မြေပြိုမှု
-
May- 2024 -29 Mayသတင်း
လဟယ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးမြေပြိုမှုကြောင့် လူနေအိမ် ၆ လုံးထက်မနည်းရေထဲမျောပါသွား
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံကာမြေပြိုကျမှုကြောင့် လူနေအိမ် ၆ လုံးထက်မနည်းရေထဲမျောပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လဟယ်မြို့မှာ မေလ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၄ ရက်ဆက်တိုက်မိုးသည်းထန်စွာရွာသွန်းခဲ့တယ်လို့ သိရပြီး မြို့အဝင်မှာရှိတဲ့ ချလွေချောင်းရေကြီးကာ တောင်ပြိုတာတွေကြောင့် လူနေအိမ် ၆ လုံးထက်မနည်းမျောပါသွားတယ်လို့ လဟယ်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မိုးက ၄ ရက်ဆက်တိုက်လုံးဝမနားဘူး ရွာတယ် ချလွေချောင်းကမြို့အဝင်မှာရှိတာ အဲ့ချောင်းကရေ အရမ်းကြီးတော့မြေတွေလည်းပြိုကျလာတာ ချောင်းနဲ့နီးတဲ့ရပ်ကွက်ထဲကတော့အိမ်ခြောက်လုံးပျက်စီးသွားတယ်။ တစ်ချို့အိမ်တွေမျောသွားတယ် မီးဖိုချောင်တွေလည်းပါသွားတယ်လူနေအိမ်ကြီးပဲက ခြောက်လုံးပါသွားတယ်”လို့သူကပြောပါတယ်။ အဲ့ဒီရေကြိီးရေလျှံမှုဟာမနေ့က မေလ ၂၈ ရက်နေ့မှာဖြစ်သွားတာဖြစ်ပြီး လဟယ်မြို့ တိုးချဲ့ရပ်ကွက် နယ်မြေ ၂ ထဲက လူနေအိမ် ၆ လုံးနဲ့ မီးဖိုချောင်တွေပျက်စီးသွားတဲ့အပြင် အိမ်မွေးတိရိစ္ဆာရန်တွေလည်းအများအပြားရေထဲပါသွားတယ်လို့သိရပါတယ်။ “ဒီနေ့တော့ မနက်အစောကြီးကိုယ့်အိမ်ကိုယ့်ခြံရှင်းတဲ့လူရှင်းလမ်းရှင်းတဲ့လူရှင်းလုပ်နေကြပြီ လောလောဆယ်တော့တချို့ရပ်ကွက်တွေမီးတွေဘာတွေပျက်နေတာရှိတယ် ရေကြီးမြေပြိုတာတွေ ဖြစ်တော့တချို့ဓာတ်တိုင်တွေဘာတွေထိခိုက်သွားတယ်လေး”လို့ လဟယ်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လဟယ်မြို့မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာလည်း နေရာကွက်ကျားမိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးမြေပြိုမှုတွေဖြစ်ပြီး ကျေးရွာတစ်ချို့ မှာလည်းအလားတူ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
May- 2022 -13 Mayသတင်း
မူဆယ်မှာ အုတ်တံတိုင်းပြိုကျမူကြောင့် ကြံခုတ် လုပ်သား ၄ ဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဆိုင်းခေါင် ဘက်တွင် ယခုရက်ပိုင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းနံဘေး ကာထားသည့် အုတ်တံတိုင်းပြိုကျပြီး ကြံခုတ်လုပ်သား ၄ ဦး အုတ်တံတိုင်းပိကာ သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁…
Read More » -
Aug- 2021 -12 Augustမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် မြေပြိုကျကာ စစ်ရှောင်ပြည်သူတစ်ဦး သေဆုံး
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ မဂါးယန် စစ်ရှောင်စခန်းတွင် ဩဂုတ် ၁၂ ရက်နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် ကမ်းဘေးမြေပြိုမူဖြစ်ကာ စစ်ရှောင်ပြည်သူတစ်ဦး မြေပြိုမူတွင် မျှောပါ သေဆုံးသွားကြောင်း စခန်းတာဝန်ခံ ထံမှ သိရသည်။ “တချို့က သတိရပြီး…
Read More »