ရွှေကူမြို့နယ်
-
Jul- 2026 -29 Julyသတင်း
တံတားတွေ ဗုံးခွဲဖျက်ဆီးခံနေရတဲ့အတွက် သွားလာရေးအခက်တွေ့
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း စစ်တပ်နဲ့KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေဆဲဖြစ်သလို တံတားတွေကိုလည်း ဒရုန်းနဲ့ ဗုံးခွဲဖျက်ဆီးနေတာကြောင့ ပြည်သူတွေ သွားလာရေး အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ ရွှေကူမြို့တွင်းကနေ ငအိုး၊ ငါးလမ်းဆုံဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာပေမယ့် KIA…
Read More » -
17 Julyတိုက်ပွဲ
မြေပြင်ထိုးစစ်အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ မြေပြင်ထိုးစစ်အတွင်း အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ KIA ပူးပေါင်းတပ်ဘက်က သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More » -
7 Julyတိုက်ပွဲ
ငအိုး-ရွှေကူကြားက နေရာတစ်ချို့ကို တော်လှန်ရေးပူးပေါင်းတပ်ပြန်သိမ်းပိုက်
ကချင်ပြည်နယ် ရွှေကူမြို့နယ် ငအိုး–ရွှေကူကြားက ရှေ့တန်းနေရာတစ်ချို့ကို ပြီးခဲ့တဲ့လအတွင်း စစ်တပ်ထိုးစစ်ကြောင့် ယာယီ လက်လွှတ်ခဲ့ရပေမယ့် လက်ရှိမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်ထားနိုင်ပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက KNG ကို ပြောပါတယ်။ လက်ရှိ ပြန်သိမ်းပိုက်ထားတဲ့နေရာတွေထဲမှာ…
Read More » -
1 Julyသတင်း
စစ်ရေးတင်းမာမှုကြား အရပ်သားကာကွယ်ရေး IHL စည်းမျဉ်းများ အလေးထားရန်လိုအပ်
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဇွန်လအတွင်း စစ်ရေးတင်းမာမှု အရှိန်မြင့်လာတာနဲ့အမျှ အရပ်သားတွေအပေါ် သက်ရောက်မှု လည်း ပိုမိုကြီးမားလာနေပါတယ်။ KIA ဘက်က မြို့ကိုယာယီစွန့်ခွာဖို့ သတိပေးချက်ထုတ်ပြန်ခဲ့သလို တစ်ဖက်မှာလည်းစစ်တပ်ဘက်က မြို့အတွင်း ဆက်လက် နေထိုင်ဖို့ တိုက်တွန်းမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။ အဲဒီအခြေအနေအောက်မှာ ပြည်သူအများစုဟာ ဘယ်ဘက်ကို…
Read More » -
Jun- 2026 -26 Juneတိုက်ပွဲ
ရွှေကူမြို့နယ်မှာ တိုက်ပွဲအရှိန်အမြင့်ဆုံးဖြစ်နေဟု KIA ပြော
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ရွှေကူမြို့နယ်ဟာ တိုက်ပွဲအရှိန်အမြင့်ဆုံး ဖြစ်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က ပြောပါတယ်။
Read More » -
4 Juneလူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း
တိုက်နယ်ဆေးရုံဗုံးကြဲခံရ၊ အရပ်သား ၂ ဦးသေဆုံး
ရွှေကူမြို့နယ် စီသာရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More » -
May- 2026 -25 Mayတိုက်ပွဲ
ရွှေကူဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်း ရွာတွေကို မီးရှို့ဖျက်ဆီးနေ
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ဘက်ကနေ ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ကချင်ဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
Read More » -
Mar- 2026 -17 Marchသတင်း
ရွှေကူနယ်အတွင်း KIO တားမြစ်ထားတဲ့နေရာမှာရွှေတူးဖော်မှုဆက်ရှိနေ
ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ ရွှေတူးဖော်မှုတွေကိုတားမြစ်ကြောင်း KIO အမိန့်စာထုတ်ထားပေမယ့် မြို့ပေါ်ရပ်ကွက်ဧရိယာထဲမှာ ရွှေတူးဖော်မှုတွေဆက်ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ KIO က ရွှေကူနယ်တွင်းရွှေတူးဖော်မှုနဲ့ပတ်သက်ပြီး အမိန့်စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အမိန့်ကြေညာချက်ထဲမှာ အဓိကဖော်ပြထားတာက ရွှေကူမြို့ပေါ် ရပ်ကွက်၁၊ ရပ်ကွက် ၂၊ရပ်ကွက် ၃၊ရပ်ကွက် ၄ စတဲ့ရပ်ကွက်တွေအပါအဝင် မြို့ကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ရွှေတူးဖော်မှုတွေကို တားမြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်က ရွှေတူးဖော်မှုကို ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပြန်လုပ်နေကြပြီဗျ မြို့ခံတွေထဲကတစ်ချို့စုန်းပြူးတွေနဲ့လုပ်ငန်းရှင်တွေလုပ်ကြတာဗျ ရွှေကူ ရပ်ကွက် ၁၊၂၊၃၊၄ ပါအခုလုပ်နေတာက”လို့အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လက်ရှိတူးဖော်နေတဲ့လုပ်ငန်းရှင်တွေထဲမှာ ရွှေကူမြို့ထဲက မြို့ခံလုပ်ငန်းရှင်တွေ၊စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေနဲ့ဗန်းမော်ဘက်ကလုပ်ငန်းရှင်တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။ “စကစနဲ့ပေါင်းနေတဲ့အဖွဲ့တွေပါ့ စစ်တပ်နဲ့အပေးအယူတည့်ပြီးလုပ်နေကြတာ ရွှေကူအထိုင်တပ်ကခွင့်ပြုပေးလို့လေးသူတို့ဆီအခွန်ဆောင်ပြီးတူးတာဟုတ်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒီရွှေတူးဖော်မှုကို မြို့ပေါ် ရပ်ကွက် ၁၊၂၊၃၊၄ နယ်မြေ ဧရာဝတီမြစ်ကြောင်းလျှောက်မှာ ရွှေမော်တော်တွေ၊သံခွန်စက်လှေတွေနဲ့တူးဖော်နေပြီး ခန့်မှန်း အစီး ၃၀ ထက်မနည်းရှိတယ်လို့သိရပါတယ်။ အခုလိုမြစ်ကမ်းဘေးရွှေတူးဖော်မှုကြောင့်မြစ်ကြောင်းပျက်စီးတာ၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာတွေကြောင့် ဒေသခံတွေကန့်ကွက်မှုရှိနေပေမယ့် ထိရောက်မှုမရှိဘူးလို့ ဒေသခံတွေပြောပါတယ်။ “ရွှေတူးတော့မြစ်ရေကနှောက်တယ် တစ်ချို့ဒီကပဲသုံးရေသုံးကြတာ အခုသုံးလို့မရတော့ဘူး နောက်ပိုင်းမိုးတွင်းတွေမှာဆိုရင် မိုးရေလွှမ်းနိုင်တယ် ထိထိရောက်ရောက်တားဆီးသင့်တယ်”လို့အထက်ဖော်ပြပါအသက် ၅၀ ကျော်အရွယ်အမျိုးသားကဆက်ပြောပါတယ်။ ရွှေကူမြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိတဲ့မြို့ဖြစ်တာကြောင့် မြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတစ်ချို့ကတော့ မြစ်ရေအသုံးပြုသူတွေရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရွှေတူးဖော်မှုစတင်လာနေ့ကစပြီး ရေတွေနှောက်နေပြီး သုံးဖို့အဆင်မပြေတာတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ အဲ့ဒီရွှေတူးဖော်မှုတွေကို ၂၀၂၅ ခုနှစ်ကတည်းကလုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက KIOရဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရွှေတူးဖော်မှုတားမြစ်လိုက်ကြောင်း အမိန့်စာကြောင့် ရက်ပိုင်းနားခဲ့ပေမယ့် ဖေဖော်ဝါရီ လကုန်းပိုင်းလောက်မှာပဲ ပြန်လည်တူးဖော်နေတာလို့သိရပါတယ်။ အခုလိုမြို့ပေါ်ရွက်ကွက်ဧရိယာမှာရွှေတူးဖော်မှုကြောင့်မြို့ခံတွေသုံးရေခက်ခဲတဲ့အပြင် ဆက်လက်ဆက်တူးဖော်နေမယ်ဆိုရင် မြစ်ကမ်းဘေးအနီးရှိ…
Read More » -
12 Marchသတင်း
သံသတ္တုရိုင်းထွက်တဲ့ ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု နဲ့ လူမှုကျန်းမာရေး ထိခိုက်မှုရှိလာ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတချို့မှာတိုးချဲ့လာတဲ့ သံသတ္တုရိုင်းတူးဖော်မှုကြောင့်ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာ၊ ပြည်သူတွေရဲ့လူမူကျန်းမာရေးထိခိုက်တာတွေရှိလာတယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။ ကချင်ပြည်နယ်တွင်း ရွှေကူမြို့နယ် နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ သံသတ္တုရိုင်းကို ကျယ်ကျယ်ပြန့်ပြန် တူးဖော်လာကြပြီး လုပ်ငန်းအများစုကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ကြီးကြပ်လုပ်ဆောင်နေကြပါတယ်။ ရွှေကူမြို့နယ် အရှေ့ဘက် စီသာ၊ စီသောင် ကျေးရွာတွေကနေ ၅ မိုင်ခန့်ဝေးတဲ့ တောထဲမှာ တရုတ်လုပ်ငန်းရှင်တွေက ၂၀၂၅ ခုနှစ် ဇွန်လကစပြီး သံသတ္တုရိုင်းတူးဖော်မှုတွေကို လုပ်ဆောင်နေတယ်လို့ ရွှေကူမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “သူတို့ ဝင်လာတာက မနှစ်က မိုးရာသီလောက်က စဝင်တာ မနှစ်ကလည်း တစ်မိုးလုံး တောက်လျှောက်တူးတယ်။ ဒီနှစ်လည်း ဆက်တိုက်တူးနေတာပဲ တူးတာက ဘတ်ဖိုးတွေနဲ့တူးပြီး သယ်ထုတ်တာကတော့ ကားကြီးတွေနဲ့ တရုတ်ပြည်ဘက်ကို သယ်ထုတ်နေတယ်” လို့ အသက် ၄၀ ကျော်အရွယ် အဆိုပါ အမျိုးသားက ပြောပါတယ်။ လက်ရှိမှာ တရုတ်လုပ်ငန်းရှင်လေးဦးက ဘတ်ဖိုး ၁၀ စီးနဲ့ တူးဖော်နေပြီး ရရှိလာတဲ့ သံသတ္တုရိုင်းကုန်ကြမ်းတွေကို ရွှေကူမြို့ကနေ နယ်စပ်ကတရုတ်ပြည်ကို ပို့ဆောင်နေကြတာဖြစ်ပါတယ်။ “ဒီမှာက တူးပဲတူးတာ သန့်စင်တာက တရုတ်ပြည်ထဲမှာ သန့်စင်တာဗျ။ လမ်းကြောင်းကတော့ ကျနော်တို့ စီသာ၊ စီသောင် နယ်မြေကို ဖြတ်ပြီး ရွှေကူ–ဗန်းမော် လမ်းမကြီးကို ထွက်တယ်။ အဲဒီကနေ မံစီဘက်ကို ထွက်ပြီး မံစီကနေ မံဝိန်းကြီးဘက်ကို ဆက်ထွက်ပြီး အဲဒီကနေ တရုတ်ပြည်ထဲ ဝင်တာ” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ သံကျောက် တစ်ကြိမ်သယ်ထုတ်လျှင် ကုန်ကားကြီးအစီး ၂၀ နဲ့ ၃၀ ကြားဖြင့်အလုံးအရင်း သယ်ဆောင်နေတဲ့အတွက် ရွာချင်းဆက်လမ်းတွေ ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။ ရွှေကူမြို့နယ်အတွင်း သံသတ္တုရိုင်းတူးဖော်နေတဲ့ဒေသတွေဟာ KIA တပ်ရင်း ( ၁၂ ) နယ်မြေဖြစ်ပြီး KIO အစိုးရရဲ့ခွင့်ပြုချက်နဲ့တူးဖောနေကြကြတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ ခုလို သံသတ္တုရိုင်းကို ကြီးကြီးမားမားတူးဖော်နေတဲ့အတွက် ဒေသခံတွေရဲ့ ကျွဲ၊နွား စားကျက်မြေကျဉ်းမြောင်းလာတာ၊ တောင်ယာနဲ့ သီးနှံစိုက်ခင်းတွေ အသုံးပြုတဲ့မြေလွှတ်မြေရိုင်းလျော့နည်းလာတာ၊ ရေအရင်းမြစ်တွေလည်းထိခိုက်ပျက်စီးတာတွေ ရှိလာနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သံသတ္တုရိုင်းတူးဖော်တဲ့ ပုံစံဟာ ရွှေတူးဖော်တဲ့ ပုံစံလို မဟုတ်ဘဲ ဘတ်ဖိုးတွေ၊ မြေကော်စက်တွေ အသုံးပြုပြီး တောင်တွေကို ဖြိုဖျက်၊ မြေတွေကို လှန်ပြီး တူးဖော်ရတာကြောင့် သစ်တောပြုန်းတီးမှုနဲ့ မြေယာပျက်စီးမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ရွှေကူနယ် တစ်ဝိုက်တူးဖော်တဲ့ သံသတ္တုရိုင်းတွေကို အမှုန့်ကြိတ်တဲ့အထိ လုပ်ဆောင်တာမျိုးမဟုတ်ပဲ ကျောက်တုံးလိုက်တင်ဆောင်သွားတာလို့ ဒေသခံတွေပြောပါတယ်။ အလားတူ နောက်ထပ် မြစ်ကြီးနား–ဗန်းမော် လမ်းမပေါ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာ ဆိုင်မိုင်ပါ အနီးမှာလည်း တရုတ်လုပ်ငန်းရှင်တွေက သံကျောက်သတ္တုကိုတူးဖော်နေကြတယ်လို့ သိရပါတယ်။ ဆိုင်မိုင်ရွာနီး တူးဖော်နေတဲ့ လုပ်ငန်းရှင်တွေဟာ ကျောက်တုံးလိုက်တင်ဆောင်တာမျိုးမဟုတ်ပဲ အမှုန့်ကြိတ်ယူတဲ့အဆင့်ထိ လုပ်ဆောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအမှုန့်ကြိတ်စက်ဟာ ကျေးရွာအနီးဝန်းမှာထားရှိတဲ့အတွက် ကျောက်အမှု့န်ကြိတ်စက်က အမှုန့်တွေဟာ ရွာထဲရှိ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုတွေတွက် အသက်ရှုလမ်းကြောင်နဲ့ ကျန်းမာရေး ထိခိုက်လာနိုင်တယ်လို့လည်း ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် သံသတ္တုကြိတ်တဲ့စက်အနီး ရေစစ်ကန်လည်းလုပ်ထားပြီး အဲဒီရေစစ်ကန်ကအရည်တွေဟာ အနီရောင်ဖြစ်ကာ အနီးနားရှိ ချောင်းရေများသို့စီးဝင်တာတွေရှိတဲ့တွက် ရေအရင်းအမြစ်များ သုံးစွဲလို့မရအောင် ညစ်ညမ်းနေပြီ ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေပြောပါတယ်။ ဒါ့အပြင် နောက်ထပ် သံကျောက်သတ္တုတူးဖော်တဲ့နေရာတွေဟာ တောင်ပေါ်၊လယ်ယာ၊မြေစာတွေအားလုံးဖုံးသွားတဲ့အတွက် ဘိုးဘွားပိုင်မြေယာတွေဆုံးရှုံးနစ်နာမှုအကြီးမားဆုံးကြုံတွေ့နေကြရပြီး ဒေသခံတွေအတွက် ရေရှည်လုပ်ကိုင် စားသောက်ဖို့ခက်ခဲမှုတွေလည်း ရှိလာနိုင်တယ်လို့ ဒေသခံတစ်ဦးခုလိုပြောပါတယ်။ “KIO ကလုပ်နေတဲ့ သံကျောက်တူးတာနဲ့ပတ်သက်ပြီး ရွာသားတွေက အရမ်းသဘောတူတာတော့ မဟုတ်ဘူး။ ကျနော်တို့က စစ်ရှောင်နေရပ်ပြန်ရွာတွေလည်းဖြစ်တယ် ဒါကြောင့်အလုပ်ကိုင် စားသောက်ဖို့ လိုအပ်ချက်ကြောင့် ခွင့်ပြုထားတဲ့ပုံစံတော့ ဟုတ်တယ်။ဒါပေမယ့် ရွာနဲ့အရမ်းနီးလာရင်တော့ မကောင်းဘူးပေါ့” လို့ ဆိုင်မိုင်ရွာဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဆိုင်မိုင်ကျေးရွာအနီး သံကျောက်သတ္တုတူးဖော်မှုကိုတော့ တစ်ကျော့ပြန်တိုက်ပွဲ မဖြစ်ခင် ၂၀၀၈ ခုနှစ်ဝန်းကျင်ကစပြီး ဦတေဇပိုင် (ထူးကုမ္မဏီ)က စပြီးတူးဖော်နေရာကနေ စစ်တပ်က အဲကုမ္မဏီကို ဖမ်းဆီးထိန်းချုပ်လိုက်တာဖြစ်ပါတယ်။…
Read More » -
Feb- 2026 -18 Februaryစစ်ရေး
ငါးဘတ်ဝရွာထဲဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်း အမြန်ထွက်ခွာဖို့ KIA ပူးပေါင်းတပ် သတိပေးထား
ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ငဘတ်ဝကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေအမြန်ထွက်ခွာပေးကြဖို့ KIA ပူးပေါင်းတပ် သတိပေးထားတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သေူတွဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ အနီးက ငါးဘတ်ဝကျေးရွာထဲဝင်ရောက်လာတာဖြစ်တယ်လို့ ရွှေကူဒေသခံအမျီုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မနေ့ညပိုင်းကနေဝင်လာတာ အခုထိရှိနေတုန်းပဲ အင်အားသုံးဆယ်ကျော်တယ် အခြေနေကတော့စောင့်ကြည့်နေတုန်းတိုက်ပွဲဖြစ်တာတော့မရှိသေးဘူး ရွာသားတွေထွက်ပြေးချိန်မရလိုက်ဘူးအခုရွာသားတွေကိုလည်းပိတ်ဆို့ထားတယ်။ သူတို့စစ်သားတွေလည်းရွာထဲမှာပဲတပ်ချထားတယ်ခုထိပဲ”လို့သူကပြောပါတယ်။ စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကားနှစ်စီးနဲ့ရွာထဲဝင်ရောက်တာဖြစ်ပြီး ဒီကနေ့ညနေပိုင်းအထိ ရွာသားတွေကိုအကာအကွယ်ယူပြီးတပ်ချနေတယ်လို့သိရပါတယ်။ ငါးဘတ်ဝကျေးရွာအထက်ဘက်က တောင်ထိပ် (ဒေသအခေါ် ဘုရားကုန်း)မှာတော့ လက်ရှိ KIAနဲ့ပူးပေါင်းတပ်တွေက နေရာယူထားပြီး ရွာထဲဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ရွာထဲကနေပြန်လည်ဆုတ်ခွာပေးဖို့သတိပေးထားကြောင်းသိရပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေ ဆုတ်ခွာမပေးပဲရှေ့ဆက်တိုးလာမယ်ဆိုပါက နှစ်ဖက်တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ငါးဘတ်ဝရွာရဲ့ဘုရားကုန်းထိပ်မှာက ကျွန်တော်တို့ထိုင်ထားတဲ့ ရွာနဲ့ ကျနော်တို့ထိုင်တဲ့နေရာက နီးနီးလေးပဲလှမ်းမြင်နေရတယ်။ အခုပစ်မိန့်တော့ပေးထားတယ်သူတို့မထွက်သွားရင်တော့ပစ်တော့မှာခုတော့ငြိမ်နေဆဲ ခြေနေစောင့်ကြည့်နေတုန်း”လို့ သူကပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ တပ်မ ၈၈ လို့သိရပြီးရွှေကူမြို့တွင်းအထိုင်တပ်ကနေ ငါးဘတ်ဝဘက်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း စစ်အင်အား ၄၀ ကျော်ပါတဲ့စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ကနေ ငါးဘတ်ဝဘတ်စစ်ကြောင်းထိုးဝင်ရောက်လာစဥ် KIAပူးပေါင်းတပ်က ကြားဖြတ်ပစ်ခတ်မှုကြောင့် မြို့ထဲပြန်ဝင်သွားတာဖြစ်ပြီး ယခုဒုတိယအကြိမ်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ရွှေကူမြို့အရှေ့ခြမ်းက စီသာ၊သီသောင်၊ နန့်လန်၊နောင်လတ်ကြီး၊မံဝင်း၊စီမူကြီးစတဲ့ကျေးရွာတွေဘက်မှာ လချီစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ရွာပေါင်း ၁၀ ကျော်ကိုလည်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ကျေးရွာ ၁၀ ကျော်ဟာ လက်ရှိအချိန်အထိစစ်ရေးမတည်မငြိမ်မှုတွေကြားမှာ ပြန်လည်ထူထောင်ရေးအတွက်ခက်ခက်ခဲခဲရှုန်းကန်နေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးတာတွေကို ၂၀၂၄နှစ်ဆန်းပိုင်းလောက်ကတည်းက ရပ်တန့်ခဲ့ပြီးနောက် ယခုတစ်ကျော့ပြန်စစ်ကြောင်းထိုးတာတွေပြန်လည်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More »