မြစ်ကြီးနား

  • Oct- 2025 -
    23 October
    သတင်း

    ပူတာအို – မြစ်ကြီးနားကားလမ်း ရက်အကန့်သတ်မရှိပိတ်

    ကချင်ပြည်နယ် ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ရေးအကြောင်းပြချက်နဲ့စစ်ကောင်စီတပ်ဘက်ကပိတ်ထားကြောင်းသိရပါတယ်။ ပူတာအိုဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ပူတာအို – မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့မနက် ပိုင်းကနေစပြီး မြစ်ကြီးနားမြို့နယ် နောင်နန်းရွာအထက်…

    Read More »
  • 22 October
    သတင်း

    မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယခုနှစ်ရေကြီးရေလျှံဖြစ်ခဲ့ပြီးနောက် လူနေအိမ်တွေမှာ အဆိပ်ပြင်းမြွေတွေအပါအဝင် တခြားမြွေအမျိုးအစားတွေကိုပါ ခပ်စိပ်စိပ်မြင်တွေ့လာရတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ မြွေတွေ့ရှိတဲ့ နေရာတွေက ရေဝပ့်လေ့ရှိတဲ့ ရမ်ပူရပ်ကွက်တွေမှာတော့ အများဆုံးတွေ့ရပြီး လယ်ကုန်း၊ မြို့သစ်ကြီး ကွက်သစ်၊ ခင်မာသီရိ အောင်နန်း…

    Read More »
  • 20 October
    သတင်း

    မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှု မကြာခဏဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှုမကြာခဏ ဖြစ်နေတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ယာဉ်တိုက်ပြေးမှုတွေဟာ များသောအားဖြင့် ညနေပိုင်းအချိန်တွေနဲ့ ညမိုးချုပ် ၁၀ နာရီ နောက်ပိုင်းအဖြစ်များတယ်လို့ သိရှိရပြီးကားတိုက်ခံရလို့ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေထဲမှာတော့ အနီရောင်အဆင့်ထိ ပြင်းထန်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက…

    Read More »
  • 19 October
    သတင်း

    မြစ်ကြီးနားမြို့မှာ ကော်သေနတ်အတုနဲ့ ဓားပြတိုက်မှု ဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကော်သေနတ်အတုနဲ့ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ အောက်တိုဘာလ ၁၈ ရက် ဒီကနေ့မနက် ၈ နာရီခွဲအချိန် မြို့သစ်ကြီးကွက်သစ် နယ်မြေ (၁၅)ရှိ အလှကုန်ဆိုင်တစ်ဆိုင်မှာ လူငယ်…

    Read More »
  • 17 October
    သတင်း

    ညမထွက်ရ အမိန့်ထုတ်ထားတဲ့ မြစ်ကြီးနားမြို့မှာ ဘုရားပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်စည်ကားနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့်လည်း ဘုရားပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်းတွေများစွာ ဖွင့်လှစ်နေတယ်လို့ မြစ်ကြီးနားနေ ပြည်သူတွေက ပြောပါတယ်။ သတင်းကျွတ်ပွဲမတိုင်ခင်ကတည်းကနေ မြစ်ကြီးနားမြို့တွင်းရပ်ကွက် တစ်ခုပြီးတစ်ပြီး ရွှေ့ပြောင်းပြီး လုပ်ဆောင်နေတဲ့ ဘုရားပွဲဟာ၊ ခေမာသီရိရပ်ကွက်၊ ဘုရားတစ်ထောင်၊ ရမ်ပူရပ်ကွက်တွေမှာ…

    Read More »
  • 15 October
    တိုက်ပွဲ

    ပူတာအို- မြစ်ကြီးနားကားလမ်းပိုင်းရှိ တန်ဂျာရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့

    ကချင်ပြည်နယ် ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ ပူတာအိုမြို့နယ်ထဲက တန်ဂျာကျေးရွာအနီးမှာလည်း KIA၊KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ ပူတာအိုမြို့အထိုင်တပ် ခ.လ.ရ ၄၆ တပ်ရင်းထဲကနေ အင်အား ၃၀ ဝန်ကျင်က အောက်တိုဘာ ၁၂…

    Read More »
  • 9 October
    သတင်း

    ဖားကန့်နဲ့မြစ်ကြီးနားမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

    ကချင်ပြည်နယ် ဖားကန့် နဲ့ မြစ်ကြီးနားမြို့ နှစ်ခုမှာ စစ်ကောင်စီက အများပြည်သူလုံခြုံရေးထိခိုက်ပျက်ပြားစေတယ်ဆိုပြီး ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့နယ်အတွင်း လမ်းမကြီးများ၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာများမှာ လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေမလုပ်ဖို့…

    Read More »
  • 8 October
    သတင်း

    မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းအစစ်အဆေးပိိုမိုတင်းကြပ်လာ

    ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းက စစ်ကောက်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေမှာ အစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့သိရပါတယ်။ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ မြစ်ဆုံအထက် တန်ဖရဲဂိတ်နဲ့ ပူတာအိုမြို့နယ်ထဲက လုံရှာယန်၊ မူလာရှီးဒီဂိတ်တွေမှာ အခုနောက်ပိုင်းအစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့ ယင်းလမ်းပိုင်းမှာပုံမှန်သွားလာနေတဲ့ ပြည်သူတစ်ဦးပြောပါတယ်။ “အခုနောက်ပိုင်းက ကားနဲ့ခရီးသွားမယ်ဆိုလည်း သတိထားပြီးသွားလာတာကောင်းတယ် တခါတလေဖုန်းတွေစစ်ချင်စစ်တယ် ပိုဆိုးတာကမှတ်ပုံတင်အရမ်းစစ်လာတယ် လေယာဉ်စီးဖို့မှတ်ပုံတင်မရှိလို့ကားနဲ့သွားတာလုပ်လို့မရဘူးပိုစစ်တယ်မှတ်ပုံတင်မပါလို့မရဘူး”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။ မြစ်ကြီးနားမြို့အထွက် တန်ဖရဲဂိတ်နဲ့ပူတာအိုမြို့အထွက် မူလာရှီးဒီဂိတ်တွေမှာပိုမိုအစစ်အဆေးများပြီး သက်ကြီးပိုင်းတွေမှတ်ပုံတင်မပါလာရင်ညှိနှိုင်းပြောဆိုလို့ရပေမယ့် လူလတ်ပိုင်းတွေ မှတ်ပုံတင်မပါလာရင်ဒဏ်ငွေဆောင်ရတာ၊လှည့်ပြန်ခိုင်းတာတွေရှိနေကြောင်းသိရပါတယ်။ ဒီစစ်ဆေးရေးဂိတ်အားလုံးဟာ စက်တင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်းကတည်းက အစစ်အဆေးပိုမိုတင်းကြပ်လာတာလို့သိရပြီး ကုန်ကားတွေပစ္စည်းဖောက်စစ်တာမျိုးတွေလည်းရှိတယ်လို့သိရပါတယ်။ “ဂျက်ဖာတွေဆိုရင်ဖောက်စစ်တယ် အိတ်ဆိုလည်းဖွင့်စစ်တယ် တစ်နာရီ၊တစ်ခါတစ်လေ နာရီဝက်လောက်ကြာတယ်ခါတိုင်းအဲ့လောက်ကြီးမစစ်ဘူး”လို့ ပူတာအိုမြို့ခံတစ်ဦးပြောပါတယ်။ အခုလိုကုန်ကားတွေမှာပါတဲ့ပစ္စည်းတွေကိုစစ်ဆေးတာ ခရီးသည်တွေကိုအသေးစိပ်စစ်ဆေးတာတွေကြောင့် လမ်းခရီးကြန့်ကြာတာမျိုးလည်းကြုံတွေ့နေရကြောင်းသိရပါတယ်။ ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းမှာ ၂၀၂၄ ခုနှစ်ဧပြီလ မတိုင်မှီအထိ ပုံမှန်အတိုင်းသွားလာလို့ရပေမယ့် ၂၀၂၄ ခုနှစ် မေလမှာ ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်တဲ့နောက် အစစ်အဆေးပိုမိုတင်းကြပ်လာတာ၊ကားလမ်းဖြင့်လူငယ်တွေခရီးသွားလာခွင့်တားမြစ်ခံရတာတွေရှိလာပါတယ်။ လက်ရှိမှာတော့ပူတာအိုမြစ်ကြီးနားလမ်းပိုင်းထဲမှာ စစ်ကောင်စီတပ်ကထိန်းချုပ်ထားတဲ့နေရာတွေရှိသလို KIA နဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတဲ့ နေရာလည်းရှိနေပါတယ်။ မြစ်ကြီးနားမြို့နဲ့ မိုင်ပေါင်း ၂၁၈ မိုင်ရှိတဲ့ ပူတာအိုမြို့ဟာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ပူတာအိုခရိုင်ထဲက မချမ်းဘော့၊နောင်မွန်၊ခေါင်လန်ဖူးစတဲ့မြို့နယ်တွေဟာ မြစ်ကြီးနားကနေတဆင့်ပူတာအိုကိုတင်သွင်းလာတဲ့ကုန်စည်တွေအပေါ်အားထားနေရတာဖြစ်ပါတယ်။…

    Read More »
  • 6 October
    သတင်း

    မြစ်ကြီးနားမြို့မှာ စလော့ဂိမ်းနဲ့လောင်းကစားရုံများကြောင့် လူငယ်အများစုပျက်စီး

    အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်အများစု စလော့ဂိမ်းနဲ့လောင်းကစားရုံတွေကြောင့်လူငယ်အများပိုင်းပျက်စီးနေကြပြီလို့ မြစ်ကြီးနားဒေသခံပြည်သူတွေ ပြောပါတယ်။ ဒီစလော့ဂိမ်းတွေကို ဖုန်းကနေအင်တာနက်ချိတ်ပြီး အလွယ်တကူဆော့လို့ရသလို အပြင်လောင်းကစားဝိုင်းတွေမှာလည်း လွယ်လွယ်ကူကူဝင်ဆော့လို့ရနေပြီး  ငါးပစ်ဂိမ်း၊ အန်စာတုံးလိမ့်၊ ဖဲနဲ့ ဘော်လုံး၊ မောင်းလောင်းခြင်းစတဲ့ စကားနည်းတွေအပါအဝင် ဂိမ်းအမျိုးအစားပေါင်း ၅၀၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။ “ခုနောက်ပိုင်း လိုင်းကဆော့တဲ့သူတွေထက် ဂိမ်းဆိုင်မှာပိုများလာတယ်။ တစ်ချို့ဂိမ်းဆိုင်တွေလိုက်ကြည့်လိုက် ကျောင်းသားအရွယ်တွေများတယ်။ ပြီးတော့ လက်လုပ်လက်စားတွေလည်းပါကြတယ်”လို့ မြစ်ကြီးနားတပ်ကုန်းရပ်ကွက်နေ အမျိုးသားတစ်ဦးပြောပါတယ်။ ဂိမ်းကစားတဲ့သူတွေထဲမှာတော့  အသက် ၁၃ နှစ်အရွယ်ကနေ အသက်ကြီးပိုင်း ၆၀ ဝန်းကျင်အရွယ်အထိပါဝင်တယ်လို့ သိရပြီး သာမန်လက်လုပ်လက်စား အခြေခံလူတန်းစားတွေလည်း ကစားကြတာတွေ့နေရတယ်လို့ ဆိုပါတယ်။ ခုလို လောင်းကစားဂိမ်းတွေကြောင့် လူငယ်တွေပိုမိုပျက်စီးလာတာကို မြင်တွေ့နေရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့  မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်မတို့အိမ်က ကလေးတစ်ယောက်လည်းလောင်းကစားလုပ်တယ် အိမ်က 125 ဆိုင်ကယ်ယူသွားပြီး ဒီနေ့ထိ ၃ လလောက်ရှိလာပြီ ဘယ်မှာဘဲနေနေလဲ မသိဘူး။ လူငယ်တွေဂိမ်းကြောင့်တော်တော်ပျက်စီးနေကြပြီ”လို့ဆိုပါတယ်။ ဒါ့အပြင် တချို့လောင်းကစားရုံတွေမှာ အသက်မပြည့်သေးတဲ့ ကလေးတွေကို ဆော့ကစားခွင့်ပေးထားကြတယ်လို့ NBPDF တာဝန်ခံက ခုလိုပြောပါတယ်။ “တစ်ချို့ စလော့ဂိမ်း နေရာတွေက ကလေးတွေ ၁၃ နှစ်အရွယ်လေးတွေ ဝင်ဆော့နေတာ တွေ့ရတယ်။ ဒါတောင်မှ လုံးဝ ရာချီ ထောင်ချီလောင်းတဲ့ ဝိုင်းကြီးတွေမှာ။ မိန်းကလေးတွေဆို ၁၄ ၁၅နှစ်အရွယ်တွေ ဖဲဝင်ရိုက်နေတာ ပိုက်ဆံတွေ ဘယ်ကရလဲမသိဘူး အပုံလိုက် အပုံလိုက်နဲ့”လို့ ဆိုပါတယ်။ လက်ရှိ မြစ်ကြီးနားမှာဆိုရင် အင်ဂျန်ဒုံရပ်ကွက်  ထင်းစည်းချိုး(သားဖ၃ယောက်) ရဲ့ ဘယ်ဘက်လမ်းကြား KTV ကလပ်၊ကချင်ပြည်နယ် လွှတ်တော်ရုံးအနောက်ဘက်လမ်း ကြာရာပတီး (B) Nayang Buga ကျေးလက် ကမ္ဘာ လောင်းကစားဝိုင်း ၊ ရွှေလမ်းမကြီးဘက်သွားတဲ့လမ်း  Dream Land 5D KTV၊  မြစ်ဆုံဟော်တယ်နောက်လမ်းကြား လောင်းကစားဝိုင်း၊ ရှမ်းစု မြစ်ကမ်းနားလမ်းအနီး၊ ကျွန်းပင်သာရပ်ကွက်၊တပ်ကုန်းရပ်ကွက်မြစ်ဖျားဧရာကားကြီးကွင်းအနီးလောင်းကစားရုံတွေမှာ စလော့ဂိမ်းလွယ်လွယ်ကူကူ ဆော့ကစားနိုင်တယ်လို့ သိရပါတယ်။ ခုလိုစလော့ဂိမ်းနဲ့လောင်းကစားဝိုင်းတွေကြောင့် မြစ်ကြီးနားမြို့မှာ  ခိုးဆိုးလုယက်သူတွေများလာသလို မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း ပိုများလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ မြစ်ကြီးနားမြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းနဲ့ လောင်းကစားရုံအားလုံးပေါင်းရင် ၃၀ ဝန်းကျင်ထိရှိလာပြီး တစ်ချို့ လောင်းကစားရုံကြီးတွေမှာတော့ မူးယစ်ဆေးဝါးသုံးစွဲလို့ရတဲ့ အခန်းနဲ့ သီချင်းဆိုလို့ရတဲ့ ကာရာအိုကေအခန်းတွေကို တွဲထားပေးတယ်လို့ ဆိုပါတယ်။ လက်ရှိမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုမှာတော့ ရမ်ပူရပ်ကွက်နဲ့ ခေမာသီရိရပ်ကွက်ကတော့ အဆိုးဆုံးအခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေများလာရတဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာခဲ့တာဘဲ ဖြစ်ပါတယ်။ KNG စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်၊ ဇူလှိုင်လ ၄ကြိမ်နဲ့ ဩဂုတ်လမှာတော့ ၅ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ၁ဦးရှိခဲ့တာ ဖြစ်ပါတယ်။…

    Read More »
  • 6 October
    သတင်း

    မန္တလေး-မြစ်ကြီးနားလမ်းမပေါ်မှာ ကုန်သွယ်ခွင့်ကန့်သတ်မှုကြောင့် ကားသမားတွေ အခက်တွေ့

    မန္တလေး–ကချင်ပြည်နယ်ကို ပြေးဆွဲတဲ့ယာဥ်မှန်သမျှကို နှစ်ဖက်လက်နက်ကိုင်တွေက ကုန်သယ်ယူခွင့် ကန့်သတ်မှု နဲ့ စစ်ဆေးရေး တင်းကြပ်မှုတွေကြောင့် ကားသမားတွေ ခရီးစဥ်ပုံမှန်ပြေးဆွဲဖို့ အခက်တွေ့လာရတယ်လို့ သိရပါတယ်။ မန္တလေး–မြစ်ကြီးနား ကားလမ်မပေါ် စစ်ကောင်စီတပ်ဂိတ်တွေမှာ ကန့်သတ်ထားတဲ့ ထုတ်ကုန်တွေကတော့ အိမ်သုံးဆေးဝါး၊ စက်သုံးဆီ၊ အင်ဗာတာ၊ ဆိုလာ အစရှိတဲ့ လျှပ်စစ်ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ကန့်သတ်ထားတဲ့ အဓိကပစ္စည်းတွေပါရင်…

    Read More »
Back to top button