာဥ်လက်မှတ်စျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကနေစပြီး စမြင့်တက်လာနေတာဖြစ်တယ်လို့…
Read More » -
15 Septemberသတင်း
မြစ်ကြီးနားမှာ KIO အရာရှိနှစ်ဦးပစ်ခတ် ဖမ်းဆီးခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမှာ KIO အရာရှိနှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ KIA နဲ့နီးစပ်သူတွေ KNG ကို ပြောပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်မှာ မြစ်ကြီးနားမြို့၊ စံပြလမ်းမှာ ဆိုင်ကယ်စီးလာတဲ့…
Read More » -
8 Septemberသတင်း
မောင်နှမချင်း စကားများရာကနေ အစ်မဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာထိုးသတ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မောင်နှမချင်း စကားများရန်ဖြစ်ရာကနေ အစ်မဖြစ်သူကို ဓားအချက်ပေါင်းများစွာနဲ့သတ်လိုက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၇ ရက် မနေ့ည ၁၀နာရီကျော် ရမ်ပူရပ်ကွက် နယ်မြေ (၁၃) နေအိမ်တစ်အိမ်က မောင်နှမချင်း…
Read More » -
6 Septemberသတင်း
မြစ်ကြီးနားမြို့မှာ ၃ရက်အတွင်း မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း မီးလောင်မှု ၂ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်တွေကတော့ စက်တင်ဘာလ ၄ ရက် နေ့လည် တစ်နာရီ ၁၅ မိနစ်ဝန်းကျင် နန်းကွေ့ကျေးရွာ နယ်မြေ (၅)အစပ်ရှိ ဧဝရတ်…
Read More »