မြစ်ကြီးနား
-
Oct- 2025 -29 Octoberသတင်း
မြစ်ကြီးနားမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ့
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်း တွေ့ရှိခဲ့ရတယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။ ရမ်ပူရပ်ကွက် နယ်မြေ(၂၀)မှာ ဆေးစွဲနေတယ်လို့ယူဆရတဲ့ အမျိုးသားတစ်ဦး သေဆုံးနေတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေကနေပြီးတော့ အောက်တိုဘာလ ၂၈…
Read More » -
29 Octoberသတင်း
မြစ်ကြီးနားမြို့က လူမှုဖွံ့ဖြိုးရေး ကျောင်းတစ်ခု မီးလောင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလနကျေးရွာမှာ ကိုယ်ထူကိုယ်ထ လူမှုဖွံ့ဖြိုးရေးကျောင်းတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ဖြစ်စဉ်မှာ ဒီမနက်ပိုင်း ၉နာရီခွဲဝန်းကျင်အချိန် ပလနရွာ ရပ်ကွက် (၃) မှာဖွင့်လှစ်ထားတဲ့ Ningshawng Social Institute လို့ခေါ်တဲ့ လူမှုဖွံ့ဖြိုးရေးကျောင်းမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့…
Read More » -
23 Octoberသတင်း
ပူတာအို – မြစ်ကြီးနားကားလမ်း ရက်အကန့်သတ်မရှိပိတ်
ကချင်ပြည်နယ် ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ရေးအကြောင်းပြချက်နဲ့စစ်ကောင်စီတပ်ဘက်ကပိတ်ထားကြောင်းသိရပါတယ်။ ပူတာအိုဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ပူတာအို – မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့မနက် ပိုင်းကနေစပြီး မြစ်ကြီးနားမြို့နယ် နောင်နန်းရွာအထက်…
Read More » -
22 Octoberသတင်း
မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယခုနှစ်ရေကြီးရေလျှံဖြစ်ခဲ့ပြီးနောက် လူနေအိမ်တွေမှာ အဆိပ်ပြင်းမြွေတွေအပါအဝင် တခြားမြွေအမျိုးအစားတွေကိုပါ ခပ်စိပ်စိပ်မြင်တွေ့လာရတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ မြွေတွေ့ရှိတဲ့ နေရာတွေက ရေဝပ့်လေ့ရှိတဲ့ ရမ်ပူရပ်ကွက်တွေမှာတော့ အများဆုံးတွေ့ရပြီး လယ်ကုန်း၊ မြို့သစ်ကြီး ကွက်သစ်၊ ခင်မာသီရိ အောင်နန်း…
Read More » -
20 Octoberသတင်း
မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှု မကြာခဏဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှုမကြာခဏ ဖြစ်နေတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ယာဉ်တိုက်ပြေးမှုတွေဟာ များသောအားဖြင့် ညနေပိုင်းအချိန်တွေနဲ့ ညမိုးချုပ် ၁၀ နာရီ နောက်ပိုင်းအဖြစ်များတယ်လို့ သိရှိရပြီးကားတိုက်ခံရလို့ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေထဲမှာတော့ အနီရောင်အဆင့်ထိ ပြင်းထန်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက…
Read More » -
19 Octoberသတင်း
မြစ်ကြီးနားမြို့မှာ ကော်သေနတ်အတုနဲ့ ဓားပြတိုက်မှု ဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကော်သေနတ်အတုနဲ့ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ အောက်တိုဘာလ ၁၈ ရက် ဒီကနေ့မနက် ၈ နာရီခွဲအချိန် မြို့သစ်ကြီးကွက်သစ် နယ်မြေ (၁၅)ရှိ အလှကုန်ဆိုင်တစ်ဆိုင်မှာ လူငယ်…
Read More » -
17 Octoberသတင်း
ညမထွက်ရ အမိန့်ထုတ်ထားတဲ့ မြစ်ကြီးနားမြို့မှာ ဘုရားပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်စည်ကားနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့်လည်း ဘုရားပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်းတွေများစွာ ဖွင့်လှစ်နေတယ်လို့ မြစ်ကြီးနားနေ ပြည်သူတွေက ပြောပါတယ်။ သတင်းကျွတ်ပွဲမတိုင်ခင်ကတည်းကနေ မြစ်ကြီးနားမြို့တွင်းရပ်ကွက် တစ်ခုပြီးတစ်ပြီး ရွှေ့ပြောင်းပြီး လုပ်ဆောင်နေတဲ့ ဘုရားပွဲဟာ၊ ခေမာသီရိရပ်ကွက်၊ ဘုရားတစ်ထောင်၊ ရမ်ပူရပ်ကွက်တွေမှာ…
Read More » -
15 Octoberသတင်း
ပူတာအို- မြစ်ကြီးနားကားလမ်းပိုင်းရှိ တန်ဂျာရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့
ကချင်ပြည်နယ် ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ ပူတာအိုမြို့နယ်ထဲက တန်ဂျာကျေးရွာအနီးမှာလည်း KIA၊KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ ပူတာအိုမြို့အထိုင်တပ် ခ.လ.ရ ၄၆ တပ်ရင်းထဲကနေ အင်အား ၃၀ ဝန်ကျင်က အောက်တိုဘာ ၁၂…
Read More » -
9 Octoberသတင်း
ဖားကန့်နဲ့မြစ်ကြီးနားမှာ ညမထွက်ရ အမိန့်ထုတ်ပြန်
ကချင်ပြည်နယ် ဖားကန့် နဲ့ မြစ်ကြီးနားမြို့ နှစ်ခုမှာ စစ်ကောင်စီက အများပြည်သူလုံခြုံရေးထိခိုက်ပျက်ပြားစေတယ်ဆိုပြီး ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့နယ်အတွင်း လမ်းမကြီးများ၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာများမှာ လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေမလုပ်ဖို့…
Read More » -
8 Octoberသတင်း
မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းအစစ်အဆေးပိိုမိုတင်းကြပ်လာ
ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းက စစ်ကောက်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေမှာ အစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့သိရပါတယ်။ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ မြစ်ဆုံအထက် တန်ဖရဲဂိတ်နဲ့ ပူတာအိုမြို့နယ်ထဲက လုံရှာယန်၊ မူလာရှီးဒီဂိတ်တွေမှာ အခုနောက်ပိုင်းအစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့ ယင်းလမ်းပိုင်းမှာပုံမှန်သွားလာနေတဲ့ ပြည်သူတစ်ဦးပြောပါတယ်။ “အခုနောက်ပိုင်းက ကားနဲ့ခရီးသွားမယ်ဆိုလည်း သတိထားပြီးသွားလာတာကောင်းတယ် တခါတလေဖုန်းတွေစစ်ချင်စစ်တယ် ပိုဆိုးတာကမှတ်ပုံတင်အရမ်းစစ်လာတယ် လေယာဉ်စီးဖို့မှတ်ပုံတင်မရှိလို့ကားနဲ့သွားတာလုပ်လို့မရဘူးပိုစစ်တယ်မှတ်ပုံတင်မပါလို့မရဘူး”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။ မြစ်ကြီးနားမြို့အထွက် တန်ဖရဲဂိတ်နဲ့ပူတာအိုမြို့အထွက် မူလာရှီးဒီဂိတ်တွေမှာပိုမိုအစစ်အဆေးများပြီး သက်ကြီးပိုင်းတွေမှတ်ပုံတင်မပါလာရင်ညှိနှိုင်းပြောဆိုလို့ရပေမယ့် လူလတ်ပိုင်းတွေ မှတ်ပုံတင်မပါလာရင်ဒဏ်ငွေဆောင်ရတာ၊လှည့်ပြန်ခိုင်းတာတွေရှိနေကြောင်းသိရပါတယ်။ ဒီစစ်ဆေးရေးဂိတ်အားလုံးဟာ စက်တင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်းကတည်းက အစစ်အဆေးပိုမိုတင်းကြပ်လာတာလို့သိရပြီး ကုန်ကားတွေပစ္စည်းဖောက်စစ်တာမျိုးတွေလည်းရှိတယ်လို့သိရပါတယ်။ “ဂျက်ဖာတွေဆိုရင်ဖောက်စစ်တယ် အိတ်ဆိုလည်းဖွင့်စစ်တယ် တစ်နာရီ၊တစ်ခါတစ်လေ နာရီဝက်လောက်ကြာတယ်ခါတိုင်းအဲ့လောက်ကြီးမစစ်ဘူး”လို့ ပူတာအိုမြို့ခံတစ်ဦးပြောပါတယ်။ အခုလိုကုန်ကားတွေမှာပါတဲ့ပစ္စည်းတွေကိုစစ်ဆေးတာ ခရီးသည်တွေကိုအသေးစိပ်စစ်ဆေးတာတွေကြောင့် လမ်းခရီးကြန့်ကြာတာမျိုးလည်းကြုံတွေ့နေရကြောင်းသိရပါတယ်။ ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းမှာ ၂၀၂၄ ခုနှစ်ဧပြီလ မတိုင်မှီအထိ ပုံမှန်အတိုင်းသွားလာလို့ရပေမယ့် ၂၀၂၄ ခုနှစ် မေလမှာ ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်တဲ့နောက် အစစ်အဆေးပိုမိုတင်းကြပ်လာတာ၊ကားလမ်းဖြင့်လူငယ်တွေခရီးသွားလာခွင့်တားမြစ်ခံရတာတွေရှိလာပါတယ်။ လက်ရှိမှာတော့ပူတာအိုမြစ်ကြီးနားလမ်းပိုင်းထဲမှာ စစ်ကောင်စီတပ်ကထိန်းချုပ်ထားတဲ့နေရာတွေရှိသလို KIA နဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတဲ့ နေရာလည်းရှိနေပါတယ်။ မြစ်ကြီးနားမြို့နဲ့ မိုင်ပေါင်း ၂၁၈ မိုင်ရှိတဲ့ ပူတာအိုမြို့ဟာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ပူတာအိုခရိုင်ထဲက မချမ်းဘော့၊နောင်မွန်၊ခေါင်လန်ဖူးစတဲ့မြို့နယ်တွေဟာ မြစ်ကြီးနားကနေတဆင့်ပူတာအိုကိုတင်သွင်းလာတဲ့ကုန်စည်တွေအပေါ်အားထားနေရတာဖြစ်ပါတယ်။…
Read More »









